မိုက်ကယ်ဂျော်နီအောင်ပု့(စ်) သင်ဗုံးဂျီးဖတ်စာ

ကဂျီရေက ကဂျီးရေးချာကာ ကဂျီရေအလုံးအကြီးကြီးတင်ကိ ကဂျီးရေအလုံးအကြီးကြီးအဆံခတ်ကီ
က ကာ ကိ ကီ
ဤကား မိုက်ကယ်ဂျော်နီအောင်ပု့(စ်) သင်ဗုံးဂျီးဖတ်စာနိဒါန်းတည်း။
ဒရန်တန်တန်တန်။
…………………………
ဥတုရာသီကာလသည် ပူပြင်းလှပေ၏။ နေပူနေသည့်အတွက် ကြိုးတန်းပြီးလျှင် စောင်များ ခေါင်းအုံးများကို
နေလှမ်းကြလေကုန်
စောင်တို့တွင် ညစ်ထွန်းနေသော သေးကွက်များနှင့် ခေါင်းအုံးတို့တွင်ဖြစ်တည်နေကုန်သော
အာပုတ်ရည်ကွက်တို့သည် ခြောက်သွေ့သွားနိုင်သလို နေရောင်ခြည်သည် ရောဂါပိုးတို့ကို
သေစေနိုင်သည်မဟုတ်လော
ထိုအကြောင်းကို ဘုမသိဘမသိတတ်ယောင်ကားကယောက်ကတမ်းပြောနေသည်ဟုမထင်ကြပါနှင့်
ကျွန်ုပ်ငယ်စဉ်ကသင်ကြားတတ်မြောက်ခဲ့သောမူလတန်းဖတ်စာတွင် အခိုင်အမာပါရှိသည်ကို
အခြေခံ၍ပြောနေခြင်းဖြစ်ပါသည်။
…………………………………………………………………………………………………………………….

