နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၂)

သူကေလးApril 6, 20131min12711

 

နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁)

 

https://myanmargazette.net/172322/creative-writing

 

အပိုင်း( ၂ )

 

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာက တံခါးကို တဒုန်းဒုန်းထုသံကြောင်း နိုးလာရသည်။ ကွာ …

 

“ ဘယ်နှစ်နာရီရှိပြီလဲဟာ … ဒီချိန်ထိတောင်မထသေးဘူး ထတော့ ရှမ်းခေါက်ဆွဲသွားစားရအောင် ”

 

အသံနဲ့အတူ အခန်းထဲ ပိုင်စိုးပိုင်နင်းဝင်လာသူကတော့ ကျွန်မ ရဲ့ အာပေတူးသူငယ်ချင်း လင်းလက်ပဲပေါ့

 

“ ဘာတုန်း… ညက ၃နာရီမှအိပ်ရတာကိုကွာ … ဒီမှာခုမှအိပ်ကောင်းတုန်းဟ”

 

“ လာပါဟာ .. ထပါ .. ငါဝယ်ကျွေးမယ်လေ .. ထ .. ငါဗိုက်ဆာနေဘီဟ ”

 

ကျွန်မရဲ့အိပ်ချင်မူးတူး မျက်လုံးလေးက ရှမ်းခေါက်ဆွဲအလကားစားရမယ်ဆိုတဲ့စကားလေးကြောင့် နဂိုမူလအတိုင်း ပြူးကျယ်ကျယ်လေးဖြစ်လာပါတော့တယ်

 

“ နင်တကယ်ကျွေးရမှာနော် ငါထပြီ .. ရေအမြန်ချိုး မျက်နှာသစ်ပီး ပြန်ထွက်လာမယ် ခဏစောင့် ” ဆိုပြီး ရေချိုးခန်းထဲပြေးဝင်ခဲ့တယ်

 

ဟိုမိန်းမကြီးတော့ .. ကျိန်ဆဲနေတော့မှာပဲ .. အာဟိ

 

“ တကယ်တော့ နင့်အတွက် အချစ်ဆိုတာ နင်ကြိုက်တတ်တဲ့ ရုပ်ရှင်ကားတွေးလိုပဲ ”

(လင်းလက်)

 

“ ငါလိုချင်တာဘယ်တော့မှ ရိုးမသွားနိုင်တဲ့ အမြဲဆန်းသစ်လန်းဆန်းနေမယ့် အချစ်တစ်ခု ”

(ဟန်နီ)

 

ကျွန်မ ရေချိုးပြီးတော့ လင်းလက်နဲ့အတူ ရှမ်းခေါက်ဆွဲစားဖို့ အိမ်နားက လက်ဖက်ရည်ဆိုင်လေးသို့ လမ်းလျှောက်ထွက်လာခဲ့သည်။

ဆိုင်ရောက်လို့ ရှမ်းခေါက်ဆွဲမှာပြီးရုံရှိသေး .. လင်းလက်က စကားစလာသည်။

 

“ ဟဲ့ မိပျားရည် နင်နဲ့ နင့်ကိုကိုထူးခြားနဲ့ ဇာတ်လမ်းက ဘယ်လိုအခြေအနရှိလဲ ”

 

“ ဘာမှမထူးပါဘူးဟာ .. ဒီတိုင်းပါပဲ .. သံယောဇဥစကားလေးတွေပြောလိုက် ငါ့ကိုပစ်ထားလိုက်ပါပဲ ”

 

“ သူကအေးတာနေမှာပါဟ .. facebook မှာဆိုလဲ သူ့ activities တွေသိပ်မှမရှိတာ … စောင့်ကြည့်လိုက်ပါအုံး ”

 

“ ငါလဲစောင့်နေတာပဲဟာ .. အဲဒါလေးမကြားရမချင်းကို ငါနေမထိထိုင်မသာဖြစ်နေတာ .. သူ့ကြည့်ရတာ ငါ့ကိုမချစ်ဖူးလဲမဟုတ်ဖူးဟာ

ငါ့ကို သူမချစ်ဖူးဆိုရင် ငါတော့သေတာပဲ ”

 

“ အောင်မလေးဟယ် နင်အဲလိုပြေတာာ ဘယ်နှစ်ယောက်ရှိပြီလဲ .. နင်နဲ့ငါ ပေါင်းလာတာ ၃နှစ်ကျော်ပြီနော် … ဒါတွေအထူးအဆန်းမဟုတ်တော့ဘူး ”

