ကြက်ဥပြုတ် မှတ်စုထုတ် egg

ခက်တယ်ဗျာ ရွာသားတွေက အပြောမိုးလောက်၊ လက်တွေ့ပြပါဆိုရင် မြေကြီးအောက်မှာများတယ်။ (ဥပမာ – ဦးကျောက်ခဲ) သဂျီးကအစ ထေရဝါဒကို သာသနာ မောင်ပိုင်စီးတယ် စွပ်စွဲနေတာ သူကြတော့ တိုင်းပြည်ဂျီးကို ရှေးရိုးစွဲလက်က ကယ်မလို့တဲ့၊ သူများမျက်ချေးသာမြင်၊ ကိုယ့်မျက်ချေးတော့ မမြင်၊ ဒွတ်ခ..။ အပြောရွှေမန်း ရေးတာများ အီးဇီးကွတ်၊ ဘီးဇီးကွတ် ရွှန်းရွှန်းဝေလို့.. အန်တီမမ၊ အန်တီဝေတို့ ပြောပါတယ်။ တချို့ကြတော့ စီမံခန့်ခွဲရေးဂုရုယောင်ယောင် အိုင်တီဆရာယောင်ယောင် သူတို့မရှိရင် ကမာ္ဘပျက်လုမတတ်.. သိချင်လား – မောင်ဂီ။ မူးလာရင် ပိဋကတ်သုံးပုံ တတ်ယောင်ကားလုပ်တဲ့ ပိဋကတ် အိုးခြမ်းပဲ့လည်းရှိသေး၊ ဘယ်သူရှိမတုံး – ဂျော်နီအောင်ပု…။ စင်ကာပူရ ဆွိမမ ရေးလိုက်တာများ မြန်မာတပြည်လုံး မစားဘူးတဲ့ဆိုင် မရှိတဲ့အတိုင်း…။ အင်္ဂလန်သူ လာဘ်အရီးဆို ဘွားဒေါ်ထိရင် မိုးပေါ်က သိကြားမင်းတောင် နို့ဆီလောက်မချို အော်တော့တာပဲ။ တရုတ်သဗုံ ကြေးမုံဂျီးကတော့ ယူအက်စ်နဲ့ အီးယူကိုတောင် အကြွေးသိမ်းမတဲ့..။ ပေါဘကွာ… :harr:

ခင်ဗျားတို့ တကယ်ဟုတ်ရင် ကြက်ဥတလုံးပဲ ဖြစ်မြောက်အောင် ပြုတ်စမ်းပါ။ လူဆယ်ယောက် ပုံစံဆယ်မျိုး ထွက်လာမယ်။ ဒါလားကွ… တတ်သိပညာရှင်၊ ပြုပြင်ပြောင်းလဲရေးသမား၊ တက်ကြွလှုပ်ရှားသူ… သောက်ခွီး..။ :eee: ပြုတ်တဲ့အခါ အများအားဖြင့် ရေဆူဆူ မိနစ်၂ဝလောက် ပစ်ထားတတ်တယ်။ အဲလိုလုပ်လို့ ပွဲမတိုးတဲ့ ကြက်ဥပြုတ်တွေ ဖြစ်ကုန်တာ..။

ဥပြုတ်နည်း နိသရည်းအစစ်က ဒီလိုဗျ..။ ပြုတ်တဲ့အခါ အကျက်မညီတဲ့ အဖြူရောင်အကာနဲ့ အဝါရောင်အနှစ် နှစ်လွှာရှိတယ်။ မီးပြင်းပြင်း ဆက်တိုက် အပူပေးရင် အကာမှာရှိတဲ့ ပရိုတင်းဓာတ် မာသွားပြီး ဥတဝိုက်နားမှာ စိမ်းပုပ်ပုပ်ဖြစ်လို့ စားမကောင်းတော့ဘူး။ (တတ်သလောက် ဘာသာပျံတာဗျာ၊ မှားသွားရင် စောဒီး) ပြုတ်တာ အချိန်နဲပြန်တော့ အကာနူးညံ့ပါရဲ့ အနှစ်ပျစ်ချွဲချဲ ဖြစ်သွားတယ်..။ သိပ်ပွက်ပွက်ဆူအောင် အပူပေးတဲ့အခါ ဥခွံ အက်ကုန်ရော..။

ကြက်ဥ နတ်ပြု ဓာတ်ဖု သက်စု..
ကြက်ဥ နတ်ပြု ဓာတ်ဖု သက်စု..

