စုပေါင်းစပ်ပေါင်း အတိုအထွာများ

အိပ်သည်ဖြစ်စေ မအိပ်သည် ဖြစ်စေ

ကိုယ်ပိုင်ကားဖြင့် ခရီးဝေးသွားတဲ့ အမျိုးသမီး တစ်ဦးဟာ ပင်ပန်းလို့ ဟိုတယ်တစ်ခုမှာ ဝင်တည်းပါတယ်။

သူမအနေနဲ့ လေးနာရီပဲ ခဏအိပ်ပြီး ခရီးဆက်သွားဖို့ ဖြစ်ပါတယ်။ လေးနာရီ အိပ်ပြီးနောက် အောက်ဆင်းလာ ပြီး ဟိုတယ်တည်းခိုခ ရှင်းပါတယ်။

တည်းခိုခရှင်းတော့ ဒေါ်လာ ၄ ထောင်တောင် ကုန်ကျပါတယ်။ ဒီတော့ ဒါကို မကျေနပ်တဲ့အတွက် မန်နေဂျာကို ကွန်းပလိန့်တက်ပါတယ်။ မန်နေဂျာ ကတော့ အောက်ပါအတိုင်းရှင်းပါတယ်။

“ကျနော်တို့ ဟိုတယ်က ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ပါ။ ရေကူးကန်လည်း ရှိပါတယ်”

အမျိုးသမီး – ဒါပေမယ့် ကျမ မသုံးဘူးလေ။

မန်နေဂျာ – ကမ္ဘာကျော်အဆိုတော်တွေလည်း လာရောက် ဖျော်ဖြေပါတယ်။

အမျိုးသမီး – ကျမ သွားမကြည့်ခဲ့ပါဘူး။

မန်နေဂျာ – အေးဆေး ကိုယ်လက်သန့်စင်ဖို့အတွက် ချွေးထုတ်ခန်း ရှိပါတယ်။

အမျိုးသမီး- အဲဒါလည်း ကျမသုံးဘူး။

မန်နေဂျာ – ကမ္ဘာ့အကောင်းဆုံး ဝိုင်နဲ့အရက်များလည်း ပေးထားပါတယ်။

အမျိုးသမီး – အဲဒါတွေလည်း ကျမ မသောက်ခဲ့ဘူး။

မန်နေဂျာ – စိတ်မရှိပါနဲ့မ။ သုံးသည်ဖြစ်စေ၊မသုံးသည်ဖြစ်စေ ကျနော်တို့ကတော့ အသုံးပြုစရိတ်ပါပေါင်းပြီး ဒေါ်လာ ၄ ထောင် ယူပါတယ်။

အမျိုးသမီး – ဟုတ်ပီလေ။ ရော့ ဒီမှာ ဒေါ်လာ ၁ ထောင်။

မန်နေဂျာ – ၄ ထောင်ပေးရမှာလေ မမလေး။

အမျိုုးသမီး – အင်းဟုတ်တယ်။ ရှင် ကျမနဲ့ အိပ်ခအတွက် ၃ ထောင်ရစရာ ရှိတယ်လေ။ အဲဒါဖြတ်လိုက်တယ်။

မန်နေဂျာ – ကျနော်ဘယ်တုန်းက အမ နဲ့အိပ်ခဲ့လို့လဲဗျာ။

ဒီတော့ အမျိုးသမီးက အောက်ပါအတိုင်း ဖြေပြီး လှည့်ထွက်သွားပါတယ်။

စိတ်မရှိပါနဲ့ ရှင်။ အိပ်သည်ဖြစ်မအိပ်သည်ဖြစ်စေ။ ကျမကတော့ ဒါကို ပေါင်းပြီး ကုန်ကျစရိတ် ထည့်တွက်ပါတယ်။
(မူရင်း – ရိုးရာလေး)

 

ဝရင် ပိုပေး၊ မပေးချင်ရင် ပိန်အောင်လုပ်

ခရီးသည်ရဲ့ ကိုယ်အလေးချိန်အလိုက် လေယာဉ်လက်မှတ်ခကို ယူတော့မယ်လို့ ဆာမိုအာလေကြောင်းလိုင်း ဥက္ကဌက ပြောလိုက်ပါတယ်။

