လောကီကိုစွန့်ခွာတော့မည့်နိုဗီ

NovyApril 6, 20132min26334

ဒီနှစ်သင်္ကြန်မှာတော့ လောကီကိုခတ္တစွန့်ခွာပြီး

အေးချမ်းရာဗုဒ္ဓအရိပ်ကိုခိုဝင်ဖို့ စိတ်ကူးထားပါတယ်

မနိုလဲလောကီသားပေမို့လောဘ ဒေါသ မောဟ မာနတွေ ဘဝကိုရုန်းကန်ခဲ့ရပါတယ်

ဒီလိုအရာတွေနဲ့ပြည့်ကြပ်နေတဲ့လောကကြီးးမှာ

စိတ်အညစ်အကြေးတွေကို လုံးဝသန့်စင်အောင်မဆေးကြောနိုင်ရင်တောင်

မြူမုန်လောက်သန့်စင်သွားတယ်ဆိုရင်ပဲကျေနပ်မိမှပါ

ဒီတစ်ကြိမ်နဲ့ဆိုရင် ၄ကြိမ်မြောက်ရှိသွားပါပြီ

ဒါကြောင့်မို ဧပြီ12ကနေ 21အထိရွာထဲကို ဝင်နိုင်မှာမဟုတ်တော့လို့ခွင့်တိုင်ခဲ့ပါတယ်နော်

ရွာသူားတွေအပေါ်မှာ မနိုကမကောင်းတဲ့စိတ်မွေးမိခဲ့တယ် လွန်ခဲ့တယ်ဆိုရင်လည်း

အပြစ်တွေအားလုံးကိုခွင့်လွတ်ပေးပါလို့ တောင်းပန်ပါတယ်

မနိုကလည်းအားလုံးကခွင့်လွတ်ပါတယ်လို့

နှစ်သစ်မှာရွာသူားတွေအားလုံး လိုအင်ဆန္ဒတွေအားလုံးမတောင်းပဲနဲ့ ပြည့်ပါစေလို့

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ပြန်လည်ဆုံတွေပါအုံးမည်လို့

2010 – ၃ကြီမ်မြောက်သီလှရှင်ဝတ်ခဲ့စဉ်က

DSCN3168

 

စွန့်လွတ်တော့မယ်ဆံပင်တွေ

IMG_20130406_101001

IMG_20130406_101111

 

IMG_20130406_101136

34 comments

  • ရာမည

    April 6, 2013 at 11:44 am

    သာဓုပါဗျာ သာဓု သာဓု

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 6, 2013 at 11:48 am

    ဆရာလေး အဲ့သည်ဆံပင်တွေ တပည့်တော်ကို စွန့်ပါလား

  • Novy

    April 6, 2013 at 12:01 pm

    ရာမညရေ..
    သာဓုကြိုခေါ်သွားတဲ့အတွက် ဝမ်းမြောက်မိပါတယ်ရှင်

    ဘကြီးပု
    အလာကောင်းပေးမဲ့အခါနှောင်းသွားပြီ
    အလောင်းတော်ကဿဖသွားတဲ့လမ်းက
    ရွှေဆံပင်တံတားအတွက် ရွှေဆံပင်ဆရာတော်ကို လှူမလို့ပါရှင်

  • ကီလိုဇူးလူးဝီစကီ

    April 6, 2013 at 12:39 pm

    တကယ်ကြီးကို လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ် မနိုရေ။
    ကျနော် တစ်ခါပဲ ဝတ်ဖူးပါတယ်။
    နောက်တစ်ကြိမ်ဆိုတာ ဘယ်တော့လာမယ်ဆိုတာ မသိနိုင်တာမို့
    လုပ်နိုင်တဲ့ လူတွေကို သာဓုခေါ်ပါတယ်ဗျာ။
    :hee:

  • hninnu zin

    April 6, 2013 at 1:04 pm

    မမနို ရေ သာဓုပါရှင် ။
    တမီးလည်း သီလရှင်ဝတ်ချင်ပါတယ် ဒါပေမယ့် တူက ဂဒုံး ဆံပင်ပေါက်ကြီးနဲ့ဆို ဂျစ်ဘူးဒဲ့ :mrgreen:

  • Foreign Resident

    April 6, 2013 at 1:06 pm

    သာဓုပါဗျာ သာဓု သာဓု

  • မယ်နိုရင် တင်ထားလိုက်တဲ့ပုံက နဲတာကြီးမဟုတ်ဘူးအေ့
    ဖွင့်လို့ခက်လိုက်တာအေ့။
    အပြီးတော့ မဝတ်လိုက်နဲ့နော်။
    ုငိုနေမယ့်လူတွေရှိ၏
    ဘူလဲဆိုတော့ နို့ကိုကို နဲ့ဂျုနို

  • ရွာသူ jujuma .

