အဲဒီ Tablet လေးကတော့ iPad နဲ့ တော်တော်လေးကို ဆင်တူပါတယ်… ဒါပေမယ့် ကုန်ကစရိတ်ကတော့ iPad တစ်လုံးရဲ့ ၁၄ပုံ ၁ပုံပဲ ရှိတဲ့အတွက် တော်တော့်ကို သက်သာပါတယ်… ၃၅ဒေါ်လာသာ တန်ဖိုးရှိမယ့် အဲ့သည့် Tablet လေးကို ကျောင်းသားလူငယ်များအတွက် အဓိက ရည်ရွယ်ပြီး ၂၀၁၁ ခုနှစ်လောက်မှာ ထုတ်လုပ်နိုင်လိမ့်မယ်လို့ အိန္ဒိယတို့က ဆိုပါတယ်…

အကယ်လို့များ အိန္ဒိယအစိုးရတွေက ထုတ်လုပ်ပေးမယ့် manufacturer ကိုသာ ရှာဖွေတွေ့မယ်ဆိုရင် Linux Operation System ထည့်သွင်းတားတဲ့ ၄င်း Tablet လေးဟာ ကမ္ဘာ့ဈေးအသက်သာဆုံး တီထွင်မှုတစ်ရပ် ဖြစ်ပြီး ဈေးကွက်ကို ထိုးဖောက်နိုင်လိမ့်မယ်လို့ အိန္ဒိယတို့က ဆိုပါတယ်…

ဒီ Tablet လေးမှာ ရုံးသုံး စာစီစာရိုက် Software တွေ၊ internet နဲ့ ချိတ်ဆက်ပြီး web browsing နဲ့ Video Conferencing တွေပါ သုံးနိုင်အောင် ပြုလုပ်ထားတယ်လို့လဲ သိရပါတယ်… ဒါ့အပြင် အဲ့သည့် Tablet လေးမှာ နေရောင်ခြည်ကတဆင့် အားသွင်းနိုင်တဲ့ Solar Power Option လဲ ထည့်သွင်းနိုင်မှာ ဖြစ်ပြီး ထည့်သွင်းမယ်ဆိုပါက ကုန်ကျစရိတ် အနည်းငယ် ပိုလာမှာ ဖြစ်တယ်လို့လဲ သိရပါတယ်…

Ref: Yahoo News

About intro

Lionel Intro has written 162 post in this Website..