ရွှေကြည်ကို ကူကြပါဦး

ရွှေ ကြည်April 6, 20131min45438

ရွာသူားများ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။

မကြာခင်မှာလည်းနှစ်သစ်ကူးတော့မယ်မို့ စိတ်ရောလူပါ ရွှင်လန်းစွာနဲ့ နှစ်သစ်ကူးပွဲတော်ကိုနွှဲပျော်နိုင်ကြပါစေ။

ကျန်းမာ လန်းဖြာ ကြပါစေ။ ဘေးအန္တရာယ်တွေလည်း ကင်းရှင်းလို့ စိတ်သွားတိုင်းကိုယ်ပါ ကောင်းမှုတွေပါပွားများနိုင်ကြပါစေ။

ရွာလူကြီးသူမများကိုလည်း ဦးတင်ကန်တော့လိုက်ပါတယ် (မုန့်ဖိုးပေးကြပါ :mrgreen: )

မိရွှေကြည်မှားမိတာများရှိရင်လည်းတောင်းပန်ပါတယ် ရှင့်..။

ရွှေကြည် အကြောင်းအမျိုးမျိုးကြောင့် ရွာကိုမရောက်ဖြစ်တာကြာပေါ့..။

အခုတော့လွမ်းလို့ရွာလည်လိုက်တဲ့အခါ မျက်စိပါလည်ပါလေရောရှင်..။

နာမည်တွေ နာမည်တွေ အဲဒါတွေဘူတွေလည်းဟင် စိတ်ထဲမှာ ရွာသူားအသစ်တွေထင်လိုက်တာ

မန့်တွေကြည့်လိုက်တော့ ထောင်ကျော်တွေ့တော့မှ လူဟောင်းတွေမှန်းသိတော့တယ် 😆

အဲဒါဘူတွေတုန်းဟင်င်င် င် ?????????  :harr:

(ရွာရောက်တုန်း ပို့စ်တင်ချင်တာ ဘာရေးရမှန်းကလည်းမသိ အဲဒိတော့ ရေးချင်တာရေးမိပါသည် ခွင့်လွှတ်ကြပါ ရွာသူားတို့ရှင့်)

 

ကျေးဇူးအထူးတင်ပါတယ်ရှင့်။

38 comments

  • Mr. MarGa

    April 6, 2013 at 6:59 pm

    သိချင်သပေါ့လေ
    သိချင်ရင်
    ပထမဆုံး
    သိကြားမင်းကို တ
    ပြီးရင်
    ပူဇော်ပသရမယ် (နတ်သမီးလေးများ ဆက်သရင် ပိုကောင်းမယ်ကွယ့် :mrgreen: )
    အဲဒီနောက်မတော့
    မေးစရာရှိတာလေးများကို မေးမြန်းစုံစမ်းနိုင်ပကွယ်
    မယုံမရှိနဲ့နော် ကိုယ်တွေ့
    သိကြား မပါဘဲနဲ့တော့ မသိနိုင်ဘူး :harr:

  • surmi

    April 6, 2013 at 7:05 pm

    me2
    ဘာဘာ ဘာမှမသိဘူး

  • ရွှေ ကြည်

    April 6, 2013 at 7:12 pm

    သိကြားမင်းရယ် ပူဇော်ပသပါ့မယ် နတ်သိကြားဆိုတာအငွေ့အသက် နဲ့ အရုပ်တွေပဲဆက်သရတာမို့လား ရရစေ့မယ် နတ်သမီးရုပ် လေးတွေနဲ့ ပူဇော်မယ် လေသံတွေဖမ်းရသလောက်တော့ သိသလိုလို မသိသလိုလိုဝေဝါးနေဆဲပဲ အမွန်ကိုတော့တွေ့သွားပါပြီကွယ် :harr:
    ………………………………………………..

    ကိုရင်ဆာမိရေ သိလိုက်ပါကိုရင်ဆာမိရယ် နော် နော် နော် လို့ 😆

    • GaviaGirl

      April 7, 2013 at 10:40 pm

      ဘိုတွေ့တွားဒါဒုန်း.သများလည်း ပုန်းမို့ဂို..ဟင့်..

