ရေဘဝဲကမဟုတ်ပါဘူး လူကပါ ….

thihayarzarJuly 24, 20101min914

၂၀၁ဝ ကမာ္ဘ့ဖလားနဲ့အတူနာမည်ကြီးခဲ့ ဂျာမနီမှရေဘဝဲပေါလ် ဟာလူတွေရဲ့လှည့်စားခြင်းကိုခံရတာပါ။ သူရဲ့အစာပုံးလေးတွေမှာ ယှဉ်ပြိုင်မယ့်နှစ်သင်းရဲ့အလံတွေကိုကပ်ထားပါတယ်။ သူဝင်စားတဲ့ပုံးက အသင်းကနိုင်မယ်ပေါ့။ တကယ်တော့ ကျွန်တော်ထင်တာက သူစားမယ့်အစာပုံးကိုချတဲ့သူက ခန့်မှန်းထာပဲဖြစ်နိုင်တယ်။ ရေဘဝဲပေါလ်ဟာ အစာပုံးကို တစ်ဖက်ထဲကပဲရွေးချယ်သွားပါတယ်။ သူဘက်ကကြည့်ရင်တော့ဘယ်ဖက်ပေါ့နော်။ လူတွေကလုပ်စားသွားတာပါ။ သူတောင် တော်တော် တန်ဖိုးရှိသွားပြီ။ ကျွန်တော်လည်း ခွေးလေးတစ်ကောင်ကို ခွက်နှစ်ခွက်ချပေးထားတယ်။ ကန်မယ့်နှစ်သင်းရဲ့အလံတွေကိုလည်း ကပ်ထားတယ်။ ဒါပေမဲ့သူကကျတော့ နှစ်ပန်းကန်လုံးကိုစားသွားတယ်။

4 comments

  • cobra

    July 24, 2010 at 9:36 am

    ဟာ…လာနောက်နေတာလား…။

  • maypearl

    July 24, 2010 at 9:44 am

    အဲဒီရေဘဝဲက နာမည်ကြီးတယ်နော်

  • marnat

    July 24, 2010 at 11:44 am

    ထင်တာကိုမပြောမယ့်တရားဆွဲခံထိမယ်နော်

  • suzuki

    July 24, 2010 at 12:34 pm

    ကျွန်တော့်အထင် သူရွေးတာ ဘယ်ဘက်တစ်ဘက်တည်းမဟုတ်ဘူးလားလို့ဗျ။ စပိန် ကိုရွေးတာနဲ့ ဆားဗီးယားကိုရွေးတာ ဘက်မတူဘူးထင်တယ်ဗျ နော် . . .

Leave a Reply