မန်းလေးလာလို့ ဘုရားကြီးရောက်ရင် လုပ်အားနဲ့ကုသု်ိလ်ယူကြပါ
“မန်းလေးလာလို့ ဘုရားကြီးရောက်ရင် လုပ်အားနဲ့ကုသု်ိလ်ယူကြပါ”
မန်းလေးမြို့ရဲ့နံနက်ခင်းကို စတင်ဖွင့်လှစ်တဲ့အချိန်ကတော့ မဟာမုနိရုပ်ရှင်တော်လို့နာမတော်ရှိပြီး
ကျနော်တို့ မန်းလေးသားတွေအလွယ်ခေါ်လေ့ရှိတဲ့ ဘုရားကြီး ကို မျက်နှာသစ်တော်ရေ ဆက်ကပ်ချိန်ဖြစ်ပါတယ်။
ဘုရားဆင်းတုတော်ကို သက်တော်ထင်ရှားရှိသည့်အလား နေ့စဉ့် မျက်နှစ်သစ်တော်ရေဆက်ကပ်ခြင်းကို
ရှေးနှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်ခဲ့သည်မှာ ယနေ့ထိ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ဆဲ။
မျက်နှာသစ်တော်ရေ ဆက်ကပ်ရာတွင်အသုံးပြုသောအမွှေးနံ့သာရည်အတွက် သနပ်ခါးများကို
ဘုရားကြီးမြောက်ဘက်စောင်းတန်း၏ အရှေ့ဘက်တွင် သွေးကြပါသည်။
ဘုရားဖူးလာရောက်သူများက တစ်ယောက်တစ်လက် သနပ်ခါးသွေးကာ ကုသိုလ်ယူကြစမြဲ။
မသိသေးသောသူများအတွက် မျှဝေပေးလိုက်ပါတယ်။
ဘုရားကြီးမြောက်ဘက်မုဒ် စက်ဘီးအပ်လက်ခံသောနေရာ၏ အနောက်တည့်တည့်တွင်ရှိပါသည်။
ရောက်တုန်းရောက်ခိုက် ကုသိုလ်ယူနိုင်ပါသည်။
ကိုပေါက်လမ်းသလားနေသည်
7-4-2013
ကြားတော့ကြားဖူးတယ်
ကိုယ်တိုင်လဲမရောက်ဖူးဘူး ကိုပေါက်ရေ..
အခုမှပဲ သေသေချာချာ မြင်ဖူးတော့တယ်။
Was this answer helpful?
LikeDislikeဟမ်။

အဟီး။
ရှက်လိုက်တာ။
ခုမှသိတယ်။
အဲဒီလိုမျိုး ရှိမှန်း။
Was this answer helpful?
LikeDislikeအစကတည်းက တင်ဘို့စိတ်ကူးရှိတယ်။
ဒါပေမယ့် အခုလိုမန်းလေးကို သင်္ကြန်ပိတ်ရက်အလည်လာတဲ့သူများတဲ့အချိန်ကိုက်နဲ့ တင်လိုက်တာပါ.
Was this answer helpful?
LikeDislikeကုသိုလ်ယူ
ဆုပိုထူ
ဥမှိုဖြူ
သူ့လိုလူ..။
Was this answer helpful?
LikeDislikeလေးပေါက်ရေ မန်းလေးရောက်ခဲ့ရင် သွားဖြစ်အောင်သွားပြီးးးကုသိုလ်ယူပါမည်…
အခုလိုပုံတွေတင်ပေးတဲ့ အတွက်ဗဟုသုတလဲရသလို ကျေးဇူးလဲတင်ပါတယ်…
Was this answer helpful?
LikeDislikeအဲ့လို ရှိမှန်း အခုမှ သိတယ် လေးလေး ရယ်..
ဒီလိုမှန်း သိရင် ဟိုတခေါက် ရောက်တုန်းက သနပ်ခါး သွားသွေးပါတယ်။
Was this answer helpful?
LikeDislikeမယ်ဆူးရေ ပြောဘို့မေ့သွားတာဗျ။
ကားအပ်တဲ့နေရာနဲ့ နီးနီလေးရယ်။
Was this answer helpful?
LikeDislikeဘုရားကြီးမှာ အဲ့လိုလေးတွေလည်းရှိတာ … အခုမှပဲ သိတယ် … ။
အဟီး
ရောက်သွားတဲ့ အချိန်တုန်းကတော့ …. မြန်မြန်… မြန်မြန် ..ဦးတော်လုပ်ပြီးပဲ ပြန်လာခဲ့ပါတယ် … ဘုရားပိတ်ခါနီးဆိုတော့လေ… ။
တဲ့ … အဲ့လိုလေး ရေးထားလည်း ကောင်းပါတယ် … အချို့ ချို့သော လူတွေက … သူများယောင်လို့ လိုက်ယောင် လိုက်သွေးပြီး … ပေါ့ပျက်ပျက်ပဲ ပြုမူတတ်ကြတယ် ။ သတိပေးစာကပ်ထားတာမြင်တဲ့အခါ ဆင်ခြင်လို့ ရတာပေါ့လေ ။
Was this answer helpful?
