၉၆၉

သုရွင္April 8, 20131min20317

၉၆၉

အစွန်းရောက်ဘာသာရေးအယူဝါဒ သည် အရှေ ့အလယ်ပိုင်းနိုင်ငံများနှင့် အာဖရိကမြောက်ပိုင်းဥရောပ အရှေ ့ခြမ်းတွင် ပဋ္ဋိပက္ခများကိုဖြစ် စေနိုင်သော အဓိကအကြောင်း အရင်းကြီးတစ်ရပ်ဖြစ်သည်။ အာရှတိုက် တွင်အိန္ဒိယ၊ပါကစ္စတန်နှင့်ဘင်္ဂလားဒေ့ရှ်တွင် ဘာသာ ရေးအစွန်း ရောက်မှုကြောင့် နေ့စဉ်ရက်ဆက်ဆိုသလို ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြင့် ရင်ဆိုင်ကြုံတွေ့ နေရပါသည်။

နိုင်ငံတကာပြဿနာများတွင် သိမ်မွေ့သလောက် အကဲဆက်သော၊ ဖြေရှင်းရန်ခက်ခဲသလောက် ကြီးမားသော အဓိကရုဏ်းများကို ဖန်တီးတတ်သည်မှာလည်း ဤဘာသာရေးအစွန်းရောက်မှု ပြဿနာပင် ဖြစ်သည်။အစ္စလမ်ဘာသာဝင်များသည် ခရစ်ယာန်ဘာသာဝင်များပြီးလျှင် ကမ ္ဘာပေါ်တွင်လူဦးရေး ဒုတိယ အများဆုံးဖြစ်ကြောင်း သုတေသနမှတ်တမ်းများနှင့်စစ်တမ်းများက ဆိုပါသည်။ ဘာသာရေးကို မိမိတို့၏ နေ့စဉ်ရှင်သန်နေထိုင်ရေး လုပ်ငန်းစဉ်များအထိ ကျင့်ကြံအားထုတ်ရန်ကြိုးစားလာသောအခါ အစ္စလမ်ဝါဒ သည် ဝေဖန်ခံလာရပါသည်။

အစ္စလမ်ဘာသာလောက် လူ့လောကနေ့စဉ်လုပ်ငန်းဆောင်တာများအထိ ဘက်စုံနှံ ့စပ်အောင် ထဲထဲ ဝင်ဝင်ဟောကြားညွှန်ပြဆုံးမထားသော ဘာသာကမ ္ဘာပေါ်တွင်မရှိဟုပင်ပြောနိုင်ပါသည်။ နေရေးထိုင်ရေး ၊ သွားရေးလားရေး၊ တရားစီရင်ရေး၊ ဘဏ်လုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံ ့မှု၊ ဆက်ဆံရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ စစ်ရေး၊စားရေးသောက်ရေး၊ စီးပွားရေး၊ဘက်စုံ ထောင့်စုံ ရှုထောင့်စုံမှ ရေပက်မဝင်အောင် လိုက်နာကျင့်သုံး ရန်ဘာသာရေးအယူဝါဒများက ကန့်သတ်ဟောကြားသွန်သင်ထားပြီးဖြစ်ပါသည်။

ကမ ္ဘာပေါ်တွင် တရားဥပဒေ ဟူ၍ သည်းခြားမရှိပဲ ဘာသာရေးအယူဝါဒ တစ်ခုတည်းဖြင့် ရပ်တည်နေထိုင်နိုင်သည်မှာ အစ္စလမ်ဝါဒ တစ်ခုတည်းသာရှိပါသည်။ ခရစ်ယာန်ဘာသာဝင်တို့သည်လည်း ဘာသာရေးအယူဝါဒတိုင်းကို အတိအကျလိုက်နာဆောင်ရွက်နိုင်ကြသည်မဟုတ်။ ဗုဒ္ဓဘာသာဝင်တို့သည် လည်း ဗုဒ္ဓ၏ အဆုံးအမ အားလုံးကိုလိုက်နာနိုင်ကြသည်မဟုတ်။ ဟိန္ဒူတို့သည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ ဂျိမ်းစ်၊တာအို၊ဂျူး စသောဘာသာဝင်တို့သည် လည်း ဥပဒေ ဟူ၍မရှိပါက ၎င်းတို့ ဘုရားအသီးသီးမှ ဟောကြားထားသော တရားတော်များကို အသက်တမျှ သက်ဝင်ယုံကြည်ရန် ဖြစ်နိုင်ခြေ နည်းပါးလှပါသည်။

