နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁)

သူကေလးApril 4, 20131min26720

 

 

နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁)

 

ငါလေ ငါစိတ်ဝင်စားသလိုဖြစ်မိတဲ့ ကောင်လေးတွေဆီ “ ချစ်တယ် ”ဆိုတဲ့စကားကိုကြားရတာ အရမ်းစိတ်ချမ်းသာတယ် သူတို့ဆီက “ ချစ်တယ် ” ဆိုတဲ့စကားမကြားခင်အထိတော့ … ငါ့မျှော်လင့်မှုက မိုးမမြင်လေမမြင်ပေါ့ … ဒါပေမယ့် သူတို့ဆီက ငါ့ကိုအရမ်းချစ်ပါတယ်ဆိုတဲ့စကားကိုကြားပြီးသွားရင်သူတို့က ငါ့အတွက် ဘာမှမဟုတ်တဲ့လူတွေဖြစ်သွားရော ( ဟန်နီ )

လူတစ်ယောက်ရဲ့ဘဝမှာ ဘယ်သူကအရေးအကြီးဆုံး အချစ်ဆုံးဆိုပြီးမရှိဘူး ဟန်နီရဲ့ အခြေအနေနဲ့ အချိန်အခါအရ .. အရေးကြီးဆုံးဆိုတဲ့လူတွေက တစ်ယောက်ဆီဖြစ်သွားတတ်တယ် ငါ့ဘဝမှာ ငါနဲ့ပက်သက်သမျှ မိန်းမတိုင်းကို ငါချစ်တာပဲ ဒါပေမယ့် ဘယ်မိန်းမကမှ ငါ့အတွက် အမြဲ နံပါတ်တစ်ဖြစ်မနေဘူး နံပါတ်တစ်အမြဲဖြစ်နေရင် ကြာရင်ရိုးသွားတတ်တယ်ကွ (အာကာဗိုလ်)

အပိုင်း (၁)

သွေးအေးအေးနဲ့ တစ်ပေါက်ချင်းကျနေတဲ့ မိုးကိုမော့ကြည့်ပီး ကျွန်မ “တောက်” တစ်ချက်ခေါက်လိုက်မိသည်။
ထိုစဉ်မှာပဲ ဘောင်းဘီအိတ်ထဲကမြည်လာတဲ့ဖုန်းသံကြောင့် ကျွန်မ ဖုန်းကိုထုတ်လိုက်ရသည်။အသံကိုနားထောင်ပီးကတည်းက ဘယ်သူဆိုတာသိနေပြီးသားလေ။

“ အင်းလင်းလက် ပြော … ငါအခုပဲလာတော့မလို့ ”
“ ဟဲ့ မလာနဲ့တော့လို့ပြောမလို့ အခုလေးတင် ထက်မြက်ရောက်လာလို့ ငါသူနဲ့ချက်လိုက်အုံးမယ် ”
“ ဟဲ့ကောင်မ မယုတ်မာနဲ့ နင်နဲ့ငါချိန်းထားတာ မနေ့ညတည်းက ခုမှရောက်လာတာကနင့်ရည်းစား မရဘူးဟာ လာခဲ့ ငါမုန့်တီစားချင်လို့ပါဆိုမှ ”
“ ငါလည်းလာချင်ပါတယ်ဟယ် … သူကအခုမှရောက်လာလို့ပါ မနေ့ကလည်း ကွိုင်ထားတာ နင်သိတာပဲဟာ .. နော် … နောက်နေ့မှတွေ့မယ် ”
“ ပီးရော ပီးရော ”