    April 6, 2013 at 1:14 pm

    သာဓုခေါ်ပါတယ်မနိုရေ …

  • GaviaGirl

    April 6, 2013 at 1:19 pm

    သာဓုပါ မနိုရေ… သာဓု.. သာဓု…
    တကယ် အားကျပါတယ်… လုံမဆို ဆံပင်ကိုုနှမြောလို့ (၃) တန်းမှာ ဝတ်ပြီးကတည်းက တစ်ခါမှ ထပ်မဝတ်ဖြစ်တော့ဘူး.. 🙂

    နှစ်သစ်မှာ ပြန်တွေ့မယ်နော်… အာဘွား… :kwi:

  • အရိပ်စစ်

    April 6, 2013 at 1:21 pm

    သာဓုပါရှင်

  • အမနိုဗီရေ …

    သာဓု .. သာဓု .. သာဓု ပါဗျို့ …
    အမှန်အားဖြင့် ….
    လောကီ လူ့ဘောင်ကို စွန့်ခွာဖို့ဆိုတာ
    မလွယ်လှဘူးရယ် …
    မနိုဗီ တစ်ယောက် စိတ်သစ် လူသစ်နဲ့
    ပြန်ရောက်တဲ့အခါမှာလည်း
    ကုသိုလ် အဖို့ကို အမျှပေးဝေပါဦးလို့ …..။

    ချစ်ခြင်းများဖြင့် …
    မောင်အံစာ

  • kthwinzayarmyo

    April 6, 2013 at 1:58 pm

    ဒီနှစ်သင်္ကြန်မှာတော့ လောကီကိုခတ္တစွန့်ခွာပြီး
    အေးချမ်းရာဗုဒ္ဓအရိပ်ကိုခိုဝင်ဖို့ …….. ဒီလို စိတ်မကူးဘဲ
    လောကီကို စွန့်ခွါပြီး ကိလေသာလွတ်မြောက်ရာ ဗုဒ္ဓ အရိပ် ခိုဝင်ဖို့ စိတ်ကူးပါလား
    မနိုဗွီ ရယ်. (ခေတ္တ လည်းမဟုတ်။ အေးချမ်းရာလည်း မဟုတ် စေချင်လို့ပါ)
    ကိလေသာ ဆိုတာ ……. လိုချင်တပ်မက် . ဒေါသထွက်. အမှားကို အမှန်ထင်…..
    ဘုရားကတော့ သူ့ တပည့် ဆိုရင်….. မဂ္ဂင် ၈ ပါး ကျင့်ပါ.အစွန်းရောက် တရား နှစ်ပါး
    မကျင့် ပါနဲ့ လို့ ညွှန်ကြားပါတယ်. ကိလေသာထဲ နစ်နေတာက အစွန်းတစ်ခု ……
    ဆိုရင် …(ကြားထဲမှာ သမ္မာတဲ့ အမြင် .အတွေး. အပြော. အလုပ်. )…နောက် အစွန်းတစ်ခုက….
    မဂ္ဂင် ၈ ပါး ကျင့်ရင်လည်း အတွေး. အပြော. အလုပ် တွေမှာ ဘယ်လိုကျင့်ရမလဲ သိပါစေ.
    မဂ္ဂင် ၈ ချက် ဓမ္မစက် လည်ပြီး တရားရပါစေလို့ ………

  • MaMa

    April 6, 2013 at 3:02 pm

    မနိုရေ-
    ပြတ်သားလှချည်လား။
    ချီးကျူးမိပါတယ်။

    သီလရှင်ဝတ်ထားတဲ့ပုံလေးကလည်း ဒုလ္လဘလို့ မထင်ရဘူး။
    ကြည်ညိုစရာ တကယ့်ဆရာကြီးတစ်ပါးအတိုင်းပဲ။

