အီရန်နိုင်ငံ၏ စက်ရုပ်ပညာရှင်အဖွဲ့သည် တီဟီရန်ရှိ သုတေသနဌာန၌ ကမ်းခြေအနီးတစ်ဝိုက်တွင် ရေနစ်ပြီးဒုက္ခရောက်နေသော လူများအားကယ်ဆယ်ရန် ရည်ရွယ်ချက်ဖြင့် ပျံသန်းနိုင်သော စက်ရုပ်ယာဉ် တစ်မျိုးအား တီထွင်လျက်ရှိပါသည်။
Pars သည်လေးထောင့်ပုံယာဉ် တစ်စင်းဖြစ်ပြီး ကမ်းခြေသို့မဟုတ် သင်္ဘောပေါ်မှ လွှတ်တင်နိုင်၍ ရေနစ်နေသောသူများ၊သို့မဟုတ် သမုဒ္ဒရာထဲ၌ ဒုက္ခရောက်နေသူများအား ကယ်တင်ရန်အတွက် ဒီဇိုင်းဆွဲ တည်ဆောက်ထားပါသည်။ စမ်းသပ်ဆဲယာဉ်ငယ်သည် အသက်ကယ်ဘောကွင်း တစ်ကွင်းသာ သယ်ဆောင် နိုင်သေးပြီး သုတေသနအဖွဲ့မှ သုံးကွင်းထိသယ်ဆောင်နိုင်ရန် ပြုလုပ်နေသည့်အပြင် အနာဂတ်တွင် ကိုယ်တိုင် လေမှုတ်သွင်းနိုင်သော အသက်ကယ်ကွင်း ၁၅ ခုထိ သယ်ဆောင်နိုင်ရန် ရည်ရွယ်ထားပါသည်။

iran

စက်ရုပ်ယာဉ်တွင် GPS လမ်းညွှန်ကိရိယာများ၊ မှတ်ဥာဏ်တု၊ အသံနှင့်ရုပ်ပုံ ခွဲခြားမှုစနစ်၊ အလိုအလျောက်မောင်းနှင်မှုစနစ်၊ ကယ်ဆယ်ရေးစနစ်၊ လေဖိအားတိုင်းကိရိယာ၊ သံလိုက်အိမ်မြှောင်နှင့် ဂျိုင်ရိုစကုတ် တပ်ဆင်ထားသော အာရုံခံစနစ်တို့ ပါဝင်ပါသည်။ထို့ပြင် ၄င်း၌ပင်လယ်ထဲမှ လူများအားရှာဖွေရန် FLIR  အပူအာရုံခံကင်မရာလည်း တပ်ဆင်ထားပါသည်။
Pars စက်ရုပ်ယာဉ်အတွက် ရပ်နားရန်နေရာတစ်ခုရှိပြီး တစ်နေ့တာ လုပ်ဆောင်မှုအပြီး၌ ၄င်းနေရာတွင် ရပ်နားနိုင်ပါသည်။ ၄င်းနေရာတွင်နေစွမ်းအင်ဖြင့် ယာဉ်ကို အားသွင်းနိုင်ရန် ပြုလုပ်ထားပါသည်။
သုတေသနအဖွဲ့သည် ယာဉ်ကို အများအပြား ထုတ်လုပ်နိုင်ရန် ရန်ပုံငွေများ ရှာဖွေလျက်ရှိပြီး စက်ရုံအတွင်း စမ်းသပ်နေသောယာဉ်အတွက် ခန့်မှန်းကုန်ကျငွေမှာ ဒေါ်လာ ၃၀၀၀၀  နှင့် ၄၀၀၀၀  ကြား ရှိနိုင်ပါသည်။ သုတေသနအဖွဲ့က ၄င်းစက်ရုပ်ယာဉ်သည် ရေကြီးခြင်းနှင့် ငလျင်လှုပ်ခြင်းတို့ ကဲ့သို့သော အခြားအရေးပေါ် အခြေအနေများတွင်လည်း အသုံးပြုနိုင်သည်ဟု အကြံပြုပြောဆိုခဲ့ပါသည်။
Source:http://www.wired.co.uk/news/archive/2013-03/27/iranian-rescue-robot/viewgallery#!image-number=3

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)