မိဘများသည် သားသမီးတို့၏ အနုတ်လက္ခဏာဆောင်သည့် အွန်လိုင်း အတွေ့အကြုံများကို သတိမမူမိတတ်ကြ

maypearlJuly 24, 20101min672

များစွာသောမိဘတို့သည် ၎င်းတို့၏ သားသမီးများ အင်တာနက်တွင် ဘာတွေကြည့်ရှုပြီး ဘာတွေလုပ်နေကြသည်ကို မသိကြရဟု သိရသည်။ ထိုကဲ့ သို့ မိမိတို့၏ ကလေးငယ်များနှင့် ပတ်သတ်ပြီး သတိပြုရန် လစ်ဟာနေခြင်းကပင် နောက်ဆက်တွဲဘေးအန္တရာယ်များကို ဖြစ်ပေါ်စေသည်ဟု အင်တာ နက်လုုံခြုံရေး company တစ်ခု၏ လေ့လာဆန်းစစ်ချက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ ယခုနှစ်၏ နော်တန်အွန်လိုင်း မိသားစုအစီရင်ခံစာတွင် အသက် (၁၀)နှစ်မှ (၁၇)နှစ်အရွယ် လူငယ် ၁၀၁ ဦးနှင့် မိဘ ၁၀၂ ဦးတို့အား သဘောထားစစ်တမ်းကောက်ယူ၍ ဖော်ပြခဲ့ရာ စင်ကာပူနိုင်ငံရှိ ကလေး သူငယ် ၇၃ ရာခိုင်နှုန်းတွင် အပျက်သဘောဆောင်သော အွန်လိုင်းအတွေ့အကြုံ ရရှိခဲ့ကြသည်ဟုဆိုပြီး မိဘ ၆၄ ရာခိုင်နှုန်းကမူ သူတို့၏ကလေးများ တွင် အပျက်သဘောဆောင်သော အွန်လိုင်းအတွေ့အကြုံများ ရရှိနိုင်ဖွယ်ရှိသည်ဟု ယူဆခဲ့ကြသည်။

ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှစစ်တမ်းကောက်ယူမှုတွင် ကလေးသူငယ် ၆၂ ရာခိုုင်နှုန်းမှာ အပျက်သဘောဆောင်သော အွန်လိုင်းအတွေ့အကြုံများ ရရှိကြပြီး မိဘ ၄၅ ရာခိုင်နှုန်းမှာ ထိုအခြေအနေကို သတိမမူမိတတ်ကြဟု သိရသည်။ နော်တန်သည် အွန်လိုင်းအတွေ့အကြုံနှင့် ပတ်သတ်၍ နိုင်ငံ ပေါင်း ၁၄ နိုင်ငံတို့ရှိ ကောက်သင်းကောက်လေ့လာဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။

နော်တန်က အရွယ်ရောက်ပြီးသူ ၇၀၀ဝ ကျော်နှင့် အသက်ရှစ်နှစ်မှ ၁၈ နှစ်အရွယ်ရှိ လူငယ်လူရွယ် ၃၀၀ဝ ခန့်တို့အား တွေ့ဆုံမေးမြန်းခဲ့

ခြင်းလည်း ဖြစ်သည်။ ထိုသို့လေ့လာဆန်းစစ်ရာတွင် ၎င်းတို့၏ အပြုသဘောမဆောင်သည့် အွန်လိုင်းအတွေ့အကြုံများတွင် အကြမ်းဖက်မှု(သို့) ညစ်ညမ်းပုံရိပ်များလည်း အပါအဝင်ဖြစ်သည်ဟုဆိုသည်။ တွေ့ဆုံမေးမြန်းမှုတွင် ကလေးငယ်၃၃ ရာခိုင်နှုန်းက အပြုသဘောမဆောင်သည့် အွန်လိုင်း အတွေ့အကြုံများကို  ပြောကြားခဲ့သော်လည်း မိဘ ၁၆ ရာခိုင်နှုန်းကသာ သူတို့၏ သားသမီးများတွင် ထိုသို့သော အတွေ့အကြုံမျိုး ရရှိကြောင်း တွေးဆခဲ့သည်ဟုဆိုသည်။

