5 comments

  • fatty

    July 24, 2010 at 3:34 pm

    Title spelling error…very sorry. If editor can correct, please help me.

  • kokogyi

    July 25, 2010 at 3:27 am

    ထေရဝါဒ ဗုဓ္ဒဘာသာ ဖြစ်ဖို့ အများ ကြီး ထက်ပြီးလေ့လာဖို ့ လို ပါသေးတယ် ဦးလေး ကြီး ထပ် ပြီး လေ့လာ ပါ အုံး အကျိုး ရှိပါတယ် ….ဆရာတော် ဘုရား များ ဟောသလို့ ပဲ ဆရာမှား ရင်တော့ တသံတရာ လုုံးမှောက်မှာပါ…. ဘယ်သူမှာ ကယ်လို့မရပါဘူး ကိုကိုပဲ ကိုယ်ကယ်နိုင်မှာပါ ကံ ကံ ရဲ့ အကျိုးနဲ့ ပတ်သက်ပြီး ဒီထက် သိသင့်တာတွေ အများကြီး ရှိပါသေးတယ် ကျတော် ဆရာလုပ်တာမဟုတ်ပါဘူး အကြံဉာဏ် ပေး ခြင်းသာ ဖြစ်ပါတယ် ခင်ဗျာ… တရားစစ်တရားမှန် နဲ့ တွေ့ပါစေလို့ ဆုတောင်းပေးပါတယ်….

  • Yin Nyine Nway

    July 25, 2010 at 4:31 am

    ဟုတ်ပါတယ်
    ညီမလည်းတခါဖြစ်ဘူးပါတယ်
    ကံမကောင်းရင ်ဆက်တိုက်ကြီး အဆိုးတွေ ဝင်လာတော့တာပါဘဲ
    အဲဒီအချိန်မှာ ကယ်တင်နိုင်တာ တခုကတော့
    ပဌာန်း တရားနဲ့ ဓမ္မစင်္ကြာတရားတော်တွေပဲဖြစ်ပါတယ်
    ယုံကြည်စွာနဲ့ ပွါးများရင်
    အကျိုးတရားတွေရော
    ဖြစ်လာမဲ့ဘေးတွေရော
    အားလုံးကို ကယ်တင်နိုင်တယ်လို့
    ယုံကြည်ပါတယ်

  • kai

    July 25, 2010 at 8:38 am

    ပြည်ထောင်စု မြန်မာနိုင်ငံတော် သာသနာရေး ဦးစီဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်သော ဆဌသင်္ဂါယနာတင် ပိဋကတ်တော် သံယုတ်ပါဠိတော် (မြန်မာပြန်) တတိယတွဲ စာမျက်နှာ ၃၇၁ မှ သုတ် အမှတ်စဉ် ၁၀၇၈ စိန္တသုတ်-

    ရဟန်းတို ့ လောကသည် မြဲ၏ ဟူ၍လည်းကောင်း၊ လောကသည် မမြဲ ဟူ၍လည်းကောင်း၊ လောကသည် အဆုံးရှိ၏ ဟူ၍ လည်းကောင်း၊ လောကသည် အဆုံးမရှိ ဟူ၍ လည်းကောင်း၊ ထိုအသက်သည်ပင် ထိုကိုယ်ဖြစ်၏ ဟူ၍ လည်းကောင်း၊ အသက်သည် တခြား ကိုယ်သည်တခြား လည်းကောင်း၊ သတ္တဝါသည် သေပြီးသည် နောက်၌ ဖြစ်၏ ဟူ၍ လည်းကောင်း၊ သတ္တဝါသည် သေပြီးသည်နောက်၌ မဖြစ် ဟူ၍ လည်းကောင်း၊ သတ္တဝါသည် သေပြီးနောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်းမဖြစ် ဟူ၍ လည်းကောင်း၊ သတ္တဝါသည် သေပြီးသည်နောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည် လည်းမဟုတ် ဟူ၍ လည်းကောင်း၊ ဤသို ့ယုတ်ညံ့သော အကုသိုလ် စိတ်ကို မကြံစည် ကုန်ရာ။ ထိုသို ့ မကြံစည်သင့်ခြင်းသည် အဘယ်ကြောင့်နည်း။ ရဟန်းတို ့ ဤအကြံအစည်သည် အကျိုးစီးပွားနှင့် မစပ်၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ ့ရန်၊ တပ်ခြင်းကင်းရန်၊ ချုပ်ရန်၊ ငြိမ်းအေးရန်၊ ထူးသောဉာဏ်ဖြင့် သိရန်၊ ကိုယ်တိုင်သိရန်၊ တဏှာမှ ထွက်မြောက်ရန် မဖြစ်။

