တာဝန်သိသူတွင် တာဝန်ရှိသည်

Mr. MarGaApril 4, 20131min35065

ဒီစကားလုံးလေးအကြောင်းကို တွေးမိတာ နည်းနည်းတော့ ကြာပြီ။

သူ့ကို တိုက်ရိုက် အဓိပ္ပာယ်ဖွင့်ရင် တာဝန် သိသူအတွက်သာ တာဝန်ဆိုတာ ဖန်တီးထားသလိုလို၊ တာဝန်မသိသူတွေ၊ တာဝန်ကိုရှောင်လွှဲသူတွေအတွက်တော့ ဘာမှ မဆိုုင်သလိုလို ထင်ရတယ်။

တကယ်တမ်း တွေးရင်တော့ တာဝန်သိသူတွေ ရှိမှသာ၊ တာဝန်မဲ့သူတွေ၊ တာဝန်ကို ရှောင်တဲ့သူတွေဟာ အသေအချာ ပေါ်ပေါက်လာမယ်၊ တိတိကျကျ ဖော်ထုတ်နိုင်မယ်လို့ တွေးမိသလိုပဲ။

တာဝန်ဆိုတာဟာ ပေးအပ်လာတဲ့ တာဝန်ရှိသလို ဘယ်သူကမှ တာဝန်မပေးဘဲ မိမိဘာသာ တာဝန်ယူတာလဲ ရှိတတ်ပါတယ်။

ပေးအပ်လာတဲ့ တာဝန်ကို လေးစားစွာနဲ့ ထမ်းဆောင်သူကို ချီးမွမ်းတတ်ကြသလို ဘယ်သူကမှ တာဝန်မပေးဘဲနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် တာဝန်ယူသွားတတ်သူတွေကိုလဲ အလေးထားကြပါတယ်။

တာဝန်ရှိသူ

တာဝန်ရှိသူ ဆိုတာကို တွေ့လိုက်တာနဲ့ ပြေးမြင်တတ်ကြတာက အလုပ်တစ်ခု၊ နေရာတစ်ခုအတွက် စီမံခန့်ခွဲ ကြီးကြပ်ရသူတွေ ဖြစ်နေတတ်ပါတယ်။

ကိုယ်တိုင်ကလဲ အဲဒီလိုနေရာတွေမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိသူ ဖြစ်နေတာကို မေ့နေတတ်ကြတယ်။

ကျွန်တော်တို့အတွက် ကျင်လည်ကျက်စားရာ နယ်ပယ်တွေကိုလိုက်လို့ ထမ်းဆောင်ဖို့ တာဝန်တွေ အသီးသီး ရှိနေတတ်ပါတယ်။

ကျောင်းသူ၊ကျောင်းသားတွေအတွက် ကျောင်းသားတာဝန် ရှိသလို၊ အိမ်ထောင်ရှင်တွေအတွက်လဲ အိမ်ထောင်တာဝန်တွေရှိတယ်။ ပြည်သူတွေအတွက်လဲ ပြည်သူတွေ လိုက်နာရမယ့် တာဝန်တွေ ရှိနေပါတယ်။

ဒီတာဝန်တွေကို လိုက်နာရမယ်၊ လိုက်နာသင့်တယ်လို့ တိတိကျကျ သတ်မှတ်ထားတာရှိသလို သတ်မှတ်စရာမလိုဘဲနဲ့ လုပ်သင့်လို့ ဖြစ်သင့်လို့  လိုက်နာရတဲ့ တာဝန်တွေလဲ ရှိတတ်ပါတယ်။

ဥပမာ ကျောင်းသားတစ်ယောက်ဟာ သူ သင်ကြားရတဲ့ ဘာသာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်ရမယ်။ ဒါဟာ သူ့တာဝန်ဖြစ်တယ်။ ဒါပေမင့် အဲဒီတာဝန်က ဘယ်သူကမှ လာပေးထားတာမဟုတ်ဘူးလေ။ ကျောင်းသား ဖြစ်နေတဲ့အတွက် ဒါ လုပ်ရမယ်ဆိုတာ ဖြစ်လာတာကိုး။

တာဝန်သိသူ

တာဝန်သိသူ ဆိုတာကျတော့ ဘယ်သူကမှ ပေးအပ်ထားခြင်း မရှိပါဘဲနဲ့ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ တာဝန်ယူတတ်တဲ့သူတွေကို ခေါ်ဝေါ်တဲ့စကားလုံးလို့ အကြမ်းဖျဉ်း နားလည်နိုင်ပါတယ်။

တာဝန်ရှိသူဆိုတာဟာ တိတိကျကျ တာဝန်ပေးအပ်ထားတဲ့သူပေမယ့် တာဝန်သိသူကကျတော့ တာဝန်ပေးထားတာ မဟုတ်ဘူးလေ။

တစ်ခုတော့ ရှိတယ်။ အပေါ်က ပြောထားတဲ့ ဘယ်သူကမှ သတ်မှတ်စရာမလိုဘဲ၊ လုပ်သင့်လို့ ဖြစ်သင့်လို့ လိုက်နာရတဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့သူတွေကိုတော့ ဒီစကားလုံးနဲ့ ခေါ်ဝေါ်တတ်ကြတာများတယ်။

ဘာလို့ ဒီလိုခေါ်လဲဆိုတာကို တွေးကြည့်ပြန်တော့ အသေအချာ သတ်မှတ်ထားခြင်းမရှိသော်လည်း လုပ်သင့် လုပ်ထိုက်တာတစ်ခုကို လုပ်ကိုင်ပေးတဲ့အတွက် ဆိုတာ သွားမြင်တယ်။

ဒီနေရာမှာ တစ်ခုဖြတ်ပြောရမယ်ဆိုရင် ဟိုး ငယ်ငယ် မူလတန်းတုန်းက သင်ခဲ့ရတဲ့ စာလေးတစ်ပုဒ်ကို သွားသတိရတယ်။

နာမည်က လူမှုဝန်ထမ်းစိတ်

ဇာတ်ကြောင်း အကျဉ်းက တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်က သူ့တိုင်းပြည်မှာ လူမှုဝန်ထမ်းစိတ်ရှိသူ (တာဝန်သိသူလို့လဲ ပြောနိုင်တာပေါ့) ဘယ်လောက်ရှိသလဲဆိုတာကို စမ်းသပ်ချင်တဲ့အတွက် လူအများ သွားတဲ့လမ်းမှာ သွားလို့ မရလောက်အောင်ကြီးတဲ့ ကျောက်တုံးတစ်တုံးကို ချထားတယ်။

နောက် အဲဒီကျောက်တုံးရဲ့အောက်မှာ ရတနာသေတ္တာလေး ထား ထားတယ်။ ကျောက်တုံးကို ဖယ်နိုင်တဲ့သူအတွက်ပေါ့။

အဲဒီလမ်းမှာ လူတွေ၊ လှည်းတွေ အကုန် သွားကြတယ်။ ဒါပေမယ့် တစ်ယောက်မှ အဲဒီကျောက်တုံးကို ဖယ်ဖို့ စိတ်ကူးမရှိဘူး။ မဖယ်ဘဲနဲ့ သူများတွေကိုသာ ဘာကြောင့် မဖယ်ရပါလိမ့်လို့ပဲ အပြစ်တင်သွားကြတယ်။

အဲဒီကျောက်တုံးကို ဖယ်တဲ့သူကကျတော့ အဲဒီလမ်းကို ပထမဆုံးအကြိမ်ဖြတ်တဲ့ လယ်သမားတစ်ဦးဖြစ်နေတယ်။

အဲဒီလယ်သမားက ကျောက်တုံးကို ဖယ်ရုံတင်မက ကျောက်တုံးအောက်က ရတနာသေတ္တာကိုပါ မြေမှာတွေ့လို့ မင်းဘဏ္ဍာဆိုပြီး သွားအပ်သဗျ။

ဒီမှာတင် ဘုရင်က ဆုလာဘ်တွေပေးပြီး ဂုဏ်ပြုတာ ခံလိုက်ရတယ်။

ဒီဇာတ်လမ်းကို လေ့လာရင် တာဝန်သိသူဟာ တစ်ချိန်တည်းမှာ ရိုးသားသူလဲ ဖြစ်နေတတ်တယ်ဆိုတာ သွားတွေ့တယ်။

