“ဘယ်နားနာသွားလဲ´´

ခင္ခApril 3, 20131min17818

“ဘယ်နားနာသွားလဲ´´

 

ကလေးတစ်ယောက် အိမ်ရှေ့တံခါးနား

ချော်လဲလိုက်တော့

အမေဖြစ်သူက ပြေးကာထူပြီးမေးတယ်

“သား ဘယ်နားနာသွားလဲ´´ တဲ့။

 

ရည်းစားစုံတွဲ လမ်းလျှောက်နေရင်း မိန်းကလေးက

ခလုပ်တိုက်မိတော့

ယောက်ျားလေးဖြစ်သူက လှမ်းကဆွဲရင်းမေးတယ်

“အချစ် ဘယ်နားနာသွားလဲ´´ တဲ့။

 

အဖွားအိုတစ်ဦး ကားပေါ်အဆင်း

ခြေချော်မိကာ ထိုင်လျှက်ကျတော့

အနီးအနားရှိသူများက ပြေးကာထူရင်းမေးကြတယ်

“အမေကြီး ဘယ်နားနာသွားလဲ´´ တဲ့။

 

ဒီလိုစကား အကြင်နာများနဲ့

မေးကြသည့်သူ ရှိလိမ့်မူ၏

ရှေ့တန်းစစ်သလင်း ဗုံးသံပြင်းလို့

ထိခိုက်ကြပြီး ရဲဘော်များသည်

ထိုသူတွေကို ဘယ်သူကများ

မေးနေကြမည်

“ဘယ်နားနာသွားလဲ´´ လို့။

 

စစ်သည်မကောင်း အချစ်သည်ကောင်းသမို့

စစ်ပွဲရပ်စို့ ငြိမ်းချမ်းဖို့ပါ

ထိုထိုအခါ တစ်ဦးနဲ့တစ်ဦး

ချစ်ကြည်နူးလို့၊

အကြင်နာစကား ဆိုသော်ငြားမည်

“ဘယ်နားနာသွားလဲ´´ ဆိုလေသည်။

 

ငြိမ်းချမ်းသာယာ ရှိစေသော်ဝ်။

 

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

18 comments

  • KZ

    April 3, 2013 at 10:06 am

    စစ်ကြောင့်ပဲရရ၊
    အချစ်ကြောင့်ပဲရရ၊
    ခန္ဒာကိုယ်က အနာက ကုစားနိုင်ပေမဲ့ …
    စိတ်ဒဏ်ရာက ကုဖို့ မလွယ်ကူဘူးလားလို့ ပါ ကိုခရေ။

    စိတ်ရော၊ လူရော
    ငြိမ်းချမ်းကြပါစေ။
    အေးချမ်းကြပါစေ။

  • ခင်ခ

    April 3, 2013 at 10:49 am

    ဦးစွာရောက်ကာ မန့်လာသူ KZ ကိုကျေးဇူးပါနော်။
    KZ တစ်ယောက်
    အချစ်ဒဏ်ရာမဖြစ်စွာဘဲ
    ကြင်နာတတ်ကာ ချစ်တတ်သူနဲ့
    ဆုံကာကြည်နူး ပါစေသော်။

  • kai

    April 3, 2013 at 12:19 pm

    ချောဆိုတဲ့..ကောင်မလေးချောချောတယောက်..
    ချော်လဲတော့..ရောထိုင်တယ်..
    အဲဒါ… ချောကို.. အနားက.. ကောင်လေးက..
    အပြေးကလေးလာ.. ကျောနောက်ကပွေ့..
    ထူရင်းမေးတယ်..
    ဘယ်နားနာသွားလဲ ..တဲ့..

    ချောက..
    ဒေါနဲ့ပြန်ပြောတာက..
    နင်.. ငါ့လာနှိုက်တယ်..
    ပါးရိုက်ခံရမယ်တဲ့..