ပြောချင်သည်မှ ယုံကြည်မှုပင်ဖြစ်သည်။ ဘာသာတိုင်းတွင်ယုံကြည်မှုကို အခြေခံတည ်ဆောက် ထား သည်ဆိုသော်ငြားလည်း ဘာသာဝင်များ၏ အားနည်းလှသော ယုံကြည်မှုများကို လူသားတို့ကိုယ်တိုင် သက်ဝင်ခြင်းမရှိသောကြောင့်သာ တရားဥပဒေ ဟူ၍ပေါ်ပေါက်လာရသည်မဟုတ်ပါလော။ မိမိတို့ ဘုရားအ သီးသီးက ဟောကြားထားသည့်အတိုင်းလိုက်နာကျင့်သုံးနေလျှင် ကျွန်ုပ်တို့အတွက် သီးခြားဥပဒေ ဟူ၍ ရေးဆွဲပြဌာန်းစရာမလိုတော့ပေ။ မိမိတို့ယုံကြည်မှုနှင့်အခြားသူတို့ယုံကြည်မှုကို ချိန်ခွင်ညှာ ယှဉ်ကြည့်ပြီးနောက် ရောထွေးနေကြသော ယုံကြည်မှုပေါင်းဆုံရှိနေသူတို့အကြား ဘုံတရားစီရင်ရေးတစ်ရပ် ပေါ်ထွန်းလာရန် ရေးဆွဲပြဌာန်းထားသော တရားဥပဒေ ပေါ်ထွန်းလာရသည်မဟုတ်ပါလော။

မိမိတို့သည် မိမိယုံကြည်ရာကိုလွတ်လပ်စွာကိုးကွယ်သက်ဝင်ခွင့်ရှိပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေငြာစာတမ်းအရပြောပါသည်။မိမိတို့ဖာသာမိမိတို့ မည်မျှ အစွန်း ရောက်အောင်ယုံကြည် ကိုးကွယ် သက်ဝင်သည်ဖြစ်ပါစေ ကိုးကွယ်ခွင့်ရှိသော်လည်း အခြားယုံ ကြည်ချက်မတူသူ ဘာသာခြားတို့၏ ယုံကြည်ချက်ကိုတော့ပုတ်ခက် စော်ကားခြင်းနှောင့်ယှက်ခြင်း ထိပါးခြင်းမပြုသင့်ပါ။ ဤသည်မှာ လူ့ယဉ်ကျေးမှုဖြစ်ပါသည်။ ယဉ်ကျေးသောလူ့အဖွဲ့အစည်းဖြစ်ပါသည်။ အရှေ ့အလယ်ပို်င်းနို်င်ငံတစ်ချို ့တွင် လူဦးရေများပြားခြင်းကို အကြောင်းပြု၍ အစ္စလမ်ဘာသာဝင်များက အခြားဘာသာများကို နှိပ်ကွပ်ခြင်း၊ အခွင့်အရေးများကို ပိတ်ပင်တားဆီးခြင်း။ ဖျက်ဆီးခြင်း၊ အခြားဘာသာဝင်များ၏ ဘာသာရေးအဆောက်အဦးများကို ဗုံးခွဲတိုက်ခိုက်ခြင်း တို့ ပြုလုပ်ကြသည်။ အခြားဘာသာဝင်တို့၏ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှု အမှတ်အသားတို့ကု ိဖျက်ဆီးကြသည်။

ထိုကဲ့သို့အစွန်းရောက်မှုများကြောင့် ကမ ္ဘာပေါ်ရှိနိင်ငံများက အစွန်းရောက်သူများကို အကြမ်းဖက် သူများအဖြစ် သာမန်ဘာသာရေးယုံကြည်သူများနှင့် သည်းခြားခွဲထုတ်ကာ နှိမ်နင်း တိုက်ဖျက်လျက်ရှိပါသည်။ သို့သော် ထိုအကြမ်းဖက်ဟူ၍ သက်မှတ်ထားသော အစွန်းရောက်ဂိုဏ်းသားများကို များစွာသော ဘာသာရေးယုံကြည်သက်ဝင်နေသူများက သိသိသာသာ တစ်မျိုး ပုန်းရှိုး ကွယ်ရှိုးတစ်မျိုးထောက်ပံ့ နေရကား ၎င်းတို့သက်ဆိုးရှည်နေကြပါသည်။ များစွာသောအကြမ်းဖက် ဂိုဏ်းတို့သည် အစ္စလမ်ဘာသာဝင်များဖြစ်သောကြောင့် အစ္စလမ်သည် မျက်နှာပျက်ရတော့သည်။ နိုင်ငံပေါင်းများစွာတွင် အစ္စလမ်ဘာသာဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များ၏ စောင့်ကြည့်ခြင်း ၊ စစ်ဆေးခြင်း၊ စစ်မေးခြင်း၊ သံသယ အဝင်ခံရခြင်း များဖြင့်ကြုံတွေ့နေရပါသည်။ ထို့ကြောင့်လည်း အစ္စလမ်ဘာသာဝင်တို့က အငြိုးအတေးထားမှုများ။ လက်စားခြေမှုများ၊တိုက်ခိုက်မှုများကို ပို၍ လုပ်ဆောင်လာကြခြင်းဖြစ်နိုင်ခြေရှိပါသည်။