    ဒါ့ထက် ဂျူနိုလေးကို ဘယ်သူနဲ့ ထားခဲ့မှာတုန်း။
    သူ့ပါ သီလရှင်ဝတ်ခိုင်းလိုက်ပါလား။ :harr:

  • TNA

    April 6, 2013 at 3:53 pm

    မနိုရေ မင်ဂလာပါ။ ရွာထဲဝင်ဝင်လာချင်းမနိုရဲ့ ပိုစ့်ကလေးကြောင့်စိတ်ချမ်းသာရပါတယ်။ သာဓုပါရှင်။ ကျွန်မတို့တွေမလုပ်နိုင်တဲ့အလုပ်ကိုမနိုလုပ်လို့ ပိုပိုပြီး သာဓုခေါ်ပါသည်။

  • Green Rose

    April 6, 2013 at 5:54 pm

    မ Novy ရေ

    ရွာထဲမရောက်ဖြစ်တာကြာပြီ။ ဒီနေ့မှ ဝင်ဖြစ်တာ ဒီပို့စ်လေးဖတ်လိုက်ရတော့…………
    သာဓု၊ သာဓု၊ သာဓု ပါ မ Novy ရေ။
    အေးချမ်းရာကို သိပြီး အေးချမ်းရာကို သွားနိုင်တာကို တကယ်ချီးကျူးပါတယ်။ Green Rose ကတော့ ခုချိန်ထိပူမှန်း သိလိုက်မသိလိုက်နဲ့ ပိုးဖလံဘဝမှာပဲ ရှိပါသေးတယ်။
    ကျန်တာတွေတော့မသိဘူး…… နောက်ပြန်ရှည်လာမယ်သေချာတဲ့ ဆံပင်ကိုတောင် မစွန့်နိုင်သေးဘူး………. 🙂

    လေးစားလျှက်

    (Green Rose)

  • ရွှေ ကြည်

    April 6, 2013 at 6:06 pm

    မနိုရေ ရွာကိုအဆက်ပြတ်နေတာ ဝင်လာတော့ မနိုပို့စ် ခေါင်းစဉ်ကြည့်ပြီ ရာသက်ပန်လားလို့ :mrgreen:
    မနို သာသနာ့ဘောင်ဝင်တာဘယ်နှစ်ကြိမ်ရှိပြီလဲဟင် အားကျလိုက်တာ မနိုကချောလို့လားမသိ မယ်သီလရှင် ဝတ်ရုံနဲ့လည်းကြည်ညိုစရာကြီးပါလားအစ်မရယ်
    အေးချမ်းငြိမ်သက်မှုကိုအစ်မမျက်နှာမှာမြင်တွေ့နေရတယ် သာဓု သာဓု သာဓု ပါ

  • ပက်ထရစ်ရွှေဂေါင်း

    April 6, 2013 at 6:15 pm

    ရှေးဘုရားရှင်လက်ထက်က လုလင်တစ်ပါးဟာ အလုပ်အားတုန်း
    တစ်ပတ် ရဟန်းပြုလို့ ရဟန်းကျင့် ဝိပသနာကျင့်တွေကျင့်ခဲ့ပြီး
    လူထွက်ပြီး လူ့ဘောင်အလုပ်ပြန်လုပ်ပြီး အရွယ်ကုန်သေသော်..
    ၉၁ ကမာ္ဘချမ်းသာ သုခ ခံစားပြီး ဂေါတမဘုရားရှင်လက်ထက်မှာ
    ကျွတ်တမ်းဝင်သွားတယ်သိရပါတယ်..။
    ဒီတော့.. အချိန်ရခိုက်.. မခိုမကပ်သာ တကယ်ကျင့်ရင် ကံအကျိုးပေး
    ကောင်းသွားမှာပါ။
    သာဓု.. သာဓု.. သာဓု.. 🙂

  • ခင်ခ

    April 6, 2013 at 8:06 pm

    ဆရာလေး
    သကာကြီး
    ဆရာလေး
    သကာကြီး
    ဆရာလေး
    သကာကြီး
    ခေါ်ကြည့်တာပါဗျ။
    သာဓု သာဓု သာဓု ပါ။
    အခုလည်း အဲဒီကျောင်းမှာဘဲဝတ်မှာလားဗျ။