 

“ တကယ်ဟ .. ဒီတစ်ခါတည်ထင်တာပဲ ငါဘယ်တုန်းကလူတစ်ယောက်ကို ၂လကျော်လောက်စိတ်ဝင်စားဖူးလို့လဲ ”

 

“ ဘယ်လို……… ၂လကျော် .. ကောင်မရယ် လူကြားမကောင်း သူကြားမကောင်း ၂နှစ်ဆိုဟုတ်သေး ”

 

“ ခစ်ခစ် … ငါကသူများမှမဟုတ်တာ ငါ့အတွက် ၂လကျော်ဆိုတာတော့ တော်တော်ကြာတဲ့အချိန်ပဲလေကွာ ”

 

“ အေးပါ အဲဒါလဲဘယ်လောက်ခံမလဲဆိုတာ စောင့်ကြည့်လိုက်မယ်နော် ”

 

“ ဒီတစ်ခါ တကယ်အတည်ပါဆို နင်ကလဲ သူသာငါ့ကိုချစ်တယ်ပြောကြည့် အရာအာလုံးပြည့်စုံသွားပြီ ”

 

လင်းလက်က ကျွန်မကို  ရယ်ချင်သလိုကြည့်ရင်း

“ နင်အဲဒီလို တစ်ယောက်ပြီးတစ်ယောက်ကိုမျှော်လင့်လိုက် ကြိုက်လိုက် တွဲလိုက်နဲ့ ပီးတော့လည်းပြတ်သွား အဲဒါတွေစိတ်မကုန်သေးဘူးလား ”

 

“ ငါလိုချင်တဲ့အစစ်အမှန်ဆိုတဲ့အရာကို တစ်ယောက်ယောက်ဆီက မရသေးခင်အထိတော့ ငါဒီလိုပဲ ဆက်ဖြစ်နေအုံးမယ်ထင်တယ် .. ငါ့စိတ်တွေပြောင်းလဲတယ်ဆိုတာလဲ

သူတို့အပေါ်မူတည်နေသေးတာလေ … သူတို့ဆီမှာ ချစ်တယ်ဆိုတဲ့စကားလုံးလှလှလေးကလွဲရင် ငါ့အတွက်မက်မောစရာ ဘာမှကိုမတွေ့ဖူးသေးဘူး .. ချစ်တယ်ရဲ့နေက်ကွယ်မှာ

လွမ်းတာ သတိရတာ တွေ့ချင်တာ သဝန်တိုတာ အဲဒါတွေပဲထပ်တလဲလဲကြုံတွေ့နေရတာ … ငါလိုချငတာအဲဒါတွေမှ မဟုတ်တာ ”

 

လင်းလက်က ကျွန်မကိုမနိုင်တော့တဲ့အဆုံး စိတ်ပျက်သလို ကြည့်ပါတော့တယ် . သူကျွန်မနဲ့စကားနိုင်လုတိုင်း ဖြစ်သွားနေကြ အမူအရာတစ်ခုပေါ့

 

“ ဒါဆို နင်လိုချင်တာက ဘာလဲ”

 

“ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ အမြဲဆန်းသစ်လန်းဆန်းနေမယ့် အချစ်တစ်ခု ”

လို့ ပြုံးပြုံးလေး ကျွန်မဖြေလိုက်မိသည်။

 

“ တကယ်တော့ နင့်အတွက် အချစ်ဆိုတာ နင်ကြိုက်တတ်တဲ့ ရုပ်ရှင်ကားတွေးလိုပဲ ”

 

“ ဘယ်လို ဘယ်လို နင်ပြောတာ ငါနားမလည်ဘူး ”

 

“ ဟုတ်တယ်လေ .. နင်ကရုပ်ရှင်ကြိုက်တယ် … တချို့နင်ကြိုက်တဲ့ရုပ်ရှင်ကားတွေဆို ထွက်ထွက်ချင်းမှာ နင်ထပ်တလဲလဲကြည့်လေ့ရှိတယ်

မရိုးသွားမချင်း နင်ကြည့်တယ် … ဒါပေမယ့် ရုပ်ရှင်တစ်ကားတည်းကို ကြိုက်တာလားဆိုတော့လဲမဟုတ်ဖူး

အသစ် အသစ်ဆိုတာတွေတွေ့လာတိုင်း နင့်စိတ်က အမြဲပြောင်းလေ့ရှိတယ်လေ ..  အဲဒီလို ”

 

“ အဲဒီတော့ နင်ဆိုလိုချင်တာက ”

