အိန္ဒိယတို့က ၃၅ဒေါ်လာတန် Touch Screen Tablet တို့ ထုတ်လုပ်ရန် ရည်ရွယ်

introJuly 24, 20101min842

အဲဒီ Tablet လေးကတော့ iPad နဲ့ တော်တော်လေးကို ဆင်တူပါတယ်… ဒါပေမယ့် ကုန်ကစရိတ်ကတော့ iPad တစ်လုံးရဲ့ ၁၄ပုံ ၁ပုံပဲ ရှိတဲ့အတွက် တော်တော့်ကို သက်သာပါတယ်… ၃၅ဒေါ်လာသာ တန်ဖိုးရှိမယ့် အဲ့သည့် Tablet လေးကို ကျောင်းသားလူငယ်များအတွက် အဓိက ရည်ရွယ်ပြီး ၂၀၁၁ ခုနှစ်လောက်မှာ ထုတ်လုပ်နိုင်လိမ့်မယ်လို့ အိန္ဒိယတို့က ဆိုပါတယ်…

အကယ်လို့များ အိန္ဒိယအစိုးရတွေက ထုတ်လုပ်ပေးမယ့် manufacturer ကိုသာ ရှာဖွေတွေ့မယ်ဆိုရင် Linux Operation System ထည့်သွင်းတားတဲ့ ၎င်း Tablet လေးဟာ ကမ္ဘာ့ဈေးအသက်သာဆုံး တီထွင်မှုတစ်ရပ် ဖြစ်ပြီး ဈေးကွက်ကို ထိုးဖောက်နိုင်လိမ့်မယ်လို့ အိန္ဒိယတို့က ဆိုပါတယ်…

ဒီ Tablet လေးမှာ ရုံးသုံး စာစီစာရိုက် Software တွေ၊ internet နဲ့ ချိတ်ဆက်ပြီး web browsing နဲ့ Video Conferencing တွေပါ သုံးနိုင်အောင် ပြုလုပ်ထားတယ်လို့လဲ သိရပါတယ်… ဒါ့အပြင် အဲ့သည့် Tablet လေးမှာ နေရောင်ခြည်ကတဆင့် အားသွင်းနိုင်တဲ့ Solar Power Option လဲ ထည့်သွင်းနိုင်မှာ ဖြစ်ပြီး ထည့်သွင်းမယ်ဆိုပါက ကုန်ကျစရိတ် အနည်းငယ် ပိုလာမှာ ဖြစ်တယ်လို့လဲ သိရပါတယ်…

Ref: Yahoo News

2 comments

  • Azzurri

    June 22, 2012 at 9:53 am

    ဟိုဘက် ပိုစ့် တခုကနေ ရီလိတ်တက် ပိုစ့် ဆိုလို့ ဝင်ဖတ်မိပါတယ်…
    အော်.. ရယ်…
    စိတ်ထိခိယက်လိုက်တာ ….
    ဒါမျိုးပိုစ့်ကျ ကောမန့်တခုတောင် မရရှာဘူး …
    ဘယ်တုန်းကလဲတော့ မသိ ….
    အီကိုနော်မီ အီနိုဗေးရှင်းမို့ …..အားပေးရင်း
    လက်မထောင်သွားပါကြောင်း….

  • hein latt

    June 22, 2012 at 10:03 am

    ဝုတ်ဘ ဝုတ်ဘ နာယဲ ရီလိတ်တက်ပိုစ့် ဆိုဝင်ဖတ်တာ
    ကောင်းဗာအိ…ကောင်းဗာအိ…ကုလားလေးတွေ တက်ဘလက်ဒွေပေါပေါပဲပဲ ကိုင်နိုင်ဘီဘေါ့….
    နာဒို.ကျဒေါ့…..

Leave a Reply