နေပူခြင်းကိုအကြောင်းပြု၍ ဥတုရာသီ ပူအိုက်ခြင်းဖြစ်ကာ အအေးစာများ ရောင်းကောင်းကြသည့်အတွက်
အအေးစာများနှင့် ပတ်သက်ရာပတ်သက်ကြောင်း ရှိသူတို့သည် အကျိုးဖြစ်ထွန်းကြကာ စီးပွားတက်ကြပါ၍
စိတ်၏ချမ်းသာခြင်း ကိုမှီ၍ ကိုယ်၏ချမ်းသာခြင်းတို့သည်လည်းဖြစ်ကြလေကုန်တော့သည်။
( ဤတွင် ပစ္စည်းဥစ္စာ၌ကျေနပ်ကာ စိတ်၏ ချမ်းသာခြင်း ကိုမှီ၍ ကိုယ်၏ ဆင်းရဲခြင်းကို မေ့လျှော့နေသည်ဟု
နားလည်ဂျဇေဂုဏ် )
အကယ်၍ ထိုထက်ပို၍သော ဒဿနအတွေးခေါ်တို့ကို သိရှိတတ်မြောက်လိုဂျသောဝ် ကျွန်ုပ်၏ရှေ့မှောက်တွင်
ဘီအီးဒဘိုင်းဂို အာစရိယကြေးအဖြစ် အမှူးထား၍ ပူဇော်ချဉ်းကပ်ဂျဘါမူ
အိပ်သွန်ဖါမှောက် ဖဲရှုံးဖိနပ်ပျောက်ဒဗျားမှမကျန်ဖဲဝိုင်းဘေးခွေအိပ်ဆိုသည့်သဘောကိုစောင်ကာ သင်ကြားပေးပါမည်။
ဆိုလိုသည်မှာ ဆရာစားမချန်ဘဲ သင်ကြားပေးမည်ဟု ဆိုလိုခြင်းပင်။
အကယ်၍ ပူအိုက်သောနေ့တစ်နေ့တွင်းဝယ်  သင်သည် ရေခဲချောင်းရောင်းနေသူတစ်ယောက်၏ဘေးတွင်
ငုတ်တုတ်ထိုင်၍ ဘုရားကိုးဆူ ဆရာ၏ ဘုရားရှိခိုးသောလေသံဖြင့်
ပူအိုက်သောဥတုသည် ကွယ်၍ နှင်းများကျကာ ချမ်းမြကြစေသောဝ် ဟု ရွတ်ဆိုခဲ့မိပါမူ
ဂလိုင် ( ကလင် ကလင် ကလင် ) ဖြင့် အထုမခံရသည့်တိုင် အထုခံရလုနီးနီးဖြစ်နိုင်ပါသည်။
အကြောင်းမှာ ရေခဲချောင်းရောင်းသူသည် ရောင်းကုန်ငွေကြေးကိုအကြောင်းပြုကာ ဥတုရာသီပူပြင်းခြင်းကို
လိုလားသူဖြစ်နေခြင်းကြောင့်သာ။
အဆင့်မြင့်မြင့်ပြောရသောဝ် သစ်တောများကို ထိမ်းသိမ်းကြကုန်၏ သစ်တောတို့သည် ဥတုမျှခြင်းကိုဖြစ်စေ၏ဟုဆို၏
သဘာဝပတ်ဝန်းကျင်ကိုထိမ်းသိမ်းရန်အလို့ငှာဖြစ်လေသည်ဆိုသော်ငြား ငွေကြေးရရှိမှု့အတွက်
သစ်ပင်နှင့်သဘာဝတရားကို မတွက်ကြတော့ပေ
ထို့ကြောင့် သစ်ပင်ခုတ်သူနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းသူသည် ပလာပလန်ဖြစ်ကြရပေတော့သည်။
သစ်ပင်ခုတ်သူသည် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်သူတွက် မိတ်ဆွေမမည်ပေ။
အခြားအကြောင်းတစ်ခုကို ချိန်ထိုးပြပါမည်။
ကျွန်ုပ်သာ အက်စကီမိုးလူမျိုးတစ်ယောက်ဖြစ်ခဲ့လေလျှင် သစ်ပင်ခုတ်သူများကို ကျေးဇူးအထူးတင်ရှိရပေတော့မည်။
အကြောင်းမှာ
လူများသစ်ပင်မခုတ်ကြ၍ ဥတုရာသီမျှတသည်ဟုဆိုကာ ကျွန်ုပ်တို့အက်စကီမိုးတို့ဒေသတွင်အေးခဲလွန်းကာ
ချီးပါသည့်အခါ အလွန်စိတ်လေရလေသည်။
အလွန်အေးခဲသော ရေခဲတောင်သစ်တောထဲတွင် ဖင်လှန်ပြီးချီးပါရသည့်ဒုက္ခကို ကျွန်ုပ်တို့ အက်စကီမိုးများပင်
သိရှိကြသည့်အတွက်
သစ်ပင်ခုတ်သော မိတ်ဆွေများ ကျေးဇူးပါ ဘုရားသခင်က ခင်ဗျားတို့ကိ်ု ကောင်းခြင်းပေးပါစေ။
အခြားဆင့်မြင့်အတွေးခေါ်များဖြင့် ထပ်မံ၍ ချိန်ထိုးပြပါဦးမည်