တာဝန်သိသူတွေဟာ နယ်ပယ်အသီးသီးမှာ လိုအပ်ပါတယ်။ တာဝန်သိသူတွေမရှိရင် လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့ မပြီးနိုင်ဘူး။

လူသားတိုင်းမှာ တာဝန်ကိုယ်စီ ရှိကြတယ်လေ။ အဲဒီတာဝန်ကို သိတဲ့သူနဲ့ လျစ်လျူရှုထားတဲ့သူ ဆိုတာပဲ ကွဲသွားတာ။

ဆိုတော့ တာဝန်သိသူဆိုတာ လူသားတာဝန်ကို သိရှိပြီး အဲဒီတာဝန်ကို ထမ်းဆောင်သူပါ။

တာဝန် နှင့် ဝတ္တရား

တာဝန်ကို ပြောရင် ဝတ္တရား ဆိုတာပါ တွဲပြီး ပါလာတတ်တယ်။

သူတို့နှစ်ခုက ခွဲမရသလိုကြီးပဲ။

သူတို့ကို တစ်ခုချင်းခွဲပြီး အဓိပ္ပာယ်ဖွင့်ကြည့်လိုက်တော့ တာဝန်ဆိုတာ ပေးအပ်ထားတာဖြစ်ပြီးတော့ ဝတ္တရားဆိုတာ ပေးအပ်ထားခြင်းမရှိဘဲနဲ့ အလိုက်တသိ ပြုမူ လုပ်ကိုင်ခြင်းလို့ ဖွင့်ဆိုမိတယ်။

ဝတ္တရားကို တွေးမိတော့ သူနဲ့ဆက်စပ်ပြီး သားသမီးဝတ်၊ မိဘဝတ်၊ တပည့်ဝတ်၊ ဆရာဝတ် စတာတွေပါ သွားတွေးမိပါရော။

နောက် တွေးမိတာက လူတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ သိက္ခာကိုပါ ဆက်စပ်စဉ်းစားမိတယ်။

ဒါတွေနဲ့ ပေါင်းတော့ ဝတ္တရားက တာဝန်နဲ့ အဓိပ္ပာယ် တူသွားပြန်သလေ။ ကွဲတာကို ရှာကြည့်တော့ အပေါ်ကအတိုင်းလေးသာ သွားတွေ့မိတယ်။

တာဝန်နဲ့ ဝတ္တရားကို ဘယ်လောက်ထိ တွဲသုံးသလဲဆိုရင် နိုင်ငံ့ ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်နေတာကို နှောင့်ယှက်မိရင် ဝတ္တရားနှောင့်ယှက်မှုနဲ့ပဲ တရားစွဲတယ်။ တာဝန်နှောင့်ယှက်မှုလို့ ဘယ်သူမှ မပြောကြ။

အချုပ် ပြန်တွေးတော့ တာဝန်ကို တိတိကျကျ ပေးအပ်တဲ့အချိန်မှာသုံးပြီးတော့ ဝတ္တရားကိုတော့ တာဝန်သိတာကို ဖော်ပြတဲ့နေရာမှာ ပိုသုံးတတ်ကြတယ်လို့ မြင်မိတယ်။

တာဝန်သိသူတွင် တာဝန်ရှိသည်

နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ တာဝန်သိသူတွေ အမြောက်အများ လိုအပ်ပါတယ်။

တာဝန်သိသူတွေက တာဝန်သိသိနဲ့ တိုင်းပြည်ရဲ့ ဟာကွက် ပျော့ကွက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြ ပြောပြမှသာ ပြန်လည်ထိန်းကျောင်း တည့်မတ်လို့ လမ်းမှန်ကို လျှောက်နိုင်မှာပါ။

ထို့အတူပဲ တာဝန်သိသူတွေ အမှန်တကယ် အလုပ် လုပ်ကြပါမှ တာဝန်မဲ့သူ၊ တာဝန်ကို ရှောင်ပြေးသူတွေဟာ ဘွားဘွားကြီး ပေါ်လာမှာပါ။

ဒါ့အပြင် တာဝန်သိသူတွေ များများရှိလေ တာဝန်မဲ့သူတွေ အနေရခက်လေလေဖြစ်တာမို့ သူတို့တစ်တွေလဲ သူတို့တာဝန်ကို ထမ်းဆောင်ဖို့ အသိအမြင်တွေ ၊ အတွေးတွေ ရလာမှာပါ။

ကွန်ပျူတာ နယ်ပယ်မှာ artificial intelligence ဆိုတဲ့ ဘာသာရပ်ကိုသင်ရတော့ သွားတွေ့တဲ့စကားလုံးလေး နှစ်လုံးရှိတယ်။

thinking rationally နဲ့ acting rationally တဲ့

မြန်မာပြန်လိုက်တာတော့ မှန်ကန်တာကို တွေးတောကြံစည်ခြင်းနဲ့ မှန်ကန်တာကို ပြုမူလုပ်ဆောင်ခြင်းပေါ့။

လူသားတိုင်းသာ မှန်မှန်ကန်ကန်တွေး၊ မှန်မှန်ကန်ကန် လုပ်ဆောင်ကြမယ်ဆိုရင် ဒီကမာ္ဘကြီးဟာ သာယာလှပနေမှာပါ။

ဒီလိုဆိုရင် မမှန်မကန် လုပ်ချင်သူ၊ ဖြတ်လမ်းလိုက်ချင်သူတွေအတွက်လဲ နေရာမရှိတော့ဘူး ဖြစ်သွားမယ်။

တကယ်ပါ။ လူတိုင်း တာဝန်သိသိနဲ့ မှန်မှန်ကန်ကန် ပြုမူပြောဆို လုပ်ဆောင်ကြရင် အောင်မြင်မှုကို အလွယ်တကူ ရရှိမှာပါ။

မီးများမီးနိုင် ရေများ ရေနိုင် ဆိုတဲ့ စကားလိုပေါ့။ တာဝန်သိသူတွေ များများရှိလေလေ သာယာလှပတဲ့ လူ့အဖွဲ့အစည်း ဖြစ်လေလေပါ။

တာဝန်သိသူတွင် တာဝန်ရှိပါသတဲ့ဗျာ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

တစ်နေ့က ဟိုတွေးဒီတွေး တွေးရင်း ထွက်လာတာလေးပါ။

မကျွမ်းကျင်တဲ့ နယ်ပယ်ထဲ နည်းနည်း ရောက်သလိုဖြစ်သွားတာရယ်ကြောင့် ဖတ်ရင်း မျက်စိလည်ရင်တော့ ခွှင့်လွှတ်ကြပါ လို့။

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

65 comments

  • TheWinner

    April 4, 2013 at 5:54 pm

    မှန်လိုက်လေ ဦးသကြားရယ်။

    “လူသားတိုင်းမှာ တာဝန်ကိုယ်စီ ရှိကြတယ်လေ။ အဲဒီတာဝန်ကို သိတဲ့သူနဲ့ လျစ်လျူရှုထားတဲ့သူ ဆိုတာပဲ ကွဲသွားတာ။”

    • Mr. MarGa

      April 4, 2013 at 6:14 pm

      တွေးမိသလောက် ပြောပြ၊ ချရေးမိတာပါ။
      တွေးဖို့လဲ အချိန်နည်းတော့ နှစ်မျိုးပဲ ထွက်လာတယ်လေ :mrgreen:

  • MaMa

    April 4, 2013 at 6:03 pm

    မိုးပေါ်က သိကြားမင်း တရားဆင်းပြသွားတာကိုးးးးးးးးး
    သိကြားမင်းမှာလည်း နတ်သမီး ၁၀၀ဝ တာဝန်တွေနဲ့ဆိုတော့ကာ……..
    လူ့ပြည်ဆင်း တရားပြဖို့ဆိုတာ ….
    တာဝန်သိတဲ့ သိကြားမို့သာ လုပ်နိုင်ပေတာပဲ။ :harr:

    • Mr. MarGa

      April 4, 2013 at 6:19 pm

      အန်တီမမကတော့ လုပ်တော့မယ် :mrgreen:
      အမှန်တကယ်က တကူးတက ဆင်းလာတာ မဟုတ်ဘူးဗျ
      သင်္ကြန်အတွက် တစ်ခါထဲ ဆင်းလာတာ :mrgreen:
      ပြောရရင် ကျွန်တော်လဲ တာဝန်ရှိသူ ထဲမှာပဲရှိသေးတယ်ဗျ။
      တာဝန်အရပဲ လုပ်နေတာ
      တာဝန်သိသူ ဖြစ်ဖို့ကတော့
      ကြိုး………………..စား……………………ဆဲ။ :kwi:

  • နင့် ပုံဗျင်ဂျီးက ကျားဘူးဘီးဒါးဂျီးးး
    ဒါကို ကျိချင်းအားဖင့် ..
    နင် ခရီရေးတစ် မတတ်ဘူးဆိုဒါ အသိဒါဂျီးး
    ဘာမွှဒေါ့ မဆိုင်ဝူးး
    နင့်ကို ဖဲ့ချင်လို့ ဖဲ့လိုက်ဒါ .. ဟီးဟီး .. :mrgreen:

    +++++++++++++++++

    thinking rationally နဲ့ acting rationally
    … ဒီနှစ်ခု အကြောင်းကို ပြောချင်ပါတယ် …။
    ဒီနှစ်ခုဟာ ရိုးသားမှု အပေါ်မှာ အခြေခံထားတယ်လို့ မြင်မိတယ် ..
    ရိုးသားမှု ရှိမှသာ မှန်ကန်တဲ့ အကြံအစည်၊ အပြုအမှုတွေဟာ ဖြစ်လာမှာပါ …
    ဟိုအထက်က ပုံပြင်ထဲက လူဟာလည်း ..
    ရိုးသားလို့မို့သာ မှန်ကန်တဲ့ အပြုအမှုကို ပြုလုပ်နိုင်တာပါ ..

    ” လုပ်သင့် လုပ်ထိုက်လို့ လုပ်လိုက်ခြင်း “
    ဒါကို … တာဝန် လို့ ဖွင့်ဆိုရင် ဖြစ်မလားပဲ ……။

    ” မလုပ်ချင် လုပ်ချင် လုပ်ကို လုပ်ရမယ် “
    ဒါ .. တာဝန်လို့ မဖွင့်ဆိုဘဲ အမိန့်လို့ သတ်မှတ်ရနိုင်မယ် ထင်တယ် …။

    ” လုပ်ချင်လုပ် မလုပ်ချင်နေ ရတယ် “
    ဒါမျိုးကျပြန်တော့ ဘယ်လို ပြောရမလဲ မသိ …. 🙄

    ဘာပဲဖြစ်ဖြစ် …
    တာဝန်တွေ သိတတ်စေချင်တယ် …
    ဒါပေမယ့် … လွယ်တော့ မလွယ်လှဘူးရယ် …
    လမ်းမှာ အမှိုက်တွေ့လို့ အမြင်မတော်လို့
    ငါ လုပ်သင့်လုပ်ထိုက်တယ် .. ငါ့မှာ ဒီနိုင်ငံသား တစ်ယောက်အနေနဲ့ လမ်းမကြီး သန့်ရှင်းသပ်ရပ်နေဖို့ တာဝန်ရှိတယ် ဆိုပြီး အဲ့ဒီ လမ်းပေါ်က အမြင် မတော်တဲ့ အမှိုက်တွေကို ကောက်မယ် ဆိုပါတော့ ..
    ဒီကိစ္စ မလွယ်လောက်ဘူးနော့ …
    ဒီတော့ဗျာ …
    တာဝန် သိတတ်ရမယ် … ဒါပေမယ့် အမြဲတစ်စေတော့ မဟုတ် … :mrgreen:

    • Mr. MarGa

      April 4, 2013 at 7:54 pm

      အခုလို စိတ်ပါလက်ပါ ဝင်ဆွေးနွေးလို့
      အရင်ဆုံး ကျေးဇူးတင်တယ်။
      ပြောရမယ်ဆိုရင် သိပ် တွေးချိန်မရလိုက်လို့ ဒါလောက်လေးပဲထွက်သွားတာမို့
      အပေါ်က စာကြောင်းနဲ့ ပတ်သက်ရင်တော့
      လူတိုင်း သိအောင် လူတိုင်း သိတဲ့ပုံပြင်ထည့်တာ
      ဘာဖြစ်လဲ :om:

  • မောင် ပေ

    April 4, 2013 at 7:50 pm

    ဂေဇက်ရွာသူားတွေရဲ ့တာဝန်ကတော့
    နေ ့စဉ် လော့အင်ဝင်ရမည်
    ပို ့စ်တင်ချင်တင်
    မန် ့ချင် မန် ့
    အဲဒါ တာဝန်ပဲ

    • Mr. MarGa

      April 4, 2013 at 7:57 pm

      နေ့စဉ် လော့အင်ဝင်ပါတယ်
      ပို့စ်လဲမတင်
      မန့်လဲမမန့်
      ဒါဆို ဘယ်လိုပြောကြမလဲ။
      ပြောရမယ်ဆို ကျွန်တော်ကအစ နေ့တိုင်း မဝင်ဖြစ်ဘူးဗျ :mrgreen:
      (အို သဂျီး
      ယခင်က ဆွဲဆောင်ခဲ့ဖူးသော၊ လုပ်ခဲ့ဘူးသော လော့အင် တစ်ခါဝင်လျှင် ဘယ်နှပွိုင့် ဆိုတာ ပြန်လုပ်ပေးပါရန်…………………… :kwi: )

      • weiwei

        April 5, 2013 at 9:06 am

        လော့အင်ဝင်တာ ပွိုင့်ပြန်ပေးနေတယ် ..
        ပွိုင့်ပြန်စစ်ကြည့်ပါလား …

        • Mr. MarGa

          April 5, 2013 at 4:38 pm

          အခု တစ်ခါဝင် လေးဆယ်ကျပ် ပြန်ပေးနေပါတယ်
          သဂျီး ပြောတာတော့ သိကြားမာဃ ကောင်းမှုကြောင့်ပါတဲ့ :kwi:
          သင်္ကြန်တွင်းမို့ ပေးပြီး သင်္ကြန်အပြီး ပြန်ဖျက်ရင်တော့
          သဂျီးကို ဆန်ဒပြမယ် :om:

  • ဗုံ ဗုံ

    April 4, 2013 at 7:54 pm

    တယ်လည်း ကြီးကြီး ကျယ်ကျယ် တွေးတတ်ပေသော သဂျားပါတကားးးးးးးးး
    ဒါနဲ့ ဒီနှစ် ဘာစီးပြီး ဆင်းမှာလဲဟင် ကြိုချင်လို့ပါ ပဒိုင်းပန်းနဲ့ :mrgreen: :mrgreen:

    • Mr. MarGa

      April 4, 2013 at 8:00 pm

      ပဒိုင်းပန်းထက် ပဒိုင်းသီးက ပိုကောင်းသကွယ့် :mrgreen:

  • GaviaGirl

    April 4, 2013 at 8:18 pm

    တာဝန်တွေကိုယ်စီသိထားလေ… လိုမည်သတိတရားတွေ.. (သီချင်းဆိုကြည့်တာ.. 🙂 )

    သဂျားရေ..
    နင်ပြောတာကို အီးလိုပြောကြည့်ရင် duty & responsibility လို့ ပြောလို့ရမလားမသိဘူး… တာဝန် နဲ့ တာဝန်ယူမှုပေါ့… dutiful နဲ့ responsible .. တူသလိုလိုနဲ့ မတူပြန်ဘူး… နှစ်ခုစလုံးကတော့ အရေးကြီးတယ် ထင်တာပဲ.. အဲ့ဒီမှာ ငါအရမ်းကြိုက်တဲ့စာကို သွားသတိရတယ်.. Leadership means Responsibility တဲ့… ဆိုတော့… လူတစ်ယောက်အနေနဲ့ ပထမဆုံး dutiful ဖြစ်ဖို့လိုပါတယ်…. dutiful မဖြစ်တဲ့သူက responsible လည်း မဖြစ်ဘူး.. dutiful ဖြစ်တဲ့အပြင်ကိုမှ responsible ပါ ဖြစ်တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့… ဆိုတော့ နှစ်ခုစလုံးနဲ့ပြည့်စုံတဲ့သူတွေ အများကြီးလိုအပ်ပါတယ်..ငါကိုယ်တိုင်လည်း ကြိုးစားဆဲ.. (dutiful ဖြစ်ဖို့တောင် မနည်းပဲ… 🙂 )

    အဲ့နောက်မှာ ဆက်တွေးလိုက်ရင်တော့ duties & rights ပေါ့.. တစ်ချို့လူတွေကျတော့ dutiful သာ မဖြစ်တာ.. rightful တော့ ဖြစ်ချင်သား… ရသမျှအခွင့်အရေး အပြည့်အဝလိုချင်တယ်.. ခက်တာက အဲ့လိုလူမျိုးတွေ လိုအင်ပြည့်နေတာပဲ… အဲ့ဒီတော့ ဒါမျိုးတွေလည်း မရှိအောင်လုပ်ရမယ်…

    အဲ..ဘာဆက်ပြောရမှန်းမသိတော့ဝူး..ဒါဘဲ..

