တောင်ဗျင်ရောက် ရွှေဟင်းတာယေးများ ….

etoneApril 6, 20131min53741

Mandalay Gazette ကြောင့် အမျိုးမျိုးသော လုပ်ငန်းခွင် အသီးသီးမှ ၊အလွှာစုံ ၊  အသက်ရွယ်စုံ ၊ ရောင်သွေးစုံ ဝါသနာ စုံလူများကို အပြင်လောကမှာပါ ရင်းနှီးခွင့်ရခဲ့ပါတယ် ။ မကြာခဏဆိုသလို တွေ့ ဆုံပွဲတွေလုပ်ကြတယ် ။ အလျဉ်းသင့်သလို တွေ့ဆုံခဲ့ကြတယ် ။လက်လှမ်းမှီသလောက် အလှူလေးတွေလည်း စုပေါင်းပြီး လုပ်ခဲ့ကြတယ် ။  ရန်ကုန် ၊မန္တလေး ၊ နေပြည်တော်နှင့် အခြားနယ်မှ လူတွေ လာတိုင်း အလျှင်းသင့်သလို  တွေ့ဆုံပွဲတွေ လုပ်ကြ ဧည့်ဝတ်ပြုကြနဲ့ နွေးနွေးထွေးထွေးရှိခဲ့ကြတယ် ။ ပြည်တွင်းက လူတွေတင်မကပဲ ၊ ပြည်ပမှ ပြန်လာသူတွေအထိပါ အလျဉ်းသင့်သလို ဆုံကြတဲ့အခါ ၊  တခါမှ မဆုံခဲ့ကြဖူးပေမယ့် စာတွေရေးကြ ၊ ကော့မန့်တွေပေးကြနဲ့ နောက်ပြောင်းရင်း ငယ်ငယ်က ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေလို ပြောမနာ ဆိုမနာ ဆက်ဆံရေးမျိုး ရှိခဲ့ကြတယ် ။  တကြိမ်ထက်ပိုပြီး အခေါက်ခေါက်တွေ့ ဆုံဖြစ်ခဲ့ကြတဲ့အခါ အချင်းချင်းကြား ရင်းနှီးမှုတင်မက သံယောဇဉ်ပါဖြစ်ခဲ့ကြတယ် ။ ဒါကြောင့်လည်း ရွာထဲ သာရေး နာရေး တစ်ခုခု ရှိပြီဆိုလျှင် ၊ အားလုံးက တက်ညီ လက်ညီရှိခဲ့ကြပါတယ် ။

%%%%%%%%%%%%%%%%%%%%%%

Mandalay Gazette ကျေးဇူးနှင့်တွေ့ ဆုံခွင့်ရခဲ့လို့ … မကြာခဏစုပြီး စားကြသောက်ကြလုပ်ကြရင်း ဝါသနာ တူသူလေးတွေ အများကြီးရှိတာ တွေ့ခဲ့ရပြန်တယ် ။ ဝါသနာ တူသူတွေအတွက် နောက်ပြောင်ပြီး အပျော် အသင်းဖွဲ့လေးတစ်ခု ဖွဲ့စည်းခဲ့ပြန်တယ် … အရက်သမား သမဂ္ဂအဖွဲ့ရယ်လို့ နာမည် ပေးခဲ့ကြတယ် .. .. အသင်းဖွဲ့တွေ ၊ ပါတီတွေ ထောင်တာ ခေတ်စားနေတဲ့ အချိန် ..  အားကျမခံ နာမည်တစ်ခုကောက်တပ်ပစ်ခဲ့တာ … အရက်သမား သမဂ္ဂပါ … ။  အခုဆို နောက်နောက်ပြောင်ပြောင်နဲ့ အကြောင်းရှာ နာမည်ပေးခဲ့တဲ့ရက်လေး ကျော်လွန်ခဲ့တာ တနှစ်တောင်ပြည့်ခဲ့ပါပြီ ။