အဝေးပြေးမော်တော်ကားလမ်းရှိတံတားတစ်ခု ကျိုးခဲ့သော် ကားတန်းများရပ်သွားနိုင်သည် ထိုအတွက် ထိုအနီးရှိ
ထမင်းဟင်းမုန့်ပဲသွားရည်စာ ကွမ်းလဖက်သည်များ ဈေးရောင်းကောင်းနိုင်သည့်အတွက်
တံတားကြီးကို မချိုးဖဲ့လိုသော်ငြား ကျုိုးပါစေမဆုတောင်းသော်ငြား ကျိုးလျှင်ဝမ်းမနည်းပါ။
ကျိုးမှဈေးရောင်းကောင်းမည်။
( သောက်ရေးထဲ ထမင်းထုပ်လာဝေတဲ့စေတနာရှင်တွေကရောက်လာတော့ ဟိုဖက်ပတ်ပြေးရသေးတယ် )
ဒီဖက်ရွာ နှင့် ဟိုဖက်ရွာ နှစ်ရွာကြားတွင် လယ်ကွင်းပြင်ကြီးရှိသည် မိုးအားကြီးသည့်လများတွင်
ထိုလယ်ကွင်းပြင်ကြီးရေမြုပ်သောအခါ
ဒီမှာဖက်ကမ်းမှ ဟိုမှာဖက်ကမ်းကိုကူးရန် ကူတို့လှေတို့ စီးပွားရကြသည်။ ရေကြီး၍ သူတို့စပါးစိုက်မရတာ
ကိုယ့်အလုပ်မဟုတ် ကိုယ်နဲ့ထိုက်လို့ရေကြီးတာ ရေကြီးလျှင်ပိုက်ဆံရမည်။ ရေကြီးအောင်မလုပ်
ရေကြီးပါစေမဆုတောင်း ရေကြီးလျှင်ပိုက်ဆံရသည်။
အာရောဂျပရမာလာဘ ကျမ္မာခြင်းသည်လာတ်တစ်ပါးဖြစ်ပေသည်။
ဒေါက်တာမိုက်ကယ်ဂျော်နီအောင်ပု ၏ ဆေးခန်းတွင်လူနာများပြည့်နှက်နေသည်။
လူနာတွေများတော့ ဆေးကုရသည် ဆေးကုတော့ပိုက်ဆံရသည်။
လူသားများကျမ္မာပါစေ ဆုမတောင်း လူသားများဖျားနာပါစေဆုမတောင်း လူသားများဖျားနာလျှင်ဝမ်းမသာ
လူတွေဖျားတော့ပိုက်ဆံရသည်။
( ဆရာဝန်ဆိုတာက လူနာကိုဆေးကုခြင်လို့ဆရာဝန်လုပ်တာ လူတွေကျမ္မာပါစေဆုတောင်းလျှင် အစဉ်မပြေနိုင်
လူနာမစိရင် ဆရာဝန်ဆိုက်ကားနင်းရမယ့်ကိန်း)
ကမ္ဘာလောကကြီးငြိမ်းချမ်းပါစေ
မိုက်ကယ်ဂျော်နီအောင်ပု လက်နက်ကရိယာတန်ဆာပလာတွေ ထုတ်လုပ်ရောင်းချသည်
လူသားတွေငြိမ်းချမ်းနေကြလျှင် စစ်ပွဲတွေမဖြစ်နိုင် စစ်ပွဲတွေမဖြစ်ရင် ကိုယ်ငတ်မယ်
စစ်တိုက်ကြပါမပြော စစ်ဖြစ်ရင်ဝမ်းမသာ တိုက်ကြတော့လည်း ရောင်းရတာပေါ့။
နားလည်တတ်ကြရန်မှာ သတ္တဝါတို့၏ ( ကိလေသာ ) လိုအင်ဆန္ဒဟူသမျှတို့သည် တစ်ဦးဆန္ဒပြည့်ဝစေရန်
တစ်ဦးအကျိုးပျက်ပေးရသည့် သဘောရှိလေခြင်ပင်လျှင်။
ဤက အကြောင်းအရာတိုင်းဟု မဆိုသော်ငြား အများအားဖြင့်အုပ်စုဖွဲ့ရှိတတ်လေသည်။
ဥပမာပေးရသောဝ်
ကျွန်ုပ်သည် ထမီသူခိုးတစ်ယောက်ဖြစ်ခဲ့ပါမူ အပေါင်ဆိုင်သည် ကျွန်ုပ်၏ မိတ်ဆွေဖြစ်သကဲ့သို့ အရက်ဆိုင်သည်
ကျွန်ုပ်တွက် နိဗ္ဗာန်ဥယျဉ်ကြီးဖြစ်ပေလိမ့်သော်ငြား
ဘုရားဒါယကာကြီးတစ်ဦးအတွက်မူ ကျွန်ုပ်နှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပေလိမ့်မည်ဖြစ်ပါ၏။
စားသောက်ဆိုင်တန်းကြီးတစ်ခု၏ ဘေးဖက်၌ဖြစ်စေ ၎င်းနှင့် မနီးမဝေးတွင်ဖြစ်စေ
စတုဒီသာမဏ္ဍပ်ကြီးတစ်ခုကိုဖွင့်ခဲ့ပါသောဝ်ဆန့်ကျင်ဖက်ဖြစ်တတ်သည်
လောကတွင်းနေထိုင်အသက်ရှင်စဉ်ဝယ် သဘာဝကို အလိုက်ထိုက်နေတတ်ပေးရန်မှာ အလွန်အရေးကြီးလှပေသည်
လောက သဘာဝ ( ကံ )  ထဲတွင် အသက်သတ်သူများသည်ရှိကြလေကုန်၏ သားသတ်သူတို့သည်