အကောင်းပတိရအောင် ဂရုစိုက်ပြုတ်ပါ။ အိုးထဲ ဥတွေပြွတ်သိပ်နေအောင် မထဲ့နဲ့၊ လိုအပ်ရင် နှစ်ခါခွဲပြုတ်သင့် ပြုတ်ရမယ်။ ရေအေး အရင်စိမ်ပြီးမှ တဖြည်းဖြည်းခြင်း အပူပေး၊ ရေပလုံစီဖောင်းတွေ တက်လာရင် မီးအပူရပ်၊ ဆယ်မိနစ်လောက် အဖုံးလုံလုံပိတ်၊ အပူကုန်သွားအောင် ရေအေးပြန်ပေး။ ဒါဆို ရှယ်ဥပြုတ်ရပြီ။ မယုံ တလုံး စမ်းပြုတ်ကြည့်ဗျာ၊ လုံးကြီးပေါက်လှ ဖြူဖြူဖွေးဖွေး (ရေဆေးငါးဂျီးလို) စားချင်စဖွယ် ရွှေရောင် ကြက်ဥပြုတ်က ခင်ဗျားနှလုံး ပီတိဖုံးသွားစေမယ်။

ငတ်၍မဟုတ် တတ်၍ပြုတ်သော စားတော်ကဲချုပ် မီညောင်ခွီးဂရား ဦးကြောင်ကြီး

Hard-Boiled Eggs: Why You Are Cooking Them Wrong

By Sarah B. Weir, Yahoo! blogger | Team Mom – 

 

http://shine.yahoo.com/shine-food/hard-boiled-eggs-why-cooking-them-wrong-212300381.html#!c0yll

The perfect hard-boiled egg

Ahh spring, the season of daffodils and rubbery eggs with yolks the color of a mud puddle. Good luck getting the kids to eat them.

Also on Yahoo: Eggstra, Eggstra! Here’s How and Where to Buy Eggs

When it comes to making hard-boiled eggs for the Seder plate or Easter basket, most people slide a dozen into boiling water, set the timer for 20 minutes or so, and walk away to let them jiggle around in the roiling depths of a metal pasta pot.

That’s an excellent recipe for an unpalatable egg.

The tricky thing about cooking eggs is you are dealing with two different layers that cook unevenly: the white and the yolk. High, sustained heat toughens the proteins contained in the white. Overcooking on high also triggers the chemical reaction that causes that unappetizing greenish-grey film to appear around the yolk. Cooking for a shorter amount of time will allow the white to remain tender but yields a goopy yolk.

Furthermore, the feisty boiling water molecules that agitate eggs at the bottom of a hard pot may crack the shells as well. While commercial egg dyes claim to be non-toxic, there is something creepy about eating the turquoise or magenta veined eggs that emerge from broken shells.

PHOTOS: Easter Bunny Pictures Scary Enough to Haunt Your Dreams

Slate points out that a better way to achieve the perfect hard-boiled egg is, in fact, to treat it softly. Place in cold water, gently bring to a low boil, and immediately turn off the heat and cover the pot tightly with a fitted lid. Let sit for 10-11 minutes, rinse with cold water, and voila, the perfect “hard-boiled” egg. Renowned food scientist Harold McGee even prefers to call them “hard-cooked eggs” because you aren’t actually boiling them.

RECIPES: Amazing Egg Recipes from The Shine Supper Club

If you’ve been butchering—I mean boiling—your eggs for years, you may feel skeptical. Try one egg, you’ll be delighted with the toothsome white and firm, golden yolk.