    ရဟန်းတို ့ သင်တို ့သည် ကြံစည်လိုကြကုန်သော ဤကား ဆင်းရဲတည်း ဟု ကြံစည်ကုန် ရာ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်းဟု ကြံစည်ကုန်ရာ၏။ ဤကား ဆင်းရဲချှုပ်ရာ (နိဗ္ဗာန်)တည်း ဟု ကြံစည်ကုန်ရာ၏။ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို ့ရောက်ကြောင်း အကျင့်တည်းဟု ကြံစည်ကုန်ရာ၏။ ထိုသို ့ကြံစည်သင့်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို ့ ဤအကြံအစည်သည် အကျိုးစီးပွားနှင့် စပ်၏။ မဂ်တည်း ဟူသော အကျင့်မြတ်၏အစ ဖြစ်၏။ ငြီးငွေ ့ရန်၊ တပ်ခြင်းကင်းရန်၊ ချုပ်ရန်၊ ငြိမ်းရန်၊ ထူးသော ဉာဏ် ဖြင့် သိရန်၊ ကိုယ်တိုင်သိရန်၊ တဏှာမှ ထွက်မြောက်ရန်ဖြစ်၏။

    ရဟန်းတို ့ ထို ့ကြောင့် ဤကား ဆင်းရဲတည်းဟု သိရန် အားထုတ်ရမည်။ ပ။ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို ့ရောက်ကြောင်း အကျင့်တည်း ဟု သိရန် အားထုတ်ရမည်ဟု (မိန် ့တော်မူ၏) ။

    ပြည်ထောင်စု မြန်မာနိုင်ငံတော် သာသနာရေး ဦးစီးဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်သော ဆဌ သင်္ဂါယနာတင် ပိဋကတ်တော် မဇ္ဈိမ ပဏ္ဏာသ ပါဠိတော် (မြန်မာပြန်) စာမျက်နှာ ၁၅၉၊ သုတ်အမှတ်စဉ် ၁၈၇၊ ၁၈၈၊ ၁၈၉ အဂ္ဂိဝစ္ဆသုတ်-
    ၁၈၇။ အကျွန်ုပ်သည် ဤသို ့ကြားနာခဲ့ရပါသည်-

    အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သတင်းသုံးနေတော်မူ၏။ ထိုအခါ ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ် သည် မြတ်စွာဘုရား ရှိတော်မူရာ အရပ်ကို ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် သင့်လျော်သော နေရာ၌ ထိုင်ကာ အသျှင်ဂေါတမ၊ လောကသည်မြဲ၏ ဤအယူသည်သာ မှန်၏၊ တပါးသော အယူသည် အချည်းနှီးသာ တည်းဟု အသျှင်ဂေါတမသည် ဤသို ့အယူရှိပါသလော ဟူ၍ လျှောက်ထား၏။ ဝစ္ဆ လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်းဟု ငါသည် ဤသို ့အယူမရှိပါ ဟု (မိန် ့တော်မူ၏) ။

    အသျှင်ဂေါတမ လောကသည် မမြဲ ၊ ဤအယူသည်သာ မှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟု အသျှင်ဂေါတမ ဤသို ့အယူရှိပါသလော ဟု (လျှောက်၏) ။ ဝစ္ဆ လောကသည် မမြဲ ၊ ဤအယူသည်သာ မှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း
    ဟု ငါသည် ဤသို ့အယူမရှိပါဟု (မိန် ့တော်မူ၏) ။

    အသျှင်ဂေါတမ လောကသည် အဆုံးမရှိ၊ ဤအယူသည်သာ မှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟု အသျှင်ဂေါတမသည် ဤသို ့ အယူရှိပါသလောဟု (လျှောက်၏)။
    ဝစ္ဆ လောကသည် အဆုံးမရှိ၊ ဤအယူသည်သာ မှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟု ငါသည် ဤသို ့အယူမရှိပါ ဟု (မိန် ့တော်မူ၏)။