သတ်ခြင်းအမှု့ကိုပြုကြလေကုန်၏
အကြောင်းမှာ သေရန်အကြောင်းရှိသော အသတ်ခံသတ္တဝါတို့သည် သတ်မည့်သူများနှင့် အကြောင်းဆက်စပ်နေခြင်းပင်။
၎င်းတို့ခြည်းဟု မဆိုသာပါ
အဘယ့်ကြောင့်ဆိုသော် သတ်သူနှင့်သေသူတို့သည် စားသူတို့ကိုအကြောင်းပြုပါသေးသည်။
မြင်သာစေခြင်သည်မှာ
သူ့ဖါသာ သတ်တဲ့သူက သတ်တယ် သေတဲ့သူကသေတယ် စားတဲ့သူကစားတယ် ဆိုခြင်တာက
ကိုယ့်အလုအ်ကိုယ်လုပ်ကြသည့်သဘောဖြစ်ပါ၏။
ဤကို အချို့က ပြဿနာလုပ်ကြလေသည်။ ( ထိုကိုလည်းသူ့အလုပ်သူလုပ်တယ်ဘဲဆိုနိုင်လေမည်လော? )
လောကသဘာဝသည် တစ်ပြေးညီတစ်သဘောအကြောင်းရာတစ်ခုတည်းဖြစ်မည်ဟု မဆိုနိုင်ပေ
ကျွန်ုပ်ကဲ့သို့ ခပ်ဖြောင့်ဖြောင့်ခပ်တောင့်တောင့်ခပ်ချောချော ပုဂ္ဂိုလ်များရှိကြသလို မဖြောင့်မတောင့်မချောသော
ပုဂ္ဂိုလ်များလည်းရှိတတ်ပေလိမ့်မည် မမဝဝ များရှိသလို မမပိန်ပိန်များလည်းရှိကြပေသည်
ညီညာသောလွင်တည်းပြင်ကြီးများဖြင့်သာ ကမ္ဘာကြီးမဖြစ်နိုင်သလို သစ်တောကြီးများ ချိုင့်ဝှမ်းကြီးများ
တောင်ထွဋ်ကြီးများ သမုဒ္ဒရာကြီး သည်လည်း ၎င်းတို့ချဉ်းဖြစ်တည်၍မရနိုင်ပေ
ဟနိုင်တဲဟနိုင်တဲ သူ့နေရာနှင့်သူ ဖြစ်တည်နေကြသည့်တိုင် ပထဝီ အာဘော ဝါယော တေဇော ဓာတ်လေးပါး၏
သဘောကိုလည်းထည့်တွက်ရပါလိမ့်မည်
အကြောင်းမှာ ထိုအခြင်းအရာတို့အားလုံးသည် ဟေတု ဖြစ်နေကြခြင်းကြောင့်ပင်လျှင်တည်း။
စာရှု့သူတို့မည်သို့နေသည်မသိ ရေးနေသည့်ကျွန်ုပ်ပင်လျှင် ကိုယ့်ဖါသာရေးရင် အူကြောင်ကြောင်ဖြစ်နေရလေပြီ။
အကယ်စင်စစ် ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ၏ အင်တာနေရှင်နယ်
အပျီပျီ ဆိုင်ရာ ဆာယေးစယာ အကျော်အမော် ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် အများသူငှာ သိကြသည့်အတိုင်း
ကြပ်မပြည့်ခြင်းဆိုသည်မှာ အမှန်မဟုတ်ဘဲ အကြွေးများ၍ ရူးခြင်ဟန်ဆောင်နေခြင်းသာဖြစ်သည်ကို
ကြပ်ပြည့်သူများသာ သိနိုင်ပြီး မသိနိုင်သူများသည် ကြပ်မပြေ့သူများသာလျှင်တည်း။
ဆက်ပါဦးမည်
အထက်ပါအကြောင်းတို့၏ ဆိုလိုရင်းမှာ လူသားများအနေနှင့် လူ့သက်တမ်းအတွင်းနေထိုင်စဉ်ဝယ် သဘာဝတရားများကို
နားလည်တတ်ကြရန်မှာ အလွန်အရေးကြီးလှပေသည်။
ကိုယ်က ဇရာလေးထောက်လာတော့ စိတ်သွားရာကိုယ်မပါတာကို ကိုယ့်ကိုယ်ကိုယ်မသိဘဲ
 ကလေးတွေ သင်္ကြန်မှာ ကမြင်းကြောထ ကြတာကို ဘာညာကွိကွပြောနေကြသည်ကိုကြားဘူးကြပေလိမ့်မည်။
မိမိအလိုမကျတိုင်း ဆန့်ကျင်ခြင်းသည် သဘာဝကိုဆန့်ကျင်ခြင်းနှင့်တူပေသည်။
လိင်တူချသူများကို ဆန့်ကျင်သူများသည် သဘာဝကိုဆန့်ကျင်သူများဖြစ်လေ၏။
အခြားဘာသာတရားတို့ကို ကျွန်ုပ်လွန်စွာမသိ ဗုဒ္ဓမြတ်စွာ၏ တရားတော်တို့ကို ကျွန်ုပ်နားလည်သလောက်ပြောရသောဝ်