    ဪ..
    ဖြစ်တတ်တဲ့..သဘော..။

    နောက်တာနော..ဦးကြီးခ.. :kwi:

  • kyeemite

    April 3, 2013 at 1:17 pm

    xxxxxx ခရီးလမ်းမ ဗွေအလယ်……
    ခလုတ်ကန်သင်းတိုက်ကာလဲ…အမေ့အသဲနှလုံးလွင့်ကာကျတယ်…
    အသဲနှလုံးက စကားပြောလာပြီကွယ်…..
    “သား..လူလေး…ဘယ်များနာသွားလဲကွယ်”….. :hee:
    ကိုခ စာဖတ်ပီး ဒီသီချင်းလေးသတိရသွားလို့ပါဗျာ…

    • ကြောင်ဝတုတ်

      April 3, 2013 at 3:08 pm

      လေးမိုက်ပြောတာနဲ့ သူကြီးပြောတာပေါင်းစပ်လိုက်တော့…
      ကျွန်တော်လဲ သီချင်းတစ်ပုဒ်သွားသတိရတယ်…
      ဗဒင်သီချင်းလေးပါဗျာ…

      လမ်းကြားမှာ အလစ်သုတ်ပြီးခိုးနမ်းတုန်းကပေါ့…
      ရုံးရောက်မယ့်လူကြီးကိုကတဲ့… သွား… မချစ်ဘူးတဲ့သူက…

      လမ်းကြားမှာ အလစ်သုတ်ပြီးခိုးနမ်းတုန်းကပေါ့…
      ဂတ်ရောက်မယ့် လူကြီးကိုကတဲ့… သွား… မချစ်ဘူးတဲ့ သူက…

      ခင်မင်လျက်- ဟိဟိ
      ဖက်ဖက်ကက်

  • ခင်ခ

    April 3, 2013 at 1:20 pm

    အဲ သူဂျီး အဲဒီချောဆိုတဲ့ ကလေးမလေးချောချောလေး
    ကျုပ်ရှေ့မှာ သူဂျီးရေးသလိုမျိုး ဖြစ်လိုက်ရင်တော့
    ဇာတ်လမ်းပုံစံက ပြောင်းသွားနိုင်တယ်နော်…………..။
    မသကာ စခန်းအတူသွားရုံလောက်ပေါ့ဗျာ။

  • etone

    April 3, 2013 at 7:38 pm

    ဟဲ့ $&%#@*!!!! တေ … တေ….
    :kwi:

    အဲ့လိုမပျော့စ်ရက်ပါဝူးလို့

  • ကိုခရေ
    လက်တွေ့ဘဝတွေကတော့ သူများကို ဘယ်နားနာသွားလဲ မေးဘို့ နေနေသာသာ
    ကိုယ်နာနေတာတောင်ပြန်မကြည့်အားတဲ့ ဘဝတွေများသထက်များနေသလိုပါဘဲ။

  • သိပ်ကောင်းတယ်ဗျာ . ကဗျာလေးက .
    “ဘယ်နား နာသွားသေးလဲ” …. တဲ့ ….။
    ကြင်နာတတ်သူတွေ အတွက်ပေါ့ ခင်ဗျာ ..
    တစ်ကိုယ်ကောင်း သမား၊ အတ္တကြီးသူများ အတွက်ကတော့ဖြင့်
    ဒီစကား ခါးမယ် ထင်ပါတယ် …

    • ခင်ခ

      April 4, 2013 at 10:06 am

      စကားခါးခါး
      အကြားများရင်
      နားဝင်ချိုအောင်
      သကြားခပ်ချင်
      အဲဒီသကြား
      ဘယ်ထဲ့ရမလဲ
      နားထဲသို့လား
      ပါးစပ်လားလို့
      ဖြေကြားပေးပါ
      မောင်အံစာ……..။

  • ရွာသူ jujuma .