Perfect Hard-Boiled Eggs

A dozen eggs

Large pot (eggs should not be crowded at the bottom)

Cold water

Cover eggs with cold water. Don’t crowd—you may need to cook in two batches depending on the size of pot. Gently bring to a low boil. As soon as you see a few bubbles turn off the heat and cover the pot firmly. Let sit undisturbed for about 10 minutes. This method is forgiving, an extra minute or two won’t ruin your holiday eggs. Rinse the eggs with cold water or place in an ice bath to stop cooking.

28 comments

  • ကီလိုဇူးလူးဝီစကီ

    April 8, 2013 at 9:00 am

    ဒီ အောင်ကြူးတော့လေ။ :mrgreen:

    ပြောသာပြောရတယ်။
    သူ့ နည်းနဲ့ စမ်းပြုတ်ကြည့်ဦးမှာပဲ။
    ကြက်ဥပြုတ်တောင် ဆရာကြောင်မပြရင် နည်းမကျတဲ့ ဘဝရောက်ပြီ။
    :harr: :harr:

  • Moe Z

    April 8, 2013 at 10:41 am

    ဟုတ် .. ကျေးဇူးပါအူးကြောင်
    ကြက်ဥကို ဘယ်လိုပြုတ်ရမှန်းမသိဖြစ်နေတာ
    ခွဲပြီးပြုတ်ရမလား ထောင်းပြီးပြုတ်ရမလားလုပ်နေတုန်း
    ခုတော့သိပြီ .. အလုံးလိုက်ပြုတ်ရတာကိုး :mrgreen:
    (သများကတော့ အနှစ်ကိုကြက်အောင်ပြုတ်ရင်မကြိုက်ဘူး မဲသွားရင်တော့ မစားတော့ဘူး) 😉

    • Moe Z

      April 9, 2013 at 8:56 am

      ဪ .. ကျန်ခဲ့လို့
      ကြက်ဥအကွဲတွေကို ပြုတ်မယ်ဆိုရင် အထဲကအကာတွေ အပြင်စိမ့်မထွက်အောင် ရေထဲကို ဆားထည့်ပြုတ်ရတယ်တဲ့ ..

  • weiwei

    April 8, 2013 at 10:56 am

    ဒါများ အီးဇီးပါ ..
    ကြက်ဥကို ရေမြုပ်အောင်ထည့် … မီးအေးအေး (ဝပ်တစ်ထောင်)နဲ့ ၁ဝ မိနစ် တိုင်မာ ပေးလိုက်ရင်ရပြီ ..
    အနှစ်ပျော့ပျော့စားချင်ရင် ၅ မိနစ် …

    အဲဒီထက် ပိုအီးဇီးတဲ့ အစာသွတ်ထမင်းချက်ချင်ရင်တော့ ကြက်ဥကိုရေစင်အောင်ဆေးပြီး ထမင်းချက်နေတုန်း တစ်ခါထဲသာ ထည့်ချက်လိုက် .. ထမင်းလဲကျက် ကြက်ဥလဲကျက် … :kwi:

  • ဦး ကျောက်ခဲ

    April 8, 2013 at 11:08 am

    ဒီမယ် ဦးကြောင်…
    ကျုပ်က အိမ်သာကျင်းတူးတာ ကျွမ်းကျင်တယ်ဆိုလို့…
    ကြက်ဥ ပြုတ်ပြတာလား…
    ဂိုဏ်းတူချင်း ဖဲ့ တာ… နာသဗျာ…. :kwi:

  • အရိပ်စစ်

    April 8, 2013 at 11:41 am

    ကြက်ဥပြုတ်နည်းလေး ဆရာပြလို့ နည်းကျသွားပီဆိုတော့
    ငါးပိ ဖုတ်နည်းလေးပါ မှတ်စုထုတ်ပေးပါ ဦးဦးကြောင်ရှင့်…