အကြောင်းအရာတစ်ခုတွင် မှား၏မှန်၏ကို မိမိကိုယ်တိုင်သိရန်လိုအပ်လှပြီး မိမိ ဧကန်မုချပြုရမည်မှာ အမှန်ကိုဖြစ်၏။
မိမိအမှန်လုပ်ခြင်းသည် မှားသူတို့ကို အားစိုက်၍ ( အတ္တဖြင့် ) အပြစ်ပြောရန်မဟုတ်ပေ။
လူသားတိုင်းအမှန်မလုပ်နိုင်သကဲ့သို့ လူသားတိုင်းအမှားမလုပ်နိုင် ဤ ကား သဘာဝတည်း။
ကျွန်ုပ်၏ အာဘော်ကို အကျဉ်းချုပ်ရသောဝ် လောကထဲဝယ် သဘာဝတရားအရ ကွဲလွဲမှု့များရှိကြပေရာ
သဘောမတူသည်တို့ကို စေ့စပ်ညှိနှိုင်းခြင်း မှသည် သူတစ်ပါးတို့အား ဩဇာလွှမ်းမိုးလိုသည့်စိတ်အားကြီးခြင်းများကို
ရှောင်ရှားဂျဇေဂုံသဒီး။
အောက်ပါအကြောင်းအရာမှာ ဤ မိုက်ကယ်ဂျော်နီအောင်ပု့(စ်) သင်ဗုံးဂျီးဖတ်စာ ကိုဖတ်ရှု့သူများအတွက်
မေတ္တာလက်ဆောင်ဗဟုသုတဖြစ်ပေတော့သည်။
အတန်းရှင်း။ ။ မေတ္တာလက်ဆောင်ဆိုသောဝ်ငြား ဖေ့စဘွတ်ထဲတွင် ရှယ်ခွင့်လုံးဝခွင့်မပြု။
ချီးများများပါခြင်းအကြောင်းမှာ မိမိတို့စားသည့်အစားအစာများတွင် အဟာရကိုဖြစ်ထွန်းစေသော အော်ဂဲနစ်များပါဝင်မှု့
နည်းပါးခြင်းသဘောဟုဆိုသောဝ်ငြား စားသောက်ဖွယ်ရာတို့ကို မှီဝဲစဉ်တွင် အနှီးစားဖွယ်တို့ကိုကြေညက်စွာ ဝါးပြီးမှ
ဆွဲလိုး မျိုချခြင်းသည် အလွန်အရေးကြီးလှသည်ဟုဆိုခြင်ပါသည်။
မြွေသတ္တဝါတို့သည် အစာကို အကောင်လိုက်မျိုချကြကုန်၏။ အချို့အချို့သော သတ္တဝါတို့သည်လည်း
အစာကို မဝါးဘဲ မျိုချကြလေ၏။
အသက်ရှင်ရပ်တည်မှု့ခြင်းသည်တူ၏ဟု အကြမ်းဖျင်းဆိုနိုင်သော်ငြား အသက်ရှည်ခြင်းနှင့် အထူးသဖြင့်
ဉဏ်ပညာထက်မြက်ခြင်း တွင် အစာကိုကြေညက်စွာ
ဝါးပြီးမှ မျိုသော လူသားအချို့သည် ပို၍ ထင်ရှားခြင်းသဘောပင်။
ဤ တွင်ပင် ခေတ်မှီတိုးတက်သော ကာလကြီးဝယ် လူတို့သည် မစင်ကို သန့်စင်၍ စားသောက်ကုန်များ
ပြန်လည် ထုပ်လုပ်နိုင်မည့်နည်လမ်းများကို
ရှာဖွေတွေ့ရှိထားကြလေပြီဟု ဆိုကုန်သည်တွင် သတိချပ်ဖွယ်တစ်ရပ်အား ပြောဆိုလိုသည်မှာ
အထက်တွင်ဆိုခဲ့ပြီးသကဲ့သို့ အစာကို သေခြာမဝါးဘဲ
ပါသည့် မစင်များတွင်သာ အသားဓာတ်ပိုမိုရရှိနိုင်မည်ဖြစ်ပြီး ကျွန်ုပ်ကဲ့သို့ အစာကို သေခြာစွာဝါးမျိုစားသောက်သူ၏
မစင်များတွင်မူ ထုတ်လုပ်မှု့စရိတ်များအကြီးအကျယ်အရှုံးပေါ်လိမ့်မည်ဟု စေတနာ ဗလပွဖြင့်
 ကြိုတင်ဆော်ဩေလိုက်ရပေတော့သည်။
အကယ်၍ သင်တို့သည် ဥဒါန်းရင့်ကျူးခြင်းကို ဝါသနာထုံကြသောဝ် အောက်ပါအကြောင်းကို အာဂုံဆောင်၍
တစ်နေ့ အခါကိုးဆယ်ရင့်ကျူးကြလေကုန်။
( လောက၌ ကြပ်မပြည့်သည့်လူ၏ ကျီစယ်နောက်ပြောင်ခြင်းကို  မာနခေါင်းခိုက်နေတဲ့ လူ့ပညာရှိ ငမိုက်သားတို့သည်
မာနကြောင့် စိတ်ပင်ပမ်းခြင်းဖြစ်ကြလေကုန်သတည်း )
အထက်ပါအကြောင်းအရာတို့ကို ရေးသော ဆာယေးစယာ မိုက်ကယ်ဂျော်နီအောင်ပု သည်
အောက်စဖုတ်တက္ကသိုလ်ကို လေးနှစ်ဆက်တိုက် ထုံးသုတ်ဘူးသူဖြစ်ပါသည်။