    April 4, 2013 at 10:48 am

    ” ဘယ်နားနာနာ သူ့အလုပ်ကြနေတာပဲ “..
    အဲလိုတောင်ပြန်ပြောမိသေးတယ်ဗျို့ ..
    ကြင်နာမှု တွေ ကို … :kwi:

  • မောင် ပေ

    April 4, 2013 at 11:17 am

    တို ့လေးခကြီး
    စာရေးကောင်းတာရော
    မြာxဋကျပ်ဋဏ္ဍxဍဍx
    ယုံပါတယ်ဗျား

  • Thu Thu Htet

    April 4, 2013 at 3:44 pm

    တိုတိုလေးနဲ့ နားလည်လွယ်ပြီး အဓိပ္ပါယ်ရှိတယ် 🙂

    • ခင်ခ

      April 4, 2013 at 4:05 pm

      ဝင်ရောက် မန့်ကြသော ရွာသူားများကို ခင်ခမှ အလွန်ကျေးဇူးပါဗျာ။
      မန်ဘာမဟုတ်သော စာဖတ်ပရိတ်သတ်ကိုလည်း ဖတ်ရှု့အားပေးခြင်းအတွက် ကျေးဇူးပါနော်။

  • MaMa

    April 4, 2013 at 6:05 pm

    သဂျီးပြောဖူးတာတော့…
    သေနတ်နဲ့ ပစ်တာ ပရုပ်ဆီလူးလို့ မရဘူးဆိုပဲ။ :eee:

  • အလင်းဆက်

    April 5, 2013 at 7:04 pm

    တကယ်တော့..
    ကလေးချော်လဲ..တာကို.. ဘယ်နားနာသွားလဲ..လို့မေးနိုင်တဲ ့မိဘဟာ..တော်တဲ ့ တက်သိနားလည်တဲ ့မိဘ ပဲ..လို့ မြင်မိပါတယ် ။
    တချို ့မသိနားမလည်တဲ ့မိဘတွေဆို…
    ချော်လဲလို ့..နာကျင်နေတဲ ့ကလေးကို..
    လဲမှာပေါ့… လျှပ်စီးလက်နေတာကိုး…နည်းတောင်နည်းသေးတယ်…
    ဘာ.ညာနဲ ့…အော်ငေါက်တတ်တာတွေ့ဖူးတယ် ။
    အဲဒီလို.အော်ငေါက်နေမယ့်အစား…
    လဲကျတာကို…ထူပေးဖို့လက်ကမ်း…
    နောက်တစ်ခါ..ဒါမျိုးမလဲ…ကျအောင်…. အသိလေး ထည့်ပေး..ဖို ့လိုတာလေ ။

    ကျွန်တော်ကိုယ်တိုင်လည်း.ချော်လဲကျသွားသူကိုတွေ ့ရင်..
    .ဘယ်နားနာသွားလဲ..လို ့…မေးတတ်ဖို ့…
    နောက် မလဲအောင်…ကူညီထူမတ်ပေးနိုင်တဲ ့သူ..ဖြစ်ဖို ့..ကြိုးစားပါဦးမယ် ။

    ကျွန်တော်ကိုယ်တိုင်…လဲကျသွားချိန်မှာလည်း..
    ကျွန်တော့်ပေါ့ဆမှုကြောင့် အသုံးမကျမှုကြောင့်…လို ့..လာ အပြစ်တင်နေမယ့်လူအစား
    ဘယ်နား နာသွားလဲ…ကွယ်..လို ့..မေးပြီး..
    ကမ်းလက်ကလေး..ပေး..ထူမယ့်သူပဲ…ကြုံချင်မှတော့…..

    ကြိုးစားရဥင်္ီးမယ်..လေးလေးခရေ….

    🙂

  • Mr. MarGa

    April 8, 2013 at 7:15 pm

    ဘယ်နားနာသွားလဲ
    ဒီစကားလေးကနေ ဖြူစင်တဲ့ မေတ္တာတရားကို မြင်လိုက်မိသလိုလို
    ဒီစကားလေးဟာ အမေးခံရသူအတွက်တော့ အားဆေးတစ်ခွက်အလား……………….

  • အရိပ်စစ်

    April 9, 2013 at 1:01 am

    ဘယ်နားနာ သွားလည်းလို့ မေးမြန်းတာကလည်း မင်္ဂလာတစ်ပါးပင်ဖြစ်ပါကြောင်း
    အသိပေးမီးမောင်းထိုးပြသည့်အတွက် တာမီး အလင်းပိုရသွားပါကြောင်းးးးး

Leave a Reply