သောက်တတ်စားတတ်တဲ့ လူတွေထဲက ခရီးထွက်ဖို့ အဆင်ပြေတဲ့ လူတစ်စု ချောင်းသာကမ်းခြေကို ပထမဆုံး ခရီးစဉ်အဖြစ် စသွားခဲ့ကြပါတယ် ။ ခရီးစဉ် စလို့ ရန်ကုန်က ထွက်ခဲ့တာ မတ်လ 25 ညမှာပါ ၊ အချို့သော လူတွေလည်း အကြောင်းကြောင်းကြောင့် 25ရက်ည လိုက်ဖို့ မဖြစ်တဲ့အခါ 26မနက်မှာ လိုက်လာကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ တွေ 26 ညနေ ချောင်းသာကမ်းခြေမှာ ဆုံဖြစ်ခဲ့ကြတယ် ။ အရက်သမား သမဂ္ဂရဲ့ နှစ်ပတ်လည်လို့ မရည်ရွယ်ပါပဲ …. အကြောင်းပြချက်ပေးပြီး  နှစ်ပတ်လည်လို့ ခေါင်းစဉ်တပ်သောက်စား ခဲ့ကြပါတယ် ။ အစကတော့ သွားဖို့ ရည်ရွယ်သူ နှစ်ယောက်တည်းပါ … သူတို့ နှစ်ယောက် အစီစဉ်ကို တယောက်ပြီးတယောက်ကြားရင်း … အခုလို တစုဖြစ်သွားခဲ့ပါတယ် ။ peak season ဖြစ်တာကြောင့် ဘွတ်ကင်ကြိုတင်ထားတာမျိုးမရှိတော့ ကားလက်မှတ်က အစ ၊ အခန်းရဖို့ အထိပါ ဒီလူအကုန်စာ စီစဉ်ဖို့ ခက်ခဲခဲ့ပါတယ် ။ ရှားရှားပါးပါး ဘွတ်ကင်တင်ထားတဲ့ အခန်းတွေ သူများဈေးပိုပေးလို့ ကိုယ်တွေ ဖြုတ်ချခံလိုက်ရတာမျိုးလည်း ကြုံခဲ့ပေမယ့် …နောက်ဆုံး အဆင်ပြေပြေနဲ့ ….. အခုလို အရက်ဝိုင်းလေး ဖန်းတီးနိုင်ခဲ့တဲ့အခါ ၊ စိတ်ပင်ပန်းခဲ့ရတာတွေက ဘာမှ မပြောပလောက်တော့သလိုပါပဲ ။ ကြုံတောင့်ကြုံခဲ ရွာသူ/သားတွေ စုသွားဖြစ်ခဲ့တဲ့ အပျော်  ညအိပ် ခရီးစဉ်လေးကတော့ .. ဘဝမှာ မှတ်မှတ်ရရ ရှိနေတော့မှာပါ ။

(ဓါတ်ပုံထဲ ပါသူအားလုံးကို ရွာထဲပို့စ်တင်ဖို့  ခွင့်ပြုချက်တောင်းပြီးပါပြီ )

 

အူးကျောက်ကလည်း တကူးတက ဟောင်ကောင်ကနေ ... ဘဲကင်တစ်ကောင်ကို အပွန်းပဲ့မရှိအောင်သယ်ခဲ့ပါတယ် ။
အူးကျောက်ကလည်း တကူးတက ဟောင်ကောင်ကနေ … ဘဲကင်တစ်ကောင်ကို အပွန်းပဲ့မရှိအောင်သယ်ခဲ့ပါတယ် ။ အူးကျောက်ကိုလည်း ကျေးဇူးတင်ပါတယ် ။ လူစုံသွားအောင် လိုက်ဖြစ်ခဲ့တဲ့ … သောက်ဖော်သောက်ဖက်တွေကိုလည်း ကျေးဇူးတင်ပါတယ် ။

 

Double Black တလုံး စပွန်ဆာ ပေးပါသော ခြင်္သေ့ မြို့တော်က ရွာသူ မမခိုင်ဇာကို ကျေးဇူးတင်ပါတယ် ။
Double Black တလုံး စပွန်ဆာ ပေးပါသော ခြင်္သေ့ မြို့တော်က ရွာသူ မမခိုင်ဇာကို ကျေးဇူးတင်ပါတယ် ။

 

 

 

 

 

 

41 comments

  • ကီလိုဇူးလူးဝီစကီ

    April 6, 2013 at 12:35 pm

    ချွေဟင်သာ တစ်ကောင်လောက် ဖမ်းချင်လို့ ဘာ။
    :kwi:
    ဦးထုတ်နဲ့ ချွေဟင်သာမလေး ဖမ်းပေးပါ။

    :528:

  • ဟယ်ချွေအိလေးက လန်းနေတာအေ့
    မှတ်တောင်မှတ်မိဘူး မနဲကြည့်ယူရတယ်
    အိုပါဂန်းကြီးကလဲမိုက်နေတာအေ
    ဆက်ပြောရင် လူတွေအကုန်တိကုန်တော့မယ်နော်