    (ဆိုင်ဆိုင်မဆိုင်ဆိုင် ဟုတ်ဟုတ် မဟုတ်ဟုတ်… ထင်တာတွေကို မန့်လိုက်ပြီ..)

    • Mr. MarGa

      April 5, 2013 at 4:58 pm

      တို့ ပြည်ကြီးကို ကာကွယ်မလေ၊ တို့ မြေကြီးကို ကာကွယ်မလေ……………
      (ဆက်ဆိုခြင်း ဖြစ်ပါသည်။)
      မြန်မာစကား စကားကြွယ်တယ်
      ဒါပေမယ့် ဒီနေရာမှာ အီးလိုတွေးရင် အများကြီးထွက်မယ် (သူက တစ်လုံးထဲကို အဓိပ္ပာယ် အမျိုးမျိုး ကောက်နိုင်သလေ)
      ပြောရမယ်ဆိုရင် ပညာရေးကိုပဲ ပြန်လှည့်ရမယ်။
      ငယ်ကတည်းက ပြည်သူ့နီတိ လိုမျိုး စာတွေသင်မယ်၊ ဆောင်သင့်တာ ရှောင်သင့်တာတွေကို သင်ကြားပေးလိုက်မယ်ဆိုရင် သူတို့တတွေဟာ dutiful ဖြစ်ပါလိမ့်မယ် (အကျိုးဆက်အနေနဲ့ rightful ဘက်ကိုလဲ ပို အားသန်နိုင်သေးတယ်)
      ဒီစာ စရေးတုန်းက ထည့်ချင်တဲ့ ဟာလေး တစ်ခုရှိတယ်
      တရုတ်မှာ ဖြစ်တဲ့ ဗီဒီယိုလေးလေ
      ဒါပေမယ့် အသေအချာ မမှတ်မိလို့ မထည့်တာ။
      အဲဒီ ပညာရေးအကြောင်းကို ပြောရင် ဂျပန်ကိုတော့ အတော် အားကျမိတယ်
      အခုတော့ ဘယ်လိုဖြစ်နေပြီမသိ
      ဒါပါပဲ။

  • kai

    April 5, 2013 at 12:02 am

    မြန်မာစကားရှိတယ်.
    မလုပ်မရှုပ်မပြုတ်တဲ့..
    အဲဒီလြိုဖစ်အောင်.. အာဏာရှင်ဦးနေဝင်းလုပ်ခဲ့တာ..။

    မဆလခေတ်ကများ.. ဘာမှမလုပ်ပဲ.. “ဟုတ်ကဲ့”ချည်းလုပ်သူတွေရာထူးတက်တာလေ..။ လူညွှန့်တွေတုံးစေခဲ့တာပေါ့..

    • weiwei

      April 5, 2013 at 9:09 am

      အခုတော့ ခေတ်ပြောင်းသွားပြီ သူကြီးရေ …
      ပြုတ်စော်နံနေကြပြီ … :kwi:
      အရှုပ်တွေလုပ်ခိုင်းပြီး ဘယ်တော့ပြုတ်မလဲစောင့်နေကြရတဲ့ ဘဝတွေ …

      • Mr. MarGa

        April 5, 2013 at 5:07 pm

        အဲဒါကတော့
        အပြောင်းအလဲကာလမို့ အဲသလို ဖြစ်တယ် ထင်ပါတယ် အန်တီဝေရေ။
        နောက်မှာတော့ အဆင်ပြေမယ့်လို့ တွေးမိသလိုလို………………..

        • ရွာသူ jujuma .

          April 6, 2013 at 11:58 am

          သလိုလို မလုပ်နဲ့လေ .. ဟုတ်ရင်ဟုတ်မယ် မဟုတ်ရင်မဟုတ်ဘူးလုပ်ပါ ..
          အဲလိုကောလဟာလတွေ ကျောက်ဒါ … :kwi:

        • Mr. MarGa

          April 6, 2013 at 12:01 pm

          ကဲကဲ
          အဲဒါဆိုလဲ ဟုတ်တယ်လို့သာ မှတ်ထားတော့ကွယ်
          ဟုတ်ပလား :hee:

    • Mr. MarGa

      April 5, 2013 at 5:04 pm

      အဲဒီစိတ်တွေပေါ့
      ဒီမျိုးဆက်ထိ ပါလာတာ (ယနေ့ခေတ် လူငယ်မျိုးဆက်)
      တစ်ခါတစ်လေ လက်ရှောင်ချင်စိတ်တွေ အများသား။
      နောင် တက်လာမယ့် မျိုးဆက်ကလေးတွေမတော့ အဲဒီအကျင့် ပျောက်မယ်လို့ မျှော်လင့်တယ်။
      အပေါ်မှာ မန့်ထားသလို ဒါကလဲ ပညာရေးနဲ့ ဆိုင်မယ်လို့သာ ပြောလိုက်ချင်တယ်။
      အခုခေတ်မှာမှ နား မျက်စိ ပွင့်တာဆိုတော့ အပြစ်တော့ မပြောချင်။
      ဆက်လက် သွားကြမည်သာ :hee:

  • အလင်းဆက်

    April 5, 2013 at 6:44 pm

    ွှအတွေးစလေးက ဆက်တွေးချင်စရာလည်းကောင်း….
    ကိုယ့်အဖြစ်တွေကိုလည်း..ကိုယ် ပြန် စဉ်းစားမိစေပါတယ် ။
    ကျွန်တော်ရော…
    တာဝန် သိသူလား…
    တာဝန်မရှိဘူး..ထင်ခဲ့တဲ ့ တာဝန်မဲ့မှုတွေ.. ဘယ်လောက်များခဲ့ပြီလဲ…..
    ……………….
    အင်းးးးးးးး

    • Mr. MarGa

      April 5, 2013 at 8:19 pm

      သိနေတယ်လေ
      ဖတ်ပြီးတာနဲ့ ကိုယ်တိုင်နဲ့ ယှဉ်ကြည့်တော့မယ်ဆိုတာ :mrgreen:
      အလက်ဆင်း ကတော့
      တာဝန် သိသူထဲ ပါမှာပါကွယ်
      အဲသလောက် မတွေးပါနဲ့

  • ကီလိုဇူးလူးဝီစကီ

    April 5, 2013 at 7:26 pm

    တာဝလိမ်တာကို အလည်လာမယ်။

    အကောင့်တီဘီလတီ ရယ်
    ဂျုတီ ရယ်
    ရက်စပွန်ဇဘယ်လတီ ရယ် ရှိသမျှ တာဝန်တွေ အကုန်ယူပါ။
    ဒါပဲ။
    မယူနိုင်ရင် နတ်သမီးတွေကို လူကုန်ကူးပစ်မယ်။

    :kwi:
    အမှန်တော့ အတည်ပေါက်ဖတ်ထားတာပါ။
    ပြောချင်တာတွေ သူများတွေ အတည်ပြောသွားပြီးဖြစ်လို့။
    ဟွန့်။
    တော်ကြာ ပေါ့ပျက်ပျက်ပြောတယ်ဆိုပြီး လာဆုံးမနေမှာစိုးလို့။
    :mrgreen:

    • Mr. MarGa

      April 5, 2013 at 8:24 pm

      ပြောတာတွေ အကုန်နားလည်တယ်။
      တစ်ခုဘဲ
      အကောင့်တီဘီလတီကို ဘယ်လို တာဝန်ယူရမလဲဟင်
      အဲဒါကို မသိလို့
      သိကြား မှတ်သားမှုနည်းတယ်ပြောလဲ ခံရမှာပဲ။ :hee:
      နတ်သမီးတွေတော့ မလုပ်လိုက်ပါနဲ့ဗျာ
      ခုတလော နတ်သားတွေများလို့ မနည်း လု ယူထားရတာ :mrgreen:
      တကယ် အတည်ပေါက်ဖတ်တယ်ဆိုလို့ ကျေးဇူးတင်သဗျ။
      ဒီတစ်ခါက သတင်းစာဆောင်းပါးတွေ အတုခိုးထားတာ
      အတော် အားထုတ် ရေးရတယ် :kwi:

        • mobile

          April 5, 2013 at 11:30 pm

          တာဝန်ဆိုတာကတော့ မျက်ကွယ်ပြုနေမယ်ဆိုရင်သာ ထားတော့
          လူတိုင်းလူတိုင်းမှာ သူ့တာဝန်နဲ့သူတော့ရှိကြတာပါပဲ။
          ဒါပေသိ တာဝန်ယူချင်စိတ်ထက်…
          အခွင့်အရေး ယူချင်စိတ်ကိုပိုအားသန်တာ ကျုပ်တို့လိုလူမျိုးတွေပဲ………….

  • mobile

    April 5, 2013 at 11:24 pm

    တာဝန်ဆိုတာကတော့ မျက်ကွယ်ပြုနေမယ်ဆိုရင်သာ ထားတော့
    လူတိုင်းလူတိုင်းမှာ သူ့တာဝန်နဲ့သူတော့ရှိကြတာပါပဲ။
    ဒါပေသိ တာဝန်ယူချင်စိတ်ထက်…
    အခွင့်အရေး ယူချင်စိတ်ကိုပိုအားသန်တာ ကျုပ်တို့လိုလူမျိုးတွေပဲ………….

    • Mr. MarGa

      April 6, 2013 at 11:50 am

      အဲဒီအကျင့်တွေကို အချိန်မီ အခါအခွင့်သင့်တုန်း ပြင်သင့်ပြီထင့်
      ဟုတ်တယ်မလား…………….

  • mobile

    April 5, 2013 at 11:32 pm

    comment ကဘယ်လိုဖြစ်နေလဲမသိဘူး။
    တစ်ခုခုတော့ လွဲနေတယ်ထင်တယ်။

    • Mr. MarGa

      April 6, 2013 at 11:52 am

      ဘယ်လိုပဲလွဲလွဲ
      တက်တော့ တက်သွားပါတယ်
      ဦးမာဃလဲ လေးကျပ် ပို ရသွားပါတယ် :mrgreen:

  • ဝင့်ပြုံးမြင့်

    April 5, 2013 at 11:44 pm

    (နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ တာဝန်သိသူတွေ အမြောက်အများ လိုအပ်ပါတယ်။
    တာဝန်သိသူတွေက တာဝန်သိသိနဲ့ တိုင်းပြည်ရဲ့ ဟာကွက် ပျော့ကွက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြ ပြောပြမှသာ ပြန်လည်ထိန်းကျောင်း တည့်မတ်လို့ လမ်းမှန်ကို လျှောက်နိုင်မှာပါ။)
    အဲဒီစာကြောင်းလေး ဖတ်ရတော့ စိတ်ထဲခံစားရတယ်။ အပြစ်မကင်းသလိုပါပဲ။ ပြုံးကတော့ တာဝန်မသိသူပါ။ နေစိမ့်နိုင်သူထဲမှာ ပြုံးပါတယ်။ ကျေးဇူးပါ သိကြားမင်းကြီးရေ။

    • Mr. MarGa

      April 6, 2013 at 12:03 pm

      အခု လို ကိုယ့်အကြောင်းကိုယ် တိတိကျကျ သိသွားတော့
      ပြောင်းလဲချင်စိတ် ပေါ်လာတယ်မလား
      ဒါဆိုရင်ကို အကျိုးရှိနေပြီဗျ
      ကျွန်တော် ရေးရကျိုး နပ်ပြီ :hee:

  • kyeemite

    April 6, 2013 at 9:06 am

    သိကြားမင်းကြီး..တာဝတိသာက လူ့ပြည် တစ်နှစ်တစ်ခါဆင်းဆင်းလာတာ
    တာဝန်အရလား..ဝတ္တရားရှိလို့လား..? :harr:

    • Mr. MarGa

      April 6, 2013 at 12:05 pm

      တာဝန်အရ ဆင်းပါတယ်
      ဝတ္တရားအရ တစ်ခါဆင်းရင် အတော်ကြာအောင် နေပါတယ်
      အခုထိတော့ တာဝန်သိသူထဲမှာ ပါဖို့ နည်းနည်း လိုနေပါသေးတယ်
      :kwi:

  • ရာမည

    April 6, 2013 at 12:11 pm

    ကြားဖူးတာကတော ့ သာသနာနှစ် ၂၅၀ဝ ကျော်လာရင် ဘုရားသာသနာထက်
    သကြားသာသနာ ပိုပြုရမယ် တဲ့
    သကြားမင်းမှာပိုပြီးတာဝန်ရှိလာပြီပေါ့
    ဦးသကြားရေ အကွိတို ့ အပေါင်ဆိုင်မှာ ၁၅ ကျပ်နဲ့ပေါင်ထားတဲ့ဝရဇိန်လက်နက်လေး
    မဆုံးခင် ပြန်ရွေးထားပါဦးဗျ
    အသုံးည့်ရင် တည့်မှာ :mrgreen:

    • Mr. MarGa

      April 6, 2013 at 12:14 pm

      အဲဒီ ဝရဇိန်ပေါ့
      ကျုပ်ကို ဒုက္ခပေးသွားတာ
      ဝရဇိန် တကားကား လုပ်ပြန်တော့ မျက်စိနောက်တယ် ဖြစ်ကြရော
      ဒါနဲ့ ချောင်ထိုးထားတော့ ဟိုအကောင် ခြောက်မျက်နှာ မာတလိက ခိုးပေါင်သလေ :mrgreen:
      အခုတော့ ပြန်ရွေးရတော့မပေါ့ဗျာ။

  • အတွေးလေး

    April 6, 2013 at 12:21 pm

    တာဝန် သိသူအတွက်သာ တာဝန်ဆိုတာ ဖန်တီးထားသလိုလို၊ တာဝန်မသိသူတွေ၊ တာဝန်ကိုရှောင်လွှဲသူတွေအတွက်တော့ ဘာမှ မဆိုုင်သလိုလို ထင်ရတယ်။

    တကယ်တမ်း တွေးရင်တော့ တာဝန်သိသူတွေ ရှိမှသာ၊ တာဝန်မဲ့သူတွေ၊ တာဝန်ကို ရှောင်တဲ့သူတွေဟာ အသေအချာ ပေါ်ပေါက်လာမယ်၊ /
    အားပေးသွားးပါတယ် ကိုကြီး မာဃ ရေ။

    • Mr. MarGa

      April 7, 2013 at 9:34 am

      ရှိသမျှစာတွေ ပြန်နေတာကို
      ဒီတစ်ခုက ဘယ်လိုုလုပ် ကြားညပ် ကျန်ခဲ့မှန်းမသိဘူး
      ပြန်တာနောက်ကျတဲ့အတွက် အရင်တောင်းပန်ပါတယ်ခင်ဗျ။
      သေချာဖတ်ရှု မှတ်သား အားပေးတယ်ဆိုလို့
      ဆက်လက်ရေးဖို့ အားအင်တွေ ရသွားသလိုလို……………………………. :hee:

  • တာဝန်ဆိုတာ ကိုယ့် က အလုပ်တစ်ခုအပေါ် အကြောင်းအရာတစ်ခုအပေါ် ဘယ်လောက်ထိလေးလေးနက်နက်ခံယူထားသလဲ ဆိုတာ အပေါ်မှာမူတည်ပါတယ်။
    တာဝန်ရှိလို့ ဝတ္တရားကြေရုံလောက် လုပ်ပြနေကြတဲ့သူတွေ များလာလို့
    မြန်မာပြည် တိုးတက်မူ့နောက်ဆုတ်သွား တယ်လို့ ပြောရင် မမှားလောက်ဘူးထင်ပါတယ်။

    အခုလက်တွေ့လိုအပ်နေတာက အပြောလျော့ပြီးလက်တွေ့ အလုပ်လုပ်ပြကြဘို့ပါဘဲ။

    • Mr. MarGa

      April 6, 2013 at 1:20 pm

      လေးပေါက်ရေ
      အပေါ်မှာ သဂျီးပြောထားသလို အဲဒီခေတ်က အရိပ်ဆိုး ကပ်ပါလာတယ်လို့သာ (မပြောချင်ဘဲ) ပြောလိုက်ချင်ပါတယ်
      ဝတ္တရားကျေရုံလောက် လုပ်တဲ့ခေတ်က လွန်ခဲ့ပြီဆိုတာ
      တာဝန်ကို တိတိကျကျ တာဝန်ယူနိုင်ရတော့မယ်ဆိုတာ
      သိသူ များလေလေ
      တိုးတက်မှု မြန်လေလေလို့ပဲ ပြောချင်ပါသဗျာ။
      ဇာတ်တွေထဲကလိုပြောလိုက်မယ်
      ကဲကဲ
      အပြောလေးတွေလျှော့ အလုပ် လုပ်ကြဦးစို့ရဲ့။

  • လူကလေး

    April 6, 2013 at 9:48 pm

    ဒီစာကို ဖတ်လိုက်တော့မှ .. ဒီနေ့တောင် စည်းကမ်း ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံး တပုဒ် ရေးခဲ့သေး..
    အဲလိုပါပဲ .. ဆိုင်းဘုတ်ချိတ်ထားလို့ လိုက်နာနေရတဲ့ စည်းကမ်းနဲ့ ဆိုင်းဘုတ်မရှိလည်း လိုက်နာနေရမယ့် စည်းကမ်းတွေ အကြောင်းရေးခဲ့သေး..

    ဆိုင်မဆိုင်တော့ မသိဘူးဗျို့ . . (နည်းနည်းတော့ ဆိုင်လိုက်ပါနော့်)

    လူတိုင်း စည်းကမ်းဆိုတာကို ကိုယ်တိုင်သိရင် လိုက်နာတယ်ဆိုရင် “အမှိုက်မပစ်ရ ဒဏ်ငွေ ၁၀၀၀ဝ ”ဆိုတာတွေ .. “ခွေးများသာ သေးပေါက်ရန် ” ဆိုတာတွေ .. “စာသင်ခန်းအတွင်း ဖုန်းမပြောရ” ဆိုတာ တွေက ဒါတွေ ဒါတွေက ရှက်စရာ ဖြစ်ကြောင်း ရေးခဲ့သေး.. ဟေး .. ဟေး..

    မာဃ ရေ. . ဆိုင်သွားပလား .. အင်.. မဆိုင်သေးဘူးလား.. အာ.. ဒါဆိုလဲထားလိုက်တော့ .. မမန့်တော့ဘူး .. သွားပီ.

    • Mr. MarGa

      April 7, 2013 at 9:22 am

      ဟိုက်
      ဘာမှလဲ မပြောရသေးဘူး ကိုယ့်ဟာကိုယ် ပြော ကိုယ့်ဟာကိုယ် ငြင်းသွားရသလား
      ဆိုင်းဘုတ်တွေဆိုတာ
      မပြောဘဲ လိုက်နာသင့်တဲ့ စည်းကမ်းတွေကို မသိသူတွေအတွက် ထောင်ထားတာပါ။
      တစ်ခါတစ်လေကျပြန်တော့ သိရဲ့နဲ့ ဖောက်ဖျက်တာတွေကတော့ ချွင်းချက်ပေါ့လေ
      ဆိုတော့
      အဲဒီ ဆိုင်းဘုတ်တွေ မထောင်ရတဲ့နေ့ကို စောင့်နေမယ်ကွယ်……….. :kwi:

  • ရွှေ ကြည်

    April 6, 2013 at 10:33 pm

    ကျွန်တော်တို့လည်းတာဝန်ရှိပါသည် ဝိုင်းဝန်းကာကူညီ
    ကျွန်မတို့လည်းတာဝန်ရှိပါသည် ဝို်င်းဝန်းကာကူညီ
    ယာဉ်အန္တရယ် စုပေါင်းကာကွယ်ပါမည် လမ်းစည်းကမ်းကိုလိုက်နာဖို့လိုပါသည်
    ယာဉ်စည်းကမ်းကိုလိုက်နာဖို့လိုပါမည် :mrgreen:
    သိကြားပို့စ်ဖတ်ပြီး သတိရမိတဲ့သီချင်းလေးဆိုမိတာပါ ခွင့်လွှတ်ပါသိကြားမင်းရှင့်။
    သိကြားရေဖတ်ပြီး တာဝန် နဲ့ ဝတ္တရားမှာ တာဝန်နှောက်ယှက်မှုလို့မသုံးပဲ ဝတ္တရားနှောက်ယှက်မှုလို့သုံးတယ်ဆိုတာကိုသတိထားမိတယ် အမှုမဲ့အမှတ်မဲ့ပြောနေကြပြီးသတိမမူမိဘူး
    သေချာလေးဖတ်ရင်းတွေးရင်းးးးးးးးးးးးးးးးးးး

    • Mr. MarGa

      April 7, 2013 at 9:31 am

      ဒါက သီချင်းဆိုသော နောက်တစ်ယောက်ပေါ့
      အဲ့သီချင်းလေးတော့ ကြိုက်မိတယ်
      သို့သော် လိုက်နာသူက ခပ်နည်းနည်း :buu:
      ဝတ္တရားနှောင့်ယှက်မှုကတော့
      အတော်များများပြောတာတွေ ကြားနေမိလို့ နားထဲ စွဲနေတာရယ်
      ဖတ်ရင်းတွေးရင်း ဆက်တွေးပါလို့သာ……………………..

  • အရီးခင်လတ်

    April 7, 2013 at 7:47 pm

    ဖိုးသိကြား ရေ

    ဒီ Post လေးကို စတင်တဲ့ အချိန်ကထဲ က ဖတ်ပြီး မှတ်ချက်ဝင်ပေးခဲ့ချင်ပါတယ်။
    ပြောသွားတဲ့ အချက်လေးတွေ ကို အတော်လေး သဘောကျ သဘောတူပါတယ်။
    တန်ဖိုးရှိတဲ့ Post လေးလို့ မှတ်တမ်းတင်ပါတယ်။

    သဘောကျမိတာလေးက
    { တာဝန်သိသူတွေက တာဝန်သိသိနဲ့ တိုင်းပြည်ရဲ့ ဟာကွက် ပျော့ကွက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြ ပြောပြမှသာ ပြန်လည်ထိန်းကျောင်း တည့်မတ်လို့ လမ်းမှန်ကို လျှောက်နိုင်မှာပါ။}
    ဆိုတာပါဘဲ။

    နဲနဲဖြည့်ပြီး ဆွေးနွေးရရင်
    စေတနာမှန်နဲ့ တာဝန်သိပြီးပြောတာ ရဲ့ နောက်မှာ အဲဒီ ဟာကွက် ပျော့ကွက်တွေ ကို တာဝန်ယူပြီး ဖြေရှင်းဖို့ပါကြိုးစားသင့်ပါတယ်။
    သဘောကတော့ ဟာကွက် ပျော့ကွက်တွေ ဆိုတာက ထောက်ပြဖို့ အင်မတန်လွယ်ပါတယ်။
    ကိုယ်မလုပ်ဘဲ ဘေးက ထိုင်ကြည့်သူက တကယ်လုပ်နေသူတွေထက် ပိုပြီးလဲ မြင်နိုင်ပါတယ်။
    ဒီတော့ တစ်ခါတစ်ခါ ကိုယ်လုပ်နေတာကို ရပ်ပြီး အပြင်ကနေ ပြန်ထွက်ကြည့်တဲ့ သဘောတောင် လုပ်သင့်တာပေါ့။