ဒေါ်လင်းလက်က သူပြောချင်ရာပြောပီး ဖုန်းချသွားသည်။ ကျွန်မပြင်ဆင်ပြီးသားဖြစ်နေတာမို့ အိမ်ထဲလည်းပြန်မဝင်ချင်တော့။
တစ်ယောက်တည်း ကန်ဘောင်သွားဖို့ဆုံးဖြတ်လိုက်ပီး တက္ကစီငှားထွက်လာခဲ့သည်။ အရာအားလုံးဟာ ပုံမှန်လည်ပတ်နေတုန်း။
ကားက ကန်ဘောင်ခြေရင်းရောက်တော့ မိုးကလည်းခပ်စိပ်စိပ်ရွာချလာသည်။ ဪ အချိန်ကိုက်ပါပဲလားလို့ တစ်ယောက်တည်းတွေးရင်းပြုံးမိလိုက်သေးသည်။
ထီးမဆောင်တတ်တဲ့အကျင့်ရှိသူမို့ ကားပေါ်ကဆင်းပီးပီးချင်း ကန်ဘောင်ပေါ်သို့ ပြေးတက်သွားလိုက်သည်။
အခုခေတ်စားနေတဲ့စကားနဲ့ပြောရရင်တော့ အဲဒီမှာစတွေ့တာပဲပေါ့….
တကယ်ပါ .. အမှတ်တမဲ့ပါပဲ .. လူတစ်ယောက်ကိုတိုက်မိလိုက်တာသိလိုက်တယ် .. ခေါင်းမော့ကြည့်ပီး တောင်းပန်ဖို့ အားယူလိုက်တယ်
ဒါပေမယ့် မထင်မှတ်ပါပဲ ပွဲကဆူသွားတယ် …

“ ဟာ ဒီမှာ ရှင်ဘယ်လိုဖြစ်နေတာလဲ လူတစ်ယောက်လုံးကိုတောင် မမြင်တော့ဘူးလား ”
ခပ်စွာစွာအသံတစ်ခုကြောင့် အလျင်အမြန်ပဲမော့ကြည့်လိုက်မိတယ် .. ကိုယ်ထင်တာက တိုက်မိလိုက်တာ ယောကျာ်းလေးတစ်ယောက်လို့လေ
အဲဒီတော့မှ တွေ့လိုက်တာက ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်
နှစ်ယောက်စလုံးက ပုံမှန်ရုပ်ရည်တွေပါပဲ .. ကောင်မလေးကတောင်ပိုချောတယ်လို့ပြောလို့ရသေးတယ်
ဒါပေမယ့် ကောင်လေးဆီမှာ သူများနဲ့မတူတဲ့ attraction တစ်မျိုးရှိနေသလိုပဲ မျက်နှာကတော့ သူလိုကိုယ်လိုရုပ်မျိုးပါ
ဒါကိုများ ကောင်မလေးက ဘာကြောင့် အဲလောက်ဆတ်ဆတ်ထိမခံဖြစ်နေပါလိမ့် ..