 

“ အချစ်ဆိုတာကို နင်ကြိုက်တယ် အမြဲတမ်းလည်းထိတွေ့ချင်နေတယ် တစ်ယောက်ယောက်ကိုချစ်မိပြီဆိုရင်လည်း သည်းသည်းလှုပ်ပဲ

ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိ နင်ရူးသွပ်ပီးရင် ရိုးသွားတယ် … အသစ်အသစ်တွေတွေ့လာရင်တော့ နင့်စိတ်ကပြောင်းသွားရော ”

 

ခင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက် လင်းလက်ပြောသမျှ စကားတွေထဲမှာ ဒီစကားက  စိတ်ဝင်စားစရာအကောင်းဆုံးပဲလို့ တွေးလိုက်မိတယ်။

 

“ great .. နင်ပြောသမျှ စကားတွေထဲမှာ ဒီစကား ငါအကြိုက်ဆုံးပဲ

နင်ခန့်မှန်းတာမဆိုးပါဘူး ဒါပေမယ့် လုံးဝမှန်တယ်ချည်းတော့မဟုတ်သေးဘူးဟ ”

 

“ အင်းလေ .. ငါကနင်မဟုတ်တော့ နင့်စိတ်အတိုင်း အတိအကျတော့ ငါဘယ်ပြောနိုင်ပါ့မလဲ

ငါမြင်သလောက်ကို ငါပြောကြည့်တာလေ ”

 

“ အင်း နင်ထင်သလို နင်မြင်သလို လူတော်တော်များများလဲ အဲလိုတွေးကြမယ်ထင်တယ်နော် ”

 

“ ဖြစ်နိုင်ချေများတယ် … နင်ကအဲလိုမထင်စေချင်လို့လား ”

 

“ နိုး .. နိုး .. ငါ့ကို လူတွေကြိုက်သလို ခန့်မှန်းလို့ရတယ် … မြင်ချင်သလိုမြင်လို့ရတယ် ငါလူတွေကိုလွတ်လပ်ခွင့်ပေးတယ် ”

 

“ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တာ အဆိုးမမြင်တတ်တာ နင့်ဆီမှာရှိတဲ့ ငါကြိုက်တဲ့အချက်တစ်ခုပဲ ”

 

“ နင်ငါ့ကိုကြိုက်နေတယ်ဆိုတာ ငါသိပါတယ် .. ဟဟဟ ”

 

“ မှားပါတယ်ဟယ် ”

 

အဲဒီနေ့က မနက်စာ စားရင်း ကျွန်မနဲ့လင်းလက် အချစ်အကြောင်းနည်းနည်းပါးပါးဆွေးနွေးဖြစ်ခဲ့တယ်။

အိမ်ပြန်လာတော့ ကျွန်မရဲ့ထုံးစံအတိုင်း facebook သုံး၊ ဂျီတော့ သုံးရင်းနဲ့ ကိုကို့ကိုမျှော်နေလိုက်သည်။

…….1315@gmail.com is online.

ကိုကို့အကောင့်လေးမီးစိမ်းလာပြီဆိုတာနဲ့ ကျွန်မချက်ချင်းပြုံးမိသွားတာပဲ။

 

“ ကိုကို ” ကိုကိုစခေါ်တာကိုမစောင့်နိုင် . … ကျွန်မကပဲ ဦးအောင်ခေါ်မိသည်။

အဲဒါ ကျွန်မကိုယ်ကျွန်မ စိတ်ပျက်မိတဲ့ အကျင့်ဆိုးတစ်ခုပါပဲ … ဘာလို့များ အထာကိုင်တတ်တဲ့အကျင့်လေးမရှိရတာလဲမသိဘူး

 

“ ညီမလေး .. စောင့်နေတာကြာပြီလား ”

 

“ ကြာပေါ့ ကိုကိုက နောက်ကျလိုက်တာ ”

 

“ ပြန်လာခါနီးပြီဆိုတော့ အိမ်က မေမေတို့အတွက် ဘာလေးညာလေးသွားဝယ်ရသေးတယ်လေ အလုပ်မှာလည်းခွင့်ယူမှာဆိုတော့

လတ်စသတ်ရမယ့်အလုပ်ကလေးတွေရှိသေးလို့ ကလေးမလေးရဲ့ ”

 

“ ကိုကို ဘယ်ချိန် flight နဲ့ပြန်လာမှာလဲဟင် ”

 

“ ညနေ flight နဲ့ ”

 