    အသျှင်ဂေါတမ ထိုအသက်သည်ပင် ထိုကိုယ်ကောင်တည်း၊ ဤအယူသည်သာ မှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟု အသျှင်ဂေါတမသည် ဤသို ့အယူရှိပါသ လောဟု (လျှောက်၏) ဝစ္ဆ ထိုအသက်သည်ပင် ထိုကိုယ်ကောင်တည်း၊ ဤအယူသည်သာ မှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟု ငါသည် ဤသို ့အယူမရှိပါ ဟု (မိန် ့တော်မူ၏) ။

    အသျှင်ဂေါတမ အသက်သည်တခြား၊ ကိုယ်ကောင်သည်တခြားတည်း၊ ဤအယူသည်သာ မှန်၏၊ တပါးသောအယူသည် အချည်းနှီးသာတည်း ဟု အသျှင်ဂေါတမသည် ဤ်သို ့အယူ ရှိပါသလောဟု (လျှောက်၏) ။ ဝစ္ဆ အသက်သည်တခြား၊ ကိုယ်ကောင်သည်တခြားတည်း၊ ဤအယူသည်သာ မှန်၏၊ တပါးသောအယူသည် အချည်းနှီးသာတည်း ဟု ငါသည် ဤသို ့ အယူမရှိပါဟု (မိန် ့တော်မူ၏) ။

    အသျှင်ဂေါတမ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ၊ ဤအယူသည်သာ မှန်၏ ၊ တပါးသောအယူသည် အချည်းနှီးသာတည်း ဟု အသျှင်ဂေါတမသည် ဤသို ့အယူရှိပါ သလော ဟု (လျှောက်၏) ။ ဝစ္ဆ ၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ၊ ဤအယူသည်သာ မှန်၏ ၊ တပါးသောအယူသည် အချည်းနှီးသာတည်း ဟု ငါသည် ဤသို ့အယူမရှိပါ ဟု (မိန် ့တော်မူ၏) ။

    အသျှင်ဂေါတမ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်၊ ဤအယူသည်သာ မှန်၏၊ တပါးသော အယူသည် အချည်းနှီးသာတည်း ဟု အသျှင်ဂေါတမသည် ဤသို ့အယူရှိပါ သလောဟု (လျှောက်၏) ။ ဝစ္ဆ ၊ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်၊ ဤအယူသည်သာ မှန်၏၊ တပါးသော အယူသည် အချည်းနှီးသာတည်း ဟု ငါသည် ဤသို ့အယူမရှိပါဟု (မိန် ့တော်မူ၏)။

    အသျှင်ဂေါတမ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ်၊ ဤအယူသည်သာ မှန်၏ တပါးသော အယူသည် အချည်းနှီးသာတည်း ဟု အသျှင်ဂေါတမ သည် ဤသို ့အယူရှိပါသလောဟု (လျှောက်၏) ။ ဝစ္ဆ ၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ်၊ ဤအယူသည်သာ မှန်၏ တပါးသော အယူသည် အချည်းနှီးသာတည်း ဟု ငါသည် ဤသို ့အယူမရှိပါ ဟု (မိန် ့တော်မူ၏)။

    အသျှင်ဂေါတမ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ် ဤအယူသည်သာ မှန်၏ တပါးသောအယူသည် အချည်းနှီးသာ တည်း ဟု အသျှင်ဂေါတမသည် ဤသို ့အယူရှိပါသလောဟု (လျှောက်၏) ။ ဝစ္ဆ ၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ် ဤအယူသည်သာ မှန်၏ တပါးသောအယူသည် အချည်းနှီးသာ တည်း ဟု ငါသည် ဤသို ့အယူမရှိပါဟု (မိန် ့တော်မူ၏)။