    • etone

      April 6, 2013 at 1:30 pm

      ဒီတခါ နာမည်တွေရော လူတွေပါ ဖော်မှာပါလေးလေး :mrgreen:

  • Mr. MarGa

    April 6, 2013 at 1:34 pm

    တစ်နှစ်တောင် ပြည့်ခဲ့ပါပေါ့
    ဆက်လက် ကြာရှည်စွာ တည်ပါစေကြောင်း
    နောက်နောင်လဲ ဒီလိုပွဲမျိုး ဆက်လက်လုပ်နိုင်ပါစေကြောင်း
    ဆုတောင်းပါအိ :hee:

  • ရွာသူ jujuma .

    April 6, 2013 at 1:36 pm

    တောင်ဗျင်ရောက်ရွှေဟင်းတာယေးများတဲ့ ..
    မိုက်ထှာအေ … ပျော်စရာကြီးးး

  • အလို …
    ပျော်စရာဂျီးဘာလားကွယ်ရို့ …
    သူရို့ ကျိပီး ကျုပ်တောင် ပျော်တွားဒယ် …
    ဂယ် .. ဂယ် .. :mrgreen:

    • ရွှေ ကြည်

      April 6, 2013 at 5:58 pm

      အဟွတ် … ပေဆောင်ဆောင်နဲ့လည်ပြန်ကြည့်နေတာ ဘယ်သူပါလိမ့် 😆

  • ဖော့(စ)ထရော့ချာလီ

    April 6, 2013 at 2:26 pm

    အကျိုးအကြောင်းမတိုက်ဆိုင်လို့
    မလိုက်ဖြစ်ပေမယ့်
    အဲဒီပုံလေးတွေတွေ့တိုင်းအပျော်တွေကူးစက်ပါတယ်
    နောက်တစ်ခေါက်အတွက် အားတင်းထား တယ်

    ဖော့(စ)ထရော့ချာလီ

  • GaviaGirl

    April 6, 2013 at 3:11 pm

    အဟမ်း.. စာမွဲလေးရက်ဖြေရလု့ိ ရုံးပျက်တဲ့ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလား…
    အလုပ်တွေများတယ်ဆိုပြီး ခွင့်မပေးတဲ့ ရုံးကလူကြီးကိုပဲ အပြစ်တင်ရမလား…
    ဘာပဲဖစ်ဖစ်… သူတို့ကိုကြည့်ပီး ပျော်ဒယ်… ချွေဟင်းတာမဖြစ်တဲ့ကိုယ့်ကိုကိုယ် ချိတ်မကောင်းဝူး.. 🙂

  • Foreign Resident

    April 6, 2013 at 3:24 pm

    သောင်ပြင်မှာ နည်းတဲ့လူတွေ မဟုတ်ဘူး ။
    တော်တော် စည်တာပဲ ။

  • TNA

    April 6, 2013 at 5:24 pm

    တနှစ်တောင်ပြည့်ပလား။ ဂုဏ်ယူပါတယ်။ ဒီပါတီလေးအဓွန့်ရှည်ပါစေကြောင်းဆုတောင်းပါတယ်။ သမဂဝင် ဒွေလူမစုံဘူးပဲနော့။ နောက်နှစ်ပါတ်လည်ကျတော့လူစုံပါစေကြောင်းထပ်လောင်းဆုတောင်းပါအိ။

  • MaMa

    April 6, 2013 at 5:51 pm

    ပုံတွေကြည့်ပြီး သမဂ္ဂ ဝင်ချင်လာပြီ။
    နောင်နှစ်အတွက် အခုကတည်းက သောက်တာ ကျင့်ထားမယ်။
    ရေသောက်တာ ပြောပါတယ်။ :kwi:

    • etone

      April 6, 2013 at 7:38 pm

      အန်တီမမရေ ဘာပဲသောက်တတ်တတ် သောက်တတ်တယ်ဆိုကတည်းက ဝင်နွှဲလိုရပြီ
      ဘာလို့လဲဆိုတော့ အခုဝိုင်းထိုင်နေတဲ့အထဲမှာ ဟန်ပြခွက်ကိုင်ပြီး နှူတ်ခမ်းနဲ့ထိလိုက် ပြန်ချလိုက်လုပ်ပြီး ေ ရတွေလှိမ့်သောက်နေတဲ့ လူတစ်ယောက်ရှိလို့ပါ 😆
      သူဘူပါလိမ့်နော် :bar:

  • ပက်ထရစ်ရွှေဂေါင်း

    April 6, 2013 at 5:53 pm

    ကျုပ်ကိုလည်း အဲ့သမဂ္ဂထဲ ဝင်ခွင့်ပေးဘာဗျာ..။
    ဥက္ကဌရှိရင်လာဘ်ထိုးခ.. ချိဗတ်စ်.. တိုက်ပါ့မယ်..။
    ဟိုလူ အူးကမ်းဂျီး.. ဟင်္ဒါရွှေအိနားလေးပဲ ကပ်နေပါ့လား။
    နှုတ်သီးစာမိနေဦးမယ်.. ခွိ.. :mrgreen:

    • အွန် …
      အဲ့လို ရဂျေးလားးးး
      ပက်ထရစ်ရွှေဂေါင်း … ဒဲ့ …
      ယုံဘူးးး
      အိန်းဂျီး ချွတ်ပြ …… :mrgreen:

  • ရွှေ ကြည်

    April 6, 2013 at 5:59 pm

    တုံကလေးရေ ဒါ့ပုံတွေကြည့်ပြီး အပျော်တွေကူးစက်လာသလိုပဲ သတိရပါ၏ နောက်လည်းတွေ့ချင်ပါ၏

  • သားကြီး ထွဋ်

    April 6, 2013 at 6:42 pm

    လိုက်ချင်လိုက်တာ ဂယ်ပဲ မကြုံလိုက်ရတာနာတယ် နောက်နှစ်တွေဆိုကြိုးစားမယ်
    ဒီနှစ်တော့ ရွှေဟင်္သာတို့နဲ့ ကိုချောင်းသာကိုမလိုက်ရတော့ ညီမလေးညောင်ချောင်းသာနဲ့ပဲ ကြေနပ်ရတော့တယ် ဟဲဟဲဟဲ

  • surmi

    April 6, 2013 at 7:40 pm

    လိုက်ချင်တယ်ဗျို ့
    နောက်တခါ ……….

  • etone

    April 6, 2013 at 8:07 pm

    ကိုယ်ရေးတာမပါပဲ comment အခု ငါးဆယ်ပြည့်လျှင် နာမည်တွေဖော်ပေးပါမယ် …. ခိခိ သဂျီးတော့ ညက်ခုံးလှုပ်နေဘီ :kwi:

    • ခင်ခ

      April 6, 2013 at 8:33 pm

      ဆုံလည်းဆုံတတ်ကြပါပေ့။
      အရင်တုန်းက ဖတ်ခဲ့တဲ့ရွာနဲ့တော့ ကွာခြားလာတာအမှန်ဘဲ
      ပွင့်လင်းမြင်သာရှိလာကြပြီနော်။
      ဟိုးတုန်က ရွာသူားတစ်ဦးရဲ့ ဓာတ်ပုံတင်ဖိုဆိုတာ ကျားမြီးပြေးဆွဲလိုက်ထက်တောင်ခက်ဆိုဘဲ။

  • garuda

    April 6, 2013 at 8:49 pm

    ဒဘလယ် ဘလက်ဆိုပါလား..ကြားဖူးပေါင်.. 🙄

  • ဦးဦးပါလေရာ

    April 7, 2013 at 1:18 am

    လူငယ်တွေ ပျော်ခွင့်ရတုန်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပျော်ကြတာ သဘောကျတယ်။
    အဲလိုအခွင့်အလမ်းမျိုးက တသက်လုံး အမြဲမရနိုင်ဘူးလေ…။

  • kai

    April 7, 2013 at 2:33 am

    တိုင်းပြည်ကြီးပြောင်းသွားတဲ့အထဲ.. မန်းဂဇက်က အုပ်၁ဝချပ် သဲအပွင့်တရာစာလောက်ပါပါတယ်..
    အရင်က.. မြန်မာပြည်သူသားတွေ.. အင်တာနက်ဂျီမေးလ်ဖေ့ဘုတ်မကြည့်နိုင်ခင်မှာကို.. မန်းဂဇက်ကို.. မြန်မာပြည်ထဲက.. တိုက်ရိုက်ဖွင့်ကြည့်နိုင်ခဲ့တာ..
    အဲဒီတုံးက.. ရွာသူားတွေမထိခိုက်အောင်….သတင်းတွေ.. အာဏာပိုင်တွေမငြိုညင်အောင် ထိန်းညှိတင်ခဲ့ရတာပေါ့..

