ရိုးရာ ကြောက်သူ

အရိပ္စစ္April 6, 20131min23222

လှမ်းမျှော်ကြည့်စရာ မလိုပဲပဲ

ဝိညဏ်ချင်းကူးစက်သလို သိရှိမူ့လေးအတွက်

အဖြေဟာ နဂိုကတည်းက ရှိပြီးသား ပုစ္ဆာ

ထုံးတမ်းစဉ်လာ တစ်ခုလို

နင်က ငါ့အတွက်

အမြဲစိမ်းသစ်တောလေး

အပူအအေးတွေအကြောင်းထပ်ထပ်မမေးပါနဲ့

ဆုပ်ကိုင်ထားမိတဲ့ အဲဒီကြိုးတွေကိုပဲ

လွှတ်ချမိမလိုနဲ့  လွတ်ကျမှာ ကြောက်နေလို့..။   ။

အရိပ်စစ်

 

22 comments

  • Mr. MarGa

    April 6, 2013 at 1:17 pm

    လွတ်ကျမှာကြောက်ပါက ဆွဲကိုင်ထားလိုက်ပါကွယ်
    အသစ်ဆိုတော့ကာ
    ကြိုဆိုပါကြောင်း………………………

    • အရိပ်စစ်

      April 6, 2013 at 1:33 pm

      ဟုတ်
      ကျေးဇူးတင်ရှိပါကြောင်းးးးးး

  • ကီလိုဇူးလူးဝီစကီ

    April 6, 2013 at 1:28 pm

    ကြိုဆိုပါ၏။

    :hee:

    • အရိပ်စစ်

      April 6, 2013 at 1:34 pm

      လာကြိုတဲ့ အတွက် ကျေးကျေးပါ

  • ရာမည

    April 6, 2013 at 1:41 pm

    ရိုးရာကြောက်သူဆိုတော ့
    နတ်အကြောင်းများရေးမှာလား လို ့
    မင်္ဂလာပါ ဗျာ 🙂

    • အရိပ်စစ်

      April 6, 2013 at 5:47 pm

      ဟိဟိ…နတ်အကြောင်းတော့ တိဘူး
      ရာမမင်းသား အကြောင်းပဲ တိတယ်…

  • ဗုံ ဗုံ

    April 6, 2013 at 1:42 pm

    ဟမ်းး မယ်နုရေ နင့်နော် နာ့ဂို ငါးပါးမက သံဃာစင်ပါမှောက်ပါရောလားး ဟူးး မောသွားတာဘဲ ငါ့နှယ်နော် :mrgreen: ဒါနဲ့ နင်ဒီလို ရိုးရာကြောက်နေလို့ ယောက်ဂျားမရတာဘဲ မကြောက်နဲ့ နာတောင် ကြောက်ဖူး :harr: :harr: :harr:

    • အရိပ်စစ်

      April 6, 2013 at 5:43 pm

      နာ အဲဒီအကြောင်းမပြောမိသေးဘူးနော်..
      ဟိဟိ…ဘယ်လိုသိ
      အေးပါအေ တော့်တယ်ချင်းဖြစ်မှတော့ ကြောက်တော့ဘူးပေါ့နော့

  • ပေါက်နေတုန်း (သေး)
    လူမိတဲ့အခါ
    ကြောက်ကြောက်လန့်လန့်နဲ့
    ဖြတ်ခနဲ ရပ်သွားတတ်သလိုပေါ့ ….။
    ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတဲ့အခါ ..
    တစ်ခါတစ်ခါ အဲ့လိုပဲ ဖြစ်သွားတတ်သေးတယ် …။

    ဘာရယ် ဟုတ်ဘာဘူးရယ် …
    ကိုအံ လည်း ရိပ်လေးလို ကဗျာ ဝါသနာ ပါသူမို့
    ထပ်ပြီး စပ်လိုက်မိတာပါ …
    ဖြစ်နိုင်ရင် ဝါသနာတူချင်း ..
    ကိုအံ နဲ့ ရိပ်လေး ပေါင်းလိုက်ကြရအောင်လားကွာ ….။ :mrgreen:

    • ဗုံ ဗုံ

      April 6, 2013 at 2:18 pm

      မယ်နု ဒီရွာထဲမှာ နင်တဒိထားပီး ရှောင်ရမှာက အဲ့ဒီသဂျိုးကြီးဘဲ တိရားးး ဝေါင်ဝေါင်ရှေးးး :mrgreen:

      • အရိပ်စစ်

        April 6, 2013 at 5:36 pm

        တော် ပြောတာနဲ့ပဲ ပိုကြောက်လာပီနော်
        ဟိဟိ…ရှောင်နည်းလေးတွေ သင်ေပေးဦးလေဟာ…

    • အရိပ်စစ်

      April 6, 2013 at 5:38 pm

      အန်…
      ဗုံဗုံရေ လုပ်ပါဦးဟ

  • မောင် ပေ

    April 6, 2013 at 9:04 pm

    ရိုးရာကြောက်သူ
    အိုးပြာဖောက်ရှူ
    တိုးဏှာဂေါက်ပူ
    ခိုးရာပျောက်မူ
    ကြိုးလာပေါက်ယူ

  • ခင်ခ

    April 6, 2013 at 11:05 pm

    ဘယ်ရိုးရာကို ကြောက်တာလဲ ရှင်းရှင်းပြောလေ။

    • အရိပ်စစ်

      April 7, 2013 at 8:30 pm

      ဘယ်သူမှ မပိုင်ဆိုင်တဲ့ လွတ်ကျလေ့ရှိတဲ့ ရိုးရာလေ…

  • ဦးဦးပါလေရာ

    April 7, 2013 at 1:05 am

    ရွာသူအသစ်ဆိုတော့လဲ အသစ်ပေါ့ကွယ်…
    ကဗျာလေးကိုတော့ တကယ်ကြိုက်ပါတယ်။

  • kai

    April 7, 2013 at 3:32 am

    ရိုးရာဆိုတာ.. ရိုးသွားတဲ့အရာတွေကိုခေါ်တာပါကွယ်.. :kwi:

  • cobra

    April 7, 2013 at 4:49 pm

    အော်…..ရိုးရာကြောက်သူဆိုလို့
    ဘာများမှတ်တယ်တစ်ကယ်တော့
    ကဗျာ ဖြစ်နေတာကို
    အားပေးနေပါတယ်။

  • အရီးခင်လတ်

    April 7, 2013 at 8:43 pm

    ရိုးရာလဲပါ၊ သူကြီးကလဲ ဝင်ပါ နေပြီဆိုတော့ နတ်အကြောင်း ဖြစ်ပြီထင်မိတာ။ (အများလိုဘဲ) 😆
    ရွာသူအသစ်လေး ကို အရီးလဲ ကြိုဆိုပါတယ်။

  • နေဝန်းနီ

    April 7, 2013 at 9:34 pm

    ရိုးရာကြောက်သူ
    ပဲခူးမှာ ပျောက်သူ
    မနိုးမှာ လျှောက်ပူ
    သူခိုးမှာ ပေါက်ဘူ…….

  • လူကလေး

    April 8, 2013 at 11:23 am

    လွှတ်ချလိုက်တိုင်း နာမယ်မထင်ပါနဲ့ဦး… ဆွဲထားရတာထက်လည်း သာနိုင်ပါသေးတယ် အရိပ်ကလေး..

Leave a Reply