    ၁၈၈။ အသျှင်ဂေါတမ လောကသည် မြဲ၏ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ အသျှင်ဂေါတမသည် ဤသို ့ အယူရှိပါသလောဟု မေးသည် ရှိသော် ဝစ္ဆ ၊ လာကသည် မြဲ၏ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ ငါသည်ဤသို ့အယူမရှိပါဟု ဖြေဆို၏။ အသျှင်ဂေါတမ လောကသည်မမြဲ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ အသျှင်ဂေါတမသည် ဤသို ့ အယူရှိပါသလောဟု မေးသည် ရှိသော် ဝစ္ဆ ၊ လောကသည် မမြဲ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ ငါသည် ဤသို ့ အယူမရှိပါဟု ဖြေဆို၏။

    အသျှင်ဂေါတမ လောကသည် အဆုံးရှိ၏ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ အသျှင်ဂေါတမသည် ဤသို ့ အယူရှိပါသလောဟု မေးသည် ရှိသော် ဝစ္ဆ ၊ လောကသည် အဆုံးရှိ၏ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ ငါသည် ဤသို ့အယူမရှိပါဟု ဖြေဆို၏။

    အသျှင်ဂေါတမ လောကသည် အဆုံးမရှိ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ အသျှင်ဂေါတမသည် ဤသို ့ အယူရှိပါသလောဟု မေးသည် ရှိသော် ဝစ္ဆ ၊ လောကသည် အဆုံးမရှိ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ ငါသည် ဤသို ့အယူမရှိပါဟု ဖြေဆို၏။

    အသျှင်ဂေါတမ ထိုအသက်သည်ပင် ထိုကိုယ်ကောင်တည်း အဆုံးမရှိ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ အသျှင်ဂေါတမသည် ဤသို ့ အယူရှိပါသလောဟု မေးသည် ရှိသော် ဝစ္ဆ ၊ ထိုအသက်သည်ပင် ထိုကိုယ်ကောင်တည်း အဆုံးမရှိ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ ငါသည် ဤသို ့အယူမရှိပါဟု ဖြေဆို၏။

    အသျှင်ဂေါတမ အသက်သည်တခြား ကိုယ်ကောင်သည် တခြားတည်း ၊ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ အသျှင်ဂေါတမသည် ဤသို ့ အယူရှိပါသလောဟု မေးသည် ရှိသော် ဝစ္ဆ ၊ အသက်သည်တခြား ကိုယ်ကောင်သည် တခြားတည်း ၊ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ ငါသည် ဤသို ့အယူမရှိပါဟု ဖြေဆို၏။

    အသျှင်ဂေါတမ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ အသျှင်ဂေါတမသည် ဤသို ့ အယူရှိပါသလောဟု မေးသည် ရှိသော် ဝစ္ဆ ၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ ငါသည် ဤသို ့အယူမရှိပါဟု ဖြေဆို၏။

    အသျှင်ဂေါတမ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ်၊ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ အသျှင်ဂေါတမသည် ဤသို ့ အယူရှိပါသလောဟု မေးသည် ရှိသော် ဝစ္ဆ ၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ်၊ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ ငါသည် ဤသို ့အယူမရှိပါဟု ဖြေဆို၏။

    အသျှင်ဂေါတမ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်းမဟုတ် ၊ မဖြစ်သည် လည်းမဟုတ်၊ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ အသျှင်ဂေါတမသည် ဤသို ့ အယူရှိပါသလောဟု မေးသည် ရှိသော် ဝစ္ဆ ၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်းမဟုတ် ၊ မဖြစ်သည် လည်းမဟုတ်၊ ဤအယူသည်သာမှန်၏ တပါးသောအယူသည် အချည်းနှီးသာတည်း ဟူ၍ ငါသည် ဤသို ့အယူမရှိပါဟု ဖြေဆို၏။

    အသျှင်ဂေါတမ အဘယ်သို ့သော အပြစ်ကို ကောင်းစွာမြင်၍ ဤသို ့ အခါခပ်သိမ်း ဤ ဒိဌိ အယူတို ့ကို မကပ်ရောက်ပါသနည်းဟု (လျှောက်၏) ။

