ရယ်ရယုံ (၃၀)

etoneJuly 24, 20101min440

၁။ ဗိုလ်ချုပ်ကြီး

အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။

“မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖိုု့လေ့ကျင့်ခန်း
စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊
လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား”

“သိပါတယ်၊ ဗိုလ်ချုပ်ကြီး”

၂။ ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King)

ဆရာမက ကျောင်းသားများကို မေးသည်။
“ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူလက်ညှိုးထောင်ပါ”

ပီတာလေးလက်ညှိုးထောင်သည်။

“ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ”

“မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင်ကွယ်လွန်သွားရင်ကောကွယ်”

“အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်”

“ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်”

“အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်”

၃။ ကိုယ်ချင်းစာကြည့်ပေါ့

ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစာ္ဆန်ရုံသို့သွားသည်၊ တိရစာ္ဆန်ရုံသို့
ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော်
မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစာ္ဆန်ရုံဝန်ထမ်းအား
အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။

“ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ
မမြင်အောင် သူတို့ လှောင်အိမ်ထဲ ဝင်နေကြပါတယ်”

ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုန္ဒြေကို ဆယ်လိုက်ပြီး ဝန်ထမ်းကိုပြောသည်။

“ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ
မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာနေတာနဲ့ ကျွန်မအခု
ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့
ထွက်လာမယ်ထင်သလားဟင်”

တိရစာ္ဆန်ရုံဝန်းထမ်းက ပြန်ပြောသည်။

“ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်”

စာကြွင်း။ ။ မောင်ကောင်းထိုက် ဟာသစာအုပ်လေးထဲက ကူးယူဖော်ပြပါတယ်..
အားလုံး ပျော်ရွှင်နိုင်ပါစေဗျာ..