လေ့လာဆန်းစစ်မှုအရ ကလေးငယ် ၂၆ ရာခိုင်နှုန်း၏ အတွေ့အကြုံအရ အင်တာနက်တွင် သူစိမ်းတစ်ဦးက သူတို့ထံချဉ်းကပ်၍ လူကိုယ်တိုင် တွေ့ဆုံရန်စည်းရုံးတတ်ကြသည်ဟုဆိုုပြီး မိဘ ၁၁ ရာခိုင်နှုန်းကသည သူတို့၏သားသမီးများတွင် ထိုသို့သောအတွေ့အကြုံမျိုး တွေ့ကြုံနိုင်ဖွယ် ရှိသည်ဟု ယူဆခဲ့ကြသည်။ စင်ကာပူနိုင်ငံ စားသုံးသူလုပ်ငန်းအကြီးအကဲ မစ္စတာအက်ဖန်ဒီအီဗရာဟင်ကမူ အွန်လိုင်းပေါ်မှ သူစိမ်းအန္တရာယ်များ မှာ အမှန်တကယ်ပင် စိုးရိမ်ပူပန်စရာဖြစ်သည်ဟုပြောကြားခဲ့သည်။

မိဘများအနေဖြင့် သူတို့သားသမီးများ၏ အပြုသဘောဆောင်သည့် အွန်လိုင်းအတွေ့အကြုံနှင့်ပတ်သတ်၍ သိမြင်နားလည်မှု ကွာဟနေခြင်းမှာ စိုးရိမ်ဖွယ်ရာဖြစ်ပြီး အကယ်၍ ထိုကွာဟချက်ကို စေ့စပ်ပေးနိုင်မည့် မိဘများသည်ပင် အပြုသဘောဆောင်သည့် အွန်လိုင်းအတွေ့အကြုံနှင့် ပတ် သတ်၍ တတ်သိကျွမ်းကျင်ရမည်ဟု ဆိုသည်။

မစ္စတာ အက်ဖန်ဒီ၏ အကြံပြုချက်အရ မိဘများအနေဖြင့် သူတို့၏သားသမီးများ အွန်လိုင်းပေါ်တွင် တွေ့ဆုံနိုင်သည်များကို သတိပြုပြင်ဆင်ရ မည် ဖြစ်ပြီး နော်တန်အွန်လိုင်း မိသားစုကဲ့သို့သော အခမဲ့ဝန်ဆောင်မှုလုပ်ငန်းကဲ့သို့သော လုပ်ငန်းများကို လက်နက်သဖွယ် အသုံးချနိုင်မည်ဖြစ် သည်။နော်တန်အွန်လိုင်းမိသားစုကဲ့သို့သော အခမဲ့ ဝန်ဆောင်မှုလုပ်ငန်းများက အချို့သောအွန်လိုင်းနေရာများကို ပိတ်ဆို့ရန် အခွင့်အလမ်းများ ပေးခြင်း၊ အချိန်ဖြုန်းတီးမှုကို စီမံခန့်ခွဲခြင်းနှင့် ကလေးများရောက်လာနိုင်သည့် နေရာများကို ခြေရာကောက်ပေးခြင်းတို့ကို ဝန်ဆောင်မှုပြုပေးနိုင် ဖွယ်ရှိသည်ဟု မစ္စတာ အက်ဖန်ဒီက အကြံပြုခဲ့ကြောင်း သိရသည်။

(The Flower News ,Vol.6 No.27  မှ { RefးTST } /KH ကို ကူးယူဖော်ပြပါသည်။)

2 comments

  • marnat

    July 24, 2010 at 11:56 am

    သိပ်တော့မကောင်းဘူး

  • zawana

    July 25, 2010 at 2:18 am

    မြန်မာနိုင်ငံက အင်တာနက်သုံးတဲ့ ကလေးတွေရော ဘာတွေများ လုပ်နေကြပါလိမ့်။ လေ့လာပြီးတော့ မိဘတွေကို အသိပေးနိုင်ရင် ကောင်းမယ်။ ကြိုတင်ကာကွယ်သင့်တာတွေ ကာကွယ်လို့ရတာပေါ့။ ကျောင်းတွေမှာလည်း အင်တာနက်နဲ့ ပတ်သက်တဲ့ ပညာပေး အစီအစဉ်တွေ လုပ်သင့်တယ်လို့ ထင်တယ်။ အခုခေတ်ကလေးတွေက ကွန်ပြူတာရှေ့မှာ အချိန်ဖြုန်းကြတာ များတယ်မဟုတ်လား။

Leave a Reply