1 ငုဝါ ဝါ

1 ငုဝါ ဝါ

2 ကောင်းကင်ပြာပြာ ငုဝါဝါ

2 ကောင်းကင်ပြာပြာ ငုဝါဝါ

4 ပန်ချင်စရာ အပွင့်ဝါဝါ

3 ပန်ချင်စရာ အပွင့်ဝါဝါ

5 အခိုင်ခိုင် အတင့်တင့်

4 အခိုင်ခိုင် အတင့်တင့်

6 အဝါရောင် အပွင့် အဆုပ်ဆုပ်

5 အဝါရောင် အပွင့် အဆုပ်ဆုပ်

8 ခူးချင့်စဖွယ်

6 ခူးချင့်စဖွယ်

“ငုဝါပန်းတွေကမြိုင်”

သင်္ကြန်နားနီးရင် ပိတောက်ပွင့်သလို ငုဝါတွေလဲအမြဲပွင့်ပါတယ်။

ပိတောက်က မွှေးပေမယ့် ငုဝါကတော့ ရနံ့ကင်း။

ပိတောက်က ပြွတ်ခဲနေအောင်ပွင့်ပေမယ့် ငုဝါက တွေ တွဲလွဲလေးတွေ.။

ပိတောက်က တစ်ရက်ဘဲ ခံပေမယ့် ငုဝါကတော့ အပင်မှာထားရင် ရက်ကြာကြာခံ။

ပိတောက်ကရွှေရောင်တောက်ပေမယ့်  ငုဝါကတော့ အဝါဖျော့ဖျော့။

ပိတောက်က တစ်နှစ်မှာ တစ်ရက်သာပွင့်ပေမယ့် ငုဝါကတော့ ရာသီချိန်ရောက်တာနဲ့ပွင့်။

ပိတောက်က တော်ဝင်နန်းထိုက် အများကြိုက်လို့ပန်ဆင်လိုသူပေါတဲ့ပန်း။

ငုဝါကတော့ ပန်သူမဲ့။

သို့သော်

ဘယ်သူတွေဘယ်လိုသဘောထားထား

ငုဝါပန်းတွေကတော့ သူ့ရာသီရောက်တာနဲ့မြိုင်နေတာပါဘဲ။.

ကျနော်တို့ရဲ့ နေစဉ်ဖြတ်သန်းမှု့မှာ ငုဝါပန်းလေးတွေလိုသဘောထားနိုင်ကြပါ့မလား။

အောင် အပြင်လောကကြီးမှာတော့

ငုဝါပန်းတွေကမြိုင်………………………………

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။.

8-4-2013

 

7 အခက်အခက်

7 အခက်အခက်

8ငုဝါပန်းတွေကမြိုင်

8ငုဝါပန်းတွေကမြိုင်

9 ရင်ခုန်ချင်စရာ

9 ရင်ခုန်ချင်စရာ

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။