အီဂျစ်နိုင်ငံတွင် လက်ရှိအာဏာရ မွတ်စလင်ဘရားဟုတ် ပါတီဥက္ကဌ သမ္မတ မိုဟာမက်မော်စီ သည် သူ စတက်လာစဉ် မကြာမီက ပါလက်စတိုင်းအစ္စရေးပြဿနတွင် ပဋ္ဋိပက္ခကို ငြိမ်သက်အောင် (ပါလက်စတိုင်းဖက်မှနေ၍) ထိန်းသိမ်းပေးနိုင်ခြင်းအတွက် ချိီးကျူးခံရပါသည်။ သို့်သော် ယခုအခါ အစ္စလမ်ဥပဒေ ကို အီဂျစ်တွင်ပြဌာန်းနိုင်အောင်ဆောင်ရွက်သူအဖြစ်လည်းကောင်း။ လုံခြံရေးနှင့် ရဲတပ်ဖွဲ့ ဝင်အရာရှိများနေရာတွင် မွတ်စလင်ဘရားသားဟုတ် ပါတီဝင်များကို အစားထိုးခြင်း ( ဘရာသားရိုက် ဇေးရှင်းပြုလုပ်ခြင်း) တို့ကြောင့် အခြားဘာသာဝင်များ နှင့် ဘာသာရေးလွတ်လပ် သူများ ၏ ဆန့်ကျင်ကန့်ကွပ်ခြင်း သပိတ်မှောက်ခြင်း ဆန္ဒပြ ခြင်းတို့ကို အကြီးအကျယ် ခံနေရပါသည်။

ပြောလိုသည်မှာ မွတ်စလင်ဘရားသားဟုတ် ( muslim brotherhood جماعة الإخوان المسلمين http://en.wikipedia.org/wiki/Muslim_Brotherhood ) အကြောင်းဖြစ်သည်။

Allah is our objective; the Quran is our law, the Prophet is our leader; Jihad is our way; and death for the sake of Allah is the highest of our aspirations.

အထက်ပါစာကြောင်းသည် မွတ်စလင်ဘရားသားဟုတ်၏ မူဝါဒဖြစ်ပါသည်။ အလ္လဟ် သည် ငါတို့ဦးတည်ချက်ဖြစ်သည်။ ကိုရမ်သည်ငါတို့ ဥပဒေဖြစ်သည်။ တမန်တော်သည် ငါတို့ခေါင်းဆောင်ဖြစ်သည်။ ဂျီဟတ်စစ် ဆင်နွဲခြင်းသည် ငါတို့လမ်းစဉ်ဖြစ်သည်။ အလ္လဟ်အတွက် အသက်စွန့်ခြင်းသည် ငါတို့နှလုံးသည်းပွတ်၏ အန္တိမ ပန်းတိုင်ဖြစ်သည်။ ဟူ၏။

 

အစ္စလမ်နိုင်ငံမှန်လျှင် မွတ်စလင်ဘရားသားဟုတ် ရှိပါသည်။ အစ္စလမ်သာသနာကို ကာကွယ်စောင့်ရှောက်ရန် တိုးတက်စည်ပင်ပြန့်ပွားရန်၊ ဘာသာဝင်အချင်းချင်း ရိုင်းပင်းစောင့်ရှောက်ကြရန်၊ စည်းလုံးညီညွတ်ကြရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါသည်။ အီဂျစ်နိုင်ငံတွင် ထု်ိအဖွဲ့မှ ရွေးကောက်ပွဲ ဝင်ပြိုင်၍ အနိုင်ရကာ သမ္မတ ဖြစ်သည်အထိ နေရာရခဲ့ပါသည်။

ခရစ်ယာန်ဘာသာဝင်တို့၏ ဝိုင်အမ်စီအေ (YMCA) သည် ကမ ္ဘာပေါ်တွင်လူမှုရေးနှင့်ပတ်သက်၍ အလွန်အမင်း တတ်ကြွသော အဖွဲ့အစည်းဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ဖြစ်သည့်နေရာများအတွက် ရန်ပုံငွေ ရှာသည့် လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်သည့်နေရာတွင် နာမည်ရပါသည်။ လူသားချင်းစာနာမှုနှင့် အထောက်အကူပစ္စည်းများလှူဒါန်းရတွင် တတ်ကြွသောအဖွဲ့အစည်းများ ထဲတွင်ထိပ်ဆုံးစာရင်းဝင်ဟု ပြောနိုင်ပါသည်။ မွတ်စလင်ဘရားသားဟုတ်နှင့် မတူသည်မှာ ခရစ်ယာန်လူငယ်အဖွဲ့အစည်းက လူမျိုးမရွေး ဘာသာမရွေးကူညီစောင့်ရှောက်ခြင်းဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း ဘာသာရေးနှင့် ပတ်သက်၍ တတ်ကြွသော ဦးဆောင်လုပ်ကိုင်ပေးနေသော အဖွဲ့အစည်းများရှိကြပါသည်။ မလွန်ဆန်လှူအသင်း၊ နာရေးကူညီမှုအသင်း၊ ဝိုင်အမ်ဘီအေအသင်း၊ ရွှေတိဂုံစေတီ အတွက် ဝတ်ရွတ်အသင်း။ အပတ်စဉ် သန့်ရှင်းရေးအသင်း၊ ကုသလ ဝေပုလ္လ သွေးလှူအသင်း စသည်ဖြင့် စသည်ဖြင့်များစွာရှိကြပါသည်။ အများအကျိုးအတွက် တည်ထောင်လုပ်ကိုင်နေသော ဘာသာဝင်အားလုံး တတ်ညီလက်ညီပါဝင်သော အဖွဲ့အစည်း ကောင်းကောင်းမရှိပါချေ။ ၉၆၉ အဖွဲ့သည် ထိုလိုအပ်ချက်၏ တစ်စိတ်တစ်ဒေသ ကိုဖြည့်ဆည်း ပေးနို်င်လိမ့်မည်ဟုူ၍ မျှော်လင့်မိပါသည်။

