အမျိုးအမည်မသိယာဉ်ပျံ (၁)စင်း

၃၁ရက်နေ့ ညဘက် ၁၂နာရီကျော်လောက် ထင်ပါတယ်။ မြို့ထဲက အိမ်အပြန်ခါနီး ကောင်းကင်မှာ ပျံသန်းနေတာ တွေ့လို့ အလျင်စလို ရိုက်ထားလိုက်တာ။

(၁) ရက်နေ့က တင်မလို့ အေပရယ်ဖူးတယ် ထင်မှာစိုးလို့ ….

တကယ် မြင်လိုက်တာ … ယုံတာ မယုံတာကတော့ တပိုင်းပေါ့

 

WP_20130401_013
ဝှီး … ဝှီး …..ဝှစ် ဝှစ်

WP_20130401_014

WP_20130401_016
အသည်းအသန်ရိုက်ချက် ….

အစကတော့ ကိုယ့်ဟာကို ဖွဘုတ်ပေါ်တင်မလို့ ..

ရွာထဲကလူတွေ သိစေချင်တာနဲ့ တင်ပေးလိုက်ပါ၏ …..။

13 comments

  • ကြောင်ဝတုတ်

    April 3, 2013 at 3:25 pm

    အိုက်ဒါဘာယာဉ်ကြီးလဲဟင်….

    ကိုရဲစည်တင်မူးတာမဟုတ်ဘူး…
    ကိုမတ်လို တယ်လီဖုန်းက ကင်မရာပါမူးတာရောမဖြစ်နိုင်ဘူးလားဟင်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ရဲစည်

      April 3, 2013 at 3:36 pm

      မူးတာမဟုတ်ရပေါင်ဗျာ …
      အနော်လဲ မသိလို့ လိုက်မေးပါတယ် …။
      ပန်းကန်ပြားပျံတော့ မဟုတ်လောက်ဘူးရယ် …။
      အဲ ဖြစ်ခဲ့ရင်တော့ သမိုင်းဝင် ဓာတ်ပုံဖြစ်နိူင်မှာပါ.။
      အဲကျရင်တော့ ဟိုလူဂျီးနဲ့ မဆိုင် :mrgreen:
      အခုမှ သတိရတယ် ရေစာလေး ပြန်ထိုးရင် ကောင်းမလားလို့
      :harr:

  • အိုက်ဒါ ယာဉ်ပျံ မဟုတ်ဘူးး
    ပဇောင်တဂင်း ပုဇဉ်းတစ်ကောင် ပျံနေဒါ ..
    အိုက်ဒါ မတိရင် မှတ်ထား
    ည ပုဇဉ်းဒဲ့ …

  • ကီလိုဇူးလူးဝီစကီ

    April 3, 2013 at 3:35 pm

    ဟိုက စိတ်မချလို့ လိုက်ချောင်းတာနေမှာ။

    ဟိုင်း တက်ကနိုလိုဂျီ စပိုင် ဒီဗိုက် နဲ့။
    သတိထားဦး။

    :harr: :harr:

    • ယန်းကီးစပဲရိုး

      April 3, 2013 at 4:25 pm

      တဒိပေးလို့ ကျေးကျေးပါ ဂျီးဒေါ်ဂျီး ..
      ဒါပေသိ အဲ့လောက် မြင့်မြင့်ကနေ ဘာအသံမှ သိပ်မကြားဘဲ ချောင်းရင်တောင် ..
      တားတား အသားအရည်က ညဘက် မမြင်ရလောက်ဘူး ထင်တယ် ……..။
      :kwi:

  • kai

    April 3, 2013 at 4:25 pm

    လောလောဆယ်တော့.. ယန်းကီးစပဲရိုး.. ကီလိုဇူးလူးဝီစကီ အဲဒီ၂ယောက်နာမယ်ပြောင်းနဲ့တင်.. တော်တော်အမျိုးအမည်မသိဖြစ်သွားတယ်..။
    ဆိုတော့..
    ယူအက်ဖ်အိုပဲထားလိုက်ပါ… :kwi:

    • ယန်းကီးစပဲရိုး

      April 3, 2013 at 4:34 pm

      ယူအက်ဖ်အို ဆိုတာ … အင်းလိပ်လို …. အမည်မသိယာဉ်လို့ ပြောတာမှလား ..
      တော်လိုက်တဲ့ သဂျီး … :harr:
      အနော့်အထင်တော့ ပြည်လမ်း အမျိုးသားလွှတ်တော်နား ပျံနေတာဆိုတော့ …..
      ဒရုန်းတော့ ဒရုန်းဘဲ …..။
      ဝှက်ထ်စ် မိတ်ထ်အပ်ပ်အော့ဖ်
      ဝှဲအာဖယောင် …. ဂလောင် .. ဂလောင်
      :kwi:

      • Foxtrot Charlie

        April 3, 2013 at 4:55 pm

        ပုံစံကြည့်တော့ ကိုရဲစည်ပြောသလို ဒရုန်းးးပေါ့နော…
        ဒရုန်းဆိုရင်… အရွယ်အစားသေးငယ်သမို့…
        ဒုတိယပုံက သစ်ပင်ထိပ်ဖျားမှာရှိနေတယ်ဆိုတော့… အမြင့်ဆုံး ပေ(၅၀)ပေါ့…
        ပေ (၅၀) ဆိုတော့ ဒရုန်းဆိုရင် မြင်ရတဲ့အရွယ်က အဲ့လောက်ကြီးစရာမရှိဘူးလေ…
        အဲ့လို… အဲ့လို…
        နောက်တစ်ခုက…
        တခြားနိုင်ငံကဆိုရင်လဲ မြန်မာ့လေပိုင်နက်အတွင်းအဲ့လောက်အထိ ဝင်လာတာ လေတပ်က
        ဘာမှမလုပ်ဘူးလို့မပြောနိုင်ဘူးလေ…
        သေချာတာကတော့ ကိုယန်ကီးရေ… မူးနေပြီထင့်…

        ခင်မင်ပါသည်…
        ဖော့ထရော့ချာလီ…

        • ယန်းကီးစပဲရိုး

          April 3, 2013 at 5:34 pm

          ဟယ့် … အိုဘဲ့ ဖော့ထရော့ရေ ..
          တွက်တာတော်လိုက်တာ … အမြောက်တပ်မှာ ဘိုဂျုပ်လုပ်ခိုင်းမယ် …
          ၄ဝဒီဂရီ အနေအထားလောက်ကနေ ဖုန်းကင်မရာနဲ့ ရိုက်တော့ သစ်ပင် ထိပ်ဖျားမှာလို့ ထင်ရတာပေါ့…. နောက်ပီး အမြင်မှာတော့ စကောလောက် မြင်နေရ ဘယ်အမြင့်လောက်ကနေ ပျံနေမှန်း ဘူသိမှာတုန်း။
          ဘာ … ပိုင်နက် .. လေတပ် ဟတ်လား … ကွိကွိ
          ခုနေ အမြင့်ပေ ၂သောင်းလောက်က လေယာဉ်ဝင်လာရင် ရေဒါက မိရင်တောင် .. တာဝါကို ချိတ်ပီး အယူအဆတောင်းတာနဲ့
          ထွက်လိုက်ဖို့ တာဝန်ကျ လေယာဉ်မှုးကို အရက်ဆိုင်မှာ လိုက်ခေါ်ရတာနဲ့
          ဆီဖြည့်တာနဲ့
          လေယာဉ်ထွက် လိုက်ခွင့် အမိန့်တောင်းတာနဲ့ …..
          ဘာနဲ့ … ညာနဲ့ …. မပြောတော့ပါဘူးအေ ..

          သိပ်မခင်တဲ့
          အမေဒိကန်ဆာဂလေး

  • etone

    April 3, 2013 at 5:56 pm

    ကယွဲစည်
    တိုက်တိုက်ဆိုင်ဆိုင်တော် သများ ၁ရက်နေ့ညက ဘုရားသွားတုန်းကလည်း ညရခွဲလောက်မှာ ဘုရားပုံကို ဓါတ်ပုံရိုက်ရင်း အဲ့ဒါကြီးမြင်ခဲ့တဲ့ … ဘုရားကမီးရောင်တွေနဲ့ဆိုတော့ စစ်ပုစဉ်းရီးပျံနေတယ်မှတ်တာ
    ဘုရားပုံ ဓါတ်ပုံရိုက်တုန်းက အဲ့ဒါရီးပါလာတယါ ခပ်ဝါးဝါးပါ အဲ့တုန်းကတော့မသင်္ကာစိတ် မဖြစ်ခဲ့ဘူး …

  • မောင် ပေ

    April 3, 2013 at 7:56 pm

    အဲဒါ
    ရေဘဝဲပေါလ် ကို ဂုဏ်ပြုပြီး ထုတ်ထားတဲ့
    လင်ပျံဟက်စကီး
    တွံ ရဲစည်
    ဂဏာဟိ

  • kyeemite

    April 4, 2013 at 1:18 pm

    ရွဲစီ ကလည်း ယန်းကီးစပဲရိုး ဖြစ်ပြန်ပေါ့…
    အင်း..လုပ်ကြပါလေ..တော်တို့ကရဲတွေကိုး.. :harr:

  • etone

    April 4, 2013 at 3:04 pm

    ကယွဲစည် …
    တလောက ဖတ်လိုက်ရသေးတယ် .. လူမပါပဲနဲ့ ဗွီဒီယို ရိုက်တယ်ဆိုလား ဘာလားပဲ … အဲ့ဒါရီးလားမသိဘူး .. ဒါပေမယ့် ..ခုလောက်ကြီးတော့ ကြီးမယ် မထင် …. ။ 🙄

Leave a Reply