တရုတ်လူမျိုးတို ့၏ ကံကောင်းစေသောအကြံပေးချက်

Yin Nyine NwayJuly 24, 20101min05

တရုတ်လူမျိုးတို ့၏ ကံကောင်းစေသောအကြံပေးချက်ကို အောက်တွင်ဖော်ပြထားသည်။ သင်ယုံချင်မှ ယုံပါလိမ့်မည်။ သို ့သော် ယင်းတို ့သည် တကယ်ကံကောင်းစေသော အကြံပေးချက်များဖြစ်သည်။ အားလုံးကို ဖတ်ကြည့်သွားပါက မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။ ၁။ လူတွေကို သူတို ့မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်းလိုက်ပါ။ ၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို ့၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို ့ပင် အရေးပါလာပါလိမ့်မည်။ ၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။ ၄။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။ ၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို ကြည့်ပြီးမှပြောပါ။ ၆။ အနည်းဆုံးခြောက်လစေ့စပ်ထားပြီး မှ လက်ထပ်ပါ။ ၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။ ၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို ဘယ်သောအခါမှ ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက်အိပ်မက်များ မရှိသူသည် အများကြီးမအောင်မြင်နိုင်။ ၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင် စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘဝမှာပိုပြီး ပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း မပြုပါနှင့်။ ၁၁။ လူတွေကို သူတို ့၏ ဆွေမျိုးအသိုင်းအဝိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။ ၁၂။ ဖြည်းဖြည်းပြောပါ။ သို ့သော် လျှင်မြန်စွာ စဉ်းစားပါ။ ၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို ့သိချင်တာလဲ” လို ့။ ၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ နက်ရှိုင်းသောစွန် ့စားမှု ပါဝင်နေသည်ကို သတိရပါ။ ၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။ ၁၆။ အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို မထိခိုက်ပါစေနှင့်။ ၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို ့ကြိုးစားပါ။ ၁၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို သင့်အသံထဲမှာ ကြားရပါလိမ့်မယ်။ ၁၉။ တစ်ချို ့အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။

5 comments

  • marnat

    July 24, 2010 at 11:33 am

    အရမ်းကောင်းပါတယ်။ကျေးဇူးလည်းအများကြီးတင်ပါတယ်အခုလိုတင်ပေးတဲ့အတွက်

  • kopauk mandalay

    July 24, 2010 at 12:07 pm

    20၊ ဘာမှမဖြေနိုင်တော့ဘူးဆိုရင် ပြုံးပြုံးလေးနေလိုက်ပါ။

  • Yin Nyine Nway

    July 25, 2010 at 5:42 am

    ကျေးဇူးပါ

  • bigcat

    September 28, 2010 at 10:46 pm

    ကိုယ်ဖက်က ပြန်လုပ်မပေးနိုင်ရင် ရူးချင်ယောင် ဆောင်လိုက်ပါ။

  • tunaung

    October 16, 2010 at 11:44 am

    ခုခေတ်တရုတ်တွေကတော့တွေတာနဲ့ဆဲတောတာဘဲ ဖူကျန်ပြည်နယ်ကတရုတ်တွေပြောပါတယ် ကမ်းနီနာဝူ ဆောက်ကြီပိုင်း စုံနေတာဘဲအဓိပ္ပါယ်တော့မသိဘူး ..

Leave a Reply