မြန်မာမွတ်စလင်ဒေ့ါနက် ( www.myanmarmuslim.net) တွင် စစ်မှန်သောမြန်မာမွတ်စ လင ်တို့၏ ရင်တွင်းက အသံဟူ၍ ၉၆၉ ကို အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာတို့၏ အစွန်းရောက်မှုများကို ၉၆၉ အဖွဲ့က ဒိုင်ခံပြီး အကောင်အထည်ဖော်နေကြောင်း ထင်မိထင်ရာများကို လျှောက်ရေးထားသည်ကို တွေ့နိုင်ပါသည်။

 

 

စင်စစ်သော်ကားမြန်မာနိုင်ငံတွင် ၉၆၉ ဟူသောအဖွဲ့မရှိပါ။ ( မရှိသေးပါ) လွန်ခဲ့သော ၁ဝ စုနှစ် နှစ်ခုလောက်က သာသာနာရေးဒုဝန်ကြီး ဦးကျော်လွင် မှ တီထွင်ထားသော ဂဏာန်းဖြစ်ပြီး ၊ မွတ်စလင်တို့၏ ၇၈၆ ဟူသော ကိန်း ဂဏာန်းကို အတုခိုးထားခြင်းဖြစ်ကြောင်း မစိုးရိမ်ဆရာတော်ဦးဝီရသူ က the voice daily newspaper နှင့်အင်တာဗျူး တစ်ခုတွင် ပြောကြားသည်ကို ဖတ်လိုက်ရပါသည်။ မည်သို့ပင်ဖြစ်စေ ၉၆၉ သည် ဘုရားဂုဏ်တော် နှင့်ဆိုင်သော တရားဂုဏ်တော်နှင့် ဆိုင်သော ၊ သံဃာ ဂုဏ်တော်နှင့် ဆိုင်သော သင်္ကေတ တစ်ခုဖြစ်သည်ကို မှု မြန်မာတို့ရင်ထဲတွင်ရှိသည့်အတွက် မွတ်စလင်တို့ ၏ အကြောင်းမဲ့စွတ်စွဲထင်မြင် နေမှုများသည် ပဋ္ဋိပက္ခများကို ငြိမ်းစေမည်မဟုတ်ပဲ၊ ပဋ္ဋိပက္ခကို ပိုပြီးလောက် ကျွမ်းစေရန်လောင်စာများပင်ဖြစ်သည်ကို ထည့်တွက်သင့်ပါသည်။

 

 

 

17 comments

  • Kaung Myat Thu

    April 8, 2013 at 12:33 pm

    မွတ်စလင်တို့ ၇၈၆ ဂဏန်းကို ဘာသာရေးအထိမ်းအမှတ်လုပ်တိုင်း လိုက်လုပ်စရာမလိုပါ။ Buddha ဘာသာ
    တွင် အရဟံ ဟူသောစာသားပေါ်တွင် ဗုဒံ ဓမံ သံဃံ ဝိုင်းပတ်ထားသော သင်္ကေတ ရှိပြီးဖြစ်သည်။

    • ရွှေ ကြည်

      April 9, 2013 at 6:05 pm

      ကိုကောင်းမြတ်သူကိုထောက်ခံပါတယ် သူများလုပ်လို့လုပ်လိုက်ရတယ်ဆိုကတည်းကမဟုတ်တော့ဘူး

  • TNA

    April 8, 2013 at 1:38 pm

    ဟုတ်တယ်။ ကျွန်မလဲထောက်ခံတယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာ မှာဟိုးရှေးအစဉ်အလာကတဲက မိရိုးဖလာ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ အရဟံ ဒါမှမဟုတ် ဗုဒံ ဓမံ္မ သံဃံ ဆိုတဲ့ အမှတ်တံဆိပ်ရှိပြီး သားမို့ မြန်မာဆိုင် မှန်လျှင် အဲဒီတံဆိပ်တပ်နေကြပါ။ ၉၆၉ ဆိုပြီးလိုက်လုပ်စရာမလိုဘူးလို့မြင်ပါတယ်။ သူများ နံပါတ်တပ် တာနဲ့ ကိုယ်လိုက်တပ်စရာမလိုသလို တကယ့် အပြင်းစား မွတ်ဆလင် တစ်ယောက် ကပြောဖူးပါတယ်။ ၇၈၆ ကိုသူမယုံကြည်ပါဘူးတဲ့။ ဘယ်နိုင်ငံမှာမှ ၇၈၆ မတပ်ပါဘူးတဲ့။ မြန်မာ တနိုင်ငံ ထဲမှာပဲရှိတာပါတဲ့။ ကိုယ်ပိုင် အမှတ်တံဆိပ်ရှိတဲ့ ဗုဒ္ဓဘာသာ တွေနဲ့ကွဲအောင် သူတို့ရှေးလူကြီးတွေထွင်ခဲ့ တာဖြစ်မှာပေါ့။ အဲဒါကို ကျွန်မတို့ လိုက်တုစရာမလိုဘူးထင်ပါတယ်။ ကိုယ့်အမှတ်တံဆိပ်နဲ့ကိုယ် သိက္ခာရှိရှိရပ်တည်တာကောင်းပါတယ်။ ဘုန်းကြီးအလုပ် လူအလုပ်လဲခွဲထားတာကောင်း ပါတယ်။ လော ကီရေး ကို လောကီလူသားတွေ လုပ် လောကုတ္တရာအရေးကို ဘုရား သားတော်တွေ လုပ်တာကောင်း ပါတယ်။ လောကီရေးကော လောကုတ္တရာအရေးရော ရောထွေးလိုက်ရင်မလိုလား အပ်တဲ့ ဖြစ်ရပ်တွေဖြစ်ကုန်မှာမလိုလားပါဘူး။

