မမ အမြဲပြုံးပါ (လူကလေး အတွက် မွေးနေ့ကဗျာ)

သူကေလးApril 6, 20131min22024

 

 

 

မမ အမြဲပြုံးပါ
မမ အမြဲပြုံးပါ
မမပြုံးနေရင် အပြစ်ကင်းပြီး အရမ်းချစ်စရာကောင်းတာမို့
မမ အမြဲပြုံးပါ

မမ သီချင်းဆိုချင်တဲ့စိတ်ပေါ်တဲ့အခါ ညီမလေးနဲ့ အတူတူသွားဆိုပါ
သီချင်းဆိုရင်း မမကျမယ့်မျက်ရည်တွကို သုတ်ပေးခွင့်ရတဲ့သူ ညီမလေးဖြစ်ချင်လို့ပါ

မမ စိတ်အရမ်းတိုပြီး ပေါက်ကွဲချင်တဲ့အခါ ညီမလေးကိုအော်ပါ
မမရဲ့စိတ်ထွက်ပေါက်တံခါးတစ်ခုအဖြစ် ညီမလေးရှိနေချင်လို့ပါ

မမ ညီမလေးနဲ့ အတူတူ အပြင်ကိုသွားပါ
လမ်းပေါ်မှာတွေ့သမျှလူတိုင်းကို စာနာကူညီရိုင်းပင်းတတ်တဲ့ မမရဲ့စိတ်ဓာတ်လေးတွေကို ညီမလေးလေ့လာသင်ယူချင်လို့ပါ

မမ ညီမလေး မလိမ္မာတာများရှိရင် ညီမအရင်းသဖွယ် ပြောဆိုဆုံးမပါ
မမလို ထူးချွန်ထက်မြက်တဲ့ မိန်းကလေးမျိုး ညီမလေးလည်ဖြစ်ချင်လို့ပါ

မမ အိမ်ကထမင်းချိုင့်ထည့်ပေးတဲ့ဟင်းကိုကြိုက်တဲ့အခါ ဂျီကျပါ။
ဟင်းမကောင်းရင် ကလေးလေးလိုပဲ စိတ်ညစ်နေတတ်တဲ့ မမကို ညီမလေး ချော့မော့ချင်လို့ပါ။

မမရယ် … လောကဓံဆိုတာ ဒီလိုပဲ အကောင်းရှိသလို အဆိုးရှိမှာပဲ
ပျော်စရာကောင်းတာရှိသလို ဝမ်းနည်းစရာကောင်းတာလဲရှိလိမ့်မယ်
အဲဒီအခါ တစ်ယောက်တည်းမခံစားပါနဲ့
မမ ညီမလေးကိုအမြဲရင်ဖွင့်ပါ
မမဘေးမှာ ဆိုးတူကောင်းဖက် ညီမလေးရှိနေပေးခွင့်လေးရချင်လို့ပါ

မမပြုံးလိုက်တိုင်း လောကကြီးက ပိုသာယာသွားသလိုပဲ ….
ရိုးသားလွန်းတဲ့စံပယ်ဖြူတွေထက် မမအပြုံးက ပိုအပြစ်ကင်းတယ် ………..
အဲဒါကြောင့် …..

မမ … အမြဲပြုံးပါ။

 

 

—————–
သူကလေး
ချစ်မမမွေးနေ့အတွက်
နှလုံးသားနှင့် ခံစားရေးဖွဲ့သည်။

(လူကလေးရဲ့ ယနေ့မှာကျရောက်တဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင်လေးပါ … အားလုံးလဲ လူကလေးကို မွေးနေ့ဆုတောင်းပေးလိုက်ကြပါအုံးနော်)

24 comments

  • ကီလိုဇူးလူးဝီစကီ

    April 6, 2013 at 2:51 pm

    Happy Birthday to you, Lu Ka Layy.
    All the best to you.
    :hee:

    • လူကလေး

      April 6, 2013 at 9:23 pm

      မွေးနေ့ ဆုတောင်းအတွက် ကျေးဇူးပါ ဝီစကီရေ..

