ငယ်ငယ်တုန်းက တီဗွီမှာလာတဲ့ Yan Can Cook ဆိုတဲ့ ဟင်းချက်အစီအစဉ်လေးကို မှတ်မိကြမလား မသိဘူး။

အခုကတော့ Yan Can Cook ရဲ့ နယူးဂျန်နရေးရှင်း၊ ရွှေတုတ်ရဲ့ ရမ်းသမ်းကွတ်ပေါ့နော်။

ပြီးခဲ့တဲ့အပတ်က ကျောင်းပိတ်တော့ ပျင်းပျင်းရှိတာနဲ့ ကြက်သားကို ကြော်စားမလားလို့မေးတော့ အိမ်က ကျေးဇူးရှင်လေးက ဆီများများစားရင် ကျန်းမာရေးထိခိုက်လို့ ကြက်သားကို ဆီမပါပဲ ကြော်ကြည့်ပါလားတဲ့။

တစ်ခါမှတော့ မကြားဖူးပေမယ့် ကောင်းကောင်း မကောင်းကောင်း သူစားပါ့မယ်လို့ ကတိပေးခိုင်းပြီး ရမ်းသမ်းကွတ်ပါတော့တယ်။

အရင်ဆုံး ကြက်သားကို အတုံးသေးသေးတုံးပြီး ဆားနဲ့ ငရုပ်ကောင်းနဲ့ နယ်ပြီး ခဏနှပ်ထားတယ်။ (ဓားကိုင်တာ သိပ်ကျွမ်းကျင်တဲ့သူဆိုတော့ ကြက်သားကို အရိုးထုတ်ပြီးသားပဲ ၀ယ်ပါတယ်။)

ပြီးတော့ ဆီမပါပဲကြော်ပါ ဆိုတော့ ဒီအတိုင်းတင်ပြီးအိုးကပ်လိုက်တယ်။

မြည်းကြည့်တော့ အရသာရှိပေမယ့် ကြက်သားက ဖြူဖပ်ဖြူရော်နဲ့ နဲနဲမာချင်သလိုဖြစ်နေတယ်။

အဲဒါနဲ့ ဘေးနားမှာ ဘာရှိလဲလို့ လိုက်ကြည့်တော့ တရုတ်ငံပြာရည်အနောက်ပုလင်းကို မျက်မှန်းတန်းမိသွားတယ်။

အဲဒါနဲ့ ကြက်သားကို နဲနဲခွဲပြီး တစ်ချို့ကို ပဲငံပြာရည်အနောက်နဲ့နယ်ပြီး အိုးကပ်ကြည့်တော့ ပိုချိုပြီး ပိုလည်းနူးညံ့သွားတယ်။ ကြက်သားကင်လိုမျိုး ဖြစ်သွားတယ်။

အဲဒါနဲ့ ချန်ထားတဲ့ ကြက်သားတုံးတွေကိုပါ ပဲငံပြာရည်နဲ့နယ်ပြီး ဆက်ချက်။

အဲ.. ချက်တယ်ဆိုတာကလည်း တစ်ဒယ်ချက်ပြီးရင် မြည်းကြည့်လိုက်၊ ပေါ့တယ်ထင်ရင် နောက်ချက်မယ့်အသားတွေကို ဆားနည်းနည်ထပ်ထည့်နယ်လိုက်၊ ငရုပ်ကောင်းအနံ့ သိပ်မထွက်လို့ဆိုပြီး ငရုပ်ကောင်းမှုန့် ထပ်ထည့်လိုက်နဲ့ ကြက်သားအရသာက တစ်တုံး တစ်မျိုးပဲ။ :kwi:

ဒါပေမယ့် အားလုံးတော့ စားလို့ကောင်းပါတယ်နော်။ :mrgreen:

ဒီပို့စ်က လုပ်ကြံရေးထားတာ မဟုတ်ပါဘူးဆိုတဲ့ ပစ္စည်းသက်သေ ဒါ့ပုံပါ တင်ပေးလိုက်တယ်။

လူသက်သေကတော့ ကောင်းလွန်းလို့ ဆွေမျိုးမေ့သွားပြီ။ ဘာမှမမှတ်မိတော့ဝူးတဲ့။ အားပေးကြပါနော်။

About mashwetote

မရွှေတုတ် has written 6 post in this Website..

My name is မရွှေတုတ် I am not a စလုံးတရုတ် I like to do မဟုတ်တရုတ် I also like to ကျွေးသမျှအကုန်အုပ်