    • TNA

      April 8, 2013 at 1:40 pm

      Kaung Myat Thu အောက်မှာရေးတာ။ သတ်သတ်ဖြစ်သွားတယ်။

  • ရာမည

    April 8, 2013 at 3:00 pm

    သာသနာနှစ် ၂၅၀ဝ ကျော်လာရင်ဖြစ်မယ် ့ လက္ခဏာတွေအတိုင်းပါပဲ
    တချို ့ဘုန်းဘုန်းတို ့က နိဗ္ဗန်နဲ ့ မဆိုင်သည်များ လုပ်နေသလိုဘဲ
    ဝင်ပြောပြန်ရင်လည်း အမျိုးဘာသာ သာသနာဆိုတာကြီးနဲ ့ကိုင်ပေါက်ခံရတယ်
    ဒီပို ့စ်က ယဉ်ယဉ်လေးနဲ့သိမ်မွေ့စွာရေးထားတာပါ ။
    တခူဘဲပြောချင်ပါတယ် ။
    ၉၆၉ တံဆိပ်တွေကို လူတချို ့က ဆိုင်တွေကားတွေမှာ ခွင့်မတောင်းဘဲ
    လိုက်ကပ်ကြတယ် ။ ဘယ်သူငြင်းရဲမလဲ ။အဲ ့တံဆိပ်ကပ်တာငြင်းရင်
    သစ္စာဖေါက်လို ့ စွတ်စွဲဦးမယ် ။
    ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်ခြင်း ၊ နိဗ္ဗန်ရောက်ကြောင်းတရားပွားများအားထုတ်ခြင်း န ဲ့
    ၉၆၉ တံဆိပ်မဆိုင်ဘူးထင်တယ်
    စဉ်းစားကြပါဗျာ ။

  • ပန်းစံပါယ်

    April 8, 2013 at 4:40 pm

    ၉၆၉ တံဆိပ်စာရွက်ဟာလည်း ဗုဒ္ဓဘာသာရဲ့ ရတနာသုံးပါး ဂုဏ်တော်တွေကို ရည်ညွှန်းတဲ့အဓိပ္ပါယ်ဖြစ်ပေမယ့် အရဟံ၊ ဗုဒ္ဓံ ဓမ္မံ သံဃံ ကိုပဲ ပိုသဘောကျတယ်။ ဒါကြောင့် ၉၆၉ တံဆိပ်စာရွက်ကို အဓိကမထားပဲ အရဟံ၊ ဗုဒ္ဓံ ဓမ္မံ သံဃံ နဲ့အခြားပါဠိစာလုံးတွေကိုပဲ အဓိကထားတယ်။
    ဘာတွေညာတွေ နားမလည်ဘူး။ ဘုရားဟောတဲ့ သားသမီးဝတ် (၅) ပါးထဲက တစ်ပါးဖြစ်တဲ့ ” စောင့်လေမျိုးနွယ် ” ဆိုတဲ့အချက်ကို လိုက်နာဖို့ပဲနားလည်တယ်။
    ” စောင့်လေမျိုးနွယ် ” ဆိုတဲ့အချက်ရဲ့အဓိပ္ပါယ်ကို “မိမိအမျိုး ဘာသာသာသနာကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ” လို့ နားလည်လက်ခံထားတယ်။ သားသမီးတစ်ယောက်အနေနဲ့ အဲဒီတာဝန်ကျေပွန်ဖို့အတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်နွယ်သမျှကိစ္စအဝဝအားလုံးကို ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်တာကိုတော့ နားလည်လက်ခံကြမယ်ထင်ပါတယ်နော်။