လူတွေဟာ အရင်နှစ် ၅ဝ ကထက် ဝလာတယ်၊ မြင့်လာတယ်၊ ထွားလာကြတယ်၊ ဒါကြောင့် တခုံ ရေပြင်ညီဈေးဆိုတာထက် တကီလို ဘယ်ဈေးဆိုပြီး ဈေးဖြတ်လို့ လက်မှတ်ရောင်းမှ မျှတတော့မယ်လို့ ခရစ္စ လန်တန်က ဩစတြေးလျ အေဘီစီ ရေဒီယိုကို ပြောခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းတွေဟာ ထိုင်ခုံအရေအတွက်နဲ့ အလုပ်လုပ်တာ မဟုတ်ဘဲ အလေးချိန်ပေါ် တွက်ချက် အလုပ်လုပ်ရတာ ဖြစ်တယ်၊ လေယာဉ်သေးနဲ့ အလုပ်လုပ်ရတဲ့ လေကြောင်းလိုင်းတွေဆို ပိုသိသာပါတယ်လို့ သူက ဆိုပါတယ်။

ခရီးသည်ရဲ့ အထုပ်အပိုးတွေနဲ့ ကုန်စည်စလယ်တွေဆိုလည်း ကီလိုအလိုက် ပေးရတာပဲ ဖြစ်တယ်လို့ သူက ထပ်ဆင့် ပြောဆိုလိုက်ပြီး အခုတော့ ခရီးသည်ရော သူတို့ရဲ့ အထုပ်အပိုးပါပေါင်းပြီး အလေးချိန်အလိုက် ပိုက်ဆံယူတော့မှာ ဖြစ်ပါတယ်။

သူ့လက်မှတ်ရောင်းနည်းကို နောင်ဆို တခြားလေကြောင်းလိုင်းတွေလည်း လက်ခံ အသုံးပြုလာနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောလိုက်ပြီး၊ ကမ္ဘာမှာ အဝဆုံးလူမျိုးတမျိုးလို့ သတ်မှတ်ခံထားရတဲ့ ဆာမိုအာပြည်သူတွေရဲ့ ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုလိမ့်မယ်လို့ ပြောပါတယ်။ (မူရင်း – BBC News )

သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်သဖြင့် ဓါတ်လှေခါးပြုတ်ကျ

၃-၄-၂၀၁၃ ရက်နေ့ ၁၁၃ဝ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံနှင့်ဘဏ်လမ်းထောင့်၊ အမှတ်(၃၃/၄၉)၊ ““ရှိုင်း””ကွန်ဒိုအဆောက် အဦရှိ ဓါတ်လှေခါး ၃ ခုအနက် အလယ်ပေါက်ဓါတ်လှေကားသည် သတ်မှတ်လူဦးရေ ၁ဝ ဦးထက် ၃ ဦး ပိုမိုတင်ဆောင်၍ လူ ၁၃ ဦးဖြင့် (၈)လွှာမှ မြေညီထပ်သို့ဆင်းခဲ့ရာ မြေညီထပ်မရောက်မီ Over Weight ဖြစ်ကာ အရှိန်လွန်ပြီး မြေကြီးအတွင်းသို့ ၁ ပေခန့်ကျွံဝင်သွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။
(မူရင်း – ရဲဇာနည်)

 

ကြိုတင်မသိနှိုင်သော အကြောင်း(၅)ပါး

၁။ မိမိအသက် သေမည့်ရက် သေချာတိကျ မသိနှိုင်။

၂။ မည်သည့်ရောဂါ သေရမှာ သေချာတိကျ မသိနှိုင်။

၃။ မည်သည့်ချိန်ခါ သေရမှာ သေချာတိကျ မသိနှိုင်။

၄။ မည်သည့်နေရာ သေရမှာ သေချာတိကျ မသိနှိုင်။

၅။ သေပြီးနောက်မှာ ဘယ်ရောက်မှာ သေချာတိကျ မသိနိုင်။

(မူရင်း-မြဝတီသတင်း)

10 comments

  • ကီလိုဇူးလူးဝီစကီ

    April 4, 2013 at 2:14 pm

    ဆာမိုအာလေကြောင်းလိုင်း ကို သပိတ်မှောက်မယ်။

    :kwi:

  • ရာမည

    April 4, 2013 at 2:21 pm

    မြန်မာပြည်မှာ သတ်မှတ်ဦးရေထက်ပိုပြီးဓတ်လှေခါးစီးကြပါတယ် ။
    တကယ်ဖြစ်ပြီးမှဆင်ခြင်နိုင်မယ်လို ့ထင်ပါတယ် ။
    ဘတ်စ် ကားလို လုတက်တာအဆိုးဆုံးပါဘဲဗျာ

