မြန်မာနိုင်ငံအလယ်ဗဟိုချက်မသို့ အပိုင်း (၂)

thihayarzarJuly 24, 20101min683

ဝါဆိုလပြည့်နေ့မိုးကအေးအေးနဲ့ သူငယ်ချင်းတွေစုစုပေါင်း(၈)ယောက်ရှိမယ် အဲဒီကိုသွားမယ်လို့ အစကတော့မရည်ရွှယ်ဘူး တံတားဦးအင်းဝကိုသွားမယ် မယ်နု အုဉ်ကျောင်းတော်က တိုင်အကြီးကြီးတွေကိုသွားကြည့်မယ်ပေါ့။ နောက်တော့အစီအစဉ်ကပြောင်းသွားတယ် ပြက္ခရွေတောင်ကိုသွားမယ်ဖြစ်သွားတာ တောင်ခြေကိုရောက်တော့ ၉း၃ဝ လောက်ရှိနေပြီ တောင်ခြေမှာဘုန်းကြီးကျောင်းလေးတစ်ကျောင်းရှိတယ်။ တော်ခြေကဘုန်းကြီးကျောင်းလေးမှာပဲ ဆိုင်ကယ်တွေကိုထားခဲ့တယ်။တောင်ပေါ်မတက်ခင်မုဒ်ဦးဝမှာ သူငယ်ချင်းတွေအမှတ်တရဓာက်ပုံလေးတွေလည်းရိုက်ကြတယ်။ တောင်ပေါ်စတက်တော့ ၁ဝးဝဝ နာရီထိုးပြီ။ ရောက်ဖူးတဲ့သူကတစ်ယောက်ပဲပါတယ်။ သူကလည်းရောက်တာကကြာပြီတဲ့။ ပထမတော့စောင်းတန်းလေးတွေ လှေကားလေးတွေနဲ့တက်ရတယ်။ အပေါ်မှာလည်း သွပ်တွေမိုးထားတာ လုံလုံခြုံခြုံပဲ။ အပေါ်ကိုရောက်သွားတယ်။ ရှေးဟောင်းအဆောက်အဦးလေးတွေရှိတယ်။ တော်တော်များမယ် အဆောက်အဦးလေးတွေ(၁၅)ခုလောက်တော့ရှိမယ်။ အဆောက်အဦးပျက်တွေလည်း တွေ့ရတယ်။ တော်တော်တော့ကျယ်ဝန်းတယ်။ ရေတွင်းတွေလည်းရှိတယ်။ ဘုန်းကြီးတွေကတော့နည်းနည်းပဲတွေ့တယ်။ နတ်စင်လည်းရှိသေးတယ်။ တောင်ပြုန်းမင်းနှစ်ပါး နတ်စင်ပါ။ ဒါကပထမတောင်ပဲရှိသေးတယ်တဲ.နောက်ထပ်ရှစ်လုံးကျန်သေးတယ်တဲ့။ ပထမတောင်ပေါ်ကိုပဲတော်တော်တက်ရတယ်။ ကောင်မလေးတွေလည်းပါတော့ သူတို့ကိုစောင့်ရင်းတက်ရတယ်။ သူတို့ကခဏတိုင်းလည်းနားတယ်။ တောင်ပေါ်တက်တော့စားစရာကမပါဘူး။ ရေဘူးတွေလည်းမပါဘူး။ ဘာမှလည်းစားမလာကြဘူး။ ပထမတောင်ပေါ်ရောက်တော့ ဘုရားသို့ဆိုပြီးဆိုင်းဘုတ်သေးသေးလေး တစ်ခုတွေ့တယ် မြှားလေးပြထားတယ်။ လမ်းညွန်ထားတဲ့အတိုင်းလေးပဲ တက်သွားကြတယ်။ တောင်ပေါ်ကိုရောက်လေ တောင်အောက်ကရှုခင်းလေးတွေကလှလေပဲ။ ကင်မရာလည်းပါတော့ဓာက်ပုံလေးတွေလည်း ရိုက်ဖြစ်တယ်။ ရူခင်းလှတာလေးတွေ့ရင်ရိုက်လိုက် သူငယ်ချင်းတွေကလည်း တစ်ယောက်ပုံကိုတစ်ယောက် သူတို့ပုံလေးတွေကို ရိုက်ကြတယ်။ တောင်ပေါ်ကိုတက်တော့လမ်းလေးတွေက ကုန်းဆင်းကုန်းတက်လေးတွေ လူလုပ်ထားတဲ့လမ်းလေးတွေလည်းရှိတယ်။ မြင့်တဲ့လမ်းလေးတွေဆို သစ်ပင်တွေကိုဖြတ် အတုံးလေးတွေလုပ်ပြီး လှေကားပုံစံပြုလုပ်ထားတယ်။ မိုးကလည်းအေးတော့ ရေကတော့သိပ်မဆာကြဘူး။  တအားကြီးလည်း မမောဘူး။ ရယ်စရာပြောကြရင်း တက်သွားကြတယ်။ တော်တော်လည်းတက်ပြီးတော့ ဇရပ်လေးနှစ်ဆောင်ကိုတွေ့ရတယ်။ ဘေးမှာရေကန်လေးတစ်ကန်လည်းရှိသေးတယ်။ နားနေတဲ့လူတွေလည်းရှိတယ်။ အပင်ကသစ်စီးတွေကိုယူတဲ့သူတွေပေါ့။ ငါးယောက်လောက်ရှိမယ်။ သူတို့ကအချိန် ဒီရာသီဆိုရင် တောင်ပေါ်ကအပင်ကြီးတွေဆီကစသစ်စီးတွေကို လာလာထုက်ယူကြတယ်တဲ့။ ကန်ထဲမှာရေတွေရှိ်တယ်။ မနေ့ကမိုးရွာထားလို့တဲ့။ ဝါးလုံးကိုခွက်ပုံစံဖြစ်အောင်ဖြစ်အောင် ဖြတ်ထားတယ်။ ကဗျာဆန်တာပေါ့။ ရေသောက်ရင်း ဝါးခွက်လေးတွေနဲ့ ဓာက်ပုံရိုက်ဖြစ်ကြတယ်။     ဆက်လက်ဖော်ပြပါမည် ……