  • San Hla Gyi

    April 8, 2013 at 9:03 pm

    ဒီကိစ္စမှာ ထူးခြားတဲ့ မှတ်ချက်ပေးရန် ခက်ပါတယ်။ ၉၆၉ တံဆိပ်သုံးမယ်ဆိုလည်း ဆိုးတော့ မဆိုးပါဘူး။ ဒါပေမယ့် အကြမ်းဖက်လို့တော့ မရပါဘူး။ ကိုယ့်ဘာသာ ကိုယ့်သတိနဲ့ကိုယ် နေနိုင်ရင် ပိုကောင်းပါတယ်။ တံဆိပ်သုံးပြီး campaign အနေနဲ့ လုပ်ရင်လည်း သူများကို သွားပြီး အကြမ်းဖက်တာတွေ မလုပ်ရင် ကောင်းပါတယ်။
    ဘာလို့ campaign အနေနဲ့ လုပ်ဖို့ လိုတာလည်းဆိုတော့ ဗုဒ္ဓဘာသာ မြန်မာတော်တော်များများက အခြား ခရစ်ယာန်တွေ မွတ်ဆလင်တွေထက် စာရင် ဘာသာရေး ဗဟုသုတ အခြေခံ သိပ်အားနည်းပါတယ်။ ကျနော့် အထင်ဖြစ်ပါတယ်။ ကိုယ့်ဘာသာအကြောင်းလည်း အခြေခံလောက်တောင် မသိတာ များပါတယ်။ အဲဒီတော့ သူများက ပြောလိုက်ရင် ပါးစပ်အဟောင်းသားနဲ့ ခံရသလို အလွယ်တကူလည်း မြူဆွယ်သိမ်းသွင်းလို့ ရပါတယ်။ ဒါကြောင့် လှုပ်ရှားမှုတခု အနေနဲ့ လုပ်နိုင်တာာတောင်မှ အနေတော် ဖြစ်ချင်မှ ဖြစ်မှာပါ။
    ဒါပေမယ့် ကောက်ရိုးမီးလို ရေလိုက်လွဲပြီး သူများကို သွားပြီး တိုက်ခိုက် သတ်ဖြတ်လို့တော့ မရပါဘူး။ ကြုံလို့ ပြောရဦးမယ်။ ဒီဆိုက်ဒ်ထဲမှာလည်း ဘလက်ဘရားသား အဖွဲ့ရှိတယ်လို့ ကြားတယ်။ အဲဒီအဖွဲ့ရဲ့ ဂိုဏ်းချုပ်ကြီးက တကယ့်ကို ကြောက်စရာကောင်းအောင် ဥဏ်နီဥဏ်နက် များတယ်တဲ့။

    • surmi

      April 8, 2013 at 10:52 pm

      မင်္ဂလာပါ ကိုစံလှကြီးရေ ….
      သတိယနေပါတယ်ဗျာ ပြန်လာခဲ ့ပါဦးနော

      • San Hla Gyi

        April 9, 2013 at 9:47 pm

        မင်္ဂလာပါ ကိုဆာမိရေ ကျနော်လဲ သတိရပါ့ဗျား။ စာရေးဖို့ အချိန်မပေးနိုင်ပဲ ဖြစ်နေလို့ပါ။ ကိုယ့်မိတ်ဟောင်း ဆွေဟောင်းတွေရဲ့ ပို့စ်တွေတော့ မကြာခဏ ရောက်တတ်ပါတယ်ဗျို့။

  • ခင်ခ

    April 8, 2013 at 10:39 pm

    အရဟံ

    ဗုဒ္စံ ဓမ္မံ သံဃံ

    ဒါဘဲသိတယ်။

    ဒါဘဲသုံးတယ်။

  • သုရှင်

    April 9, 2013 at 8:59 am

    စ စ ချင်း ၉၆၉ ဆိုတာက ခေါင်းစဉ်ပါဗျာ။
    ဆက်ဖတ်မိရင် တော့

    ” ၉၆၉ အစွန်းရောက်ဝါဒ ”
    ရယ်လို့ထင်စရာဖြစ်သွားတာပေါ့။

    ဆောရီးပါ။

  • လူကလေး

    April 9, 2013 at 11:46 am

    ၉၆၉ ဆိုတာ ဗုဒ္ဓဘာသာကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း အဖြစ် လက်ခံထားကြပါတယ်. . (လူကလေးလဲလက်ခံထားပါတယ်)
    ဒါပေမယ့် အစွန်းရောက် နေတဲ့ အတိုက်အခံ အဖွဲ့အစည်းတော့ ဖြစ်မသွားစေချင်ပါဘူး ..

    ရဟန်း တပါးမိန့်တာ ကြာဖူးတယ်.. သာမန် ရဟန်းတော် တပါးပါပဲ.. ၉၆၉ ဆိုတာမရှိခင်ကတည်းက ကြားဖူးတာပါ.. သူကမိန့်ပါတယ်.. “ဒကာတို့ “အရဟံ” ဆိုတာကို တွေ့မှ ဝယ်ကြ၊ စားကြ ”လို့ဖြစ်ပါတယ် .. အဲဒါကိုလည်းလက်ခံလက်ခံတဲ့ အတွက် ယခု ၉၆၉ ဆိုတာကိုလည်း အတိုက်အခံ အဖွဲ့အစည်းမဖြစ်သ၍ အစွန်းမရောက်သ၍ လက်ခံနိုင်မယ်ထင်ပါတယ်..

    ကိုယ့်ယုံကြည်မှုကို အထိအပါးခံရနိုင်ဖွယ် ဖျက်ဆီးခံရနိုင်ဖွယ် ဖြစ်နိုင်တဲ့ ကိစ္စတစ်ခု ကိုတော့ “အရဟံ” “၉၆၉” ဘာပဲတွေ့တွေ့.. အဲဒါတွေ ဘာမှ မတွေ့မတွေ့.. လုပ်နိုင်စရာ အလျဉ်းမရှိပါကြောင်း .. .