      • ရွှေ ကြည်

        April 9, 2013 at 6:08 pm

        အမွန်က မွေးနေ့ဆုတောင်းပို့စ်မှာ လုံမလေး လို့ရေးထားတယ်လေ တွေ့ပြီဆိုတာသိအောင်တောင် အမွန့် မန့် အောက်မှာ ဝင်မန့်လိုက်သေးတယ်

  • မမဂျီးးး

    တာမီးကိုရော သိဒလားဟင်င် …
    တာမီးဂ အဟောင်းဘဲ မမဂျီးရဲ့ …
    မမဂျီး ကို အားဂျီးသိ …
    ကိုင်း .. ဒါ ပဟေဠိ နော် ….
    မှန်မှန်ဖြေနိုင်ရင် အာဘွားးး ပေးမယ် …

    • ရွှေ ကြည်

      April 6, 2013 at 8:31 pm

      ဟမ် ဖြစ်ရလေဟယ် ငါ့မောင်က အဗာတာလည်းမပြောင်း မမဂျီးကိုလည်း မမဂျီးခေါ်ပြီး ပဟေလိတဲ့ကွယ်
      ကိုယ့်မောင်ကိုယ်မမှတ်မိပဲဘယ်နေပါ့မလဲ သိပါ့ အာဘွားးးးးးး 😆

  • ခင်ခ

    April 6, 2013 at 7:34 pm

    ခင်ခ ကတော့ ခင်ခ ပါဘဲ သမီးရွှေကြည်ရေ။

  • etone

    April 6, 2013 at 7:52 pm

    မရွှေကြည်ရေ ညီမလည်းမျက်စိလည်နေတာ …. ဒါပေမယ့်မှန်းလို့တော့ရတယ် :kwi:
    တခုတည်းသော နည်းလမ်းက ပိုစ့်ကောက်တင်လိုက်ပါ ကော့မန့်ရေးတော့မှ ဘယ်သူလဲပြန်ကြည့်ပေါ့ ခိခိ

  • မောင် ပေ

    April 6, 2013 at 8:23 pm

    ဘယ်သူတွေ ဘာဖြစ်ဖြစ်
    ကြည်လေးရဲ ့ မူလပထမ လက်ဟောင်းခြစ်သူက
    ဟောဒီက မောင်ပေ ပဲနော
    ဟီဟိ

  • ရွှေ ကြည်

    April 6, 2013 at 8:37 pm

    လေးခင်ခရေ လေမင်ဂါဘာာာာာာာာာာာ (အာဇာနည်လေသံ 😛 )
    …………………………………………….

    အုံတိရေ အစ်မတယောက်တည်းလည်တာမဟုတ်ဘူးပေါ့.. 😆 တုံကလေးတွေးသလိုလေးတွေးမိပြီး တင်စရာပို့မရှိတာနဲ့ ကောက်ရေးလိုက်တာ :mrgreen:
    ………………………………………………

    အူးပေရေ လွမ်းနေတာ ခိခိ မူလလက်ဟောင်း လူပျံတော်ပတ္တမြားလား 😆

  • ဦးဦးပါလေရာ

    April 7, 2013 at 12:53 am

    ကျုပ်လဲ နေ့တိုင်းနီးပါး ရွာဝင်ကြည့်နေတာကို ဘယ်သူတွေမှန်းမသိဘူး…
    အဗာတာပုံတွေပါပြောင်းလိုက်တော့ မှန်းရခက်သွားတယ်…။

  • ကီလိုဇူးလူးဝီစကီ

    April 7, 2013 at 1:11 am

    ကြွီ
    လက်ဖက်နဲ့ နှစ်ပြန်ကြော် ရရင် စားချင်တယ်။

    ကျုပ် ဘယ်သူတုုန်း သိလား။
    :528:

  • mobile

    April 7, 2013 at 1:13 am

    ဒါဂလည်း ရွာရဲ့ဆန်းသစ် လန်းဆန်းမှုတစ်ခုပဲလေဗျာ…………….
    ကောင်းလေစွ နာမည်တွေ ဟိုလိုပြောင်းဒီလိုပြောင်းနဲ့ မုန်းစရာ………
    မှန်လေ၏ ကျုပ်တို့လို ရွာထဲပုံမှန် မရောက်ဖြစ်တဲ့ ဆရာသမားတွေ အတွက်
    မျက်စေ့လည်စရာ…………….