“ ဟိတ် ဘာကိစ္စ အဲလောက်ကြည့်နေရတာလဲ ဇာတ်လမ်းဆင်ချင်တယ်ဆိုလဲ အခြေအနေကိုနည်းနည်းလေ့လာအုံးမှပေါ့
အံ့ဩပါရဲ့ ဘေးမှာတစ်ယောက်လုံးပါတာတောင် မမြင်တော့ဘူးလားမသိဘူး ”
ဒုတ်ခေါ …. သေစမ်း မိဟန်နီ … လူတကာကိုစပ်စပ်စုစု အကဲခတ်ချင်မိတဲ့စိတ်ကို ခုမှပဲ အသေအချာ အပြစ်တင်လိုက်မိတော့တယ်
ကိုယ်ကဘာရယ်မဟုတ် စူးစမ်းလိုက်တာ .. အထင်ခံရတာကြီးကမနှိပ်ဘူးဟ
“ မဟုတ်ပါဘူး ဘာမှရည်ရွယ်လို့ကြည့်တာမဟုတ်ပါဘူး တောင်းပန်ဖို့ကြည့်လိုက်တာပါ ”
“ တော်စမ်းပါ ဒီခေတ်ကြီးထဲမှာဒါမျိုးတွေရိုးနေပြီ .. လာ ကိုကို သွားမယ် ”
သူ့ဘာသာ ပြောချင်ရာပြောပီး သူ့ကောင်လေးကိုလက်ဆွဲထွက်သွားတဲ့ကောင်မလေးကိုကြည့်ရင်း ကျွန်မ ရယ်ချင်နေမိတယ် …
ဪ .. ၂၀၁၂ မှာ မိန်းမတွေ ရင်ထုပြီး -င်လုရမယ်ဆိုတာ တကယ်ပဲဖြစ်နေပြီလား မသိဘူးရှင်
ဖျတ်ခနဲ နောက်လှည့်ပီး သူတို့ထွက်သွားတာကို လိုက်ကြည့်မိတော့ ကျွန်မကို စူးစမ်းတဲ့ မျက်လုံးတစ်စုံနဲ့ ကြည့်နေတဲ့ ကောင်လေးကိုတွေ့လိုက်ရတယ်
တောင်းပန်နေတာမျိုး မဟုတ်ပဲ အာရင်းနှီးသက်ဝင်နေတဲ့ မျက်လုံးတစ်စုံပါပဲ
ဘယ်လိုပဲဖြစ်ဖြစ် .. အဲဒီ တစ်နေ့ .. အဲဒီကောင်လေးနဲ့ ကောင်မလေးဟာ ကျွန်မအတွက်တော့ အမှတ်တရပါပဲ
သူများထက်ထူးပြီးလည်း ချောမနေပါပဲ ဆွဲဆောင်မှုတစ်မျိုးနဲ့ ကောင်လေးကို ပိုအမှတ်ရမိနေတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်
ဘယ်လိုအစွမ်းမျိုးနဲ့များ ကောင်မလေးကိုချုပ်ထားလဲဆိုတဲ့ စိတ်ဝင်စားမှုတစ်မျိုးနဲ့ပေါ့