 

17 comments

  • တညင်သား

    April 5, 2013 at 12:18 am

    နှစ်လုံး သုံးလုံးတွေ တော်တော်ခတ်စား တုန်း ဘုန်းကြီးတစ်ပါးစီက ဂဏန်း(ချဲ)သွားယူတဲ့အကြောင်းလေးဗျ.. လူတွေက အများကြီးပေါ့ ဘုန်းကြီးကလဲ နားအေးရင်ပြီးရောထင်ပါတယ် ပြောချင်ရာပြော လူတွေက လိုက်မှတ် တနေ့တာ ဘုန်းကြီး လုပ်သမျှထဲ က ထူခြားတာလေးတွေကို အတိတ်ကောက်ထိုးပေါ့ (ဥပမာဗျာ အီးနှစ်တုံးပါရင် = ၂ အဲလို) အသိတစ်ယောက်ကပြောပြတာပါ တော်တော်ရီရတယ်ဗျ…ကျွန်တော်ပြန်မပြောပြတက်လို့ ဒါနဲ့ မေးကြည့်တယ် ပေါက်ရောပေါက်ကြရဲ့လားဗျာဆိုတော့ တော်တော်များများ ပေါက်ကြတယ်လို့ ပြောတယ် ….ထားပါတော့ပြေချင်တာက
    အခု အပျီပျီစိုင်ယာ ဆာယေးစယာ ဦးဘပု ရေးသမျှကို ဖတ်ရှု့မှတ်သားထားပါတယ်ခင်ဗျ…သိရှိပါတယ်ဗျ

    အမှန်တော့ ကြပ်မပြည့် စရင်းထဲ ပါမှာစိုးလို့ ………:harr:

  • ရာမည

    April 5, 2013 at 12:32 am

    သောက်ကျိုးနဲမိတဲ့သရော်စာ……
    သူတည်းတစ်ယောက်
    ကောင်းဖို ့ရောက်မူ
    သူတစ်ယောက်မှာ
    ပျက်လင့်ကာသာ
    ဓမ္မတာတည်း ဆိုလား —–
    အဲ …အခုဘဲ အလုံဆိုလား မီးလောင်နေသတဲ့
    ကိုမိုက်ပုပြောသလိုဆိုရင် မီးသတ်တွေအလုပ်ရပြီး
    အိမ်တွေမီးလောင်ကုန်တာပေါ့ဗျာ
    မီးသတ်များ အခွင့်သင့်ရင် ပိုက်ပိုက်ရ
    အိမ်ပိုင်များ မီးလောင်ခံရ
    အော်….သဘာဝ သဘာဝ
    သ ဘာ ဝ

  • kai

    April 5, 2013 at 1:04 am

    လူခန္တာကြီး.. စစ်စတမ်တခုလို့ဆိုပါစို့..
    စွမ်းအင်တည်မြဲမှုနိယာမအရ.. အဝင်အထွက်မျှတနေပါတယ်.. မျှတရပါတယ်.။