  • kai

    April 7, 2013 at 4:46 am

    အဲဒီနာမယ်ပြောင်းစနစ်ကို စတာ ဂျပန်ကျွန်းကလူကလေးလို့ထင်ပါတယ်..
    အဲဒါ.. ကျုပ်လည်းအင်မတန်မျက်စိလည်ကြောင်း..

    နာမယ်ပြင်လို့မရတဲ့.. စနစ်လေးများ plugin လေးများ.. ရှိရင်..သိရင်.. မ,စကြစေလိုကြောင်း..။

    • Mr. MarGa

      April 7, 2013 at 8:57 am

      ကန့်ကွက်ပါတယ်
      ဒါဟာ လွပ်လပ်ခွင့်ကို ပိတ်ပင်ခြင်းလို့ မြင်ပါတယ်
      (ဘာမှမဟုတ်ဘူး nickname ပဲ ပြောင်းရပြီး username ပြောင်းမရလို့) :kwi:

      • သဂျီး ပြောတဲ့ကိစ္စကို
        ကန့်ကွက်ပါတယ် …..
        ကျုပ်တို့မှာ ပျင်းတဲ့အခါ တစ်ခါတစ်လေ
        ဒီလိုလေး နာမည်ပြောင်းပြီး လိုက်စနေရတာ …
        ပြီးတော့ နံမယ် ပြောင်းထားတဲ့ လူတွေကိုလည်း
        သူ ဘယ်သူဘာလိမ့်လို့ လိုက်ကြည့်ရတာလည်း ပျော်စရာပဲ …
        ဒီတော့ကာ ….
        ပလပ်အင် နလပ်ကင် တွေ မသိဘူးးး
        လုံးဝ လုံးဝ ကန့်ကွက် ပါကြောင်း ………..။

  • ဖော့(စ)ထရော့ချာလီ

    April 7, 2013 at 7:48 am

    အဟမ်း ကျုပ်ကတော့
    ဖော့(စ)ထရော့ချာလီပါ
    မှတ်ထားနော်
    လမ်းတွေ့လဲနှုတ်ဆက်ပါကွယ့်

  • Foreign Resident

    April 7, 2013 at 9:19 am

    Alfa, Bravo, Charlie, Delta, Echo, Foxtrot, Golf, Hotel, India,
    Juliett, Kilo, Lima, Mike, November, Oscar, Papa, Quebec, Romeo,
    Sierra, Tango, Uniform, Victor, Whiskey, X-ray, Yankee, Zulu

    Nada Zero, Una One, Bisso Two, Terra Three, Karte Four,
    Panta Five, Soxi Six, Sette Seven, Okto Eight, Nove Nine,

    အဲဒါတွေက နိုင်ငံတကာ မှာ တရားဝင် ပြဋ္ဌာန်းထားတဲ့ ၊
    အင်္ဂလိပ် စကားလုံး နှင့် အက္ခရာ ( Letters & Figures ) တွေရဲ့ ၊
    Phonetic Code Word တွေပါ ။

    ( အဘ တို့ သင်္ဘော အရာရှိတွေဟာ ၊
    အဲဒါတွေကို အလွတ်ကို ကျက်ထားပြီး ၊
    လုပ်ငန်းခွင်မှာ တကယ် သုံးနေရပါတယ် )

    ဥပမာ ပြရရင် အပေါ်က ဖော့(စ)ထရော့ ချာလီ ဆိုတာ ၊
    Foxtrot Charlie ကို မြန်မာလို ရေးထားတာပါ ။
    သူ့ရဲ့ ဆိုလိုရင်းက အင်္ဂလိပ် စကားလုံး F C ပါ ။
    ဒါဆိုရင် ဖော့(စ)ထရော့ ချာလီ ရဲ့ မူရင်း နာမည်ကို ၊
    မှန်းလို့ ရလောက်ပြီ ထင်ပါတယ် ။

    ကီလို ဇူးလူး ဝီစကီ ကို ဆက်မှန်းကြည့်လိုက်ပါဦး ။

    • ရာမည

      April 7, 2013 at 10:27 am

      ဒါဆို ကျွန်တော့်နာမည်က
      ယာကူဆာ မရင်ဒါ ညငှက :mrgreen:

    • ကီလိုဇူးလူးဝီစကီ

      April 7, 2013 at 1:01 pm

      ဘဖောက လျှို့ဝှက်ချက်တွေ ဖော်လိုက်ပြီ။
      နောက်တစ်မျိုးပြန် ကိုယ်ရောင်ဖျောက်မှ။

