ချစ်လှစွာသော…………………

1 စံကားပွင့်များကြားမှ
1 စံကားပွင့်များကြားမှ
2လှမ်းလိုက်လေ
2လှမ်းလိုက်လေ

 

ချစ်လှစွာသော

 

 

ကျနော်ငယ်စဉ် ကလေးဘဝကတည်းက တရုပ်စံကားပင်ရဲ့ ဖွဲ့တည်ပုံရော

စကားပွင့်လေးတွေရဲ့အနံ့ရော အပွင်ဖြူဝါဝါလေးတွေပါနှစ်သက်ပါတယ်။

ကျနော်ဆယ်တန်းအောင်ပြီးတော့တက်ခဲ့တဲ့ သင်တန်းကျောင်းတစ်ခုလုံးကလဲ

စကားပင်တွေအပြည့် ။

မွှေးမြနေတဲ့ စကားပန်းရနံ့များက သတိရစရာ။

 

“စကားပွင့်လေး တစ်ပွင့် နှစ်ပွင့်

အိ်ပ်နေအချစ်ကလေးမျက်လုံးပွင့်။

မျက်နက်ဝန်းလေးတစ်စုံနှစ်စုံ

တိတ်တိတ်ကလေးရင်တွေခုန်……………….”

ဘာညာကွိကွ ကဗျာတွေရေးခဲ့ကြတာပေါ့။

အဲဒီတုန်းက မောင်ပန်းမွှေးကဗျာခေတ်ကိုးဗျ။

 

စစ်ကိုင်းတောင်ရဲ့ သင်္ကေတမှာလဲ တရုပ်စံကားပင်က မပါမဖြစ်။

စစ်ကိုင်းတောင်ပေါ်က ဆွမ်းဦးပုညရှင်ရောက်တဲ့တစ်ရက်

စံကားပန်းတွေပွင့်နေတာမြင်တော့ စိတ်က အတိတ်တွေဆီပြန်ရောက်သွား။

အဲတော့ငယ်စဉ်ကတည်းက  ချစ်လှစွာသောစကားပွင့်လေးများကို

အခုကြီးလာတော့လဲ ဒီတရုပ်စကားကိုနှစ်သက်ဆဲပါဘဲ။

 

 

ကိုပေါက်လမ်းသလားနေသည်

4-4-2014

 

3 ဝေဝေစီစီ
3 ဝေဝေစီစီ

 

4 လာပါကွယ်
4 လာပါကွယ်

 

5 အပြိုင်အဆိုင် အမြိုင်
5 အပြိုင်အဆိုင် အမြိုင်

 

6အလှပြ
6အလှပြ

 

7 မိုးကိုမျှော်သူ
7 မိုးကိုမျှော်သူ
8လှမ်းလင့်
8လှမ်းလင့်
9 မွမွလေး
9 မွမွလေး

 

 

15 comments

  • အဟမ်းး
    ဒါတွေကို မြင်တော့ ..
    အတိတ်ကို ပြန်တွေးမိ ..
    ဟိုဒင်းလေးကိုလည်း ပြန်လည် လွမ်းဆွတ်မိပေါ့ … :mrgreen:
    အားပေးတွားဘာဒယ်ဂျားး

  • MaMa

    April 6, 2013 at 10:52 am

    အပြိုင်အဆိုင်ကို ကြိုက်တယ်။
    ပန်းလေးတွေ ပွင့်နေလိုက်တာ အပြိုင်အဆိုင်ပဲ ဝေနေတာမို့။ :hee:

  • ဗုံ ဗုံ

    April 6, 2013 at 10:53 am

    “စကားပွင့်လေး တစ်ပွင့် နှစ်ပွင့်
    အိ်ပ်နေအချစ်ကလေးမျက်လုံးပွင့်။
    မျက်နက်ဝန်းလေးတစ်စုံနှစ်စုံ
    တိတ်တိတ်ကလေးရင်တွေခုန်……………
    တောက်စ် ဟိုလူဂျီး ဒွေများ ဖေပေါက် ခြေဖျားမမီဘူးကွာ ညံ့လိုက်ကြတာ … :mrgreen: :mrgreen:

  • ဗုံ ဗုံ

    April 6, 2013 at 10:54 am

    “စကားပွင့်လေး တစ်ပွင့် နှစ်ပွင့်
    အိ်ပ်နေအချစ်ကလေးမျက်လုံးပွင့်။
    မျက်နက်ဝန်းလေးတစ်စုံနှစ်စုံ
    တိတ်တိတ်ကလေးရင်တွေခုန်……………
    တောက်စ် ဟိုလူဂျီး ဒွေများ ဖေပေါက် ခြေဖျားမမီဘူးကွာ ညံ့လိုက်ကြတာ … :mrgreen: :mrgreen:

    • ကီလိုဇူးလူးဝီစကီ

      April 6, 2013 at 12:56 pm

      အဲဂလာပဲ။
      ဒီလူဂျီး ဒွေ ညံ့ချက်ကတော့။ :mrgreen:
      ဟီး။
      လေးပေါက် တရုတ်စကားပွင့်တွေကြည့်ပြီး မွှေးရနံ့ရလာသလိုလို…..
      အသုပ်စားချင်သလိုလိုဖြစ်လာပြီရယ်။
      :mrgreen:

  • “ကီဝီကီ” လေးရယ်
    ငါ့ရဲ့မြုပ်ကွက်ကို ဖော်နိုင်တာ ညည်းဘဲရှိတယ်။
    အတည်ပြောရရင်တော့ စကားပွင့်သုပ် စားချင်နေတယ်အေ့။

    • မောင် ပေ

      April 7, 2013 at 1:30 pm

      အဲဒီ စကားပွင့်ကို ပြုတ်ပြီး
      မြေပဲလှော်ထောင်း ပဲမှုန် ့ဆား ပုစွန်ခြောက်ထောင်း ၊ ပဲဆီ လေးနဲ ့ရောသမမွှေပြီး
      ထန်းရည်ကနေချက်ထားတဲ့ ထွေးညို ဖိုချရေလေး နဲ ့
      ဆွဲလိုက်ရလို ့ကတော့
      ရှလွတ်….

  • အရိပ်စစ်

    April 6, 2013 at 6:29 pm

    စံပယ်ဖြူလေးတွေ လိုပဲ စကားပွင့်လေးတွေကလည်း
    ရင်ကိုအေးစေတာပဲနော်

  • TNA

    April 6, 2013 at 6:47 pm

    အဲပန်းလေးတွေ သုတ်စားချင်တယ်လေးပေါက်ရေ။ လှနေတော့လဲမစားရက်ပြန်ဘူး။

  • Mr. MarGa

    April 6, 2013 at 8:04 pm

    အဲ့ ပန်းတွေပေါ့
    ဟိုတစ်ခါ ငါန်းဇွန်ဘက်သွားတုန်းက တွေ့တာ
    လုံးဝ ကောက်ချင်စရာ ခူးချင်စရာဗျာ………………………..

  • Mလုလင်

    April 6, 2013 at 10:52 pm

    အဲ့ ပန်းကို . . . တစ်ခါ မှ မစားဘူး သေးဘူး . . မန်းလေး ရောက်ရင် သုပ် ကျွေးပါ . . . ပြောမယ့်သာပြောရ . . မန်းလေး နဲ့ တော့ ဝေးဝေးကပဲ လွမ်းနေပါဦးမယ် . . .။

  • နေဝန်းနီ

    April 7, 2013 at 9:30 pm

    ကျနော့် အိမ်က စကားပွင့်က အနီဗျ….။ ခုထိပွင့်မတုန်းသေးဘူး တစ်နှစ်လုံးပွင့်နေတာ အခြောက်တွေကောက်ထားတယ် ရောင်းစားမလို့ ……..။ :hee:

Leave a Reply