  • garuda

    April 6, 2013 at 10:02 pm

    အမျိုးသားတွေ ဖုန်းကြီးဝတ်တာ မဆန်းပေမဲ့…အမျိုးသမီးများ..သီလရှင်ဝတ်ခြင်းကတော့..ဆန်းသဗျာ..တော်ရုံတန်ရုံက..
    ဆံကေသာကို..စွန့်လွှတ်ရမှာ..ဝန်လေးသကိုးးး…အတွယ်အတာတွေ ရှိပြီးမှ ဝတ်ဖို့ဆိုရင် ပိုတောင်မဖြစ်နိုင်သေး…

    • kai

      April 7, 2013 at 2:17 am

      ဟောလိဝုဒ်ရုပ်ရှင်တွေထဲကလို.. အစစ်အတုခွဲလို့မရတဲ့..ကတုံးဆံပင်အစွပ်လေးစွပ်.. သီလရှင်ဝတ်..
      ဆံပင်လှူချင်တယ်ဆို.. တခြားတယောက်ဆီက.. ပိုရှည်တဲ့ဆံပင်(ဥပမာ။ ။ ၃ပေလောက်)ဝယ်ပြီး.. လိုချင်သူကိုလှူ..
      ဖြစ်မလားဗျ.. ကိုရင်ဂလုဒ..

      အချိန်ပိုင်းဝတ်သူတွေအတွက်ပြောတာပါ..။
      ရည်ရွယ်ချက်သဘောတရားက.. ဘာမှထူးတာမဟုတ်..။ :harr:

      • garuda

        April 7, 2013 at 9:29 am

        ဟီဟိ…အမေဂျစ်ကန်ဂျီး ကလည်း.. ဟောလိဝုဒ်ဓာတ်ရှဉ်..တဲ့ ကပ်ကြွားနေသေးတယ် :harr:
        တရုတ်/ကိုရီးယားရုပ်ရှင်တွေလည်း အဲသလို လုပ်တတ်ပါတယ်ဗျ။
        ရုပ်ရှင်ထဲကြည့်တော့ သာ လွယ်တယ် ထင်ရတာဗျ။
        ဒါပမဲ့.. အစစ်အတုခွဲမရ ဖို့ဆိုတာက အစွပ်ကလေး စွပ်ရုံနဲ့ ပြီးမသွားဘူးလေ။..မွန်းမံမှုတွေက
        လိုက်ရသေးတယ်။ ကျွမ်းကျင်တဲ့ မိတ်ကပ်ပညာရှင်က လုပ်ပေးရင်တောင် ၁နာရီလောက်တော့ကြာမယ်ဗျာ။
        သူ့ဆီသွားရအုံးမယ့် အချိန်။ နောက်ပြီး သူ မအား ကိုယ်မအားနဲ့ အချိန်းအချက်တွေကလည်းလုပ်ရအုံးမယ်။
        ပြီးတော့ ညအိပ်ရင် ပြန်ချွတ်ရအုံးမယ် (မချွတ်ပဲ ၃ရက်လောက်ထားရင် လှောင်ပိတ်ပြီးခေါင်းမှာ အပူဖုတွေပေါက်လာမယ်
        ဆံပင်တွေကျွတ်လာမယ်)။မနက်ကျ တစ်ခါ အစစ်အတုခွဲမရ အောင်တစ်ခါပြန်လုပ်ရမယ်လေ။
        ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တယ် သီလရှင်ဝတ်ပါတယ် ဆိုမှ ရုပ်ရှင်ရိုက်နေတာမဟုတ်တော့ အဲသလို လုပ်လို့ဖြစ်ပါ့မလား။
        ရုပ်ရှင်ရိုက်တဲ့ သရုပ်ဆောင်တွေတောင် ပိုက်ဆံရလို့ လုပ်ကြတာ။ဒီလောက်နေရထိုင်ရခက်တာ ဘယ်သူလုပ်မလဲ။
        ကဲပါလေ..ထားပါတော့။
        အဓိက ကတော့ ရည်ရွယ်ချက်သဘောတရားက.. ဘာမှထူးတာမဟုတ်..။ ဆိုတာလေးကိုပဲ ပြောချင်တာပါ။
        သူကြီးက ဘာသာရေးသမား မဟုတ်တော့ တစ်ခြားနည်းနဲ့ ပြောပြမယ်ဗျာ။
        ကျေးကျုးပြု၍ အောက်က လင့်လေးတွေသွား ကြည့်ပေးပါ။
        http://www.gladstoneobserver.com.au/news/shave-for-a-cure-2013/1806413/
        http://www.worldsgreatestshave.com/
        ကဲ..သူတို့ ဘာလို့ ကတုံး တုံးကြလဲ?
        သွေးကင်ဆာ ဖောင်ဒေးရှင်း ကို ပိုက်ဆံလှူမယ့် ကိစ္စက ရိုးရိုး အလှူခံလည်းရတာပဲ/ရိုးရိုးလှူလည်းရတာပဲ။
        ဒါပေမဲ့…သွေးကင်ဆာ ဝေဒနာရှင်တွေဟာ ကုသမှုခံယူရင် ဆံပင်ကျွတ်တဲ့ အတွက် ကတုံးမတုံး ချင်လည်း တုံး ကြရပါတယ်။
        အထူးသဖြင့် ကလေးသူငယ်လေးတွေဆိုရင် စိတ်အားငယ်ကြရှာပါတယ်။တစ်ခြားကလေးတွေကလို ဆံပင်လေးနဲ့လှလှပပ
        လေး နေခြင်ရှာတဲ့ အရွယ်ကိုး။.အဲဒီတော့ လှူမယ့်လူတွေက “ဟေ့..အားမငယ်နဲ့ကွ..ငါတို့လည်း
        မင်းတို့နဲ့ အတူတူ ကတုံးပဲ..ဒါဟာ ဘာမှမထူးဆန်းဘူး..မင်းတို့နဲ့ အတူတူတို့တွေရှိတယ်” ဆိုပြီး အားပေးချင်တာက တစ်ကြောင်း။ လှူတဲ့ လူတွေကလည်း..အော်..သူတို့တွေ..လူနာတွေအတွက် ကိုယ့်ဆံပင်ကို
        အဆုံးခံပြီး အလှူခံတယ် ဆိုပြီး ချီးကျုးစိတ် ကိုယ်ချင်းစာစိတ် လေးနဲ့ ပိုလှူဖြစ်တယ် ပေါ့နော်။ဆိုတော့ စွန့်လွှတ်ခြင်းရဲ့အကျိုးအမြတ်လေးတွေပေါ့ဗျာ။ ကိုယ့် အတွေးသက်သက်နဲ့ ဖတ်ဖူးတာလေးတွေ
        သက်သက်ပါ အဲဒီလင့်တွေထဲမှာ အဲသလို မရေးထားဘူး ထင်ပါတယ်။
        စကားမစပ်..ဒီမှာတော့ အမျိုးသမီးတွေ ဆံပင်တစ်ခါညှပ်ရင် ဟိုတိ ဒီတိ ကိုပဲ ၄၀/၅ဝ လောက်ပေးရတယ်။
        ပွဲလမ်းသဘင်သွားဖို့ သေသေချာချာ ညှပ်မယ် သမယ်ဆိုရင်တော့ ၇ဝ အထက်မှာပဲ ၁၀ဝလည်းကျော်သွား နိုင်တယ်။ အဲဒါကိုပဲ အပြိုင်အဆိုင် လုပ်ကြတာပါပဲ။ အဲသလောက် အထိလှခြင်ကြရှာတဲ့ အထဲက ကတုံးတုံးရဲ တဲ့ သူတွေကတော့ ကြီးမားသောပေးဆပ်မှု ဒါမှမဟုတ် ကြီးမားသောစွန့်လွှတ်ခြင်း ပါပဲ။ အဲ..သူကြီးပြောသလို အတုသာစွတ်သွားပြီး အလှူခံလို့ကတော့..ဘယ်သူထည့်မလဲလေ။
        အတုဟာ အတုပါပဲ…အစစ်မှ မဟုတ်တာ။နောက်ဥပမာ..MJ အောင်ဘုက အောက်အဝှာတက္ကသိုလ် နံရံတွေကို ထုံးသုတ် တယ်ဗျာ..ကျုပ်ကလည်း ကျုပ်လည်း တစ်ခြမ်းသုတ်မယ်ဟာ
        ဒါပေမဲ့ အရောင်တူ acrylic paint သုံးမယ်ဗျာ။ အဝေးက ကြည့်ရင်တော့တူလိမ့်မပေါ့။ ဆေးခြောက်သွားလို့ သဂျီး က ကျုပ်ဖက်က နံရံကို လာမှီလို့
        ဒါမှမဟုတ် လက်နဲ့ကိုင်ကြည့် ပွတ်ကြည့်လို့ ဆေးပေမှမဟုတ်ပေမဲ့။ MJ အောင်ဘု အခြမ်းဖက်ကို အဲသလိုသွားလုပ်ရင် တော့ လက်တွေပေကုန်မှာ
        ပဲနော်။ အကျိုးအမြတ်ခြင်း^အနှစ်သာရခြင်းတူဘူးလေ..။။အဲ အခန့်မသင့်ရင် MJ အောင်ဘုက “ဒဂျီးထုံးကိုင်မိသွားပီဗျို့” လို့ရွာထဲ လျှောက်ဖြန့်
        ရင်ဘယ့်နှယ် လုပ်ပါ့။ :harr:
        ဟီးဟီး..ရှာရှည်ပြီးလျှောက်ပြောနေတာပါ..ကဲ..တိုတိုနဲ့ လိုရင်းပြောရ ရင်တော့..မ Novy ရည်ရွယ်ချက် သဘောတရားက..“ကတုံးတုံးခြင်း”
        မှမဟုတ်တာ။ဒါက သူကြီးရဲ့ စိတ်ထဲမှာထင်နေတာ သက်သက်ပဲလေ။ :kwi:

  • Mလုလင်

    April 6, 2013 at 10:50 pm

    မနို ရေ . . အားကျတယ်ဗျာ . .ကျွန်တော့ မယ် လောဘ တွေ အတောမသတ် နိုင်တာရယ် . . မိသားစု အိမ်သား တိုးတာရယ် နဲ့ ဒီနှစ်တော့ သာသနာဘောင် ခတ္တ မဝင်နိုင်တော့ဘူး . . . . . . အေးချမ်း လိုက်တာဗျာ . . .။

  • ဦးဦးပါလေရာ

    April 7, 2013 at 1:25 am

    လုပ်နိုင်တာကိုလဲ ချီးကျူးပါတယ်
    ကောင်းမှု့လုပ်တာကိုလဲ သာဓုခေါ်ပါတယ်….။
    အရိပ်ဆိုတာ ခဏဝင်ခိုရင်လဲ ခဏအေးတာပါပဲ…
    သီလရှင် ဝတ်စမရှိတဲ့လူတွေအဖို့မှာဆို အင်မတန်ဝန်လေးတဲ့အလုပ်မျိုးပါ။

  • Mr. MarGa

    April 7, 2013 at 8:51 am

    သာ……….ဓု
    သာ……….ဓု
    သာ……….ဓု
    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါ၏
    တစ်လက်စတည်း
    ရွာထဲက အပျိုတွေကိုပါ ဆွဲဆောင်ပြိီး ခေါ်သွားပါလားလို့ :kwi:

  • မောင် ပေ

    April 7, 2013 at 1:05 pm

    ကျုပ်တို ့တက်ကသီလာကျောင်းသားဘဝတုန်းက
    သယ်ချင်း ကောင်မလေးတွေ သီလရှင်ဝတ်ရင် “နမ်းမလားရှင်” ဆိုပြီး စခဲ့ဖူးတာကို သတိရမိတယ် ဆရာလေးရယ် ။
    ဆရာလေးကတော့ ဆရာလေးမို ့
    သာဓု သာဓု သာဓု ပါဘုရား

  • cobra

    April 7, 2013 at 3:38 pm

    ချီးကျူးပါတယ်ဆရာလေးရယ်
    သင်္ကြန်တွင်းမှာ ဝတ်ရတဲ့အရသာက တကယ့်ကိုကောင်းတယ်ဆိုတယဝတ်ဖူးတဲ့သူတွေပဲသိတာပါ
    ဆရာလေးက ၄ကြိမ်မြောက် ဝတ်တယ်
    ကျွန်တော်က ၆ကြိမ်မြောက်ဝတ်ပီးသားလို့ ဒီနှစ်တော့မဝတ်တော့ဘူး ဆရာလေးရယ်။

