ခွေးနဲ့ လူ ရန်ဖြစ်ခြင်း

ဒီမယ် ခွေး… မင်းဖြစ်ချင်တာတွေ သိပ်များနေပြီလို့

မထင်မိဘူးမလား

သွားစမ်းလူ

လူ – အသိတရား= ခွေး ပဲ

စိတ်ကူးယဉ်ပြီးမင်းကိုယ့်ကိုယ် သတ်ကြည့်စမ်း ခွေး

စောက်ပေါလူမင်းတို့လည်း မရှင်သန်တတ်တဲ့ လူပဲ

ခွေးဟာ ခွေးပဲ… ခွေးဟာ လူလို မစဉ်းစားတတ်ဘူး ငခွေး

လူဟာလည်းလူပဲ လူနဲ့ ခွေးဟာ မတူ … ငလူ

ခွေး – လူ= အနုတ် မသိကိန်း တစ်ခုခုပဲ ခွေး

စောက်ရေးမပါတာငါ့လာမပြောနဲ့ လူ

ခွေး = အိပ်+ စား + ကာမ ဆိုရင်

လူ – ခွေး= လူ – (အိပ် + စား + ကာမ)

အဲဒီအခါ မင်းလူလုပ်ဦးမလား ငပေါ (လူ)

ဒါတွေဝေမှုကိုမင်း တည်ဆောက်လိုက်တာပဲ ခွေး

မင်းတို့ခွေးတွေဟာ ခွေးပဲ

ခွေး = ကျွန်စိတ် ပဲ

ဟေ့လူ

လူ = သခင်တစ်ခုတည်း မဟုတ်ဘူး

လူ = ကျွန်ဖြစ်နိုင်သလို လူ = သခင် ဖြစ်နိုင်တယ်

အဲဒီအခါ ကျွန်= သခင် ပဲ

ဒါကြောင့်ခွေး = သခင်

ဘာခွေး!!!!!!!!!! ခွေး = သခင် ဟုတ်လား

ခွေးဟာ ခွေးလိုမနေ

ခွေးဟာ လူကျွေးတာမစားရင်တော့

ခွေးဟာ အသေကောင်ပဲ

ဒီလိုဆိုလူ

လူဟာလည်းရှာမစားတတ်ခင် တစ်ခုခုကို မှီတွယ်ပြုရသေးတယ် ဟုတ်စ

ဒါကြောင့်လူ = ခွေး + လူ

လူဟာ ခွေးနဲ့မကင်းတဲ့ လူ

စောက်ရေးမပါတာပဲခွေး …

မင်းနဲ့ ငါပြိုင်ဟောင်မလား

စောက်ရေးထဲမှလူ

မင်းနဲ့ငါပြိုင်လည်း ကိုက်လို့ရတယ်

လာလေ …

“ဝုတ် – ဝုတ်.. ဝုတ် .. ဝုတ် …”

“ဝုတ် – ဝုတ်.. ဝုတ် .. ဝုတ် …”

“ဝုတ် – ဝုတ်.. ဝုတ် .. ဝုတ် …”

“ဝုတ် – ဝုတ်.. ဝုတ် .. ဝုတ် …”

