Gay အဆိုတော် တယောက်နဲ့ ပါတီ အတူတူ တွဲတက်မိတဲ့ ရော်နယ်ဒိုရဲ့ ဖြစ်ရပ်…

lu ta loneJuly 24, 20101min861

လိင်တူချစ်သူ အမျိုးသားတွေရဲ့ အသည်းစွဲ ကမ္ဘာကျော် ဘောလုံးသမား ခရစ်စတီရာနို ရော်နယ်ဒိုက NSYNC ဝိုင်းတော်သားဟောင်း ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ Lance Bass နဲ့ အတူ ပါတီပွဲ တက်ခဲ့ကြတယ်ဆိုပြီး သတင်းထွက်ရှိလို့ လာခဲ့ပါတယ်။

ဓါတ်ပုံ အထောက်အထား တွေအရ ဂေးတွေ အမြောက်အမြား ကျက်စားလေ့ရှိတဲ့ Tribeca ရပ်ကွက်မှာ အတူတကွ ညနေစာ စားသုံးနေကြတာကိုလည်း တွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။

အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ချစ်သူ အသက် ၂၄နှစ်အရွယ် Irinia Shayk ကိုတောင် အသိမပေးပဲနဲ့ Lance Bass နဲ့ သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၁နှစ် ရှိပြီဖြစ်တဲ့ Lance Bass ဟာ လွန်ခဲ့တဲ့ ၂၀၀၆ခုနှစ်က ကိုယ့်ကိုယ်ကို လိင်တူချစ်သူအဖြစ် ပွင့်ပွင့်လင်းလင်း ဝန်ခံထားပြီးတဲ့ သူတယောက် ဖြစ်ပါတယ်။

ဒေးလီးစတား သတင်းစာတိုက်ရဲ့ ထုတ်ဖော်ပြောဆိုချက်အရ ဆိုလို့ရှိရင် ရော်နယ်ဒိုနဲ့ Lance Bass တို့ နှစ်ယောက် အတူစုံတွဲ ကခဲ့ကြသလို နှစ်ယောက်သားကလည်း အလွန်ပင် ပျော်ရွှင်ကြည်နူး နေပုံရတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုဟာ ဖက်ရှင် လိုက်စားတာရယ် ယောက်ျားလေး အသုံးအဆောင် အလှကုန် ပစ္စည်းတွေကို နှစ်နှစ်ချိုက်ချိုက် သုံးစွဲလေ့ရှိတဲ့ အတွက်ကြောင့်မို့ ဂေး ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေ နှစ်အတန်ကြာ ထွက်ရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

အဲဒီအပြင် ဂေး တွေရဲ့ အသည်းစွဲ အမျိုးသားတစ်ယောက် အနေနဲ့လည်း မဂ္ဂဇင်း အတော်များများမှာ မဲပေးရွေးချယ် ခံခဲ့ရတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။

ဘယ်လိုပဲ ကောလဟာလတွေ ထွက်နေပါစေ ရော်နယ်ဒိုကတော့ “ကျနော်က ကျနော့်ရဲ့ လိင်စိတ်ခံယူမှု၊ တိမ်းညွတ်မှုနဲ့ ပတ်သက်လို့ရှိရင် ကိုယ်က ဘယ်လိုလူလဲ ဆိုတာကို ကောင်းကောင်း သိတဲ့အတွက် လူတွေ ဘယ်လိုပဲပြောပြော ဘယ်လိုပဲ ဝေဖန်ဝေဖန် ကျနော့်ရဲ့ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်လာလို့ရှိရင် ကျနော့်မှာ စိုးရိမ်မှု မရှိဘူး၊ ကြောက်ရွံ့မှု မရှိဘူး။ အေးဆေးပါ”လို့ ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။

ရော်နယ်ဒိုဟာ များမကြာသေးမှီက ၎င်းရဲ့ တိုင်းပြည်က အသိအမှတ် ပြုလိုက်တဲ့ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့် ကိုလည်း သဘောတူ ထောက်ခံတဲ့ ရှားပါးဘောလုံး အားကစားသမား တွေထဲမှာ တယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။

One comment

  • gunnrose

    August 8, 2010 at 7:30 am

    အတွေ ့ကြုံသစ်လိုချင်လို့ ့နေမှာပေါ့………….

Leave a Reply