Mandalay Gazette ကြောင့် အမျိုးမျိုးသော လုပ်ငန်းခွင် အသီးသီးမှ ၊အလွှာစုံ ၊  အသက်ရွယ်စုံ ၊ ရောင်သွေးစုံ ဝါသနာ စုံလူများကို အပြင်လောကမှာပါ ရင်းနှီးခွင့်ရခဲ့ပါတယ် ။ မကြာခဏဆိုသလို တွေ့ ဆုံပွဲတွေလုပ်ကြတယ် ။ အလျဉ်းသင့်သလို တွေ့ဆုံခဲ့ကြတယ် ။လက်လှမ်းမှီသလောက် အလှူလေးတွေလည်း စုပေါင်းပြီး လုပ်ခဲ့ကြတယ် ။  ရန်ကုန် ၊မန္တလေး ၊ နေပြည်တော်နှင့် အခြားနယ်မှ လူတွေ လာတိုင်း အလျှင်းသင့်သလို  တွေ့ဆုံပွဲတွေ လုပ်ကြ ဧည့်ဝတ်ပြုကြနဲ့ နွေးနွေးထွေးထွေးရှိခဲ့ကြတယ် ။ ပြည်တွင်းက လူတွေတင်မကပဲ ၊ ပြည်ပမှ ပြန်လာသူတွေအထိပါ အလျဉ်းသင့်သလို ဆုံကြတဲ့အခါ ၊  တခါမှ မဆုံခဲ့ကြဖူးပေမယ့် စာတွေရေးကြ ၊ ကော့မန့်တွေပေးကြနဲ့ နောက်ပြောင်းရင်း ငယ်ငယ်က ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေလို ပြောမနာ ဆိုမနာ ဆက်ဆံရေးမျိုး ရှိခဲ့ကြတယ် ။  တကြိမ်ထက်ပိုပြီး အခေါက်ခေါက်တွေ့ ဆုံဖြစ်ခဲ့ကြတဲ့အခါ အချင်းချင်းကြား ရင်းနှီးမှုတင်မက သံယောဇဉ်ပါဖြစ်ခဲ့ကြတယ် ။ ဒါကြောင့်လည်း ရွာထဲ သာရေး နာရေး တစ်ခုခု ရှိပြီဆိုလျှင် ၊ အားလုံးက တက်ညီ လက်ညီရှိခဲ့ကြပါတယ် ။

%%%%%%%%%%%%%%%%%%%%%%

Mandalay Gazette ကျေးဇူးနှင့်တွေ့ ဆုံခွင့်ရခဲ့လို့ … မကြာခဏစုပြီး စားကြသောက်ကြလုပ်ကြရင်း ဝါသနာ တူသူလေးတွေ အများကြီးရှိတာ တွေ့ခဲ့ရပြန်တယ် ။ ဝါသနာ တူသူတွေအတွက် နောက်ပြောင်ပြီး အပျော် အသင်းဖွဲ့လေးတစ်ခု ဖွဲ့စည်းခဲ့ပြန်တယ် … အရက်သမား သမဂ္ဂအဖွဲ့ရယ်လို့ နာမည် ပေးခဲ့ကြတယ် .. .. အသင်းဖွဲ့တွေ ၊ ပါတီတွေ ထောင်တာ ခေတ်စားနေတဲ့ အချိန် ..  အားကျမခံ နာမည်တစ်ခုကောက်တပ်ပစ်ခဲ့တာ … အရက်သမား သမဂ္ဂပါ … ။  အခုဆို နောက်နောက်ပြောင်ပြောင်နဲ့ အကြောင်းရှာ နာမည်ပေးခဲ့တဲ့ရက်လေး ကျော်လွန်ခဲ့တာ တနှစ်တောင်ပြည့်ခဲ့ပါပြီ ။