    အခုတော့.. ပုလင်းထောင်ပြ. ပြောင်ပြပြီပေါ့…။
    နာမယ်..နာမယ်..
    နင့်မသောက်နိုင်.. နင့်အမျိုးတူကို.. တယောက်ထဲဝယ်သောက်ပစ်မယ်.. :kwi:

  • Shwe Ei

    April 7, 2013 at 8:10 am

    အန်ကယ်ကျောက် အိုက်ဒီယာ ဗရာကျော်နဲ့ချိတ်စ်က ဆွိရဲ့ ဒေါ်ဘယ်ဘလက်နဲ့ အတော်လေး အစပ်အဟပ်မိတာ တော်ရေ :harr:

    • etone

      April 8, 2013 at 2:04 pm

      ရှလွှတ် .. ရှလွှတ် … လျှာပေါ်တင်လိုက်တာနဲ့ …..စိတ်အာရုံတွေ နိုးထပြီး ၊ စွဲစွဲလမ်းလမ်း ဖြစ်သွားစေလောက်တဲ့… အရသာမျိုး …. ပြန်တွေးတိုင်း … ဂလု . . ဂလု … :kwi:

  • မောင် ပေ

    April 7, 2013 at 1:03 pm

    ပုံတွေမြင်ရတာနဲ ့တင်
    အပျော်တွေ ရင်ထဲကူးစက်လာတယ်
    အားကျမိပါဘိတောင်း

  • အရီးခင်လတ်

    April 7, 2013 at 3:07 pm

    “ကြေးအိုး” ထဲမှာ ” ကျောက်တုံး” ထည့်တော့ လက်က “တုန်” နေ၊ ” နွယ်” လို အရွက်စိမ်း ကို တစ်”စည်”ပိုင်း ထည့်ရင်ဖြင့် “ကမ်း”ကုန်အောင် “အိ” သွားမှာမို့ “အမယ်မင်း” လို့ အော်ပြီး ” ခြောက်မျက်နှာ” လှည့်ကြည့်တော့ “သု” လက်မှာ တက်တိုး လေးနဲ့။
    :kwi:

    • Foreign Resident

      April 7, 2013 at 3:47 pm

      ” “သု” လက်မှာ တက်တိုး လေးနဲ့ ”

      ကျန်တာတွေက ၊ နားလည်ပါတယ် ။
      “သု” က ဘယ်လိုဖြစ်သွားရတာတုန်း ။

    • etone

      April 7, 2013 at 7:39 pm

      အရီးရယ် ဟုတ်တော့မလိုလိုနဲ့ …….. တွတ်ဖြစ်သွားတယ် :kwi:

      • အရီးခင်လတ်

        April 7, 2013 at 8:00 pm

        ကိုအဘရေ တက်တူး ကို တက်တိုး လုပ်မိထားလို့။
        ရွာထဲက တက်တူး ခရေဇီး တစ်ယောက်လို့ ထင်တာဘဲ။

        တုံတုံ ရေ့နောက်ဆုံးတစ်ယောက်က ရမ်းတီးထားတာ။ 😆

        • ကီလိုဇူးလူးဝီစကီ

          April 7, 2013 at 8:08 pm

          အရီးရယ်။
          တွဲဖက် တစ်ယောက်ကို မှန်နေမင့်ဟာကို။
          အသည်းယားတယ်နော်။ :mrgreen:
          ပြောချင်လာဘီ။
          ပြောချင်လာဘီ။

          ဟို အာမေဋိတ် မူပိုင်ရှင်ဟာရော။
          ဟီး။ သိသွားရင် တိတ်တိတ်လေးနေနော်။
          :kwi:

    • အရီးခင်လတ်

      April 7, 2013 at 8:33 pm

      သိပြီ။ သိပြီ။
      အရီး ရဲ့ တောက်စ် စီဒီ လေး။
      “ဂ”။
      တုံးလိုက်တဲ့ ငါဟဲ့။အတွဲပဲ့ နေတာ သတိမေ့ခဲ့တယ်။
      အဲဒီ တက်ထူး က ဝင်ပြီး လွှမ်းသွားတာ။
      😆