“ ကိုကိုပြန်ရောက်မှာက ဆန်းဒေးနော် ညီမလေး လာကြိုမယ်လေ ”

 

“ တကူးတကမလုပ်ပါနဲ့ ညီမလေးရာ .. ကိုကို့အချစ်ဆုံးသူငယ်ချင်းလဲလာကြိုပေးမယ်ပြောတယ်

ညီမလေးပင်ပန်းနေပါ့မယ် ”

 

ကိုကို့ဆီက တက်လာတဲ့ message လေးကြောင့် ကျွန်မ မျက်နှာစူပုတ်မိရင်း

 

“ ဘာလဲ ကိုကိုကညီမလေးကိုမတွေ့ချင်တဲ့သဘောလား အဲလိုလား ”

 

“ မဟုတ်ပါဘူး ညီမလေးရာ .. ကိုကို ရန်ကုန်ပြန်ရောက်ရောက်ချင်း အမြင်ချင်ဆုံးက ညီမလေးမျက်နှာပါ အဲဒါယုံပါ ”

 

ကိုကိုပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ကျွန်မ ရင်တွေအရမ်းခုန်သွားမိသည်။ ဘာကြောင့်လဲဆိုတာလဲ သိချင်သွားမိသည်။

 

“ ဘာဖြစ်လို့ တွေ့ချင်ရတာလဲ ” လို့မေးမိရင်း ကိုကိုဖြေလာမယ့်အဖြေကို ရင်တထိတ်ထိတ်နဲ့ကြည့်နေမိသည်။

 

……..1315@gmail.com is typing …. ဆိုတဲ့နောက်မှာ ဘာစကားလုံးတွေထွက်ကျလာမလဲလို့ စောင့်နေရတာ

ဘောလုံးပွဲ injury time ကြည့်နေရသလိုတောင် ခံစားမိသေးရဲ့

 

“ ညီမလေးက ကိုကို့အချစ်ဆုံးညီမလေးမို့လို့ပေါ့ကွာ ”

 

သေပါတော့ … ကိုယ့်ကိုကိုယ်ပြောလိုက်မိသည်။ ဒီသစ်တုံးကြီးကို နှဲ့ဖို့ရာ လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ဘူးထင်တယ်

ကြိုးစားထားအုံး မိဟန်နီရေ…. ထိုညက ကိုကိုနဲ့အွန်လိုင်းမှာချက်ရင်း ည ၁၂ နာရီထိုးတဲ့အထိ အီလို့မပြီးနိုင်သေး။

၁ နာရီကျော်မှ သီချင်းလေးနားထောင်းရင်း အိပ်ရာဝင်ခဲ့သည်။ လပြည့်ခါနီးမို့ထင်သည်။ အခန်းပြတင်းပေါက်ကမြင်နေရသော

လမင်းကြီးက ခါတိုင်းထက်ပိုလင်းနေသယောင်ထင်ရသည်။ ငယ်ငယ်တုန်းက ကြားဖူးတဲ့စကားပုံလေးတောင်သွားသတိရမိသေး

ဘာတဲ့ .. “ လမင်းကြီးကလဲသာလို့ စဉ့်အိုးကြီးကလဲပြောင်လို့ နင့်ကိုငါချစ်တယ် ” ဆိုတာလေ

ခပ်ကြောင်ကြောင်အတွေးအခေါ်ကို ပိုင်ဆိုင်တတ်တဲ့ ကျွန်မ … သီချင်းနားထောင်နေရင်းနဲ့ ကိုကို့ကို လွမ်းလို့ငိုမိသေးသည်။

ဘာလိုလိုနဲ့ ကိုကိုပြန်လာဖို့နီးနေပြီပဲ …. ကိုကို့အကြောင်းတွေးရင် ဖျတ်ခနဲ ကန်ဘောင်ပေါ်ကကောင်လေးကိုသတိရမိသေးရဲ့ ….

