ရွာသူ အသစ်ကလေးပါ ~~

သူကေလးApril 3, 20131min20935

မင်္ဂလာပါရှင့်သာမီးကတော့ တူနယ်ချင်း လူကလေး ရဲ့ကောင်းမှုကြောင့် ဒီရွာလေးကိုလာလည်ဖြစ်တာပါ။
စာရေးရတာကို အရမ်းဝါသနာထုံပါတယ်။
သူများရေးတာတွေကိုလည်း အားမနာတမ်းဝေဖန်တတ်ပါတယ်။
ဒါပေမယ့်လည်း ခင်မိရင်ဖြင့် အသေအလဲ အငမ်းမရ ခင်တတ်ပါတယ်။ (လူကလေးကိုသာမေးကြည့်ပါ)

ရေးတာလေးတွေကိုလည်း ဝေဖန်အားပေးကြပါ။ ဝိုင်းပြီးတော့လည်းခင်ကြပါ။ အမှားပါရင်လည်း ခွေးလွှတ်ပါ။ ကိုက်ခိုင်းပါ (အဲလေ ယောင်လို့) ခွင့်လွှတ်ပါ။

ကြိုဆိုတာလေးကိုမျှော်နေမယ်နော်

ခင်တဲ့

မိသူ

35 comments

  • ကီလိုဇူးလူးဝီစကီ

    April 3, 2013 at 5:01 pm

    ဟယ်။
    နောက် ချောချောလေးတစ်ယောက် ရောက်လာပြန်ပြီ။
    :528:

    မောင်လေးတွေ အတွက် ……
    ကြိုဆိုပါတယ် ညီမလေး။ 🙂 🙂

    • Thu Thu Htet

      April 4, 2013 at 1:45 pm

      ံဦးဆုံးကြိုဆိုတဲ့အတွက် ကျေးဂျူးတင်ပါတယ် ကိုယမကာလုလင် 😛

      • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

        April 4, 2013 at 1:48 pm

        အာ ဟိ… ကိုယမကာလုလင် တဲ့ ..ယီယဒလယ်
        ဗြဲ

        :harr: :harr: :harr:

        :harr: :harr:

        :harr:

      • ကီလိုဇူးလူးဝီစကီ

        April 4, 2013 at 1:58 pm

        ညီမလေး။
        ခု ရီ နေတဲ့ လူက မှ အယက်တမား မိုက်ကယ်ကောင်။
        သူ့ကို ဝေးဝေး ရှောင်။
        ကိုယ် က လူလိမ်မာလေး။
        :528:

        • Thu Thu Htet

          April 4, 2013 at 3:28 pm

          ဝီစကီကြိုက်တဲ့လူလိမ်မာလား … ခိခိခိ

  • Myo Thant

    April 3, 2013 at 5:05 pm

    ရွာသားလူပျိုသိုးတွေ တိုးဝှေ့နေမှာ မြင်ယောင်သကွယ်

    🙂

    • Thu Thu Htet

      April 4, 2013 at 1:46 pm

      ဘတ်စ်ကားတေ့ာမဖြစ်ပါရစေနဲ့နော် …
      ကြိုဆိုတာကျေးဇူးပါ

  • Mr. MarGa

    April 3, 2013 at 5:53 pm

    တိန်
    ကိုယ့်ထက် ဦးတဲ့သူတွေ ရှိသကိုး
    ကဲ ကဲ
    ရွာသူ အသစ်ကလေးဆိုတော့
    သတိပေးတန်တာ ပေးရဦးမယ်
    မိုဘိုင်း၊ အံစာ၊ ဦးကြောင်ကို ရှောင်
    မာဃကိုဆောင်
    ဒါဆို အားလုံး အဆင်ပြေမကွယ့်
    :hee:

    • Thu Thu Htet

      April 4, 2013 at 1:47 pm

      အားလုံးအဆင်ပြေမယ့်နည်းလေးကို သတိပေးတာကျေးဇူးပါ ခိခိ

  • တိမ်မည်း

    April 3, 2013 at 5:59 pm

    ဒီရက်ပိုင်း ရွာသူအသစ် တယ်များသကိုး……
    ကြိုဆိုပါတယ် မမိသူ
    :harr:

    • Thu Thu Htet

      April 4, 2013 at 3:22 pm

      ကျေးဇူးပါရှင့်

  • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

    April 3, 2013 at 6:38 pm

    ဟိတာဖွင့်ပီးတော့ ချွေးတဒီးဒီးနဲ့
    ကြိုဆိုနေပါတယ်ဗျာ

    :harr:

    • Thu Thu Htet

      April 4, 2013 at 3:24 pm

      အဲ့ဆို နွေး၂ထွေး၂ဟုတ်တော့ဘူး ပူပူလောင်လောင်ဖစ်တွားဘီနော် 😛

  • မောင် ပေ

    April 3, 2013 at 7:14 pm

    ကိုယ်ဖိရင်ဖိ (အပြင်မှာဆိုရင်ပေါ့နော်) လှိုက်လှိုက်လှဲလှဲ ဝမ်းသာလွန်းစွာ ကြိုဆိုပါတယ်ခင်ဗျား

    • Thu Thu Htet

      April 4, 2013 at 3:26 pm

      တော်သေးတာပေါ့ ဒီထဲမှာပဲကြိုဆိုလို့ ..