    အဲဒါ.. အဝင်အထွက်မမျှတပဲ .. မျှတအောင်မကျင့်ပဲ..
    လိုချင်တာတွေ အလိုလိုရချင်တဲ့.. လူတွေကိုအံ့ဩမိတယ်..။

    မှတ်ချက်။ ။ အသက်ရှုထိမ်းချုပ်..အစား(ပုံမှန်)မစား.. ပုံမှန်အီအီးမပါပဲနေသူများကိုဆိုလိုသည်..။ :kwi:

  • MaMa

    April 5, 2013 at 7:08 am

    ဆရာ ဒေါက်တာမိုက်ကယ်ရဲ့ တပည့်တောင် မလုပ်ရသေးဘူး။
    ဆရာဒေါက်တာမိုက်ကယ်ရဲ့ စာတစ်ပုဒ်ဖတ်လိုက်တာနဲ့တင် လောကသဘာဝနိယာမအကြောင်းကို အတော်လေး တီးမိခေါက်မိ ရှိသွားပြီ။
    ကားလမ်းတွေ ပိတ်လို့ ဆီကုန်လို့ ငြီးငြူနေမိတာ….
    တဖက်က ကြည့်လိုက်ရင် စက်သုံးဆီဆိုင်တွေ ရောင်းကောင်းမယ်။
    ဆိုင်ဝန်ထမ်းတွေ ဝင်ငွေပိုရမယ်။
    ပိုသုံးနိုင်လာလို့ အစားအသောက် အသုံးအဆောင်တွေ ရောင်းကောင်းမယ်။
    ပြောရရင် မြန်ပြည်စီးပွားဖွံ့ဖြိုးတိုးတက်အောင် တဖက်တလမ်းက အကျိုးပြုနေတာပဲကိုးးးးးးးးးးး :kwi:

  • weiwei

    April 5, 2013 at 8:41 am

    မနက်က ၅ မိနစ်ရုံးနောက်ကျလို့ ဝမ်နင်အပေးခံရတယ် … စိတ်ညစ်နေတာနဲ့ ရယ်ရမလားလို့ အဘပုစာကို အရင်ဆုံးဖတ်လိုက်တယ် …. မရယ်ရပေမယ့် ဖတ်လို့ကောင်းတယ် ….
    ၅ မိနစ်နောက်ကျတာလောက်ကို သီးမခံနိုင်တဲ့အထက်လူကြီးကြောင့် ဒီကနေ့အတွက် လုပ်အားအများကြီးဆုံးရှုံးမှုဖြစ်တော့မယ် …
    တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးပြီး သီးခံပေးကြရင် ဘယ်လောက်အေးချမ်းမလဲ ….

  • ဦးကြောင်ကြီး

    April 5, 2013 at 9:16 am

    ဒဆို နာရေးကူညီမှု အသင်းပေါ်လာလို့ မသာဈေးကွက်ပျက်ပြီး တိုင်းပျီစီးပွားရေးနစ်နာတယ် ဆိုချင်တာပေါ့ ဟုတ်စ….။ နင်သေမှ ရွှေအခေါင်း ဈေးကြီးပေးဝယ်ချ… 🙁

  • ခင်ခ

    April 5, 2013 at 5:00 pm

    ရေးလည်းရေးတတ်ပါပေ့ကွယ်။

  • Wow

    April 5, 2013 at 6:17 pm

    အောက်စဖုတ်တက္ကသိုလ် ၄ နှစ်ဆက်တိုက်ထုံးသုတ်ဖူးလို့သာ ဒီလောက် အဆင့်မြင့်ပြင်ညာရှိတဲ့စာရေးနိုင်ပေတာပဲ :harr:
    တော်ယုံလူ ဉာဏ်မမှီလောက်ဝူး :mrgreen:

    • ကီလိုဇူးလူးဝီစကီ

      April 5, 2013 at 7:34 pm

      တို့လည်း အောက်စဖွတ်မှာ ရေညှိသွားခွါကျစို့။
      ဘွပုလို ရေးနိုင်အောင်လို့။
      အတော်ဖတ်လိုက်ရတယ်။ ဟီး

      :harr: :harr:

      • TNA

        April 6, 2013 at 5:55 pm

        နာလဲလိုက်မယ်လေဒေါ်ခိုင်ဇာ။ တူတူရေညှိခွာရအောင်အေ။ ဘွပုဒို့ကတော့ မနဲဖတ်ယူရဒယ်။ သူ့တင်ပုန်းဂျီးသာဆိုဒယ် ဘွဲ့ရစာတမ်းကျနေဒါဘဲ။ ဘွပု အောက်စဖွတ်မှာဒုန်းကတင်ခဲ့ဒါလား။