  • ဗုံ ဗုံ

    April 6, 2013 at 2:57 pm

    ဟေးး ဦးကြီးလူကလေး :mrgreen:
    ယခုမွေးနေ့မှ စ၍ နောင်နှစ်များစွာတိုင် ပျော်ရွင်ချမ်းမြေ့ပါစေလို့ ဆန္ဒပြုရင်း းးး မုန့်ကျွေးလို့ရပါပြီရှင် :harr:

    • လူကလေး

      April 6, 2013 at 9:25 pm

      မွေးနေ့ဆုတောင်းအတွက် ဗုံ့ကို ကျေးဇူး နှော်..
      မုန့်စားပါ ရော့အင့်.. ပါးစပ်ဟလေ.. . အာ .. ကျယ်ကျယ်ဟ. .

      အ.. အော် .. ကျပေါ့.. တော်ပြီ .. . တစ်ခါပဲရမယ်..

  • ရွာသူ jujuma .

    April 6, 2013 at 3:00 pm

    ဒီလို အားကိုးရတဲ့ ညီမလေးတစ်ယောက် ရရင် မမ အမြဲ ပြုံးနေမိမှာပါ .. :hee:

    • လူကလေး

      April 6, 2013 at 9:27 pm

      ဟုတ်ပ . ju ရေ.. .. ဘာအားကိုးရသလဲမမေးနဲ့. .. ကားလမ်းတောင်မကူးတတ်တဲ့သူကလေးပေါ့ဗျာ. .

  • GaviaGirl

    April 6, 2013 at 3:02 pm

    အဟမ်း… လူကလေးကို တိုးတိုးလေးမေးကြည့်.. ညက ၁၂ နာရီ ၂ မိနစ်မှာ ဘာထူးခြားလဲလု့ိ..ဟိဟိ..
    တော်လိုက်တဲ့ သူကလေး… မမမွန်တောင် မွေးနေ့ပို့စ်ကို သတိမရဝူး.. ခိခိ.. နာတော့ ဆဲခံထိတော့မယ်..

    Happy Birthday ပါ ချစ်သယ်ရင်းကြီး… ဒီထက်မက ပျော်ရွှင်နိုင်ပါစေ… စာမွဲလည်း ဖြေနိုင်ပါစေ.. နာတို့ကိုလည်း မုန့်များများဝယ်ကျွေးနိုင်ပါစေ…

    ချစ်တဲ့..
    လုံမ

    • ရွှေ ကြည်

      April 6, 2013 at 6:56 pm

      အမွန်သူငယ်ချင်းလား လူကလေး က အတူဆုတောင်းပေးပါတယ် ပျော်ရွှင်ပါစေ လူကလေး

      • လူကလေး

        April 6, 2013 at 9:35 pm

        ကျေးဇူး တင်ပါ့ ကြည် ရေ…. ကြည်ဆိုလို့ မနက်စာ ပဲပြုတ်နဲ့ နံပြားတောင် စားချင်လာပြီ..

        • ရွှေ ကြည်

          April 6, 2013 at 10:22 pm

          ပဲပြုတ် နဲ့ နံပြား ကို ကြက်သွန်ကြော်ဆီချက်လေးနဲ့သေချာလုပ်ပေးပါ့မယ် လူကလေးနဲ့ လူကလေးညီမ သူကလေးတို့ရေ အခုတော့မဟုတ် :harr:

  • Foreign Resident

    April 6, 2013 at 3:37 pm

    Happy Birthday လူကလေး

  • Green Rose

    April 6, 2013 at 5:33 pm

    ကဗျာလေးက မမအတွက် စပ်ထားတာပေမယ့် ကဗျာထဲမှာ ညီမလေးက ပိုပြီးရုပ်လုံးကြွနေတယ်လို့ ခံစားရတယ်။ ညီမလေးရဲ့ မမ အပေါ်မှာထားတဲ့ ချစ်ခြင်းက မမကိုအမြဲပြုံးနေနိုင်စေမှာပါ။ ဒါပေမယ့် Green Rose သာ မမနေရာမှာဆိုရင် ဒီလိုညီမလေးရဲ့ ချစ်ခြင်းနဲ့ အလိုလိုက်၊ အလိုက်သိတာလေးတွေ လိုချင်တာနဲ့ မငိုချင်ရင်တောင် ခဏခဏ ငိုမိမယ်ထင်တယ် ……
    ဒီလိုညီမလေးမျိုးရမယ်ဆိုရင်လိုချင်လိုက်တာနော်.
    Happy Birthday ပါ မမလူကလေးရေ

    • လူကလေး

      April 6, 2013 at 9:37 pm

      ညီမလေးအရင်း အတိုင်းပါပဲတဲ့ဗျာ ..