  • cobra

    April 3, 2013 at 8:59 pm

    တွေ ့ဆုံပွဲတုန်းကမပြောလိုက်ရတဲ့စကားခုမှပြောတော့မယ်
    ***ကျွန်တော်လူပျိုပါ***

    • Thu Thu Htet

      April 4, 2013 at 3:37 pm

      ဟုတ်ကဲ့ မှတ်ထားပါ့မယ် 😛

  • garuda

    April 3, 2013 at 9:13 pm

    တို့ရွာထဲက…တူမောင်လူပျိုလေးတွေတော့…ဖလန်းဖလန်းထကုန်ပြီ ထင်တယ်ကွယ်။ ရွာကြီးတော့ စည်ကားနေပါပြီဗျာ။
    အဟိ..မိန်းကလေးတွေက..ကိုယ့်ပုံကိုယ်တင်..ပွင့်လင်းတယ်ဗျာ..မိုက်ထယ်။ ရွာထဲက…ကိုကိုကာလသားများကတော့..ချက်ကြတယ်ထင်ပါတယ်ဂျာ။
    :harr: :harr:

  • GaviaGirl

    April 3, 2013 at 9:34 pm

    Warmly Welcome ပါ.. သယ်ရင်းရေ.. လူကလေးရဲ့ သယ်ရင်းဆိုတော.. နာ့သယ်ရင်းပဲပေါ့.. နာတော့ ရွာထဲမှာ မျက်နှာပွင့်တော့မယ်ထင်တယ်… :mrgreen:

    • ခင်ခ

      April 4, 2013 at 11:55 am

      ဟေ ဘယ်တုန်းက မျက်စိမှိတ်သွားတာလဲဟင်! သိတောင်မသိလိုက်ဘူးကွယ်။

    • Thu Thu Htet

      April 4, 2013 at 3:42 pm

      ခုလိုကြိုဆိုတာ ကျေးဇူးပါ
      လူကလေးလိုပဲခင်နော်

  • တူတူဒပ် ဆိုဘာလား ..
    ဒီနံမယ်ဂလေး ရင်းနှီးနေဒလိုဘဲ …
    ဟိုးး အတိတ်ဘွဆီက ရေစက်ကြောင့်များလားကွယ် .. 🙄 :mrgreen:

    လူကလေး ရဲ့ တူနယ်ချင်း …
    အငမ်းမရ ခင်တတ်တယ် ဆိုဒဲ့ တူလေးရေ …
    ဂျစ်မိရင်ရော အဲ့လို အငမ်းမရ ဂျစ်ဒတ်လားဟင်င်င် …
    ဘိုဘဲကြောကြော …
    ကိုကိုအံ တော့ ဟိုးးဘွ ရေစက်ဂျောင့် တူလေးကိုဒေါ့
    မျင်မျင်ဂျင်း ဂျစ်မိတွားဘီကွယ် …
    ဂျစ်မယ်နော် တူလေး … :mrgreen:

    • Thu Thu Htet

      April 4, 2013 at 3:43 pm

      တူလေးက ညင်ညင်ချင်းတော့ ဂျစ်တတ်ဖူး…
      ခုလိုမြင်မြင်ချင်း ပျော်အောင်စတဲ့အတွက် ကျေးဇူးပါ …

  • kyeemite

    April 4, 2013 at 10:01 am

    Warmly Welcome ပါဗျာ..

    စာရေးရတာကို အရမ်းဝါသနာထုံပါတယ်။
    သူများရေးတာတွေကိုလည်း အားမနာတမ်းဝေဖန်တတ်ပါတယ်။

    အဲဒီလိုရွာသူရွာသားအများကြီးလိုပါတယ်…ရေးသာရေးပါ..
    အားပေးပါ့မယ်ဆိုတဲ့အကြောင်း….
    ခင်တဲ့..