  • Moe Z

    April 8, 2013 at 12:24 pm

    အဲလောက်လူအများကြီးရှိတဲ့အချိန် တစ်ခါမှမသွားဖူးဘူးရယ်
    ပုံတွေကြည့်ရတာပျော်စရာကြီး
    ဘိုင်သဝေး တိတွားဘီ .. ကျေးကျေးအရီး :mrgreen:

  • ဦး ကျောက်ခဲ

    April 8, 2013 at 1:03 pm

    လွမ်းလိုက်တာ ဘော်ဘော်တို့ရယ်…
    Mozzarella Cheese နဲ့ ဗယာကျော် အတော်အတွဲမိတယ်…
    ခုတော့ အသက်ကြီးမှဝက်သက်ပေါက်တဲ့ ဦးကျောက်…
    သက်ဆိုင်သူက အရက်ကိုဖြတ်မလား သူ့ကို ဖြတ်မလားတဲ့…
    နားလည်ပေးကြပါကွယ်…. အား ဟင့်
    :byae:

    • etone

      April 8, 2013 at 1:26 pm

      အာ .. အူးယေး … ဦးးးးးးးးးးးးးးး ကြောက် :kwi: မွှားယို့ … အူးကျောက် ….

      ဒါမဖြစ်သင့်တာပဲ … အိုက် ခေတ်က ကုန်တွားဘီ အူးယေးရဲ့ …. :om:
      ယောကျာ်းတစ်ယောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထိန်းချုပ်ထားတာ ထက်စာလျှင် …သူ့အကြိုက် ကိုယ့်အကြိုက် နှစ်ဖက်မျှတွေးနားလည်မှုပေးတဲ့ ဆက်ဆံရေးမျိုးကမှ … ပိုပြီး စိတ်ဝင်စားစရာကောင်းမလားပဲ … ။
      ဟိုလေ ..အူးလေးရယ် … ငယ်ငယ်က မိဘက ဒါမလုပ်ရဝူးဆိုလျှင် မိဘလစ်တဲ့ အချိန် နှစ်ဆတိုးပြီး လုပ်သလိုပေါ့လေ … ခုလည်း နှစ်ဆတိုးသောက် …အ ဲ အဲ … :mrgreen:

  • Ma Ei

    April 8, 2013 at 1:43 pm

    ရွှေဟင်းတာယေးတွေ အများကြီးပါလား…

  • Myo Thant

    April 8, 2013 at 2:41 pm

    နာတိတာ တစ်ယောက်မှ ပါဘူး
    ဆိုး တာ ကွာ

    🙂

  • နေဝန်းနီ

    April 8, 2013 at 9:21 pm

    တစ်ဂေါင် နဂေါင်
    ဟင်း သုံးဂေါင်
    တစ်ဂေါင် ရေထဲကျ
    ငါ ငုတ်လို့ရ

    • etone

      April 9, 2013 at 11:53 am

      တစ်ဂေါင် ရေထဲကျ ဆိုလို့ …. တကယ့်ကို တကောင်ရေထဲကျသွားတာ (ကြောင်ကျကျတာ 😥 ) … ခါးလည်လောက်ပဲရှိတဲ့ ရေပေမယ့် လှိုင်းကြီးလို့ မြုပ်သွားပြီး … လူလည်းအတော်မွမ်းသွားတယ် … မနွယ်ပင်နဲ့ ဟိုကိုယ်တော် အမြန်လာထူပေးပေလို့ပဲ … ။ :byae:

  • ဦးကြောင်ကြီး

    April 9, 2013 at 9:51 am

    အီးတုံး ငမူး ငတုံး …. ဘလက်လေဘယ်လ်ကို တခါသုံး ပလပ်စတစ်ခွက်နဲ့ သောက်ရသလား… မသောက်ဘူးရင် မိုက်ကယ်ဂျော်လကီအောင်ပုကိုမေးကြည့်… ဒင်းဆို ဝီစကီဖန်ခွက် ကြွတ်ကြွတ်အိပ်စွပ်သောက်တာ… (ဖန်ခွက်မဆေးရအောင်တဲ့) :buu:

    • etone

      April 9, 2013 at 11:56 am

      အူးကြောင် ဘွပုအကျံဂေါင်းပေမယ့် …. ကြွတ်ကြွတ်အိတ်တွေ .. မသုံးရတော့ဝူးလေ … . ။
      ကိုယ့်အား ကိုယ်ကိုး ပြီး နောက်တစ်ခါဆို လက်ခုပ်ထဲထည့်သောက်ပါမယ် … ခိခိ …. ။ :kwi:

Leave a Reply