    တူမအသစ်လေး အရိပ်စစ်

  • etone

    April 8, 2013 at 12:02 pm

    အူးကြောင် တော်လိုက်ဒါအေ ..
    အနော် .. ကြက်ဥ မပြုတ်တတ်ဘူး .. တကယ် … တကယ် …. အကာကြတ်ဆိုလျှင် တလုံးလုံး ကြတ်ချင်ကြတ် … မကြတ်လျှင် အစိမ်းတိုင်းဖြတ်တတ်ပြီး …. အကြတ်ပြုတ်ဆိုလဲ .. ဘဲချီး .. ကြက်ချီးစော်နံအောင် … ဥကွဲတဲ့အထိ …. ပြုတ်မိပါဒယ် …. ။ ဘယ်လို သင်သင် မတတ်တာ … အိုက် ပြင်ညာပဲ …. :mrgreen:

  • TNA

    April 8, 2013 at 12:28 pm

    ကြက်ဥပြုတ်ကနဲနဲရယ်။ ရွာထဲ ထန်းရည်များမူးသွားသလားလို့။ ဇဂါးမစပ် အဲလို ပလုံစီတက်လာရင် ပလုံစီ ၁၀ဝ ပြည့်ရင် မီးပိတ်လိုက်လို့ကြားဖူးတယ်။ အဲဒါဘယ်လိုရီရမလဲအောင်ကျူးဂျီး။ အကြံလေးများမစပါ။

  • ဗုံ ဗုံ

    April 8, 2013 at 12:40 pm

    ကြောင်က ကြက်ဥပြုတ် ကြိုက်သတဲ့လား အံ့ရော အံ့ရော :mrgreen: :mrgreen:

  • kyeemite

    April 8, 2013 at 1:40 pm

    ကိုကြောင်ဂျီး…
    ကြက်ဥပြုတ်နည်းတောင်တော်တော်ရှာဖတ်ထားတာပဲ… :mrgreen:
    ၄ စားပါဒယ်..၅ပြန်ပါဒယ်..၆လျော်ပါဒယ်..ဂျာ

  • မောင် ပေ

    April 8, 2013 at 1:43 pm

    ဟီဟိ
    ဆရာကြောင်
    တဏှာပြောင်
    မသာရှောင်
    ပဝါပေါင်

  • မယ်ဘုတ်

    April 8, 2013 at 2:51 pm

    ဆရာ မပြ နည်းမကျတဲ့ ..
    ဦးကြောင်ပြမှ အရောင်လှတော့ပေမပေါ့ (ကြက်ဥလေးက) :hee:

  • Mr. MarGa

    April 8, 2013 at 6:15 pm

    ဪ………..
    ငတ်၍မဟုတ် တတ်၍ပြုတ်သော စားတော်ကဲချုပ်ကြီးပါလား
    ကဲကဲ
    ရွာထဲက ချိကွတ်တွေ လာကြ
    ပညာယူရတယ် ဒါမျိုးက
    နတ်သမီးလေးတွေ နောက်ကတန်းစီ
    သေချာကြည့်ထား ဘယ်လိုလုပ်သလဲဆိုတာ
    အဲ သူနဲ့တော့ ပေတစ်ရာ ကွာပစေ :mrgreen:

  • အလင်းဆက်

    April 8, 2013 at 6:35 pm

    ကြက်အုပြုတ်
    လက်ခု စုတ်
    မြက်စု သုတ်
    စက်ထု နှုတ်
    သတ် သူ ့မုတ်

    အဲ ဘာ ဖြစ်သွားပြီလဲဟ
    :kwi:

  • MaMa

    April 8, 2013 at 7:49 pm

    ကြက်ဥပြုတ်ကို ဘီးဇီးကွတ်နည်းနဲ့ ကွတ်ပြမယ်။ :harr:
    ၁။ ကြက်ဥများကို ရေစင်အောင်ဆေးပါ။
    ၂။ ရေဆေးစဉ် လွတ်ကျပြီး မကွဲအောင် ဂရုစိုက်ပါ။
    ၃။ ကြက်ဥတစ်လုံးချင်း ယူပြီး အိုးထဲသို့ ထည့်ပါ။
    ၄။ ရေကို ကြက်ဥမြှုပ်သည်ထိ ဖြည့်ပါ။
    ၅။ ရေဖြည့်ထားသော ကြက်ဥအိုးကို မီးဖိုပေါ်တင်ပါ။
    ၆။ မီး မပြင်း မပျော့ အနေအထားမှာ ထားပါ။
    ၇။ မမွှေရ။
    ၈။ ကြက်ဥ ကျက် မကျက်သိလိုလျှင် ကြက်ဥတစ်လုံးယူ၍ခွဲကြည့်ပါ။
    ၉။ အနေတော်လျှင် အိုးချပါ။
    ၁၀။ အနေမတော်သေးလျှင် ခေတ္တဆက်၍ တည်ပါ။
    ၁၁။ မိနစ်အနည်းငယ်ကြာလျှင် ကြက်ဥတစ်လုံး ဆယ်ယူ၍ ခွဲကြည့်ပါ။
    ၁၂။ အနေတော်လျှင် အိုးချပါ။
    ၁၃။ အနေမတော်သေးလျှင် ဆက်တည်ပါ။
    ၁၄။ မိနစ်အနည်းငယ်ကြာလျှင် ကြက်ဥတစ်လုံး ဆယ်ယူ၍ ခွဲကြည့်ပါ။
    ဤနည်းဖြင့် ကြက်ဥ၁ဝလုံးပြုတ်လျှင် အမာအပျော့ ပုံစံစုံ၁ဝမျိုးနှင့် အမရာကြက်ဥပြုတ် ကို ရမည်။
    ဤကာ ဘီးဇီးကွတ် အလိုတည်း။ :harr:
    ပုံ/
    အော်ပီကျယ်၏ ရေသောက်နည်း၊ အကျီ င်္ဝတ်နည်း၊ ငှက်ပျောသီးခွာနည်း သင်တန်းဆင်း အောင်လက်မှတ်ရ
    မမ

    • MaMa

      April 8, 2013 at 8:13 pm

      အမှန်အတိုင်း ဝန်ခံရရင် ကြက်ဥချဉ်ရည်ဟင်းကို ခရေဇီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က ဦးကြောင်ပြောတဲ့ ကြက်ဥပြုတ်နည်းကို သင်ပေးဖူးတယ်။
      ကြက်ဥပြုတ်တာများ လွယ်လွန်းလို့ ရေထဲထည့်ပြုတ် ပြီးတာပဲဆိုပြီး ကန့်လန့်တိုက်ခဲ့တာ …
      အဲဒီသူငယ်ချင်းက ခုချိန်ထိ လူစုံရင် ကြက်ဥတောင် မပြုတ်တတ်ဘူးလို့ ဒေါက်ဖြုတ်မြဲ။ :eee:

  • နေဝန်းနီ

    April 8, 2013 at 8:00 pm

    ကျုပ်ကတော့ ကြက်ဥ မပြုတ်တတ်ဘူး ….။ စားတော့စားတတ်တယ်….။ အူးကြောင် ပြုတ်ပြထားတဲ့ကြက်ဥပြုတ် အခြမ်းလေးတွေကို ပဲဆီ သန့်သန့်လေးမှာ စိမ် အနှစ်သားလေးပေါ် ဆားလေးနဲနဲဖြူးပြီး မနက်စောစော ထမင်းပူပူ လေးနဲ့လွေးလိုက်ရလို့ကတော့ ဟင်းးးးးး
    ဗိုက်လေးပြီး တစ်ရေး ပြန်အိပ်ချင်စိတ်ပေါ်သွားတယ်………။

  • အတင်းတုတ် …
    ကြက်ဥပြုတ် ….
    ဒါလား .. ဒက်ဒီ မှတ်စု ….။
    ရှိစေတော့ …
    ဒက်ဒီ ကြွတဲ့အခါ ဒီမှတ်စု စာအုပ်ကို
    အကြောင်းပြုလို့ ကျုပ် စာတစ်ပုဒ် ရေးဦးမယ် ….