  • MaMa

    April 6, 2013 at 5:56 pm

    ကိုယ့်ကိုများ ပြောတာလားလို့ :kwi:
    ဒီလိုညီမလေးရဲ့ မမ ကတော့ အမြဲပြုံးနေမှာ မြင်ယောင်မိသေးးးးးးး :hee:

  • အွန် ….
    လူကလေး က ငယ်တယ် မှတ်နေတာ …
    ဟုတ်မှ ဟုတ်ဘဲနဲ့ ….

    လူကလေးရေ …
    ဟက်ပီး ဘက်ဒေးပါနော့ ….
    ဟိုတစ်ယောက်လိုပဲ ကျုပ်လည်း ကဗျာ စပ်ကြည့်မယ် …

    မမအမြဲပြုံးပါ …..
    မမ အီးပေါက်ချင်တဲ့ အခါ
    လွှတ်သာ ပေါက်ပစ်လိုက်ပါ …
    အနားကနေ မမအီးအီးကို ရှူရှိုက်ဖို့ မွေးဖွားလာတာပါ ..
    ဝှီးးးး ကြက်သွန်ဖြူ အီးဘဲ .. နံလိုက်ဒါ …. :mrgreen:

  • အရိပ်စစ်

    April 6, 2013 at 6:08 pm

    Happy Birthday ပါ
    စံပယ်ဖြူတွေထက် အပြစ်ကင်းတဲ့ မမ အပြုံးလေး ထာဝရလန်းဆန်းပါစေနော်

  • surmi

    April 6, 2013 at 6:46 pm

    မွေးနေ ့မှာ ပျော်ရွှင်ပါစေ ကိုလူလေး ရေ

    ရေးထားတဲ ့ကဗျာလေးကိုလည်း အားပေးသွားပါတယ်ဗျာ ။
    ရည်ရွယ်ချက်လေးကလည်းလှတယ်ဗျာ….

  • ခင်ခ

    April 6, 2013 at 8:40 pm

    လူကလေးရေ မွေးနေ့မှာပျော်ရွှင်ကာ လိုရာဆန္ဒတွေပြည့်ပါစေ။
    မွေးနေ့ပိုစ်တင်ပေးသူ သူကလေးကိုလည်း ကျေးဇူးပါနော်။

  • ဦးဦးပါလေရာ

    April 7, 2013 at 12:58 am

    ဒီမွေးနေ့မှသည် ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်။

  • mashwetote

    April 7, 2013 at 1:13 am

    မွေးနေ့မှာ ပျော်ရွှင်ပါစေ။
    အမြဲ ပြုံးပျော်နိုင်ပါစေနော်။

  • မောင် ပေ

    April 7, 2013 at 1:12 pm

    လူကလေး
    ငါးခူဈေး
    မတူရွေး
    အလှူပေး
    ကြူတမွှေး
    *******
    ဟက်ပီဘက်ဒေးပါဗျား

  • အရီးခင်လတ်

    April 7, 2013 at 8:39 pm

    သူကလေးရဲ့ လူကလေး ဆိုတာ မိန်းကလေးကိုး။
    မွေးနေ့မှာ ရွှင်လန်းချမ်းမြေ့ပါစေကွယ်။

  • သူကလေး

    April 7, 2013 at 11:17 pm

    သူကလေး ကဗျာကိုအားပေးပြီး လူကလေးအတွက် မွေးနေ့ဆုတောင်းပေးကြတဲ့သူငယ်ချင်း
    အကိုအမ ညီမလေး မောင်လေး အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော် 🙂

  • လူကလေး

    April 8, 2013 at 10:20 am

    ကဗျာ လေး ရေးပေးတဲ့ ညလေး သူကလေး ရေ… ဘူကမှ အဲလို ဗျာ လေး ရေးပေးဖူးတော့ …. ဖတ်ရင်းနဲ့တောင် ငိုမိပါသေး.. အဟင့်.. ရွှတ်.. ဖတ်..

    ကျေးဇူး ကမာ္ဘ ပါ ညလေး..

    မွေးနေ့ဆုတောင်းပေးတဲ့သူတွေကို လည်းကျေးဇူး ပါ.. နောက်ကျတဲ့ reply မို့ ခွင့်လွှတ်တော်မူကြပါကုန်..

Leave a Reply