3 comments

  • thihayarzar

    July 24, 2010 at 6:17 am

    အရေးမသားမကောင်း လျှင်လည်းသည်းခံကြပါလို့ ပြောချင်ပါတယ်။ စိတ်ထဲမှာရှိတဲ့အတိုင်းပဲရေးထားတာပါ။ ကြိုးစားလျက်ပါ ………ရိုက်ထားတဲ့ဓာက်ပုံလေးတွေကိုလည်း ဖော်ပြပါမည်။

  • kai

    July 24, 2010 at 8:53 am

    ခရီးသွား မြို ့လား ဆိုပါတော့။
    “ရွှေစက်တော်သွား တောလား” သတိရပြိး မြို ့မှာသွားတော့“ မြို လား”အမည်တပ်တာပါ။
    ပုံလေးတွေပါရင် ခရီးသွားနေတဲ့သဏ္ဍန်ပိုထင်ဟတ်တာမို ့..ပုံလေးတွေတင်ပေးစေချင်တာပါပဲ။
    မတင်တတ်ရင် http://myanmargazette.net/?page_id=20
    မှာကြည့်ပါ။
    နောက်ပြီး..စာကို ခေါင်းစဉ်လေးတွေတပ်၊ အပိုဒ်လေးတွေခွဲပါဦး။
    ကိုယ်ပိုင်အတွေးနဲ့ချရေးတာဖြစ်တာမို ့ ပွိုင့်၅၀ဝ ပေးဖို့ထောက်ခံလိုက်ပါတယ်။

  • thihayarzar

    July 25, 2010 at 9:24 am

    အခုလိုဖော်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဓာက်ပုံများကိုလည်း အများကြီးဖော်ပြပေးပါမည်။ အပိုင်း (၄) မှာပဲ ကျွန်တော်ရဲ့ရေးနေတဲ့စာကိုအဆုံးသက်မှာဖြစ်ပါတယ်။

Leave a Reply