      :kwi:

      • TNA

        April 7, 2013 at 4:26 pm

        ဒါကတော့ ဒေါ်ခိုင်ဇာဖစ်ဘာဒယ်ဂွယ်

    • အရီးခင်လတ်

      April 7, 2013 at 3:17 pm

      ပဲ့ကိုင်ရှင်လို့ မပြောရဘူး။
      အားလုံးကို ကြိုမြင်တော့တာဘဲ။
      တော်ပါပေ့ ကိုအဘဖော ရေ။

    • TNA

      April 7, 2013 at 4:27 pm

      ဖက်ဖက်ကက်ပေါ့ အဘရဲ့

    • ကိုရင်စည်သူ

      April 7, 2013 at 4:36 pm

      ဖော့ထရော့ချာလီ.. ကို ဖက်ကက်ကြီးများ.. မီးသွေသုတ်ခံရဒဲ့ကြောင်
      ဖြစ်တောင် တိပါဒယ်… အပေါ်က ဖော်နတ်တစ်ကုတ်တွေက
      သများတို့ ကျက်ခဲ့မှတ်ခဲ့ရဒဲ့ဟာဒွေပါ.. ခုတော့.. ဟိုတယ်အလံလေး
      ပြေးတင်လိုက်ဦးဆို.. အလံလေးကိုင်ပြီး တင်ရဒဲ့ဘွဒွေ.. 😳
      ခင်တဲ့…
      ကီလိုယမ်ကီးဆီရားတန်ဂို … ဖာနန်ဒိုတောရက်စ်… 🙂

    • GaviaGirl

      April 7, 2013 at 10:43 pm

      အဲ့.. အဘဖောပြောတဲ့ နိုင်ငံတကာစာလုံးတွေတော့ သိဝူးတော့..
      လက်တွေအသုံးချနေတာကတော့ နိုင်ငံနာမည်တွေနဲ့ပါပဲ…
      American, Burma, China, Denmark, England…. ဘာညာသာဓကာပေါ့နော်… အဘပြောတာတွေ မှတ်ထားဦးမှ.. 🙂

  • တိမ်မည်း

    April 7, 2013 at 2:35 pm

    ကျုပ်တော့ မပြောင်းမိပါဖူး……
    ပြောင်းရင်ကောင်းမလား စဉ်းစားနေတာ…
    ဟီးဟီး :harr:

  • အရီးခင်လတ်

    April 7, 2013 at 3:15 pm

    အသံလေးပြန်ကြားရတာ ဝမ်းသာပါတယ် ရွှေကြည်လေးရေ။
    အားလုံးအဆင်ပြေတယ် မဟုတ်လား။
    အိမ်ကိုလွမ်းတုန်းဘဲလား။

  • cobra

    April 7, 2013 at 3:54 pm

    အရင်ကတည်းက လူတွေမမှတ်မိပါဘူးဆိုမှ နာမည်တွေပါပြောင်းလိုက်တော့
    ပိုဆိုးကုန်တာပေါ့လေ….
    ကျွန်တော်ကတော့မပြောင်းတော့ဘူးဗျ
    နာမည်တလုံးရဖို့ဆိုတာမလွယ်ဘူးလေ
    တော်တော်စဉ်းစားရတယ်။

  • TNA

    April 7, 2013 at 4:09 pm

    အမလဲအတူတူပါပဲ။ ရွာထဲပြန်ရောက်လို့ နှုတ်ဆက်လိုက်တာနဲ့ မက်ချိဒွေလည်ကုန်ဒါဘဲ။ မနဲကို ပိုစ့်တွေ ပြန်ဖတ်ပြီး ပြန်ဖေါ်ယူရဒယ်။ နောက်ချက်ကတော့။ သဂျီးကပြောတယ်။ ဂျာပွန်ကျွန်းကစဒါတဲ့။ ဂျာပွန်ကျွန်းကိုသွားပီး ဆိုင်းဘုတ်ထောင် ဆန်ဒပြကြစို့။

  • အလင်းဆက်

    April 7, 2013 at 5:41 pm

    ဘူဒွေ ဘယ်ယို ပြောင်း ပြောင်း
    မမ ရွှေရဲ ့ မောင်လေး
    ဟောဒီ ( မင်းမော်ကွန်း နဲ့ တူဒဲ့ ) အလင်းဆက် က
    နာမည်လည် း မ ပြောင်းလဲ
    ချောတာ လှတာ တွေ မ ပြောင်းလဲ သေးပါဘူးခည

