ကံကောင်းခြင်း လက်ကျန်များ

အရိပ္စစ္April 7, 20131min1289

အခြေနေတွေဟာ ဆိုးတယ်လို့ ဘယ်သူပြောလဲ

ဒီလို ဒီပုံတွေသာ ဖြစ်မလာဘူးဆိုရင်ဖြင့်

ဟိုးဝေးဝေးထိ မွှေးပျံ့နေတဲ့

စံပယ်ဖြူတွေ အကြောင်းသိမှာတဲ့လား

ပေးလိုက်ရတဲ့ တော်တော်များထက်

ပြန်ရလိုက်တဲ့ အနည်းအကျဉ်းမှာ

စစ်မှန်ခြင်းတွေ ရှိတယ်လေ

ဟေးးးး

ပိတောက်ရနံ့တွေ ကြားတယ်

အမှတ်တရတွေ အခါလည်ပြန်ပေါ့ ။        ။

အရိပ်စစ်

9 comments

  • Mr. MarGa

    April 7, 2013 at 8:14 pm

    အမှတ်တရတွေ အခါလည်
    တစ်ချက်မှလေ ငါမတွယ်
    ဆက်လက်သာလေ ရေးစေကွယ်
    :hee:

  • ကီလိုဇူးလူးဝီစကီ

    April 7, 2013 at 8:16 pm

    “”””ပေးလိုက်ရတဲ့ တော်တော်များထက်
    ပြန်ရလိုက်တဲ့ အနည်းအကျဉ်းမှာ
    စစ်မှန်ခြင်းတွေ ရှိတယ်လေ””””

    မှန်ပါတယ်ကွယ်။ ဒီလိုနဲ့ပဲ စစ်မှန်ခြင်း အနည်း အကျဉ်း လေးမှာ နေပျော်တတ်ခဲ့တာ ကြာပါပေါ့။
    ကဗျာလေး ကောင်းပါ့ရယ်။
    :hee:

  • မောင် ပေ

    April 7, 2013 at 8:41 pm

    ငါပေးလိုက်တာ၆၀ဝကျပ်
    ငါပြန်ရတော့ စည်တစ်ခွက်
    ခက်တော့ခက်နေပါပြီ
    ““ (ပေးလိုက်ရတဲ့ တော်တော်များထက်
    ပြန်ရလိုက်တဲ့ အနည်းအကျဉ်းမှာ) ”” ကို စကားပြေ ပြန်ကြည့်ပါအိ

  • TNA

    April 7, 2013 at 8:46 pm

    ပြန်ရလိုက်တဲ့ အနည်းအကျဉ်းမှာစစ်မှန်ခြင်းတွေရှိတယ်ဆိုတော့ အဲဒီစစ်မှတ်ခြင်းဟာ တန်ဖိုးရှိပါတယ်။ အဲဒီလိုစစ်မှန်ခြင်းမျိုးလိုချင်မိပါတယ်။

  • ဗုံ ဗုံ

    April 8, 2013 at 12:28 pm

    အိမ်း မယ်နူရေ ခံစားသွားပါတယ်ကွယ် ကောင်းတယ် ဆက်ပြီး ဒူး :mrgreen: :mrgreen:

  • သူကလေး

    April 8, 2013 at 1:21 pm

    ဟေးးးး

    ပိတောက်ရနံ့တွေ ကြားတယ်

    အမှတ်တရတွေ အခါလည်ပြန်ပေါ့ ။ ။ (သဘောကျတယ်)

  • မယ်ဘုတ်

    April 8, 2013 at 3:07 pm

    အမှတ်တရတွေ အခါလည်ပြီး..
    သေဖို့ တစ်နှစ်နီးလာတာပါ … :hee:

  • အရိပ်စစ်

    April 8, 2013 at 5:52 pm

    ဟိဟိ..အဲဒါကိုတော့ မေ့တွားဒယ်…တကယ်

  • alinsett

    December 18, 2013 at 8:44 pm

    စံပယ်..ပါတဲ့ကဗျာတွေ…
    မဖတ်ဝံ့သေးဘူးကွယ်.. .။

    :kwi:

Leave a Reply