  • အလင်းဆက်

    April 5, 2013 at 6:41 pm

    အောက်စဖုတ်တက္ကသိုလ်ကို လေးနှစ်ဆက်တိုက် ထုံးသုတ်ဘူးသူ…’ကြီး..ဒဲ့လား..ဗျာ…။

  • garuda

    April 5, 2013 at 7:42 pm

    အော်..အဲဒီ တက္ကသိုလ်ကြီး ထုံးတောင်ပြန်သုတ် နေရပြီလားဗျာ။ 🙂

    ( လောက၌ ကြပ်မပြည့်သည့်လူ၏ ကျီစယ်နောက်ပြောင်ခြင်းကို မာနခေါင်းခိုက်နေတဲ့ လူ့ပညာရှိ ငမိုက်သားတို့သည်
    မာနကြောင့် စိတ်ပင်ပမ်းခြင်းဖြစ်ကြလေကုန်သတည်း )

    ကောင်းဗျာ :kwi:

  • မောင် ပေ

    April 5, 2013 at 7:52 pm

    ခေါင်း မရှိသော ပြည်တန်ဆာ ၊ ဈေးကွက်မရခြင်းသည် လီကောင်း
    ကိုပု မရှိသော ဖြိုးသည်လဲ ၊ ပျင်းရိရှာခြင်းသည် လီကောင်း ကျွန်ုပ် မည်သို ့မှ မတွေးနိုင်အံ့

  • အိုကေ ..
    ဘာပု စကား နားထောင်လိုက်အုံးမယ် ..
    အဲ .. ဒါဆို ဘာပု ဟုတ်တော့ဘူးပေါ့နော် ..
    ချာပု ဖစ်တွားဘီ …
    ဂနေ့ကစ ဟိုဥဒန်းကို အခါ ကိုးဆယ် ရွတ်မယ် ..
    ဒါလည်း ဟုတ်သေးဝူးး
    ချရာထက် တဘဲ့ လက်စောင်းထက်ရမယ် ဆိုဒေါ့ဂါ ..
    လက်ကို စောင်းစောင်းလေး ထားပီး ရွတ်မယ် …

    ခု .. စရွတ်ဘီ …

    လောက၌ ကြပ်မပြည့်သည့်လူ၏ ကျီစယ်နောက်ပြောင်ခြင်းကို မာနခေါင်းခိုက်နေတဲ့ လူ့ပညာရှိ ငမိုက်သားတို့သည်
    မာနကြောင့် စိတ်ပင်ပမ်းခြင်းဖြစ်ကြလေကုန်သတည်း
    x 90 (လက်ကိုစောင်းလျက် ရွတ်လေတီ)

  • kyeemite

    April 6, 2013 at 8:39 am

    လောကသဘာဝကို လှလှပပ ခင်းပြနိုင်တဲ့
    ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ၏ အင်တာနေရှင်နယ်
    အပျီပျီ ဆိုင်ရာ ဆာယေးစယာ အကျော်အမော် မိုက်ကယ်ဂျော်နီအောင်ပု ဆိုဒဲ့
    လူဂျီးဂို ဒီပို့စ်အတွက် အောက်စဖုတ်တက္ကသိုလ်မှ ဂုံဒူးဇောင်ဒေါက်တာဘွဲ့
    ချီးမြှင့် လိုက်ဘာဂျောင်းးးးး :hee:

  • Mr. MarGa

    April 6, 2013 at 12:31 pm

    ဘယ်လိုပြောရမလဲ
    ဘယ်လိုမှ မပြောတော့ဘူး
    ဟိုဘက်ကနေပေးပြီးပြောရင် ဒီဘက်က နစ်နာမယ်
    ဒီဘက်ကနေ ပြောပေးရင် ဟိုဘက်က ထကြွမယ်
    ဆိုတော့ ဘာမှ ပြောတော့ဘူး
    ဒါဗျဲ :mrgreen:

  • surmi

    April 6, 2013 at 7:00 pm

    သုဘရာဇာသံချောင်းပြောတယ်
    မီးသင်္ဂြိုစက် တွေရှိလာတော ့သူမချွတ်ရတော ့ဘူးတဲ ့
    အဲဒီကကောင်တွေဘဲချွတ်နေတာတဲ့
    ညမှစုပြီး မီးရှို ့တာ တဲ့

Leave a Reply