    ဟက်ဟက်
    :kwi:

  • ရွှေ ကြည်

    April 7, 2013 at 6:15 pm

    အခုလို ကြွရောက်ချီးမြှင့်ကြတဲ့ အတွက်အကြီးကြီးဝမ်းသာမိပါကြောင်း 😆
    ပျော်ရွှင်မိပါကြောင်းပြောပါရစေရှင့်..။

    ဦးဦးပါ နေကောင်းလား မတွေ့တာလည်းကြာပြီ…။
    …………………………………
    အစ်မဇာရေအခုသိသွားပေါ့ လက်ဖက်နဲ့ နှစ်ပြန်ကြော် ဒီနေ့ဝယ်လာတယ် လာစားပါ.. 😆
    …………………………………..
    ကိုရင်မိုဘိုင်း ကိုရင်လည်းမျက်စိလည်နေတယ်ပေါ့ ပျော်စရာတော့ကောင်းသားဗျ..။
    ………………………………….
    အဘဖောရေ အဘခုလို ဗဟုသုတအနေနဲ့ရော မှန်းလို့လွယ်အောင်အတွက်ရောကူညီတဲ့အတွက်ရော ကျေးဇူးအကြီးကြီးတင်လိုက်ပါကြောင်း…။
    …………………………………
    ကိုရင်စည်သူ
    …………………………………..
    လေးပေါက် ဝင်ရောက်အဖြေညှိပေးတာကျေးကျေး..။
    …………………………………..
    သူကြီးရေး သူကြီးပြောတာတော့သိဘူး ရှိဘူး နားမလည်ဘူး :mrgreen:
    …………………………………..
    ကိုကြီးဖက်ကက် ကျန်းမာရေးဂရုစိုက်ပါနော့..။
    ………………………………….
    ကိုရင်စည်သူက တောကြက်ဆိုပါလား :mrgreen:
    ………………………………….
    ကိုရင်တိမ်မည်းကတော့ ပြောင်းမယ်ဆိုရင် မိုးဖြူလို့ပြောင်း 😆
    …………………………………
    ချစ်ရတဲ့ အရီးရေ အားလုံးအဆင်ပြေပါတယ် အိမ်ကိုတော့လွမ်းတုန်း အရီးရ.. တပေါင်းပွဲ ရွှေနတ်တောင်ပွဲတော်ရက်ကပိုဆိုးး..။
    ………………………………….
    ကိုကော်ဘရာရေ နာမည်ပြောင်းမယ်ဆိုရင်တော့ ဒီတခါ မြက်လျှောလို့ပြောင်း :mrgreen:
    …………………………………
    အစ်မသဲရေဂျာပန်ပြည်ကိုသွားဝူး သွားဝူး အစ်မလည်းမသွားနဲ့ မြောက်ကိုရီးယားက ရွှေအိုးစည်ကတကယ်လုပ်ရင်မလွယ်ဘူး 😆
    ……………………………….
    အလက်ဆင်းရေ တကယ်ကြီးဘာမှမပြောင်းလဲဘူးလား မိန်းမတွေဘာတွေရသေးဘူးလား ငါ့မောင် 😆

  • နေဝန်းနီ

    April 7, 2013 at 9:28 pm

    အင်း ရွှေကြည် ရေ မင်းကိုပြန်တွေ့မှ( ဦး) သုမောင် သီချင်းကိုတောင် သတိရသွားတယ် ….။

    • ရွှေ ကြည်

      April 9, 2013 at 6:09 pm

      ဘာသီချင်းများတုန်း ကိုနေဝန်းနီရ 😆

  • ဦးကြောင်ကြီး

    April 8, 2013 at 7:19 am

    ရွှေကြည်ကို ကူဖို့ထက် ယူဖို့ ဆိတ်ဝင်စား၏… ရထားဖြစ်လား ဖြစ်လျင် အကြောင်းပျံ.. :kwi:

    • ရွှေ ကြည်

      April 9, 2013 at 6:11 pm

      အောင်ကြူးရေ ဆိတ်မဝင်နိုင်အောင် ခြံစည်းရိုးသေချာခတ်လေ :mrgreen:

Leave a Reply