  • ရွှေ ကြည်

    April 9, 2013 at 6:01 pm

    ၉၆၉ ကိုမကြိုက်ဘူးဗျ ပေါ်ပင်တအားဖြစ်နေတယ် အစွန်းမရောက်ရင်လက်ခံနိုင်ပေမယ့် အခုကိုပဲအစွန်းရောက်နေကြတယ် မြန်မာတွေစိတ်ကကို ကိုယ့်အမြင်မတူရင်ဆဲမယ်ဆိုတဲ့ဓါတ်ခံရှိနေတယ် ထင်ပ ။

    အခုကို ဗုဒ္ဓဘာသာနှစ်ခြမ်းကွဲနေပြီ ၉၆၉ ထောက်ခံသူ၊ မထောက်ခံသူ ဆိုပြီး ဒီလှုပ်ရှားမှုပေါ်လာပြီးကတည်းက လိုင်းပေါ်မှာ ဘာသာတူချင်းဆဲကုန်ကြတယ်
    အဓိက အဲဒါကိုမကြိုက်တာ။
    ဒီနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံလို့ ခံယူထားရိုးမှန်ရင် ၇၈၆ တံဆိပ်မတွေ့ရင်
    Cross မတွေ့ရင် ဒါဟာ ဗုဒ္ဓဘာသာဆိုင်ပေါ့။
    ဗုဒ္ဓဘာသာဆိုင်မှန်ရင်သိသာပါတယ် ဘုရားစင်ရှိမယ် နောက်ပုံတော်တွေကပ်ထားမယ် စိတ်ချရှိကိုရှိတယ်။ ထူးထွေပြီးကပ်နေစရာကိုမလိုတာ ၉၆၉ တွေ့မှဈေးဝယ်ရမယ်ဆိုရင်မကပ်တဲ့ တခြားဗုဒ္ဓဘာသာဆိုင်တွေမဝယ်ရတော့ဘူးလိုဖြစ်နေတယ် ဒါမကြိုက်တဲ့နောက်တချက်။
    နောက်တခုက အခု မြန်မာမွတ်ဆလင်ဆိုတာမရှိဘူး မြန်မာမှန်ရင် ဗုဒ္ဓဘာသာပဲရှိတယ်ဆိုတဲ့ ပို့စ်ကို ရှယ်လိုက်ကြတာဗျာ ဖေ့ဘွတ်မှာလေ။ ခက်ကရော… ခရစ်ယာန်တွေဘယ်သွားထားမလဲ တိုင်းရင်းသားတွေထဲမှာ ခရစ်ယာန်ဘာသာဝင်တွေရှိနေတယ် ဗမာတွေမှာလည်းရှိတာပဲ သူတို့ကရော..။ လုံးဝ အဓိပ္ပါယ်မရှိဘုူးလို့မြင်တယ် ကိုယ့်ဘာသာကိုတိုးတက်စေချင်ရင်ကိုယ့်ဘာသာကြိုးစားကြပါ အခုတော့ ၉၆၉ လှုပ်ရှားသူများဆိုပြီး သူတို့ကိုပြောလိုက်တာနဲ့ အယုတ္တ အနတ္တ ဆဲလိုက်ကြတာ ရှိသမျှကုန်ရော ဘာသာတရားရဲ့အမြတ်ဆုံးတွေကို ဂဏန်းအဖြစ်ယူသုံးနေသူတွေပါးစပ်က ဒီလောက်ရိုင်းနေတာ ရှက်စရာကောင်းတယ်မြင်မိတယ် ကို်ယ်ယုံကြည်လို့လုပ်ရင်လည်းလုပ်ပါ မရိုင်းနဲ့ဘယ်သူဘာပြောပြောလုပ်စရာရှိတာဆက်လုပ်ဒါပဲရှိတယ် ဖေ့ဘွတ်ကကွန်မန့်တွေဖတ်ရတာ သာသနာကွယ်တော့မယ်ဆိုတာသက်သေပြနေသလိုပဲ။
    ဗုဒ္ဓဘာသာမှာ နာမည်ပဲရှိတယ် ဘာသာဝင်တွေအဆုံးအမကိုမလိုက်နာကြတော့ဘူး။ အရိုင်းတွေဖြစ်နေတယ်။ ကာကွယ်မယ်ပဲအော်နေတယ် ဘယ်လောက်များ ဘာသာတရားအဆုံးအမကိုလိုက်နာကြပါသလဲမေးချင်တယ်။ မလုပ်ရဘူးမဟုတ်ပါလုပ်သင့်တာကိုလုပ်ရမှာပါ ကိုယ့်ဘာသာအတွက်လူတိုင်းမှာတာဝန်ရှိပါတယ်။
    နောက်လာနောင်သားတွေကို ဒီဘာသာကို
    ဘာကြောင့်ကိုးကွယ်တယ် ဘာကြောင့် ကောင်းတယ် ဘာကြောင့်ဆိုးတယ် သေချာခွဲခြမ်းစိတ်ဖြာပြရမယ်။
    အမှန်ဆိုတာကိုရှင်းရှင်းလင်းလင်းသိထားရင် အမှားဆိုတာကွက်ကွက်ကွင်းကွင်းပေါ်လာမှာပဲ။
    အခုအခြေအနေကိုသိပ်စိတ်ပျက်မိတယ်..။

