မန္တလေးမှာဖြင့် သောင်တင်ရစ်တော့မယ်ထင်ပါရဲ့

ဒီသင်္ကြန်ပိတ်ရက်မှာ မရောက်တာကြာပြီဖြစ်တဲ့ ဇာတိကချင်မြေပြန်မယ် ၊

အပြန် ၂ဝ ရက်နေ့မှာ ဆွေမျိုးတွေနဲ့ မန္တလေး ၄၂ လမ်း ဟိုပင်ကျောင်းတိုက်မှာ အလှုလုပ်မယ် ၊

ရဟန်းခံမယ် ၊ သင်္ကြန်အပြီး ရန်ကန်က တက်လာမယ့် သားလေးသန့်ကောင်းစံကိုလည်း သင်္ကန်းစည်းပေးမယ် ၊

၂၅ ရက်နေ့ ရန်ကုန်ပြန်မယ် ၊ အဲဒီလို စီစဉ်ထားခဲ့တာပါ ၊

အခု ရထားလက်မှတ်က မရ ၊ ကားကလည်း ကုန်ပြီဆိုတာချည်းပဲ ၊

နောက်တော့မှ အသိတစ်ယောက်ကျေးဇူးနဲ့ ၁၁ ရက်နေ့ ည ကိုးနာရီခွဲ ထွက်မယ့် ဂျေဂျေ ကားလက်မှတ်ရခဲ့တယ် ၊

ကဲ ဒီတော့ မန္တလေးရုံးခွဲကိုဖုန်းဆက် ၁၂ ရက်နေ့ ညနေ ရွှေကူ ဗန်းမော်ကား လက်မှတ် ဖြတ်ထားပေးဆိုတော့

သူတို့က ကားဂိတ်ကို လှမ်းမေးတော့ ၁ဝ ရက်နေ့နောက်ဆုံးတဲ့ ၊ နောက်နေ့တွေ မထွက်တော့ပါတဲ့ ၊

မဟုတ်သေးပါဘူး ကဲ အင်္ဂါ ကြာသာပတေး စနေနေ့တွေမှာ အမြန်သင်္ဘော ( ၂ ထပ်ခွဲ သင်္ဘော ) ရှိတယ် ၊

ဂေါဝိန်ဘက်ကြုံတဲ့သူ ဝင်မေးစမ်းဆိုတော့ ဒီမနက် ဖုန်းပြန်ဆက်ပါတယ် ၊

၁၁ ရက် ကြာသာပတေးနေ့သင်္ဘောပြီးရင် နှစ်ဆန်း၂ရက်နေ့မှ ပြန်ထွက်မတဲ့ ၊

ကဲဗျာ ဘယ့်နှယ်လုပ်ရမတုန်း ၊ ၁၂ ရက် ညနေ မြစ်ကြီးရထားစီး ၁၃ ရက် နဘားရောက် ဖက်ဆွတ်တောင်ကျော်လို့ ကသာကိုသွား ရှပ်ပြေးနဲ့ ရွှေကူကိုဆက် ၊

အဲဒီရှပ်ပြေး မမီရင်ကော ၊

အမယ်လေး မောလိုက်တာ ၊ မြစ်ကြီးနားရထားပါ မထွက်ရင်တော့

ငါ့ခမျာ ယောင်ချာချာနဲ့ မန္တလေးမှာ သောင်တင်ရစ်တော့မယ် ထင်ပါရဲ့ ကွယ် ။

 

2

18 comments

  • ကီလိုဇူးလူးဝီစကီ

    April 8, 2013 at 1:20 pm

    မန်းလေးမှာ သောင်တင်ရတာကို ဝမ်းမနည်းပါနဲ့လေ။
    ဧည့်ခံကောင်းတွေပါဟ။

    ကောင်းကောင်းကို မိဗုံ အိမ်မှာ သွားထားလိုက်။ :mrgreen:
    ကမျိုးသန့်က လေးပေါက်နဲ့လိုက်သွားလိုက်။ :mrgreen:

  • Myo Thant

    April 8, 2013 at 1:26 pm

    သားလေးသန့်ကောင်းစံက ၁၈ ရက်နေ့မှ သူ့အဖွားနဲ့ မန္တလေးတက်လာမှာ ၊

    အခုက ကျနော်တစ်ယောက်ထဲရယ်

    🙁

  • ဗုံ ဗုံ

    April 8, 2013 at 1:26 pm

    အလို… မန်းလေးမှာ သောင်တင်ရစ်တော့မှာတဲ့လား 12 ရက်နေ့က စပြီး မိဗုံလည်း မင်းကွန်းသုံးထပ်ကြီးမှာ သောင်သွားတင်.. အဲ တရားစခန်းဝင်မည် ဖြစ်ပါဂျောင်းး ဖြစ်နိုင်ရင် ကောင်းကောင်းကို ပါ တရားထိုင် ခေါ်သွားချင်ပါဂျောင်း :mrgreen: (ယောက်ခမဂျီးက တော့ ဘယ်ဂျောင်ကပ်ကပ် :mrgreen: ) သောင်တင်လည်း မပူပါနဲ့ ယောက်ခမဂျီးရယ် စားရေးသောက်ရေး ဖေပေါက်ကြီးတစ်ယောက်လုံးရှိတယ် ပူနဲ့ ပူနဲ့ :mrgreen: :mrgreen:

  • မောင် ပေ

    April 8, 2013 at 1:28 pm

    အနီးစခန်းက ရိပ်သာကို လာခဲ့ပါဗျို ့
    တရားရိပ်မှာ ရှိပါမယ်

  • Myo Thant

    April 8, 2013 at 1:33 pm

    ဂယ်နော်

    ပြီးရော ၊ ဘယ်သင်္ဘောမှမထွက်လည်း ကိုပေါက် ကိုပေတို့နဲ့

    တောင်သမန်မှာ သောက်စား အဲ အဲ စားသောက် ဓါတ်ပုံရိုက်ဆိုရင်လည်း ဆိုးပါဘူးလေ ၊

    ၂၅ရက် မတိုင်ခင်တော့ ချွေးမလေးဗုံဗုံ ကောင်းကောင်းနဲ့ ဆုံရမှာပါ ၊

    🙂

  • TNA

    April 8, 2013 at 2:48 pm

    သောင်တင်ရင်ဖြင့်ဖောင်ပြင် အဲလေမွှားတွားလို့ မန်းလေးမှာပဲ ဘုရားလဲဖူးလိပ်ဥလဲတူးလိုက်ပေါ့။ တဂျန်တွင်းမှာ ကပေက လိပ်ဥတူးဖေါ်ရှာနေထင်ပါ့။ [:*]

  • Myo Thant

    April 8, 2013 at 3:08 pm

    တကယ်ပါ ကိုပေါက်ရေ
    ဘာကား ဘာရထား ဘာသင်္ဘောမှမရှိရင် တကယ်သောင်တင်မှာပါ
    ဒါနဲ့ ကိုပေက လိပ်ဥတူးမတဲ့လား ဟဲ ဟဲ နည်းနည်းစိတ်ဝင်စားလာပြီ

  • Mr. MarGa

    April 8, 2013 at 5:32 pm

    သောင်တင်ရင်ဖြင့် လိပ်ဥပါတူးသွားပါဗျို့
    ပြောကြသနော် မန်းကျုံးရေသောက်ပြီး မန်းမြေက မခွာနိုင်ဘူးတဲ့
    အဲဒီတော့ မန်းရောက်ရင် ရေမသောက်နဲ့ဗျာ :mrgreen:

  • ခင်ခ

    April 8, 2013 at 11:03 pm

    သင်္ကြန်မတိုင်မှီ ကားဂိတ်တွေကို လက်မှတ်ကြိုဖြတ်ခိုင်းရင် အဲလိုဘဲ သင်္ကြန်တွင်း
    ကားမထွက်ဘူး ဘယ်နေ့နောက်ဆုံးပြောပေမယ့်။ တစ်ခါတလေတော့လည်း
    တစ်ချို့ဂိတ်တွေက ကြားဖြတ်ကုန်ရရင်တော့ ထွက်တတ်ပါတယ်။ အဲဒီကျ မူလသတ်မှတ်ဈေးတော့
    မရနိုင်ဘူး ဈေးတော့များတတ်တယ်။ မန်းရောက်မှ ဂိတ်တွေကိုစုံစမ်း ကြည့်ပေါ့။
    သင်္ကြန်ပိတ်ရက် ၁၂ ရက်နေ့ကစပြီး မွေးရပ်မြေပြန်မှာမို ့ မန်းမှာမရှိ၍ ကျွန်တော်နဲ့တော့လွဲ ပြီဗျာ။

  • ဦးဦးပါလေရာ

    April 9, 2013 at 2:09 am

    စကားပုံရှိတယ်
    ဖိုးသူတော် မျက်စေ့လည်လေ ဆွမ်းဆန်ရလေ – တဲ့

  • Myo Thant

    April 9, 2013 at 11:20 am

    အနော်က ဆွမ်းမလိုဘူး
    လိပ်ဥ မမြင်ဖူးလို့

    🙂 🙂 🙂

  • Myo Thant

    April 9, 2013 at 4:11 pm

    ရွှေကူကားလက်မှတ် ရပါပြီခင်ဗျာ

    မန္တလေးရုံးခွဲကို ရွှေခြင်္သေ့ဂိတ်ဖုန်းနံပါတ် ရှာခိုင်းတာရလို့ ကြိုးစားလိုက်တာ

    ၁၂ ရက် ညနေ ၃ နာရီကားမှာ တစ်နေရာစာ ရခဲ့ပါပြီ ၊

    ခုံနံပါတ်က ၄၁ တဲ့ ၊ ဘာဖြစ်ဖြစ် ဧရာဝတီဘေးက ဇာတိမြို့လေးဆီ ခြေချခွင့် ရပါတော့မည် ၊

  • မပူပါနဲ့ဗျာ …
    ခညားဂို နတ်ကောင်း နတ်မြတ်တွေ မ,စ မှာပါ
    ထ,ထ ပြီးသာ မကမိစေပါနဲ့ … :mrgreen:

    မန်လေးမှာ ချစ်စရာကောင်း ခင်စရာကောင်းသူတွေ
    ဒီထဲက ဘော်ဘော်တွေပေါ့ဗျာ
    အများကြီးပါပဲရယ် …
    ပူရေးချ ပူစရာကို မလိုဒါ …

  • Myo Thant

    April 10, 2013 at 8:42 am

    ကိုပေါက်ရေ
    ၁၂ ရက်နေ့မှာ ကျနော်က မန်းလေး ( ကွျဲဆည်ကန် ) ကို မနက်အစောကြီးရောက်နေမှာ ၊
    ရွှေကူကားက သီရိမန္တလာ ကနေ ညနေ ၃ နာရီမှ ထွက်မှာ ၊ ကိုပေါက်အားရင် တွေ့ချင်ပါတယ် ၊
    ကျနော် ဖုန်းဆက်လိုက်ပါ့မယ် ၊

Leave a Reply