11 comments

  • kai

    April 6, 2013 at 3:16 am

    “ တကူးတကမလုပ်ပါနဲ့ ညီမလေးရာ .. ကိုကို့အချစ်ဆုံးသူငယ်ချင်းလဲလာကြိုပေးမယ်ပြောတယ်“

    “ညီမလေးက ကိုကို့အချစ်ဆုံးညီမလေးမို့လို့ပေါ့ကွာ ”

    ခင်ဗျားတို့ဟာက…ရှိတာ၂ယောက်ထဲမှာ.. .. “အချစ်ဆုံး”တွေများနေတာပဲ..။
    သုငယ်ချင်းနဲ့ညီမလေးဆိုရင်တော့.. :buu:

    • သူကလေး

      April 6, 2013 at 1:32 pm

      ဟုတ်တယ်နော်
      ခုလိုဝေဖန်ပေးတာကျေးဇူးအရမ်းတင်ပါတယ်
      ပြန်ဖတ်ကြည့်လိုက်တော့ ပေါတောတောကြီးနဲ့
      ရှက်ထှာ

  • ကိုကိုလည်း ..
    အဲ့တုန်းက ဂျစ်ဒယ် လို့ ပေါလိုက်မလို့ဘာဘဲကွယ် ..
    ဒါမယ့် .. ဒါမယ့် ..
    ညီမငေးတစ်ယောက်
    ဝမ်းသာပြီး ထခုန်ပြီး အီးအီးတွေ ထွက်တွားမှာစိုးရို့ … :mrgreen:
    အိုက်ဒါဂျောင့် .. အဲ့လိုဘဲ ပေါခဲ့ဒါ ..
    အဲ့ဒါ .. အဲ့ဒါ ..

    • သူကလေး

      April 6, 2013 at 1:34 pm

      အယ် အာ့ကြောင့်လား
      စိတ်မကောင်းလိုက်တာ တိုတိုရယ်
      ညီမငေး အီးအီးထွက်အောင်ထခုန်ပါဘူး 😀

  • GaviaGirl

    April 6, 2013 at 12:52 pm

    ဟန်နီတစ်ယောက် ဘယ်သူ့ကို တကယ်ချစ်မိသွားမှာပါလိမ့်… 🙄
    တကယ်ချစ်မိတဲ့သူကြောင့် မခံစားရပါစေနဲ့ကွယ်.. ဆုတောင်းမိပါတယ်… 🙂

  • ကီလိုဇူးလူးဝီစကီ

    April 6, 2013 at 1:13 pm

    တော်ဘီ။ သူကလေး ကိုပဲ ချစ်တော့မယ်။
    သူကလေးကပဲ ကျုပ်တို့ ချစ်ခြင်းအားဖြင့် စနောက်တာကို သဘောပေါက်တယ်။
    :528:

    ဟန်နီ ကိုပြောလိုက်။
    ချစ်ရုံပဲ ချစ်နေသမျှ တခြားစိတ်ခံစားချက်တွေ လိုအင်တွေမပါသမျှ စိတ်ချမ်းသာမယ်လို့။ :mrgreen:

  • သူကလေး

    April 6, 2013 at 1:39 pm

    မမ givia ရေ…
    ဟန်နီ့အစား ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ ပြန်ပြောပါရစေနော် ….

    မမဝီရယ် သူကလေးကိုပဲချစ်ပါကွယ် သူများတွေကိုချစ်နဲ့တော့နော်

  • မောင် ပေ

    April 7, 2013 at 8:17 pm

    ကတောက်စ်
    သူကလေး ရဲ ့ဇါတ်လမ်းကိုသာ ဟိုးတုန်းကသာဖတ်ခဲ့ရရင်
    ဂျီတော့က ကောင်မလေးတွေ နဲ ့ရင်ခုန်ခဲ့မိမှာပဲ

    • သူကလေး

      April 8, 2013 at 10:48 am

      အခုလည်းနောက်မကျသေးပါဘူးလေ
      အမြန်သာ ရင်ခုန်လိုက်တော့ 😀

  • Mr. MarGa

    April 8, 2013 at 6:38 pm

    တိတ်..တခိုး…လေး
    တိတ်..တခိုး…လေး
    မိန်းကလေးဘက်က ချစ်တာကို
    အရေးလဲမစိုက်တော့ စိတ်နာတယ်
    !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
    ရှေးအခါက သုံးနှစ်သုံးမိုး လေ့လာကြသတဲ့။
    ဘယ်လိုပဲဖြစ်ဖြစ်လေ
    ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့ ဆိုရိုးလေးရှိသမို့
    ဟန်နီလေးလဲ ရှာဖွေနေတာလို့သာ ထင်ပါသကွယ်…….
    မတိမ်းမစောင်း ဗိန်းဗေါင်းနဲ့ အပိုင်းသုံးကို ဆက်ပကွယ်………. :hee:

  • အရိပ်စစ်

    April 9, 2013 at 1:17 am

    ကန်ဘောင်ပေါ်က ဟိုကောင်လေးကိုပဲ စိတ်ဝင်စားလာပီနော်

Leave a Reply