မေမေသို့….

အရိပ္စစ္April 8, 20131min22013

ဆင်သရေကို  ဆိတ်သရေနဲ့ ဖုန်းလို့မရတာပဲ မေမေ

ရှေ့သွားလေး ကျိုးနေတာကိုရှက်လို့ ဆိုပြီး

စကားပြောတိုင်း လက်နဲ့လည်း အုပ်အုပ်မထားပါနဲ့

ကျေးဇူးပြုပြီး  ငွေရောင်ဆံခြည်တွေကိုလည်း  ငယ်မူမပြန်ခိုင်းပါနဲ့

အမေ့ရင်ခွင်ရိပ်ဆီ  ခဏတာပြန်ခိုဝင်လာတဲ့  အခိုက်အတန့်တွေမှာ

အဲဒီပိတုန်းရောင်ကေသာတွေကပဲ

အမေ့သမီးလေးကို

ဆက်မိုက်လို့ရသေးတယ်ဆိုတာ  အားပေးလှူံဆော်နေလို့လေ

 

အရိပ်စစ်

13 comments

  • အရိပ်စစ်

    April 8, 2013 at 7:58 am

    ဆင်သရေ ဟုတ်ဘူး ဆင်သေတဲ့
    တိမီး ပြင်တတ်တော့ဘူး
    ပြင်ပေးကြပါဦးနော်

    • ဗုံ ဗုံ

      April 8, 2013 at 12:37 pm

      နင့်နှယ်နော် ငါ့တပည့်မဟုတ်တာ ကျနေတာဘဲ :mrgreen:
      ပြင်ဖတ်လိုက်ပါ့မယ်ဟယ် ဒါနဲ့ အခုထိမိုက်တုန်းလား :kwi:

      • အရိပ်စစ်

        April 8, 2013 at 12:48 pm

        ဟိဟိ..တခါတလေပါဟ
        နင်ကလဲ

  • TNA

    April 8, 2013 at 12:38 pm

    ကိုယ့်ဟာကို မလိမ်မာဒါများ အမေကို ဆံပင်အမဲမဆိုးပါနဲ့တဲ့။ မတရားတာအေ။ အမေလဲလှချင်ရှာမှာပေါ့။ တမီးလိမ်မာလေးဆို ဆံပင်ဆိုးပေး သွားစိုက်ပေးလိုက်ပါ။ ညီအမတွေလိုဖြစ်တော့ပိုတောင် မိုက်သေး။ ဟေးဟေး။

    • အရိပ်စစ်

      April 8, 2013 at 5:57 pm

      ဟိဟိ..တာမီးက သဘာဝအလှကိုပဲ မြတ်နိုးလို့ပါချင့်..
      မေမေက တာမီးတွေထက် လှပီးသား….

  • သူကလေး

    April 8, 2013 at 1:32 pm

    ဆင်သေကို ဆိတ်သရေနဲ့ ဖုန်းလို့မရတာပဲ မေမေ

    ရှေ့သွားလေး ကျိုးနေတာကိုရှက်လို့ ဆိုပြီး

    စကားပြောတိုင်း လက်နဲ့လည်း အုပ်အုပ်မထားပါနဲ့ (အလွန်အလွန့်သဘောကျ)

    ဒါမယ့် သူကလေး မေမေကတော့ ရှေ့သွားလေးတင်ဟုတ်ဖူး

    တော်တော်များများကျိုးနေလို့ အံကတ်ကို အပေါ်တစ်ခု အောက်တစ်ခုထည့်ထားရတာ ဟိဟိ

    ဒါပေမယ့်လည်းလေ မေမေ့ကိုအလှကို ဘယ်သမီးမှ ယှဉ်မရပါဘူး

    • အရိပ်စစ်

      April 8, 2013 at 6:00 pm

      ဟုတ်ပ ဟုတ်ပ

  • မယ်ဘုတ်

    April 8, 2013 at 2:56 pm

    ဆက်မမိုက်ပါနဲ့ တာမီးရယ် ..
    မေမေ ဆံပင်အရောင်ပြောင်းလိုက်ပါ့မယ်နော်.. :kwi:

  • Mr. MarGa

    April 8, 2013 at 6:04 pm

    ပါးရေနားရေတွေ တွန့်လိပ်ပစေ
    အသံတွေတုန် ခါး ကိုင်းပစေ
    အမေ့ရုပ်ရည် အမြဲ လှနေတယ်………………………………….
    ဖြည့်တွေးပေးလိုက်ပါကွယ်။ :kwi:

  • ရွှေ ကြည်

    April 8, 2013 at 6:18 pm

    မေမေ
    ပါးရေတွေ တွန့်နေလို့
    မှန်ကြည့်ဖို့ မရွံ့ပါနဲ့အမေ
    ဇရာဆိုတာ အံတုလို့မရတဲ့အခါ
    ဒါသဘာဝပါဆိုတာကိုနှလုံးသွင်း
    စိတ်သတ္တိကိုရင်း
    သံသရာလင်းစေဖို့
    တရားရိပ်မှာ
    မွေ့လျော်စို့ အမေ..။ 😆

  • ဦးကြောင်ကြီး

    April 9, 2013 at 9:12 am

    မေမေသို့
    ရွှေငွေတို့
    လေပြေညှို့
    တွေဝေလို့
    ကြွေမြေဖို့
    ဆွေဖွေအို့
    နေထွေပျို့
    သေရည်စို့…

  • တောက် …
    ဒါ နာ့ကို ရွှဲ့ပြောဒါ နေမှာ …
    ဘာဒဲ့ …

    ရှေ့သွားလေး ကျိုးနေတာကိုရှက်လို့ ဆိုပြီး
    စကားပြောတိုင်း လက်နဲ့လည်း အုပ်အုပ်မထားပါနဲ့

    ………. တဲ့ ……..။
    နာ ဘယ်ဒုန်းက သွားကျိုးဂျီးကို လက်နဲ့ အုပ်ထားလို့ဒုန်း .. ဂယ်ဘာဘဲ …

    နောက်တာပါဗျို့ …
    ကဗျာလေး အားပေးတွားဘာဂျောင်း …

Leave a Reply