  • အရီးခင်လတ်

    April 7, 2013 at 7:56 pm

    မနို ရေ

    တစ်ရက်နေ့ကသာတင်လို့ကတော့ ခေါင်းစဉ်ကြည့်ပြီး နောက်တာလို့ ထင်တော့မှာ။
    အခုတော့ တကယ်ဘဲ ရိပ်ကြီးကို (ယာယီ) ခိုတော့မယ်ပေါ့လေ။
    အင်မတန် မြတ်နိုးစရာ ဆံပင်တွေကို စွန့်ရတာ နဲတဲ့ ပါရမီတော့ မဟုတ်ဘူး။
    သာဓုခေါ်ပါတယ်နော်။
    ရတဲ့ ကုသိုလ်တွေ ကိုရဲ့ အမျှ ကိုလဲရယူလိုပါတယ်။
    မနိုက တာဝန်သိတဲ့လူမို့ ယူထားမိတဲ့ တာဝန်တွေ အတွက် ပြန်ကိုပြန်လာရမယ်လို့ သေချာသမို့ အပူတောထဲကို ပြန်လာချိန် အေးရိပ်ထဲက အကြောင်းတွေကို မျှပါဦး။
    :kwi:

  • Novy

    April 7, 2013 at 9:38 pm

    ကြိုတင်ပြီးသာဓုဝင်ရောက်ခေါ်ဆိုသွားတဲ့ရွာသူားတွေကို တွေ့ရတဲ့အတွက်
    အရမ်းကို ပီတိဖြစ်ရပါတယ်
    အေးရိပ်မှ ကုသိုလ်တရားတွေကိုလည်းပြန်လည်မျှဝေပါအုံးမယ်နော်

    “ရည်ရွယ်ချက်သဘောတရားက.. ဘာမှထူးတာမဟုတ်”
    ဆိုတဲ့သူကြီးလည်း အရိပ်စစ်ကို တွေ့ရှိပါစေလို့

  • weiwei

    April 7, 2013 at 10:04 pm

    အားကျလိုက်တာ …
    အသက် ၁ဝ နှစ်အရွယ်တုန်းက တစ်ကြိမ်ပဲ ဝတ်ဖူးသေးတယ် …
    ၂၀၀ရ တုန်းက တစ်ကြိမ် သီလရှင်ဝတ်ဖို့ ရက်လဲသတ်မှတ်ပြီး ဝတ်စုံလဲချုပ်ပြီး ခွင့်လဲယူပြီးကာမှ ပျက်သွားခဲ့ဖူးတယ် …
    သာဓုခေါ်ပါတယ် …
    နောင်လဲ အကြိမ်ကြိမ် ဝတ်နိုင်ပါစေလို့ …

  • ဦးကြောင်ကြီး

    April 8, 2013 at 7:37 am

    လောကဂျီးက ပူလောင်ပါဒယ် အန်တီနိုဗွီရာ… တသက်လုံး သာသနာ့ဘောင် ဝင်လိုက်စမ်းပါ။ ဂျူနိုလေးကို ကြောင်ကြီး တာဝမ်ထားလိုက်။ :harr:

  • Ma Ei

    April 8, 2013 at 11:17 am

    သီလရှင်ဝတ်ထားတဲ့ ပုံလေး အေးချမ်းလိုက်တာ နိုဗွီရေ…
    ပြန်လာရင် ကုသိုလ်တွေ မျှဝေပါဦးနော်…

  • nozomi

    April 8, 2013 at 11:34 am

    သာဓု သာဓု သာဓု ပါ ခင်ဗျ

    အရင်က ရွာထဲမှာ လုပ်ငန်းပေါင်းစုံ အသက်အရွယ် ပေါင်းစုံ နေရာပေါင်းစုံ က လူတွေ ရှိကြတာ
    ဘုန်းဘုန်းတွေ ရှိပေမဲ့ ဆရာလေး မရှိဘူး ဖြစ်နေတယ်
    အခုတော့ ဆရာလေး ရှိလာပြီဆိုတော့ ပိုစုံ သွားတာပေါ့
    ပို သေချာသွားအောင် အမှတ်တရလဲ ဖြစ်သွားအောင် ဆရာလေး ဘဝ နဲ့
    ပို့စ် တစ်ပုဒ်လောက်တင်ပါ့လား

  • ဦး ကျောက်ခဲ

    April 8, 2013 at 11:51 am

    ဟီ ဟိ… လူပြန်ထွက်လာမှ…
    ဒါလင်ကြီးကို အဘား အဘား အော်သွားရအောင်…
    ကတုံးကြီးနဲ့ ခွေ့ပစ်လိုက်… အား ဟိ
    :harr:

Leave a Reply