    တာဝန်ယူတတ်သူတစ်ယောက် ဟာ ကိုယ့်လုပ်တဲ့ (ကိုယ်ပါဝင်တဲ့) အလုပ်မှာ ချို့ယွင်းမှုဖြစ်ခဲ့ရင်လဲ အဲဒီချို့ယွင်းချက်ဟာ သူများကြောင့်လို့ သူများကို အပြစ်ပုံပြီး မပြောတတ်တာလဲ သေချာပါတယ်။
    လုပ်ငန်း အောင်မြင်ရင် နောက်မှာနေတတ်ပြီး လုပ်ငန်းအားနည်းချိန် ရှေ့မှာ မားမား ရပ်ပြီး ဖြေရှင်းပေးတတ်သူတွေဟာ တာဝန်ယူ/ တာဝန်သိတတ် သူတွေပါဘဲ။

    ဒါထက်ပိုပြီး လေရှည်ချင်သေးပေမဲ့ တော်သင့်ပြီ။ 😛

    ခင်မင်စွာဖြင့်
    အရီး

    • Mr. MarGa

      April 7, 2013 at 8:01 pm

      အရီးခင်ဗျ
      ပထမဆုံး အနေနဲ့ ပြောချင်တာကတော့ ကျွန်တော့်ပို့စ်လေးကို လာပေးလို့ ကျေးကျေးပါ။ 🙂
      တာဝန်သိသူ အနေနဲ့ တာဝန်ယူ ဖြေရှင်းဖို့ ဆိုရာမှာ
      သူ့ဆီမှာ ဖြေရှင်းပေးနိုင်မယ့် အခြေအနေ ရှိဖို့ လိုအပ်ပါတယ်။ တချို့တွေကတော့ အဲဒီအခြေအနေပါ ရှိတတ်ကြပါတယ်လေ။
      ပြောရရင် ဘေးလူက ပိုမြင်တယ်၊ ထောက်ပြနိုင်တယ် ဆိုတာကို တာဝန်ရှိသူတွေ သိပြီးတော့ သူတို့ ထောက်ပြတဲ့အရာတွေကို လိုလိုလားလား ပြင်ဆင်သင့်သပေါ့။
      တကယ် တန်ဖိုးရှိတဲ့ လူတချို့ကတော့ အရီးပြောသလို ဘေးကနေလဲ ဘေးအမြင်နဲ့ ကြည့်တယ်၊ ဘေးစကားကိုလဲ စနည်းနာလို့ တိုးတက်ရာ တိုးတက်ကြောင်းကို ဖော်ဆောင်တဲ့သူတွေပေါ့။
      အဲဒီလိုလူတွေဟာ သူများကို အပြစ်မပြောတတ်သလို ကိုယ့်ဂုဏ်ကိုလဲ သိပ် မဖော်တတ်ကြဘူး။
      သူတို့ကိုတော့ တာဝန်သိသူ၊ ခေါင်းဆောင်ကောင်းစိတ်ဓာတ် ရှိသူတွေလို့သာ ပြောချင်ပါတော့တယ်။
      တစ်ဆက်တည်း ဆက်ပြောရရင် တာဝန်သိသူ များများရှိလေလေ၊ တာဝန်ရှိသူတွေအတွက် အကူအညီပေးနိုင်လေလေလို့ပဲ ပြောရမလားပဲနော်။
      ကျွန်တော်လဲ တွေးမိသလောက် ပြန်ဆွေးနွေးကြည့်တာပါဗျ :hee:

  • nature

    April 7, 2013 at 9:09 pm

    မြန်မာပြည်မှာတော့အများစုက မကောင်းဘူးလို့အပြစ်တင်ဝေဖန်ရှုံ့ချသူတွေသာများနေပြီး ဒါတွေဟာမကောင်းရင် ဘယ်ဟာတွေကဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတာတွေကို အကြံပေးတာတွေ အားနည်းနေသေးတယ်ထင်မိတယ်။ လူတွေဟာမျက်မမြင်ပုဏ္ဏားခြောက်ယောက်နဲ့ဆင်တကောင်ပုံပြင်ကို မျက်စိမမြင်လို့ အမှားတွေကိုပြောကြတာလို့ထင်နေကြတယ်။ တကယ်တော့လူတွေဟာလည်း ကိုယ်နေတဲ့ပတ်ဝန်းကျင် လောက်ကိုသာသိနိုင်တဲ့မျက်မမြင်ပုဏ္ဏားတွေလိုပါပဲ။ အပြောလွယ်လျှက်အလုပ်ခက်ဆိုတာကတော့အမှန်ပါပဲအရီးလတ်ရေ။ လက်တွေ့လုပ်ကိုင်တဲ့အခါမှာ မထင်မှတ်တဲ့အခက်အခဲလေးတွေဆိုတာ ပေါ်လာတတ်ပါတယ်။ ဒီအခက်အခဲလေးတွေဆိုတာလည်း ဖြေရှင်းရင်း အတွေ့အကြုံကိုတိုးစေပါတယ်။

    • Mr. MarGa

      April 8, 2013 at 5:03 pm

      တကယ်တော့ ဘေးက ထောက်ပြသူတွေဟာ အပြုသဘောနဲ့သာ ထောက်ပြကြရင်
      ပိုလို့ပိုလို့ အဆင်ပြေကြမှာပေါ့
      မျက်မမြင်ပုဏ္ဏား ခြောက်ယောက်ဟာ
      ဆင်တစ်ကောင်ကို စမ်းပြီးတော့ အကုန်ပေါင်းလို့သာ တိုင်ပင်နှီးနောရင်
      မှန်ကန်တဲ့အမြင်တစ်ခု ရလာမှာပေါ့
      အဲဒီ ပုဏ္ဏား ခြောက်ယောက်မှာ လိုသွားတာက အဲဒီ စုပေါင်းအဖြေရှာမှုပဲလေ။
      ကျွန်တော်တို့တတွေလဲ
      မတူတဲ့အမြင်တွေကို စုပေါင်းလို့သာ အဖြေရှာလိုက်ရင်……………………………..

  • နာ .. သိပ်မပြောချင်ဘူး ..
    ပြောင်းတာ သုံးခါ ရှိပြီ …
    ကစားစရာ မဟုတ်ဘူး ..
    ဒဒိထားနေ …
    ဒါဘာဗျဲ … ငွင်းး ငွင်းး

    • Mr. MarGa

      April 8, 2013 at 5:11 pm

      ဒါက ဒီလိုရှိပါတယ်
      အစက ဖြည့်စွက် ဆွေးနွေးလို့ ဘီစီပေးတယ်
      နောက် သူ့ထက် ပိုမို ပြည့်ပြည့်စုံစုံ ဆွေးနွေးလို့ ဘီစီ ထပ်ပေးတယ်
      အခု သူ့ထက်သူ လူစွမ်းကောင်း ပေါ်လာလို့ ဘီစီ ပြောင်းတယ်
      အဲလိုလေးပါ
      ချိတ်ချိုးကြပါနဲ့လို့ :kwi:
      လောလောဆယ်တော့ နှစ်ကျပ် လာပေးလို့ ကျေးကျေး :mrgreen:

  • min khant kyaw

    April 8, 2013 at 8:05 pm

    တနေ ့ကလမ်းလယ်ကကျောက်တုံးတိုက်မိမှာစိုးလို ့သွားမတာ
    စည်ပင်ကလမ်းပေါက်ပိတ်တာဖယ်ရမလားဆိုပြီးအကြိမ်းခံရသဗျ။ဟီး

    • Mr. MarGa

      April 9, 2013 at 8:04 pm

      အင်း………အဲဒါကတော့ပေါ့နော်
      အခြေအနေ၊ အချိန်အခါနဲ့ အယူအဆ လိုသွားသကိုးဗျ။
      သို့သော်ငြားလဲ စေတနာအမှား ဆိုတော့ ခွင့်လွှတ်မှာပါလေ………..