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 8, 2013 at 10:55 pm

    ( အပြောမိုးလောက်၊ လက်တွေ့ပြပါဆိုရင် မြေကြီးအောက်မှာများတယ် )
    ကောင်းကင်ကြီးကို မျက်နှာမူပြီး တံတွေးထွေးတော့ ကိုယ့်မျက်နှာပေါ်ဘဲ တံတွေးပြန်ကျလာမှာပေါ့
    စယာကျောင်ဂျီးရဲ့
    ကြက်ဥပြုပ်ဘို့ဘဲပြောနေ
    ကြက်ဥဆိုတာ ကြက်မဆီက လာတယ်လို့ သိဘို့လိုပါလိမ့်မယ်
    ဒါ့ကြောင့် ကြက် တွေကို ဘယ်လိုမွေးမြူထိမ်းသိမ်းရသလဲဆိုတာကိုသိဘို့လိုကြပါလိမ့်မယ်
    ကြက် အကြောင်းသိအောင်အလျှင်ကြိုးဇားဂျဘါ

    • အဲ့ဒီ ကြက်ကို
      ပိဋကတ် ထဲမှာ ပါဒမျှ
      ရေးပြဘာအုံးလား ချာပုရဲ့ ….
      ကြက်အကြောင်းဆို ဆိတ်ဝင်စားရို့ ….
      ကျုပ်က ရွာဒါးဆိုဒေါ့ ကြက်အကျောင်း ဆိတ်ဝင်စားဒါ မစန်းဘာဘူးနော့ …

  • kai

    April 8, 2013 at 11:28 pm

    အဲဒါ.. ခရစ်တော်ပျံလွန်တဲ့ အီစတာမှာ..(ကြက်ဥနေ့)ရာဟူးဝက်ဆိုက်တင်ပြီး.. ဟိုးလေးတကြော်ဖြစ်သွားတာကြီးပေါ့..။
    ဆိုတော့..
    ကြုံတွယ်(ကြုံလို့တွယ်ရရင်)
    ကွန်ဆာဗေးတစ်တွေများ.. ကြက်ဥနဲ့ကြက်မဘယ်ကအရင်ဆိုတာတောင်.. သိကြတာမဟုတ်…
    အဲဒါကြီး..တရားဟောရင်ကိုင်ကိုင်ပြောနေတော့ကာ.. လူရယ်(ရီ)စရာ..
    :kwi:

    • ဦးကြောင်ကြီး

      April 9, 2013 at 7:13 am

      ယေရှုခရစ်တော်က သေဘူး၊ ရှင်သန်ထမြောက်သွားတယ်… လစ်ဘရယ်သဂျီးဇုတ် သိလည်းသိပဲနဲ့ နားမလည်ပါးမလည် စော်စော်ကားကား လျောက်ပေါရလား… :om:

      • kai

        April 9, 2013 at 9:29 am

        အဟမ်း…
        ကျုပ်က.. ဂျပန်မှာနေတုံး.. ဝိုင်သောက်ချင်လို့.. ချပ်ချ်တက်ပြီးခရစ်ယန်အဖြစ်ခဏခဏခံယူပါတယ်ဆိုနေမှ…
        ကမ္ဘာ့ခရစ်ယန်ဦးရေထဲ.. တယောက်ထဲနဲ့..လေး-ငါးယောက်လောက်ထည့်ပေါင်းထားတာ..

        စိတ်ဝင်စားလို့.. ကျောင်းသားလောက်ကတည်းက.. ဓမ္မာဟောင်းရော..သစ်ရော.. ကရင်ချချ်မှာဝယ်ပြီးဖတ်လာတာ..
        ဆိုတော့…
        သောကြာနေ့မှာ.. Crucifixion လုပ်ခံရတယ်..
        သုံးညမြောက်တော့… ကောင်းကင်ဘုံကိုစံတော်မူ(ပြန်)သွားတယ်ဆိုပါတော့…
        ဗဟုသုတပါ.. :harr:

  • water fish

    April 9, 2013 at 9:16 am

    အုဆြာ အုကြောင်ကြီးးးး …..
    ကြက်အုပြုတ်ဆိုင်ဖွင့်ချားပါရားးးးး အူးကြောင်ကြက်အုပြုတ်ဆိုင်ဖွင့်စားရင် ရွာထဲမှာအားပေးမဲ့
    သူဒွေကအများကြီးပဲ……

  • ဆူး

    April 9, 2013 at 10:19 am

    ကြက်ဥ ကို အနှစ် အကာ သီးသန့် ရှိနေစေလို့.. အနှစ် မကျက် အကာ မကျက်.. အကျက်လွန် အကျက်လျော့.. အခွံကွဲ အဲ့လိုတွေ ဖြစ်စေတာပေါ့..
    အဲ့ဒီလို ပြသနာတွေ မဖြစ်ရလေအောင်.. ကြက်ဥ ကို ယူ လိုက်ပါ..
    ပန်းကန်လုံး တခု ထဲ ကို ဖောက်ထည့်မယ်..
    ကြေမွအောင် ခေါက်လိုက်ပါ.. ပြီးတော့.. အိုးထဲ ကို ရေ အနည်းငယ်ထည့်ပါ..
    ပန်းကန်လုံး ထဲမှာ ဖောက်ပြီး မွေ ထားတဲ့ ကြက်ဥထဲ ကို ဆား သကြား ကြိုက်သလောက် ထည့်လိုက်ပါ.. အပေါ်မှာ ငရုတ်ကောင်းလေး ဖြူးးးးးးးးးးး
    ရေထည့်ထားသော အိုးထဲမှာ ပန်းကန် ထည့်ပြီး အဖုံးပိတ်လိုက်ပါ.. ပန်းကန် ရေမမြုပ်အောင် ထည့်ပါ။
    ၁ဝမိနစ်လောက် မီးမြှင်းမြှင်း နဲ့ ဆူပွက်ခိုင်းပြီး ကလောက် ကလောက် မြည်စေသော်..
    ပြီးသော် အခါ.. အိုးထဲက ရေခမ်းသလောက် ရှိ.. ပန်းကန် ကို အဝတ်လေးနဲ့ကိုင်ပြီး ထုတ်ယူ စားသုံးနိုင်ပါစေသောဝ်..
    မှတ်ချက် ပန်းကန်လုံး ကို အဖုံးဖုံး ထားပါ။

    အကာကျက် အနှစ်ကျက် တဲ့ ပြသနာ လုံးဝ မရှိတော့ပဲ.. အားလုံး ပေါင်းစည်းခြင်း သဘော စည်းလုံးခြင်းသဘော ညီညွတ်ခြင်း အသွင်ဆောင်ကာ.. တအိုးထဲမှာ အကာ အနှစ် ညီညီညွတ်ညွတ် ရှိကာ စိတ်ကြိုက် ဇွန်းနဲ့ ခပ်ယူ စားသုံးနိုင်ပါသည်။

    အပျင်းပြေ.. ရေနွေးကြမ်းလေး နဲ့ စားနိုင်ပါတယ်။

  • လူကလေး

    April 9, 2013 at 11:51 am

    ဘယ်လိုပဲဖြစ်ဖြစ်ပြုတ်ထားတဲ့ ကြက်ဥပြုတ် ဒီနေ့ အလွန်စားချင်နေမိပါတော့တီ

  • ကိုရင်စည်သူ

    April 9, 2013 at 6:08 pm

    အူးကြောင်ကြီး.. ကြက်ဥပြုပြပြီးရင်..
    ကြက်မဘယ်လိုဖုတ်ရလဲပါ ဆက်ရေးပေးပါ။
    ကြက်မနဲ့ ကြက်ဥ ဘာစဖစ်လဲ ရှင်းပေးပါ။..
    ကြက်ဥပြုတ်က အဆာခံတယ်.. နှစ်လောက်လုံးစားပြီး
    ရေသောက်ချထားရင် ညနေအထိ ထမင်းမဆာဘူး..
    ကိုယ်ဒွေ့ပါ။ :kwi:

Leave a Reply