လိမ္မော်ရောင်နံနက်ခင်း အောက်မှာ

1လိမ္မော်ရောင်နံနက်ခင်း
1လိမ္မော်ရောင်နံနက်ခင်း
2 အိပ်တန်းက နိုးထတဲ့ငှက်ငယ်
2 2အိပ်တန်းက နိုးထတဲ့ငှက်ငယ်

 

လိမ္မော်ရောင်နံနက်ခင်းလေး

 

 

 

ဒီနှစ်ကတော့ ကျနော်အပျင်းကြီးတဲ့နှစ်လို့သတ်မှတ်ရင်ရနိုင်ပါတယ်။

ဇန်နဝါရီလ ရန်ကုန်က ပြန်လာပြီးကတည်း ရာသီဥတုအေးတာ ပင်ပန်းတာ ညတစ်နာရီထိုးလောက်မှအိပ်ဖြစ်တာကိုအကြောင်းပြပြီး မနက် မနက် ခါတိုင်းလို့

လမ်းမလျောက်ဖြစ်။

တစ်ရက်လျောက် နှစ်ရက်နားကြာတော့ လူက အပျင်းလူသားဖြစ်လာပါတယ်။

မတ်လရောက်ရင်တော့ နေ့တိုင်းလျောက်မယ် ကြံစည်ပေမယ့် တစ်ရက်လျောက်

နှစ်ရက်နား ဆိုတော့ ကိုယ့်ကို ကိုယ်လဲ အားမရ။

အဓိက အချက်က ဓါတ်ပုံ ရိုက်ချင်စိတ်မရှိတာလဲ ပါ ပါတယ်။

တစ်ရက်တော့ လမ်းမလျောက်ဖြစ်ဘဲ အိမ်ရှေ့ထွက်အရပ် လိမ္မော်ရောင်ကောင်းကင်တွေ့လိုက်တော့

ကင်မရာယူပြီး ကျုံးနံဘေးကို အပြေးအလွားသွားတော့ တကယ်ကို မှီတယ်ဆုိုရုံလေးပါဘဲ။

ဓါတ်ပုံ ဆယ်ပုံလောက်အရ နေမင်းက ပုန်းနေတဲ့ တိမ်ကြားကထွက်လာတော့ အမြင်မလှ။

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

3-4-2013

 

 

3 တိမ်ပန်းချီနောက်ခံနဲ့သစ်ပင်လေး
3 တိမ်ပန်းချီနောက်ခံနဲ့သစ်ပင်လေး
4လိမ္မော်ရောင်နံနက်ခင်းအောက် က နန်းမြို့ရိုး
4လိမ္မော်ရောင်နံနက်ခင်းအောက် က နန်းမြို့ရိုး
4 နန်းမြိုတော်
4 နန်းမြိုတော်

 

 

6အလင်းကတိုးထွက်
6အလင်းကတိုးထွက်

 

7 ဝါဝါနီနီ
7 ဝါဝါနီနီ

 

14 comments

  • weiwei

    April 4, 2013 at 10:00 am

    မန္တလေးမှာ နွေရာသီဆိုရင် အစောကြီးမိုးလင်းပြီး ပူတယ်နော် …
    လိမ်မော်ရောင်နံနက်ခင်းပုံလေးတွေ လှပါ၏ …

  • ကီလိုဇူးလူးဝီစကီ

    April 4, 2013 at 12:02 pm

    လိမ္မော်ရောင် နေရောင်အောက်မှာ
    လိမ္မော်ရောင် ထီးလေး ဆောင်းပြီး
    လိမ္မော်ရောင် သီးလေး စားချင်တယ်။

    :harr:

  • သူကလေး

    April 4, 2013 at 3:57 pm

    ရိုက်ထားတဲ့လက်ရာလေး တော်တော်လှတယ်
    သန့်ကျူးပါရှင့်

  • ဗုံ ဗုံ

    April 4, 2013 at 4:01 pm

    ဟယ်… နေထွက်တာ ငါမြင်ဖူးပြီ … ဖေပေါက်ကျေးဇူးကြောင့် ကိုယ့်လိုသာဆို အပျင်းကြီးနေတာနဲ့ မြင်ရမှာမဟုတ်.. ကျေးဇူးတင်လွန်းလို့ မိဗုံမင်လာဆောင်ရင် ဖေပေါက် သီချင်းဆိုပေးပါ :mrgreen: :mrgreen:

  • ( မိဗုံမင်လာဆောင်ရင် ဖေပေါက် သီချင်းဆိုပေးပါ )

    အင်း သေချာတာ ဒီတစ်သက် ကျုပ်သီချင်းမဆိုရလောက်တော့ဘူးထင်တာဘဲ

    • ဗုံ ဗုံ

      April 4, 2013 at 7:49 pm

      အီ.. ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ သူများကို စိတ်ဆင်းရဲအောင် လျှောက်မပြောနဲ့ ဖေပေါက် ငိုလိုက်မှာတော့ :byae: :mrgreen: :mrgreen:

  • မိုက်တယ်ဗျာ ..
    လိမ်မာဘူး .. လူဇိုးဂျီး ဖေပေါက် .. :mrgreen:
    ဒါနဲ့ ..
    နန်းမြို့တော် ဆိုတဲ့ ပုံလေးကို ကြိုက်တယ်ဗျာ ..

  • အလင်းဆက်

    April 5, 2013 at 6:55 pm

    တိမ်တွေ….
    အဲသလောက် လှနေလိမ့်မယ်..လို ့…
    တွေးယူ မကြည့်ဖူးဘူး ။
    🙂

  • ရွှေ ကြည်

    April 6, 2013 at 6:37 pm

    လေးပေါက်ရေ
    လေးပေါက် မနက်စောစောလှမ်းလျှောက်တဲ့အကျင့်ပျက်နေတာပေါ့ ပြန်လျှောက်ပါလေးပေါက်ရေ
    မိရွှေကြည်ကတော့ မနက်ဖြန်မှစမယ် ဖြစ်နေတယ် အခုထိကို ကျန်းမာရေးလေ့ကျင့်ခန်းမလုပ်နိုင်သေး
    လေးလေး ပုံတွေကိုသဘောကျပါ၏ လိမ္မော်ရောင်ကိုအခုတလောမျက်စိကျနေတယ် 😆

Leave a Reply