  • ခင်ခ

    April 4, 2013 at 3:30 pm

    ဆာမိုအာလေကြောင်းလိုင်း ဥက္ကဌ ဆီကိုတော့ ကန့်ကွက်စာ ပို့ရလိမ့်မယ်ဗျာ။
    ကြံကြံဖန်ဖန် သတ်မှတ်မယ်တဲ့။ ဒါဆို ကလေးတွေစီးရင် သတ်မှတ်ကီလို မပြည့်သမို့ တစ်ခုံကို နှစ်ယောက်များ ထိုင်ခိုင်းအုံးမလား မသိဘူး။

  • ဗုံ ဗုံ

    April 4, 2013 at 4:12 pm

    စုတတ်ဆောင်းတတ် လိုက်ပါတဲ့ ကိုငြိမ်းမောင်ရယ် ဖတ်ရတာ ဗဟုသုတ ရပါပေတယ် တော် …. 🙂

  • MaMa

    April 4, 2013 at 5:44 pm

    သတင်းစုံကဏ္ဍလေးတစ်ခု တိုးလာပြီပေ့ါ။
    စုပေါင်း စပ်ပေါင်း အတိုအထွာလေးတွေ သိရလို့ သဘောကျပါတယ်။ :hee:
    ကိုယ်ကြိုက်တာ ကိုယ်ပြောတာ။
    သဂျီးအာဘော်တော့ သိဘူး။ :harr:

  • မောင် ပေ

    April 4, 2013 at 8:05 pm

    ဒီမနက်ကတင်
    ဖေ့ဘုတ်မှာ ကာတွန်းပုံလေးနဲ ့
    ဒီလိုလေး ရေးထားတာ
    “လူဝများကို ကြင်နာပါ” တဲ့
    “လူဝများကို တစ်ချိန်မှာ သင့်အသက်ကို ကယ်မှာ” တဲ့
    ဘာကြောင့်ဆိုရင်
    ပုံထဲမှာ
    ဝက်ဝံက နောက်ကလိုက်ကိုက်တော့
    လူဝ နဲ ့လူပိန်
    လူပိန်က ပြေးလို ့လွတ်သွားတယ်တဲ့

  • nature

    April 5, 2013 at 6:27 pm

    …စိတ်မရှိပါနဲ့ ရှင်။ အိပ်သည်ဖြစ်မအိပ်သည်ဖြစ်စေ။ ကျမကတော့ ဒါကို ပေါင်းပြီး ကုန်ကျစရိတ် ထည့်တွက်ပါတယ်။…
    စိတ်မရှိပါနဲ့ ရှင်။ အိပ်သည်ဖြစ်စေ မအိပ်သည်ဖြစ်စေ ကျမကတော့ တညလုံး ကုတင်ပေါ်မှာ အဆင်သင့်စောင့်နေခဲ့ပါတယ်။ ဒီတော့ ကျမကတော့ ဒါကို ပေါင်းပြီး ကုန်ကျစရိတ် ထည့်တွက်ပါတယ်။

  • ဟို အညိုးသမီး လုပ်တွားချက်လေး
    တောက်ရမ်းခိုက်တယ် … ဟီဟိ ..

    အောက်ဆုံးက အပိုဒ်နဲ့ ပတ်သက်လို့ ပေါရရင်တော့ ..
    မရဏာနုဿတိ စီးဖြန်းသင့်ပါတယ်လို့ ..
    အခါအား လျော်စွာပေါ့နော့ …
    ဘုရားရှင် လက်ထက်တော်ကတောင် အမျိုးသမီးငယ် တစ်ယောက်
    ဒီလို စီးဖြန်းတဲ့ အကျိုးဆက်ကြောင့် မသေမီ စပ်ကြား သောတာပန် ဖြစ်သွားခဲ့တယ် တဲ့ …။

  • kyeemite

    April 6, 2013 at 11:08 am

    သတင်းစုံလေးဖတ်ရတာကောင်းပါတယ်ဗျာ…
    ဆာမိုအာလေကြောင်းလိုင်းကိုတော့ သိပ်သဘောမတွေ့ဘူးဗျို့..

  • Mr. MarGa

    April 6, 2013 at 12:33 pm

    ဆာမိုအာလေကြောင်းလိုင်းကိုတော့ မကျေနပ်မှုတွေ များနေပါလား
    အပြီပြီဆိုင်ရာ ဝသူများ အဖွဲ့ချုပ်က ကန့်ကွက်စေသဒီး……………………….
    ကျန်တာတွေအတွက်တော့
    ဗျို့ ကိုငြိမ်းမောင်
    ခင်ဗျား မဆိုးဘူးဗျို့ (ဦးစံရှား လေသံဖြင့်ဖတ်ပါရန် :kwi: )

Leave a Reply