  • ဦးကြောင်ကြီး

    April 10, 2013 at 10:20 am

    ၉၆၉တော့ သိပ်မသိဘူး၊ ပြောနေတာတော့ အစွန်းရောက်တယ် ဘာတယ်ပေါ့။ ဒါနဲ့ အဲဒီ၉၆၉ကို တမင်အပြစ်ပုံချချင်နေတဲ့ အင်အားစုတရပ်လည်း ရှိတယ်လို့ ခံစားမိတယ်။ ဒီလိုဗျာ ၉၆၉ရယ်၊ ၉၆၉ လှုံ့ဆော်သူရယ်၊ ၉၆၉ ဆန့်ကျင်သူရယ် အဲလိုခွဲခြား မြင်ကြည့်ပါ။ အစွန်းရောက်သမားတွေကို ပြောတာ၊ သာမန်နောက်လိုက်တွေကို မပြောဘူး…။ စကား အတင်းစပ် ပြောရရင် အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကိုမိုးသီးဘလော့ဂ်ကို ကိုမွတ်သီးဘလော့ဂ်လို နာမည်ပြောင်း ခေါ်ရမလို ဖြစ်နေတယ်။ မိတ္ထီလာအရေးအခင်းမှာ မွတ်စ်တွေဖက်က စာနာပေးတယ်။ (ဒီအထိ နားလည်လို့ရတယ်) အင်ဒိုနီးရှား ထောင်ထဲမှာ မြန်မာငါးဖမ်းသမား ရယောက် ရိုဟင်ဂျာတွေ အသတ်လည်းခံရရော ဘာရေးတယ် မှတ်သလဲ… အသက်ရှင်လျက် ကျန်တဲ့ မြန်မာတယောက်ကို အင်ဒိုနီးရှား မွတ်စ်စလင် မိသားစုတစုက ကယ်ထားတဲ့အကြောင်း ဓာတ်ပုံတင်ထားတယ်။

  • သုရှင်

    April 10, 2013 at 11:47 am

    မိုးသီးဇွန်လည်း သူ့ကို တရားစွဲ တာကို တရားရုံးကလက်ခံလိုက်တဲ့အတွက်
    တိုင်ပတ်ပြီး ပြေးပြီ။ ဒီလူ ..က လူတွေ ကို ရက်ရက်စက်စက် လူမဆန်စွာသတ်တဲ့
    မြောက်ပိုင်းကျောင်းသားအရှုပ်တော်ပုံရဲ့ အဓိက အမိန့်ပေးစေခိုင်းတဲ့ တာဝန်ရှိတဲ့သူဆိုပဲ။

    • kai

      April 10, 2013 at 3:07 pm

      ကိုမိုးသီးက.. မြောက်ပိုင်းအေဘီလူသတ်မှုတွေနဲ့..ဘယ်လိုပါတ်သက်သွားသလဲတော့မသိ..
      သူကတောင်ပိုင်းအေဘီကလို့သိထားတာပါ..

      တောင်ပိုင်းမှာလည်း.. လူသတ်မှု(အနည်းဆုံး) တခုတော့ရှိခဲ့တာပဲ..
      သူတို့ကြတော့.. နဝတ..နအဖတို့လို.. အခြေခံဥပဒေထဲထည့်ပြီး.. နောက်ကြောင်းလှန်အရေးမယူပါဘူး.. မရေးထားနိုင်ခဲ့တော့.. ရင်ဆိုင်ရတော့မှာပေါ့…

      ၉၆၉ သမားထဲကအစွန်းရောက်တွေရှိခဲ့ရင်.. ၉၆၉မဟုတ်ပဲလည်း.. လူသတ်ခဲ့ရင်.. တရားဥပဒေကနောက်ကြောင်းပြန်လိုက်လာမယ်ဆိုတာ.. သတိပြုမိစရာပါ..။
      သတိသာထားကြပေတော့… :harr:

    • ဦးကြောင်ကြီး

      April 11, 2013 at 9:29 am

      အဲဒီမြောက်ပိုင်း လူသတ်မှုနဲ့ တောင်ပိုင်းက ကိုမိုးသီး မပတ်သက်လို့ ယုံကြည်ပါတယ်၊ အခင်းဖြစ်ပွားစဉ် တခုခု ပြောကောင်းပြောမိပါမယ်၊ အဲဒီအချိန် ကျောင်းသားတပ်မှာ သူရှိနေတာကိုး..။ ဒါနဲ့ပဲ မလိုသူတွေက တွန်းချနေပုံရတယ်။ မိုးသီးဇွန်ကို တရားစွဲတာ နိုင်ငံရေး အကွက်ဆင်မှု တခုထက် မပိုပါဘူး၊ ဒါကြောင့်လည်း ရှေ့ဆက်မတိုး ဖြစ်နေတာပေါ့။ တခုရှိတာ အေဘီတောင်ပိုင်း ခေါင်းဆောင်တွေကို အဲဒီလူသတ်မှု တာဝန်မကင်း ဝေဖန်သူများ စစ်ထောက်လှမ်းရေးတွေ ပတ်သက်မှုကို မသိကျိုးကျွံပြုထားခြင်းပါ။ တကယ်ပဲ ထောက်လှမ်းရေးတွေ ခြေမထိုး ခြေမရှုပ်ခဲ့လို့ လက်ခံထားလို့လား.. အိပ်ချင်ယောင် ဆောင်တယ်ဆိုရင်တော့ နိုးရခက်ပါမယ်…. 🙁

Leave a Reply