1500 -ဝေဒနာ

naywoon niApril 4, 20131min13111

လမ်းမပေါ်မှာ
ဆင်မြင်ပါလျှက်
အဖမ်းခက်၏
ချွန်းဘိုး မတတ်နိုင်သောကြောင့်….။

နေဝန်းနီ

11 comments

  • မောင် ပေ

    April 4, 2013 at 7:43 pm

    လမ်းမပေါ်မှာ
    ဂွင်မြင်ပါလျှက်
    လှမ်းရခက်၏
    ကပ်စရာ အမှီမရှိသောကြောင့်
    အနီးနားမှာ
    အပျိုရှိပါလျှက်
    ကမ်းရခက်၏
    ရင့်ရော် ခန္ဓာ ၊ နုငယ် နုလုံးသား
    သူလေး သိပါစေ ။
    ပုံ
    မောင်ပေ
    ဟီဟိ

    • နေဝန်းနီ

      April 4, 2013 at 8:21 pm

      ကပေရယ် သကျန်မှာ ရိပ်သာဝင်မယ်လည်းဆိုသေး အပျိုမြင်တော့လည်း ကမ်းချင်သေး ဒီခန္ဓာပျောက်ရင်တောင် နင့် တဏှာက ကျန်ခဲ့ဦးမှာ သေချာတယ်….။
      ဒါလေး မနေ့ကတည်းက တင်ဖို့ရာ လိုင်းက ကျနေလို့ခုမှကောက်တင်လိုက်တာ ……။
      ဆင်းကဒ်က 1500
      ဟမ်းဆက်က 150000 ဆိုတော့ ဆင့်တန်ဘိုးထက် ချွန်းတန်ဘိုးက ကြီးနေသလားလို့ပါ…။

      • ဂလိုကိုးး ဟီဟိ ..
        အစက သိဘူးး
        ဟိုနှာဘူးဂျီး ပြောသလိုပဲ ထင်နေတာ
        ဥနေတို့ အသက်ကြီးမှ ဝက်သက် ပေါက်တွားဘီလားလို့ .. ဟီးး :mrgreen:
        လဂါး နောက်ဒါနော် .. စိတ်ဆိုးရဘူးးး

  • ခင်ခ

    April 4, 2013 at 11:20 pm

    ချွန်းဖိုးပါဈေးအကျစောင့်ရမလိုတောင်ဖြစ်နေပြီးပေါ့နော်။

  • Mလုလင်

    April 5, 2013 at 6:54 pm

    ၂၀၀၀ဝ အောက် ချွန်းလေးတွေ ရှိတယ် နဲ့ တူရဲ့ . . . .

  • မောင် ပေ

    April 5, 2013 at 7:39 pm

    ကြိုက်ရာ ဟင်းဆက် / ဟန်းဆက် / ဆင်းကဒ်ထည့်ပြီး ဖုန်းပြောရသော ကိရိယာလေး / ကြိုးမဲ့ဘော်လီ အဲလေမှားလို ့ကြိုးမဲ့ ဖုန်းပြောနိုင်သောအရာ
    အဲဒါ တစ်ခု ၁၄၅၀ဝိကျပ် တဲ့ဗျ
    တစ်ကယ်တမ်း ဆင်းကဒ် စရောင်းမယ့်နေ ့ကြရင်
    အပြိုင်အဆိုင် ဈေးထပ်ချရောင်းလောက်တယ်
    နောက်ပြီး
    အခု ဖုန်းဟန်းဆက်သမားတွေက ဟန်းဆက်ရော ဆင်းကဒ်ရော ငွေဖြည့်ကဒ်ပါ အပြီးအစီး ၊ အခုဝယ် အခုပြော ၂၅၀၀ဝ ကျပ် နဲ ့၊ ရွာတကာ လှည့်ရောင်းဖို ့ပြင်နေကြပြီ ဆိုပဲ

    • Mလုလင်

      April 5, 2013 at 7:51 pm

      bluetooth mobile ဆိုလားပဲ . . သေးသေးလေးဗျ . . လက်ထဲတော့ ရောက်နေပြီ .. . ဘာသာစကား မပြောင်းတတ် သေးလို့ . . စမ်းကြည့်တာတော့ မိုက်တယ် . .

  • ဝင့်ပြုံးမြင့်

    April 5, 2013 at 11:11 pm

    လူတွေ ဆန္ဒပြတာ တစ်လွဲဖြစ်နေကြသလား မသိဘူးနော်။ ဆင်းကဒ်ကို ဈေးချခိုင်းတယ်။ တကယ်က ဖုန်းခေါ်ဆိုခနှုန်းကို ဈေးချဖို့ ဆန္ဒပြရမှာ မဟုတ်ဘူးလား။

  • နေဝန်းနီ

    April 7, 2013 at 8:21 pm

    တစ်ဘက်နိုင်ငံက ပလပ်စတစ်များများသုံးပြီး လုပ်ထားတဲ့ စကားပြောရုံလောက်ပဲသုံးလို့ရပြီး ဘယ်နိုင်ငံမှာမှ ရောင်းမစွံ လေသော တန်ဘိုးနည်း ဟန်းဆက်များ မြန်မာပြည်သို့ အမှိုက်ပုံသလို လာပုံပါတော့မည်….။ ဟိုတစ်လောက လျော်လိုက်ရတဲ့သန်းငါးထောင် ကိုတစ်ဘက်လှည့်နဲ့ လှည့်ယူသွားနိုင်ပါလိမ့်မယ် သတိရှိကြကုန်လော့ …………။

  • Alinsett @ Maung Thura

    May 7, 2015 at 3:18 pm

    မပိုင်ရင် ဆင်တောင် ခလုတ်မတိုက်နဲ့ ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ…ကိုးးးဗျ…

Leave a Reply