အွန်လိုင်းတက်မိတာနဲ့ အရင်ဆုံး သတိရမိတာ လက်ရှိကျွန်မရဲ့ကိုကိုပဲပေါ့ …
မထင်မှတ်ဘဲ Facebook ကခင်မင်ခဲ့ရတဲ့ အကိုကြီးတစ်ယောက်ပါ
အမှန်ကတော့ အသက်ကတစ်နှစ်လောက်ပဲကွာတာပါ .. ဒါပေမယ့် ကျွန်မထက် ရင့်ကျက်တဲ့သူ့ကို အကိုတော်မိရင်းက “ ကိုကို ” ဖြစ်သွားရတယ်ပေါ့
chatting ထဲမှာပုံမှန်စကားပြောဖြစ်ရင်း သံယောဇဉ်ရှိလာခဲ့ရတာ .. သူဘယ်တော့များ ဖွင့်ပြောမလဲလို့ မျှော်လင့်နေရတဲ့လူတစ်ယောက်ပေါ့
လင်းလက်ကြားရင်တော့ “ ဒီတစ်ခါ ဘယ်လောက်ကြာကြာ ခံစားအုံးမှာလဲ ” လို့မေးမလားဘဲ
အင်းလေ .. ကျွန်မကလဲ အဲဒီလိုမေးချင်စရာ ခဏခဏ စိတ်ပြောင်းတတ်တဲ့ကောင်မလေးတစ်ယောက်ကိုး
ဒီတစ်ခါတော့ ကိုကို့ကို ကျွန်မ ၂လဆိုတဲ့အချိန်အတိုင်းအတာတစ်ခုထိတော့ စွဲလမ်းနေတုန်းပဲ
သူ့ဆီက ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုမျှော်လင့်ရင်းနဲ့ တစ်နေ့တစ်နေ့ အွန်လိုင်းမှာ အချိန်ဖြုန်းနေဆဲ
သူ့ကိုလည်း အေးတိအေးစက်နိုင်ပြီး ခံစားချက်တွေဖုံးကွယ်တတ်တဲ့ယောကျာ်းတစ်ယောက်လို့ ကျွန်မစွပ်စွဲချင်မိပါသေးရဲ့ ….
ကိုကို့ကို သတိရမိတာနဲ့ .. ဟိုကန်ဘောင်ပေါ်က ကောင်မလေးခေါ်တဲ့ ကိုကိုကို့သတိရမိသေးရဲ့ … အော် ငါ့နှယ်
“ ညီမလေး ဒီနေ့နောက်ကျတယ်နော် ”
chat box ပေါ်ကစာတန်းလေးမြင်တော့ ကျွန်မပြုံးမိသည်။ ဟုတ်ပါတယ် ခါတိုင်းဆို ကျွန်မရဲ့အချိန်တော်တော်များများက အွန်လိုင်းပေါ်မှာပဲကုန်ဆုံးတတ်သည်ကိုး။
“ ဟုတ်တယ် ကိုကိုရ .. ညီမလေး ညနေတုန်းကကန်ဘောင်သွားနေလို့ ”
“ ဘယ်ကောင်လေးနဲ့သွားတာလဲ မြန်မြန်ပြောနော် ”
အဲလိုမေးလာတော့ .. ကျွန်မစိတ်ထဲပျော်မိပြန်ရော … ဘာမဟုတ် ညာမဟုတ် ကျွန်မတို့ရဲ့ပက်သက်မှုမှာ သူ့ရဲ့ စိတ်ကိုတော့ ကျွန်မအရမ်းသိချင်မိတာပဲ
သူက ကျွန်မကို ရိုးရိုးသားသားလား ဆန်းဆန်းပြားပြားလားဆိုတာကိုပေါ့ …  ကျွန်မကို သဝန်တွေတိုနေလားပေါ့
“ ဘယ်ကောင်လေးမှမပါဘူး .. ညီမလေးသူငယ်ချင်းလင်းလက်လေ … သိတယ်မဟုတ်လား အစကတော့သူနဲ့သွားမလို့
အဲဒီမိန်းမက ချိန်းထားပီးမှ သူ့ကောင်လေးအွန်လိုင်းလာလို့ဆိုပီး မလာတော့ ညီမလေးတစ်ယောက်တည်းသွားလိုက်ရတာပေါ့ ”
“ သနားပါတယ် ကိုကို့ညီမလေး အဖော်မဲ့သွားတာပေါ့ ကိုကိုပြန်လာမှ ညီမလေးသွားချင်တဲ့နေရာတွေလိုက်ပို့ပေးတော့မယ် ”
“ ကိုကိုကပြန်ဖြင့်မလာသေးဘဲနဲ့ .. ”
“ လာတော့မှာ … နောက်တစ်ပတ်ဆို ရန်ကုန်ရောက်ပြီ ”
“ ဟင် ကိုကို .. တကယ်ပြောနေတာလား ”
“ တကယ်ပေါ့ အလုပ်ကခွင့်ရလို့ ပြန်လာမှာ .. ဘာလက်ဆောင်လိုချင်လဲပြောလေ ”
“ ဟင့်အင်း မလိုချင်ပါဘူး … ကိုကိုပြန်လာမယ်ဆို ပြီးတာပဲ ညီမလေးဆီအရင်ဆုံးလာရမယ်နော် ”
“ လာမှာပေါ့ကွာ .. ကဲ ကိုကိုအိပ်တော့မယ် မနက်အစောကြီး ဂျူတီရှိသေးတယ်ကွ .. see you ”
“ ဟုတ် .. nite ”