  • ခင်ခ

    April 4, 2013 at 10:23 am

    ရွာသူအဖြစ် ချောချော နဲ့ လှလှ တွေ ဒီရက်ပိုင်း ရွာကိုဝင်ရောက်လာကြတာတွေ့တယ်။
    ကြိုဆိုပါတယ်ဗျာ။ စာလည်းရေးကြဗျို့ အားပေးမှာပေါ့။

    သူဂျီးမင်းကတော့ ရွာလည်မှာ မိန်းမချောများဂေဟာ ဆိုပြီး ရွာသူကွန်ဒို တစ်လုံးဆောက်မလို့တောင် စိတ်ကူးနေပြီဗျ။ ကန်ထရိုက်ယူမယ့်သူ စောင့်နေတယ်ဆိုလား……။( ကောလဟာလ ကြားတာနော် )

    • ဖောက်(စ)ထရော့ချာလီ

      April 4, 2013 at 3:14 pm

      ကန်ထရိုက်ယူမယ်ဆိုလို့ ကျွန်တော့်ကို ပြောတာလားဟင်…
      နောက်တစ်ခုက အစ်ကိုကြီးရေ… ရွာသူချောများဂေဟာဆိုတဲ့ နာမည်ကြီးကတမျိုးကြီးနော်…ခိခိ

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • ရွာသူ jujuma .

    April 4, 2013 at 10:56 am

    ကြိုဆိုပါတယ်ချင့် …

  • ဗုံ ဗုံ

    April 4, 2013 at 11:22 am

    ကြိုဆိုပါတယ်ရှင့် 🙂

  • MaMa

    April 4, 2013 at 2:21 pm

    လူကလေးရဲ့ တူနယ်ဂျင်းဆိုတော့….
    လူကလေးလိုပဲ ခင်မင်နိုင်ပါတယ်လို့။
    ရေးအား ဖတ်အား မန့်အား ငြင်းအားးးးး
    အားးးးးးးးလုံးကို ကြိုဆိုပါတယ်။ :hee:

    • Thu Thu Htet

      April 4, 2013 at 3:40 pm

      ခုလိုကြိုဆိုတာကျေးဇူးများကြီးပါ မမ

  • johnnydeer

    April 5, 2013 at 4:53 am

    ဦးဂျော်နီတောင် အခုတလော ခရီးတွေချည်းထွက်နေရလို့ ရွာထဲ မရောက်ဖြစ်တာကြာပေါ့….ရွာသူအသစ်လေးရေ ကြိုဆိုပါတယ်နော်….

  • အလင်းဆက်

    April 5, 2013 at 6:47 pm

    စာရေးရတာကို အရမ်းဝါသနာထုံပါတဲ ့..သူကလေးရေ….
    ဒီက အူးဆက်ကလည်း.. စာရေးရတာကို အရမ်းအရမ်းကို.. ဝါသနာ ထုံလည်းထုံ ကျင်္သလည်း ကျဉ်ပါတယ်။
    စာတွေ များများရေးပါနော ့။
    ပြီးရင်..ကျွန်တော် သူကလေးရဲ ့စာတွေကို အေးအေးလူလူဖတ်နိုင်ဖို့အချိန်များများ ရပါစေ…လို ့ ဆုတောင်းပေးနော့

    ခင်မင်လေးစားစွာ…
    အူးဆက်

  • mashwetote

    April 6, 2013 at 6:20 am

    ရွာသူအသစ်ဆိုပါလား။
    ကြိုဆိုပါတယ်။ ရွှေတုတ်က ရွာခံပေါ့လေ။ ဝင်ထားတာတော့ ၁နှစ်ကျော်ပြီ။ ပေါ်လိုက်ပျောက်လိုက်နဲ့ ပို့စ်၅ခုပဲ တင်ဖြစ်သေးတယ်။ သူကတော့ လက်သွက်လိုက်တာ ၄ခုတောင်တင်ပြီးပြီ။ ပိုစ့်လေးတွေ ဖတ်လို့ကောင်းပါတယ်။ နောက်တင်မယ့်ပို့စ်တွေကိုလည်း စောင့်ပြီးအားပေးနေမယ်နော်။
    နှစ်ယောက်ပေါင်းပြီး ရွာသူချောချောလေးများအဖွဲ့ ဖွဲ့ရအောင်။ :hee:

  • myat pearl phyu

    January 29, 2014 at 1:27 pm

    တာမီးလည်း ရွာတူ အတစ်လေးပါ မတူတူ …

  • Paing Lay

    January 29, 2014 at 3:38 pm

    ကောမန့်တွေ တစ်သိုက်တစ်မြုံတစ်ထွေး နဲ့စည်ကားနေတာ လက်စသတ်တော့ ရွာသူအသစ်ကို ကြိုဆိုနေကြသကိုးးးးးးးးးး။ အနော်ယဲ ကြိုဆိုပါသည် ခီညော် :mrgreen:

Leave a Reply