မတူညီသောအလှတရားများ

1 အဝေးကစေတီ မူန်ရီရီ
1 အဝေးကစေတီ မူန်ရီရီ
2 မိူင်းပြမှုန်ရီရီ
2 တောင်တက်လမ်း

တူညီ၍ မတူညီသော အလှတရား (ဆွမ်းဦးပုညရှင်-စစ်ကိုင်း)

ကျနော်ငယ်စဉ်ကတည်းက နှစ်သက်တဲ့မြင်ကွင်းတွေထဲမှာ စစ်ကိုင်းတောင်ဆွမ်းဦးပုညရှင်ဘုရားကုန်းတော်ရဲ့ အရှေ့ဘက်ခြမ်းကနေ လှမ်းမြင်နေရတဲ့မြင်ကွင်းတစ်ခုလဲ ပါ ပါတယ်။

တရုပ်စံကားပင်များရဲ့ သင်းပျံ့တဲ့ရနံ့များကလဲ ကျနော်စိတ်ကို ညွှတ်နူးအောင်ဆွဲဆောင်နိုင်ပြန်ပါတယ်။

ကုန်းမြင့်များပေါ်က စေတီပုထိုးများ သူ့ရဲ့အရှေ့က မြစ်မင်းဧရာ နဲ့သဲသောင်ပြင်များ ကို လှပစွာမြင်တွေ့နေရ။

ကြည်လင်သောနေ့များမှာ ဟိုး အဝေးမှာရှိနေတဲ့ မန္တလေးတောင်ကို မပီမသမြင်ရတတ်ပါတယ်။

ရင်ပြင်တော်ပေါ်ကနေကြည့်လိုက်ရင် ကျယ်ပျံ့လွတ်လပ်သောရူ့ခင်းကိုမြင်ရခြင်းက စိတ်ကိုပိုမိုကြည်နူးစေပြန်ပါတယ်။

ကျောင်းသားဘဝကတော့ စစ်ကိုင်းတောင်ဆိုတာ ခြေလျင်တက်ရတဲ့ အရပ်ဒေသ။

မန်းလေးသူမန်းလေးသားများ စစ်ကိုင်းဘက်ကို ကူးပြီး ကထိန်ပွဲတော်ကျင်းပလေ့ရှိတဲ့ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် အဖိတ်နေ့မှာတော့ အများနည်းတူ စစ်ကိုင်းတောင်ပေါ်ကိုတက်

ညလုံးပေါက်လျောက်လည်ခဲ့ရတဲ့ နေ့ရက်များကတော့ ဘဝမှ အမှတ်ရစရာ။

တောင်ပေါ်တက်ရင်းညောင်းတော့ လရောင်ဖြာနေတဲ့ မြစ်ပြင်ပေါ်မှာ မီးထွန်းထားတဲ့လှေငယ်လေးများကထွက်လာတဲ့ မှိတ်တုတ်တုတ်အရောင်လေးတွေကိုကြည့်ရင်းငေးမောခဲ့။

မြစ်ရေပြင်မှာမျောပါလာတဲ့ မီးဖောင်လေးတွေကြည့်ရင်းဘယ်ကိုမှန်းမသိလွမ်းခဲ့ရတာတွေကို

ပြန်တွေးမိတော့ ပြန်လွမ်းမိပါတယ်။

ပြီးခဲ့တဲ့ဥပုဒ်နေ့ကတော့ စစ်ကိုင်းဘက်သွားရင်း  ဆွမ်းဦးပုညရှင်ထံပါးရောက်လို့သွားပါတယ်။

အေပရယ်လရောက်ပေမယ့် မြူတွေဆိုင်းနေပြန်တော့ ပါတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမမြင်ရ။

သို့ပေမယ့် ဘယ်လိုကြည့်ကြည့် လှနေတဲ့ နေရာလေးကို …………………………

ကိုပေါက်လမ်းသလားနေသည်-ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

4-4-2013

3 မူန်ရီရီဝေ
3 မူန်ရီရီဝေ

 

4 စကားပန်းတွေကြားမှ
4 စကားပန်းတွေကြားမှ
5ခြောက်သွေ့မူန်မိူင်း
5ခြောက်သွေ့မူန်မိူင်း
6 အဝးမှာ မူန်ဝါးဝါး
6 အဝးမှာ မူန်ဝါးဝါး
7 ဝိုးဝါး သီတဂူ
7 ဝိုးဝါး သီတဂူ
8 မြူတွေဆိုင်း
8 မြူတွေဆိုင်း

 

 

 

 

12 comments

  • ဗုံ ဗုံ

    April 8, 2013 at 1:50 pm

    ဘယ်နေရာ ကြည့်ကြည့်လွမ်းတယ်ကွယ် မတူညီသော အလှတရားတွေက တူညီသောခံစားချက်ကို ဖြစ်ပေါ်စေတယ်ကွယ်

    • ကီလိုဇူးလူးဝီစကီ

      April 8, 2013 at 1:55 pm

      မလွမ်းပါနဲ့ ဗုံကလေးရယ်။
      နောက်ဆို ကိုယ်နေရမှာပဲဟာ။ :mrgreen:

      • ဗုံ ဗုံ

        April 8, 2013 at 2:04 pm

        မမဂျီးနဲ့ အတူတူနော် ခွဲနိုင်ဘူး ခွဲနိုင်ဘူး :mrgreen: :mrgreen:

  • Ma Ei

    April 8, 2013 at 2:47 pm

    တောင်ပေါ်မှာ စကားပန်းနံ့တွေနဲ့ မွှေးကြိုင်နေမှာပဲနော်…

  • အင်းရွာထဲမှာ မယ်သီအလောင်းအလျာ စာရင်း ကြိုကောက်ပြီး
    မန်းလေးဂါးဇက် မယ်သီလရင် ချောင် ဆောက်ထားမှ ဖြစ်မယ်နဲ့တူပါရဲ့။

  • “” 5ခြောက်သွေ့မူန်မိူင်း “”
    … ဆိုတဲ့ ပုံလေး ကြိုက်တယ် ….
    သီတဂူ ကတော့ အကျယ်ကြီးပဲ ထင်တယ်ဗျ …
    မတူညီတဲ့ အလှတရားတွေကို အားပေးတွားဘာဒယ်
    ဖေပေါက်ဂျီးရယ် … ဂယ် .. ဂယ် ..

  • သီတဂူကတော့အကျယ်ကြီးပါ။
    ဒါပေမယ့်ဝင်ရောက်လေ့လာလို့ရတာကတော့စေတီတော် နံဘေးမှာပါ။

  • Nay Six

    April 18, 2013 at 3:06 am

    ဓာတ်ပုံပိုင်ရှင် ကိုပေါက်ရေ— ကျွန်တော် ကိုပေါက်တင်ထားတဲ့ ပုံတစ်ချို့ကို ကျွန်တော့်Facebook တင်ချင်လို့– ယူသုံးခွင့်ပြုပါဗျာ—

  • Mr. MarGa

    April 18, 2013 at 4:21 pm

    မှုန်ဝါးဝါး စစ်ကိုင်းတံတား
    ဝိုးတဝါး သီတဂူ
    မြူတွေဆိုင်း စစ်ကိုင်းမြေ
    အဲဒီသုံးပုံကို ကြိုက်မိပါကြောင်း………………..

Leave a Reply