…….1315@gmail.com is offline.

offline ဖြစ်သွားတဲ့သူ့အကောင့်လေးကိုကြည့်ပီး ရင်ထဲမှာ လှုပ်ရှားနေမိသည်။
ကျွန်မရဲ့အိပ်မက်လေးက သိပ်မကြာခင်မှာ ရောက်ရှိလာတော့မယ့်မနက်လိုပဲ
မျှော်လင့်ချက် အလင်းရောင်ပျပျမြင်နေရပြီလေ….

ဆက်ရန် ………novel

20 comments

  • ကီလိုဇူးလူးဝီစကီ

    April 4, 2013 at 4:08 pm

    အယ်။
    စိတ်ဝင်စားစရာ ကောင်းလာပြီ။

    :hee:

    • သူကလေး

      April 4, 2013 at 4:56 pm

      ဝတ္ထုလား
      လူလားဟေ့ 😛
      စတာနော်

  • ခင်ခ

    April 4, 2013 at 4:17 pm

    အဲ အပိုင်းဆက်နဲ့ အချစ်အတွက် ဇာတ်လမ်းတွေ ရွာထဲ အခုတလော တယ်ဖတ်ရသကိုး။
    ကောင်းတယ်ဗျာ သင်္ကြန်ပိတ်ရက်လေး ပြန်ကာဖတ်လို့ တွေးမယ်ဗျို့။

    • သူကလေး

      April 4, 2013 at 4:51 pm

      လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ
      အပိုင်းဆက်ကတော့ တော်တော့်ကိုရှည်မယ့်အပိုင်းဆက်ပါ
      ဘာလို့လဲဆိုတော့ ဒီရွာထဲက အရမ်းတော်တဲ့သူတွေရေးသလို ဝတ္ထုတိုအနေနဲ့ ထိထိမိမိ ခံစားမှုပေးနိုင်မှာမျိုးလေးမရေးတတ်သေးတော့ကာ …
      ဝတ္ထုရှည်လေးနဲ့မှ ကိုယ်ချပြချင်တဲ့ခံစားမှုလေးကို ပေါ်အောင်ရေးနိုင်မယ်ထင်လို့ပါ။
      ဒါပေမယ့်လည်း အတိုလေးတွေနဲ့ ရသလေးတွေလည်းရေးချင်ပါသေးတယ်
      အများကြီးဖတ်ပြီး အကြီးကြီးဝေဖန်ပေးနော် =)

  • ဗုံ ဗုံ

    April 4, 2013 at 4:25 pm

    နောက်တစ်ပိုင်းမျှော်မိပါတယ်နော စိတ်ဝင်စားစရာကောင်းပါတယ် .. ဒါနဲ့ သူကလေးကို သတိပေးရအုံးမယ် ဒီရွာထဲက ဖေပေါက်က နာမည်တွေကို ပြောင်းပြန်ခေါ်တတ်တယ်နော… :mrgreen: :mrgreen:

    • သူကလေး

      April 4, 2013 at 4:53 pm

      ဟယ် … ဟုတ်လား
      ဖလား ဖလား … သဒိထားမှ သဒိထားမှ 😀
      ခုလိုအားပေးတာကျေးဇူးပါ

  • GaviaGirl

    April 4, 2013 at 8:31 pm

    အဲ..စိတ်ဝင်စားဖို့ကောင်းတယ်ဟ…. အပေါ်က စာတွေကို ဖတ်လိုက်ရကတည်းက ကြိုက်သွားတာ..
    မြန်မြန်ရေးနော်…

    နာတော့ ဝဋ်လည်ပီလားမတိဝူး.. 🙁
    အိုဘယ့် အခန်းဆက်ဒုက္ခ…

    • သူကလေး

      April 5, 2013 at 4:10 pm

      အပေါ်ကစာတွေကိုကြိုက်ပြီး အောက်ကစာတွေမကြိုက်တော့ဘူးဆို ဒွတ်ခ … ငိငိ
      ဝဋ်လည်ပါဘူး စစ်ရယ် …
      များများနဲ့ မြန်မြန်ရေးပေးမယ်နော် 😀

  • မောင် ပေ

    April 4, 2013 at 8:40 pm

    သူကလေးရဲ ့
    ရင်ခုန်သံတွေပေါ်
    ထပ်တူချထားတဲ့
    ဇါတ်လမ်းရှည်တွေကို
    စောင့်မျှော်အားပေးပါမယ်ကွယ်

    • သူကလေး

      April 5, 2013 at 4:14 pm

      အားပေးတဲ့အတွက် ကျေးဇူးပါ ကိုပေ
      စောင့်မျှော်နေမယ့်လူတွေအတွက် စိတ်ပျက်စရာမဖြစ်အောင်တော့ ကြိုးစားနေပါတယ် =)