  • etone

    April 9, 2013 at 8:31 pm

    တာဝန်သိသူတွင် …. တာဝန်ရှိတယ်ဆိုတဲ့ အူးလေးစာသားလေး သဘောကျမိပါတယ် ။
    ဒါပေသိ .. တာဝန်သိသူနဲ့ တာဝန်မယူတတ်သူ အချိုးစားက …. အပုံကြီးကွာနေတော့ … ဟိုသီချင်းထဲကလိုပေါ့ … ဘဲအုပ်က တစ်ရာ နှစ်ရာ … မဗေဒါက တပင်တည်း ဆိုသလို …. ကြာလာလျှင်မဗေဒါ ဘဲကန်ခံရပြီ ကြေသွားမလားရယ်လို့ … ရင်မောမိပါတယ် ။

    • Mr. MarGa

      April 9, 2013 at 8:35 pm

      ဒေါ်အီးတုန်း
      အဲ့သီချင်းကို ဆက်ဆိုလေဗျာ
      ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ လေ
      အများ မိုးခါးရေသောက်လို့ ကိုယ်ပါလိုက်သောက်တာတော့ ဟုတ်သေးဘူးနော
      (စကားပုံကို ပြောခြင်းသာ ဖြစ်ပါဂျောင်း :mrgreen: )

      • etone

        April 10, 2013 at 10:32 am

        လောကရီးကို စိတ်ကုန်ပါဒယ် … ဒါကြောင့် နူနူဝဲဝဲဒီတိုင်းပဲ နေဒေါ့မယ် … ခိခိ … ။

        • Mr. MarGa

          April 10, 2013 at 6:31 pm

          နူနူဝဲဝဲ တော့ မလုပ်ပါနဲ့ကွယ်
          အလိုက်သင့်လေးသာ စီးမျော…………သွားပါတော့ :mrgreen:

  • ဦးကြောင်ကြီး

    April 10, 2013 at 9:33 am

    အဟမ်း… ပေါရရင် တာဝန်နဲ့ တွဲနေတာ တင်ဝါ… နနွင်းလိမ်းထားလို့… :kwi:

    • Mr. MarGa

      April 10, 2013 at 6:01 pm

      အင်း…………..
      ဦးကြောင်က နနွင်းလိမ်းထားတာဆိုတော့
      တစ်ခုခုတော့ တစ်ခုခုပေါ့နော်………. :kwi:

  • Ma Ei

    April 10, 2013 at 11:10 am

    တာဝန်မသိ၊တာဝန်မရှိသလိုနေသူတွေကို
    သကြားဦးမာဃ ကိုယ်တိုင် ဝရဇိန်လက်နက် နဲ့ပစ်ခွင်းလို့
    တာဝန်သိတတ်သူများအဖြစ်သာပြောင်းပေးပါတော့…

    • Mr. MarGa

      April 10, 2013 at 6:03 pm

      စိတ်သာရှင်စော ဘုရားဟော……..ဆိုတာ ရှိနေတော့
      သူတို့ရဲ့ စိတ်ကလေးတွေကို
      တာဝန်ယူတတ်တဲ့ စိတ်ကလေးတွေ ဝင်သွားအောင်တော့ ပြောင်းပေးလို့ ရလောက်ပါသနော်……….

  • သူကလေး

    April 10, 2013 at 11:13 am

    မာဃလေးကေ ဒါမျိုးလေည်းတွရေးတတ်သကိုး
    တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ပို့စ်လို့တွေးမိပါတယ်။
    တွေ့တွေ့နေပေမယ့် သေသေချာချာကိုမဖတ်မိသေးတာ …
    ဒီနေ့မှပဲသေချာဖတ်မိတော့ လေ့လာသင်ယူစရာလေးတွေကို သတိထားမိတယ်
    ကိုယ်တိုင်လည်း တာဝန်ရှိတဲ့လူတွေ သူတို့အလုပ်မလုပ်တာကိုပဲ အပြစ်တင်ဖို့သိတယ်
    တာဝန်မရှိပေမယ့်လည်း လုပ်ရမယ့်တာဝန်ကိုသိပြီး ဝင်လုပ်ပေးလို်ကတာမျိုးတော့သိပ်မရှိခဲ့ဘူးထင်တာပဲ
    ဒါကြောင့် နောက်များမှာ တာဝန်ရှိတာတွေကိုလည်း သေချာလုပ်ပြီး တာဝန်သိသိနဲ့ အမြင်မတော်တာတွေလည်း ဝင်လုပ်ပေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဗျို့
    ကျေးဇူးပါ မာဃရေ …

    • Mr. MarGa

      April 10, 2013 at 6:09 pm

      ဒီကလေး အမြင်မှန် ရသွားပြီ :kwi:
      ဆိုတော့
      သေးကလူ သူကလေး ရေ
      လုပ်ရမယ့် တာဝန်ကို သိဖို့ ဆိုတာကလဲ လိုအပ်တယ်နော်
      တာဝန်ကို မသိဘဲနဲ့ ဝင်လုပ်မိလို့လဲ ပြေးပေါက် မှားနေဦးမကွယ့် :kwi:

  • ဦးဦးပါလေရာ

    April 10, 2013 at 5:32 pm

    ကျယ်ပြန့်တဲ့အကြောင်းအရာဆိုတော့
    အစကလေးတစ်ခုပဲဆွဲပြီး ဆွေးနွေးပါဦးမယ်..။

    တချို့က သူများပေးတဲ့တာဝန်ကို လုပ်ဆောင်တယ်..။
    အဲဒီထဲက တာဝန်ကျေသူကတော့ သူများပေးတဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်သူပေါ့..။
    တာဝန်ကျေပွန်တဲ့အခါ ဆီလျှော်တဲ့ ချီးမြှင့် မြှောက်စားမှု့မျိုးရတဲ့သူလဲ ရတတ်ပါတယ်။

    အခြားလူတစ်မျိုးလဲ ရှိသေးတယ်။
    သူများက တာဝန်မပေးလဲ ကိုယ့်ကိုယ်ကို တာဝန်ပေးတယ်
    ကိုယ့်ကိုယ်ကို တာဝန်ပေးတာမို့- သူများပေးတဲ့တာဝန်လို ကျေပွန်တယ် မကျေပွန်ဘူးတော့ မရှိပါဘူး။
    လူအမျိုးအစားအလိုက် ဘယ်လောက်တာဝန်ထမ်းဆောင်တယ်ဆိုတာပဲ ရှိပါတယ်။
    ဘယ်သူမှ ချီးမြှောက်ခြင်းမရှိပဲ ၊ အချို့ဆို ဘယ်သူမှတောင်သိပ်မသိပဲ
    တသက်လုံးကိုယ့်တာဝန်ကိုယ်ကျေသွားတဲ့သူတွေတောင်ရှိသေးတယ်။
    အဲသလို လူမျိုး များများရှိတဲ့အဖွဲ့အစည်းဟာ တိုးတက်တာပဲ…။

    • Mr. MarGa

      April 10, 2013 at 6:25 pm

      ဦးပါရေ
      လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒီလိုလူမျိုး နည်းပါးနေသေးတယ်လို့ ထင်မိပါတယ်။
      ကိုယ့်ကိုယ်ကို တာဝန်ပေးတဲ့သူတွေဟာ တာဝန်ကျေပွန်တယ် မကျေပွန်ဘူးဆိုတာကို ဆုံးဖြတ်မယ့်သူမရှိပေမယ့်
      သူတို့ကိုယ်တိုင် ယူထားတဲ့တာဝန်ကို ကျေပွန်တဲ့အထိ လုပ်ဆောင်တတ်ကြတာတော့ သတိထားမိပါတယ်။
      နောက်မျိုးဆက်တွေအတွက် ကျွန်တော်တို့က စလို့ တာဝန်သိဖို့ ကြိုးစားရင်း………………………………..

  • sorrow weaver

    November 14, 2013 at 6:40 pm

    အေး
    မှန်တယ်ဟ
    နာတော့အားပေးတယ်
    အဲ့စိတ်ကလေးရှိတာ
    ဒီအသက်နဲ့ ဒါမျိုးအမြင်ရှိတာ ဘာပဲဖြစ်ဖြစ်ကြိုဆိုသင့်တယ်

Leave a Reply