သောက်တတ်စားတတ်တဲ့ လူတွေထဲက ခရီးထွက်ဖို့ အဆင်ပြေတဲ့ လူတစ်စု ချောင်းသာကမ်းခြေကို ပထမဆုံး ခရီးစဉ်အဖြစ် စသွားခဲ့ကြပါတယ် ။ ခရီးစဉ် စလို့ ရန်ကုန်က ထွက်ခဲ့တာ မတ်လ 25 ညမှာပါ ၊ အချို့သော လူတွေလည်း အကြောင်းကြောင်းကြောင့် 25ရက်ည လိုက်ဖို့ မဖြစ်တဲ့အခါ 26မနက်မှာ လိုက်လာကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ တွေ 26 ညနေ ချောင်းသာကမ်းခြေမှာ ဆုံဖြစ်ခဲ့ကြတယ် ။ အရက်သမား သမဂ္ဂရဲ့ နှစ်ပတ်လည်လို့ မရည်ရွယ်ပါပဲ …. အကြောင်းပြချက်ပေးပြီး  နှစ်ပတ်လည်လို့ ခေါင်းစဉ်တပ်သောက်စား ခဲ့ကြပါတယ် ။ အစကတော့ သွားဖို့ ရည်ရွယ်သူ နှစ်ယောက်တည်းပါ … သူတို့ နှစ်ယောက် အစီစဉ်ကို တယောက်ပြီးတယောက်ကြားရင်း … အခုလို တစုဖြစ်သွားခဲ့ပါတယ် ။ peak season ဖြစ်တာကြောင့် ဘွတ်ကင်ကြိုတင်ထားတာမျိုးမရှိတော့ ကားလက်မှတ်က အစ ၊ အခန်းရဖို့ အထိပါ ဒီလူအကုန်စာ စီစဉ်ဖို့ ခက်ခဲခဲ့ပါတယ် ။ ရှားရှားပါးပါး ဘွတ်ကင်တင်ထားတဲ့ အခန်းတွေ သူများဈေးပိုပေးလို့ ကိုယ်တွေ ဖြုတ်ချခံလိုက်ရတာမျိုးလည်း ကြုံခဲ့ပေမယ့် …နောက်ဆုံး အဆင်ပြေပြေနဲ့ ….. အခုလို အရက်ဝိုင်းလေး ဖန်းတီးနိုင်ခဲ့တဲ့အခါ ၊ စိတ်ပင်ပန်းခဲ့ရတာတွေက ဘာမှ မပြောပလောက်တော့သလိုပါပဲ ။ ကြုံတောင့်ကြုံခဲ ရွာသူ/သားတွေ စုသွားဖြစ်ခဲ့တဲ့ အပျော်  ညအိပ် ခရီးစဉ်လေးကတော့ .. ဘဝမှာ မှတ်မှတ်ရရ ရှိနေတော့မှာပါ ။

(ဓါတ်ပုံထဲ ပါသူအားလုံးကို ရွာထဲပို့စ်တင်ဖို့  ခွင့်ပြုချက်တောင်းပြီးပါပြီ )

 

အူးကျောက်ကလည်း တကူးတက ဟောင်ကောင်ကနေ ... ဘဲကင်တစ်ကောင်ကို အပွန်းပဲ့မရှိအောင်သယ်ခဲ့ပါတယ် ။

အူးကျောက်ကလည်း တကူးတက ဟောင်ကောင်ကနေ … ဘဲကင်တစ်ကောင်ကို အပွန်းပဲ့မရှိအောင်သယ်ခဲ့ပါတယ် ။ အူးကျောက်ကိုလည်း ကျေးဇူးတင်ပါတယ် ။ လူစုံသွားအောင် လိုက်ဖြစ်ခဲ့တဲ့ … သောက်ဖော်သောက်ဖက်တွေကိုလည်း ကျေးဇူးတင်ပါတယ် ။

 

Double Black တလုံး စပွန်ဆာ ပေးပါသော ခြင်္သေ့ မြို့တော်က ရွာသူ မမခိုင်ဇာကို ကျေးဇူးတင်ပါတယ် ။

Double Black တလုံး စပွန်ဆာ ပေးပါသော ခြင်္သေ့ မြို့တော်က ရွာသူ မမခိုင်ဇာကို ကျေးဇူးတင်ပါတယ် ။

 

 

 

 

 

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!