ချစ်သူသို့ တမ်းချင်း (တြိချိုး)

koyinApril 2, 20131min1865

ချစ်သူသို့ တမ်းချင်း (တြိချိုး)

ဟိုဝေးမှာ
ပိုဆွေးကာ အနေခက်ပါလို့
ပွေရတက် ဖြေမလွယ်
လွမ်းလွန်းလှတယ်။

ချစ်သူရယ်
ခုချိန်မယ် တစ်မြေခြား။

နှေးမကြာ
တွေးကာသာ ကြိုးစားရ
နောင်ကာလ နီးမှာမို့ကွယ်
အားတင်းလို့ထား။။

တောက ကိုရင်
၃၁.၀၃.၂၀၁၃

5 comments

  • KZ

    April 2, 2013 at 2:28 pm

    ကိုရင် ကာလာလေးနဲ့ ရေးဦးလေ။
    :mrgreen:
    ကျုပ်တို့လို ဝေးတဲ့ လူတွေအတွက်……
    :mrgreen:
    ကာရန်ကို ဘယ်လို ချိတ်တုန်း မသိဘူးတော့။
    :mrgreen:

  • ဗုံ ဗုံ

    April 2, 2013 at 3:59 pm

    အားတင်းထားပါတယ် ကိုရင်ရယ်…. 🙂

  • ဟိုးးး အဝေးမှာ .. နေတဲ့အခါ ..
    မျက်ဝန်းတွေထဲ … မင်းပဲ မြင် ..
    ပြန် ဆုံနိုင်မယ့် .. နေ့ရက်လေးတွေ မရောက်သေးခင် ..
    ဤမှန်ကန်သော ကိုယ့်ရဲ့ သစ္စာတွေကြောင့် ဆုတောင်း ပြည့်ခဲ့ရင်
    အချစ်ဆုံးသာ ကိုယ့်အနား ရှိ စေ ချင် ….

  • Alinsett @ Maung Thura

    May 7, 2015 at 3:24 pm

    .အော်… အော်ပြီး..ဆိုလိုက်ရ…

    ချိုလိုက်မယ့် ဖြစ်အင်…

Leave a Reply