ခွေးမမောဘူး- ကြာတော့ လူမောတယ်

ခွေးဟာ ခွေးလိုနေပြီး

လူဟာ ခွေးလိုလိုက်ဟောင်ရင်တော့

လူမောတာပဲအဖတ်တင်မယ်

ခွေးဟာ ခွေးလိုမနေ

လူနဲ့ ပြိုင်ကိုက်လို့လည်း

ခွေးအတွက်သင့်တော်တယ်

ခွေးဟာ လူကိုကိုက်လို့ သတင်းမှ မဖြစ်ဘဲ

လူက ခွေးကိုကိုက်မှ သတင်းဖြစ်သတဲ့

ခွေးနဲ့ လူပြိုင်ကိုက်မလား

ဒီမယ်ခွေး.. မင်းဟာ အုပ်စုဖွဲ့ကိုက်တဲ့ ခွေးလား

ဒီမယ်လူ.. မင်းဟာ လက်နက်သုံး လူလား

ဒီမယ်ခွေးမင်းဟာ… ဒီမိုကရေစီ ခွေးလား

ဒီမယ်လူ..မင်းဟာ.. ကွန်မြူနစ်လူလား

ဒီမယ်ခွေး.. မင်းဟာ.. ဘာသာစကားအများကြီးတတ်တဲ့ ခွေးလား

ဒီမယ်လူ …မင်းဟာ.. သတင်းအမှားလွှင့်တတ်တဲ့ လူလား

ဒီမယ်ခွေး…မင်းဟာ.. ဆုတံဆိပ်တွေနဲ့ ခွေးလား

ဒီမယ်လူ.. မင်းဟာ လူအချင်းချင်းကော သင့်မြတ်တဲ့ လူလား

မင့်ဘာသာဘာခွေးဖြစ်ဖြစ်

ငါလိုလူကလည်းခွေးနဲ့ ပြိုင်ကိုက်ပစ်မယ်

ခွေးဟာ အုပ်စုနဲ့လူကို ကိုက်လို့လည်း သတင်းဖြစ်မဖြစ်

လူဟာ အုပ်စုနဲ့ခွေးတစ်ကောင်ကို ကိုက်လို့လည်း သတင်းဖြစ်မဖြစ်

ခွေးနဲ့ လူ

တဝုန်းဝုန်းကိုက်

တဝုတ်ဝုတ်ဟောင်

ငါတို့နေတဲ့ဆင်ခြေဖုံးရပ်ကွက်ထဲ ဆူလို့ ညံလို့ ။

——————————————— ရင်နင့်အောင် (လူ)

 

8 comments

  • ခင်ခ

    April 4, 2013 at 2:25 pm


    လူ ဟာ လူပါဘဲ။
    ခွေး ဟာလည်း ခွေးပါဘဲ
    လူ နဲ့ ခွေး
    ခွေး နဲ့ လူ
    ……………..
    ………..
    ….
    ..။

  • ရာမည

    April 4, 2013 at 2:37 pm

    အော် …ခွေး နဲ ့လူ တ ဲ့
    ကိုယ်လည်း အားကျမခံရေးဦးမယ်
    ရာမညနဲ ့ နွား
    နွား နဲ့ ရာမည
    ပြီးရင် ဝက်အကြောင်း …..
    :mrgreen:

    • ဗုံ ဗုံ

      April 4, 2013 at 4:29 pm

      အူးလေးရာမည ခွေးနဲ့ လူက ကိုက်တယ် ဆိုတော့
      ရာမညနဲ့ နွား
      နွားနဲ့ ရာမညက
      ဘာလုပ်ကြမှာလဲဟင် 🙄 :mrgreen: :mrgreen:

  • ရွာသူ jujuma .

    April 4, 2013 at 4:12 pm

    အသိရှိတဲ့လူက ခွေးနဲ့ ပြိုင်ကိုက်ပါ့မလားအေ …
    ခွေးဟာခွေး…လူဟာလူပဲလေ ..
    အဆင့်ခြင်းတူတာမှတ်လို့ …
    ပြိုင်ကိုက်ပီ ဆိုရင်တော့ အဲဒီလူဟာ ခွေးလောက်ပဲ အဆင့်ရှိလို့နေမယ် .. :kwi:

  • MaMa

    April 4, 2013 at 5:55 pm

    ခွေးနဲ့လူ ရန်ဖြစ်တာတော့ မမြင်ဖူးဘူး။
    မိန်းကလေးနဲ့ ယောင်္ကျားလေး ရန်ဖြစ်ရင်တော့…
    မိန်းကလေးက ပါးပဲ ရိုက်ရိုက်၊ လက်သီးနဲ့ပဲ ထိုးထိုး အမြင်မတော် မဖြစ်ပေမယ့်…
    ယောင်္ကျားလေးဘက်ကတော့ ပါးရိုက်ရလည်းအခက်၊ လက်သီးနဲ့ ထိုးရင်လည်း မကောင်း၊ နပမ်းလုံးလို့လည်း မဖြစ်ဆိုတော့ကာ…..
    သူ့နေရာနဲ့သူ ကိုယ့်နေရာနဲ့ကိုယ်နေတာ အကောင်းဆုံးပါပဲ။
    ဒီလိုမှ မဟုတ်ရင် မြင်မကောင်း ရှု့မကောင်းတွေ ဖြစ်ကုန်တော့မှာပေ့ါ။ :eee:

  • ဒီပိုစ်ဖတ်လိုက်တော့ ငယ်ငယ် ကကြိုက်ခဲ့တဲ့
    ိဆရာစိုင်းခမ်းလိတ်လက်ရာ ခွေးတစ်ယောက်နဲ့လူတစ်ကောင်ကို သွားသတိရမိတယ်

  • မောင် ပေ

    April 4, 2013 at 8:29 pm

    မခိုင်ကြီး (ထွန်းအိန်ဒြာဗို)ကတော့
    မီး နဲ ့ရေ
    မင်းဘာကိုရွေးမလဲ
    လို ့
    ဆိုထားတာပဲ

  • garuda

    April 5, 2013 at 7:18 pm

    ဖတ်သွားတယ်ဗျို့။ စကားမစပ်..ဆြာပေါက်ရဲ့ ဆြာစိုင်းခမ်းလိတ်လက်ရာ ခွေးတစ်ယောက်နဲ့လူတစ်ကောင် အကြောင်းစိတ်ဝင်စားတယ်ဗျို့….။

Leave a Reply