    ၁၈၉။ ဝစ္ဆ လောကသည် မြဲ၏ ဟူသောအယူသည် မိစာ္ဆ အယူတည်း၊ မိစာ္ဆ ဒိဌိဟူသော တောချုံတည်း၊ မိစာ္ဆဒိဌိတည်းဟူသော ခရီးခဲတည်း၊ မိစာ္ဆဒိဌိတည်း ဟူသော ဆူးငြောင့်တည်း၊ မိစာ္ဆဒိဌိတည်းဟူသော တုန်လှုပ်ခြင်းတည်း၊ မိစာ္ဆဒိဌိတည်းဟူသော သံယောဇဉ်၊ ဆင်းရဲနှင့်တကွ ဖြစ်၏။ ညှဉ်းဆဲခြင်း နှင့်တကွ ဖြစ်၏။ ငြီးငွေ ့ခြင်းငှာ မဖြစ်၊ တပ်ခြင်း ကင်းခြင်းငှာ မဖြစ်၊ ချုပ်ခြင်းငှာ မဖြစ်၊ ငြိမ်းခြင်းငှာ မဖြစ်၊ အထူးသိခြင်းငှာ မဖြစ်၊ ထိုးထွင်း၍ သိခြင်းငှာ မဖြစ်၊ ချုပ်ငြိမ်းခြင်းငှာ မဖြစ်။

    ဝစ္ဆ၊ လောကသည် မမြဲဟူသော။ ပ။ ဝစ္ဆ၊ လောကသည် အဆုံးရှိ၏ ဟူသော။ ပ။ ဝစ္ဆ၊ လောကသည် အဆုံးမရှိဟူသော။ ပ။ ဝစ္ဆ၊ ထိုအသက်သည် ထိုကိုယ်ကောင်တည်း ဟူသော။ပ။ ဝစ္ဆ၊ အသက်သည် တခြား ကိုယ်ကောင်သည်တခြား ဟူသော။ပ။ ဝစ္ဆ၊ သတ္တဝါ သည် သေသည်မှနောက်၌ ဖြစ်၏ဟူသော။ပ။ ဝစ္ဆ၊ သတ္တဝါသည် သေသည်နောက်၌ မဖြစ် ဟူသော။ပ။ ဝစ္ဆ၊ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်း ဖြစ်၏ ၊ ဖြစ်လည်း မဖြစ်ဟူ သော။ပ။ ဝစ္ဆ၊ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည် လည်း မဟုတ်ဟူသော အယူသည် မိစ္ဆာအယူတည်း၊ မိစာ္ဆဒိဌိတည်း ဟူသော တောချုံတည်း၊ မိစာ္ဆဒိဌိတည်းဟူသော ခရီးခဲတည်း၊ မိစာ္ဆဒိဌိတည်း ဟူသော ဆူးငြောင့်တည်း၊ မိစာ္ဆဒိဌိတည်းဟူသော တုန်လှုပ်ခြင်းတည်း၊ မိစာ္ဆဒိဌိတည်းဟူသော သံယောဇဉ်၊ ဆင်းရဲနှင့်တကွ ဖြစ်၏။ ညှဉ်းဆဲခြင်း နှင့်တကွ ဖြစ်၏။ ပြင်းပြစွာ ပင်ပန်းခြင်းနှင့်တကွ ဖြစ်၏ ၊ ပူလောင်ခြင်းနှင့်တကွဖြစ်၏၊ ဖြစ်၏။ ငြီးငွေ ့ခြင်းငှာ မဖြစ်၊ တပ်ခြင်းငှာ မဖြစ် ချုပ်ခြင်းငှာ မဖြစ်၊ ငြိမ်းခြင်းငှာ မဖြစ်၊ အထူးသိခြင်းငှာ မဖြစ်၊ ထိုးထွင်း၍ သိခြင်းငှာ မဖြစ်၊ ချုပ်ငြိမ်းခြင်းငှာ မဖြစ်။ ဝစ္ဆ ငါသည် ဤအပြစ်ကို ကောင်းစွာမြင်သည် ဖြစ်၍သာလျှင် ဤသို ့ အခါခပ်သိမ်း ဒိဌိအယူတို ့သို ့ မကပ်ရောက်ရာဟု (မိန် ့တော်မူ၏)။

  • fatty

    July 25, 2010 at 11:58 am

    စီတ်ရှည်လက်ရှည်ဆွေးနွေးပေးကြသူများ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း ……..အထူးလည်းတန်ဖိုးထားမှတ်သားပါကြောင်း ……

    ကျေးဇူးတင်စွာဖြင့် ……..

    ်fatty.

Leave a Reply