  • ဖြစ်လိုက်ချင်သည် … ဆိုတော့ ..
    မဖြစ်ခဲ့ဘူးလားပေါ့ …
    ဒီလို အတွေးတွေက ဆော့ …
    ဒီကောင်မလေးနဲ့ ဟိုအကောင်တော့
    ဘယ်လို ဖြစ်လာမလဲ ဆိုပြီးတော့
    ခပ်သော့သော့ မျှော်ရင်းနဲ့ပေါ့ …

    ရှေးဘွ ရေစက်ဂျောင့် ဂျစ်မိဒဲ့ တူလေးရေ ..
    ကိုကိုအံ ရင်ဘတ်ဂျီးနဲ့ ဖတ်ပြီး အားပေးသွားဒယ်လို့ … :mrgreen:

    • သူကလေး

      April 5, 2013 at 4:16 pm

      ဖြစ်ခဲ့လား မဖြစ်ခဲ့ဘူးလားဆိုတာကတော့ ….
      မကြာမီ … လာမည် … မျှော်ပေါ့ တိုတိုအံရယ်

  • MaMa

    April 5, 2013 at 6:46 am

    ခုတလော ဗီဒီယိုဖိုင်လေးတစ်ခု ကြည့်မိတာကို သွားသတိရမိတယ်။
    စုံတွဲ ၂တွဲ လမ်းလျှောက်လာတာ ….
    တစ်ဖက်က မိန်းကလေးက တစ်ဖက်က ကောင်လေးကို သွားတိုက်မိတယ်။
    တိုက်ခံရတဲ့ ကောင်လေးနဲ့ တွဲလာတဲ့ ကောင်မလေးက တိုက်လိုက်တဲ့ ကောင်မလေးရဲ့ ကောင်လေးကို သွားပြီး တွန်းတိုက်လုပ်ပြီး လက်စားခြေတာ။ အတော်ရီရတယ်။ :harr:

    • သူကလေး

      April 5, 2013 at 4:18 pm

      ဟွတ်လား …
      ဒါဆိုတော်သေး … ဟန်နီ့ဘေးမှာ ကောင်လေးပါမလာလို့ 😀

  • လူကလေး

    April 5, 2013 at 9:07 am

    ဖတ်ခိုင်းနေတာကြာပီ . .. အမှန်အတိုင်းပြေရရင် ခုမှ ပဲ သေချာဖတ်ရတာ.. .
    နောက်အပိုင်းတွေကိုပါ ဖတ်ချင်နေပြီဗျို့..

    • သူကလေး

      April 5, 2013 at 4:20 pm

      ဟွန်း ..
      အခုလာပြီးတော့ ဇွတ် လူဆိုး ….

  • kyeemite

    April 6, 2013 at 10:48 am

    အပိုင်းဆက်တွေစောင့်ဖတ်ပါမယ်ဗျာ..ကြိုက်ပါတယ်

    • သူကလေး

      April 9, 2013 at 9:56 am

      စောင့်ဖတ်မယ်ဆိုလို့ကျေးဇူးတင်ပါတယ်
      အခုအပိုင်းသစ်တွေထပ်တင်ပြီးဘီနော်

  • Mr. MarGa

    April 8, 2013 at 6:30 pm

    အပိုင်းဆက်ကတော့ လေးပိုင်းမြောက်နဲ့ ဆက်လက် ချီတက်ဆဲ
    လူကလဲ တစ်ထိုင်တည်း ဖတ်ရမှ ကျေနပ်တာ
    အပိုင်း လေးထိရောက်နေပြီဆိုတော့ နည်းနည်းတော့ အာသာပြေလောက်ပါတယ်လေ
    ကန်ဘောင်ပေါ်က ဖြစ်သွားတဲ့အဖြစ်အပျက်လေးနဲ့ စထားတော့ စိတ်ဝင်စားလာပြီ
    ကဲပါလေ နောက်တစ်ပိုင်းကို ပြေးပဗျို့ :hee:

  • အရိပ်စစ်

    April 9, 2013 at 1:12 am

    သိချင်လာပါပီဆို တိကနဲ ဖြတ်ချသွားတယ်
    ရွှေအမြုတေက အခန်းဆက်တွေ မျှော်ရသလို မျှော်ရပြန်ပီပေါ့

Leave a Reply