LikeDislikeဟုတ်ပ တေးကလုံရိုက်ပြမှ
စည်းကမ်းချက်လေးတွေကို အနီးကပ်မရိုက်ခဲ့ရတာ သတိရ။
Was this answer helpful?
LikeDislikeတစ်ကျောင်းတစ်ဂါထာ
တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုပဲ
ထူးခြားတဲ့လှူပုံလှူနည်းတစ်ခုပါပဲ။
ဘုရားကြီးကို ၂ခါလောက် ရောက်ဖူးပေမယ့် အဲဒီနေရာကို ပို့တဲ့သူကလည်း လိုက်မပို့တော့ မသိလိုက်ဘူး။
နောင်ဆို ဘုရားကြီး ရောက်ရင် တီချာကြီး ပြောတဲ့ မြန်မာမုန့်တွေ စားပြီး ကိုပေါက်ပြတဲ့ အလှူမျိုး လုပ်ရမယ်လို့ မှတ်ထားလိုက်ပြီ။ :hee:
Was this answer helpful?
LikeDislikeမြန်မာမုန့်တွေလဲပေါတယ် မမရေ
ဒါပေမယ့် မန်းလေးသားလဲဖြစ် အိမ်နဲ့လဲ နီးပါလျက်နဲ့ မျက်နှာသစ်တော်ဆက်ချိန်ကို
မရောက်ဖြစ်တာကို အားမလို အားမရဖြစ်မိပါရဲ့။
တစ်ရက်သွားပြီး မှတ်တမ်းတင်ပါအုံးမယ်။
Was this answer helpful?
LikeDislikeကျုပ်လည်း မန်းလေးကို ရောက်ခဲ့ရင်
ဘုရားကြီး သွားပြီး …
ခု ပုံထဲလို ကုသိုလ် ယူမယ် …
ကျောက်ပျဉ်တွေလည်း အားဂျီးဘဲ ….
Was this answer helpful?
LikeDislikeကျောက်ပျဉ်တွေလဲအားကြီး
ကုသိုလ်လာယူတဲ့အပျိုတွေလဲ အများကြီးပါ အံအံရေ
Was this answer helpful?
LikeDislikeကျနော်မန်းလေးကိုရောက်တော့ ဘုရားကြီးကိုရောက်ပေမဲ့
သနပ်ခါး နံ့သာသွေးတဲ့နေရာ သတိမပြုမိခဲ့ဘူးဗျာ..နောက်တစ်ခေါက်မှကုသိုလ်ယူရမယ်ဗျာ
Was this answer helpful?
LikeDislikeကျနော်လဲ သိတယ်မှတ်လို့မပြောလို်က်မိဘူး။
Was this answer helpful?
LikeDislikeမန္တလေး အခေါက်ခေါက်ရောက်
ရေတော်ဆရာတော်ကြီး မျက်နှာသစ်တော်ရေ
ဆက်ကပ်နေတာ အကြိမ်ကြိမ်ဖူးရပေမယ်…
နံ့သာသွေးနေရာရှိမှန်းတော့မသိ…
နောက်တစ်ခေါက်မှ ကုသိုလ်ယူရတော့မယ်
ကျေးဇူးပါ ကိုပေါက်ရေ…
Was this answer helpful?
LikeDislikeဒီပိုစ်လေးတင်တာ မှန်သွားပါ၏.
နံ့သာသွေးတဲ့နေရာ ရှိ်မှန်းသိသူနည်းပါ၏
Was this answer helpful?
LikeDislikeမှတ်မှတ်ရရ
သူငယ်ချင်းတွေနဲ့ သွားတိုင်း ဝင်လို့ လုပ်အားပေး သွေးဖြစ်တယ်
မွေးနေ့အထိမ်းအမှတ် သွားကြတိုင်းလဲ အဲဒီနေရာလေးက ရောက်ဖြစ်နေတတ်တယ်။
စာတွေနဲ့ ပတ်သက်လို့ကတော့
နှုတ်တစ်ရာ စာတစ်လုံးမို့
ကပ်ထားလိုက်တာ သတိပေးနေသလိုလေး ဖြစ်သွားလို့ ကောင်းတယ်လို့ပဲပြောချင်မိ
လောလောဆယ်တော့ မရောက်တာ နည်းနည်းတောင် ကြာပေါ့
Was this answer helpful?
LikeDislikeမှတ်မှတ်ရရ ပြောရရင်
၂၀၁၂ ၁လပိုင်းတုန်းက မောင်ပေနဲ ့လေဒီ နဲ ့ အဲဒီ ကျောက်ပျဉ်တွေမှာ သွေးရင်း ကုသိုလ်ယူခဲ့ကြတယ်
အဲဒီလကုန်တော့ ထီတစ်သိန်းဆု ပေါက်တာပဲ
Was this answer helpful?
LikeDislike