အသက်ရှူထုတ်ခြင်းမှထွက်လာသည့်ကွန်ပေါင်းများမှတစ်ဆင့်ရောဂါရှာဖွေခြင်း

Mr WorldWideApril 8, 20131min1072

လူတစ်ဦးချင်းစီ၏ အသက်ရှူရာမှ ပြန်လည်ထုတ်လွှတ်လိုက်သည့် အခိုးအငွေ့ကွန်ပေါင်းများသည် လက်ဗွေစနစ်ကဲ့သို့ပင် လူတစ်ဦးချင်းအတွက် ကိုယ်စားပြုပါသည်ဟု သိပ္ပံပညာရှင်များက ဆိုပါသည်။ အဆိုပါ လူခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည့် ဒြပ်ပေါင်းများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ၎င်းအား စစ်ဆေးခြင်းဖြင့် သွေးနှင့်ဆီးကဲ့သို့ပင် ဆေးပညာလောကတွင် ရောဂါရှာဖွေ ဖော်ထုတ်နိုင်ပါသည်ဟု ဆိုပါသည်။

 

အဘယ်ကြောင့်ဆိုသော် အဆိုပါအသက်ရှူခြင်းစမ်းသပ်မှုသည် တစ်စုံတစ်ရာ အခက်ခဲမရှိဘဲ အဖြေအား ချက်ချင်း သိနိုင်ပါသည်။ ထု့ိကြောင့် ၎င်းသည် မေ့ဆေး၊သို့မဟုတ် ထုံထိုင်းစေသော ဆေးများပေး၍ စမ်းသပ်မှု ထက် ပိုမိုကောင်းမွန်ပါသည်။ ၎င်းအသက်ရှူခြင်းဆိုင်ရာ စမ်းသပ်မှုအား ဆေးသိပ္ပံပညာရပ်တွင် ကျယ်ပြန့်စွာ အသုံးမပြုခြင်းကို နားမလည်နိုင်ခြင်း ဖြစ်ရပါသည်ဟု ဆွစ်ဇာလန် ဗဟိုနည်းပညာတက္ကသိုလ် (ETH) မှ ၎င်းပညာရပ်အား ဦးဆောင်လေ့လာသူ Renato Zenobi  မှ ပြောကြားပါသည်။ တရုတ်ရိုးရာ ဆေးပညာတွင် လူ့ခန္ဓာကိုယ်၏ သွေးအား တိုင်းတာခြင်း၊ လျာကြည့်ခြင်းနှင့် အသက်ရှူပုံအား အနံ့ခံခြင်းများ ပြုလုပ်ပါသည်ဟု BBC  သို့၎င်းက ဆက်လက်ပြောကြားပါသည်။ လေ့ကျင့်ထားသော ခွေးများသည် အသက်ရှူခြင်းမှ ကင်ဆာ ရောဂါအား အနံ့ခံနိုင်သော်လည်း ၎င်းအသက်ရှူခြင်းတွင် မည်သည့်ကွန်ပေါင်းများ ပါဝင်ကြောင်းတော့ မပြောနိုင်ပေ။

ဦးဆုံးစမ်းသပ်မှုတွင် အဆုတ်ရောဂါနှင့် အစာအိမ်ကင်ဆာရောဂါတို့၏ ပိုးမွှားများအား အသက်ရှူခြင်းဆိုင်ရာ စမ်းသပ်ချက်မှ ရှင်းလင်းတိကျစွာဖြင့် ပြသခဲ့ပါသည်။

ဆေးပညာအဖွဲ့အနေဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်သူ ၁၁ ယောက်ကို အသက်ရှူခြင်းဆိုင်ရာ စမ်းသပ်မှုအား ၉ ရက်တွင် လေးကြိမ်စစ်ဆေးခဲ့ပါသည်။ ၎င်းလေများသည် ရောင်စဉ်တိုင်း ကိရိယာအား ဖြတ်သန်းခြင်းဖြင့် အသက်ရှူထုတ်ရာတွင် ပါလာသော ဓာတုဒြပ်ပေါင်းများအား ထိရောက်စွာ တိုင်းတာပါ သည်။ ယခုစမ်းသပ်သည့် စက်ပစ္စည်းသည် ဓာတ်ခွဲခန်းစမ်းသပ်မှုတွင် အရွယ်အစား ကြီးမားနေသော်လည်း နောင်တွင် သေးငယ်အောင် ပြုလုပ်သွားမည်ဟုဆိုပါသည်။

သုတေသနအဖွဲ့သည် နောက်တစ်ဆင့်အနေဖြင့် အသက်ရှူထုတ်ခြင်းမှတစ်ဆင့် အဆုတ်ရောဂါ နှင့်ဆိုင်သော ရောဂါအသေးစိတ်များအား ရှာဖွေနိုင်ရန်ပြုလုပ်နေကြောင်း သိရှိရပါသည်။_66722113_breathprinting_l

Source:www.bbc.co.uk/news/science-enviroment-22013700

 

 

2 comments

  • Good™

    April 8, 2013 at 5:16 pm

    တံတွေး တို့ ချွေး တို့ က နေ ရော ဂါ ရှာဖွေ နိုင် ယုံ မက ရှူထုတ်တဲ့ လေ ကို စစ်ဆေးရင် တောင် ရော ဂါရှာဖွေလို့ ရနေပါ ပေါ့လား။
    မြန်မာ တိုင်းရင်းသမားတော် တွေ တော့ ဘာတံတွေး၊ချွေး၊ သွေး ကို မှ မစစ်ဆေး ပဲ လက်ကောက်ဝပ် က သွေး ကို စမ်းပြီး ရော ရှာ တာ။ တကယ် တော် တဲ့ သူတွေ ရှိတယ် နော်။

  • TNA

    April 8, 2013 at 5:33 pm

    ဆေးပညာတွေ ရောဂါရှာဖွေရေးတွေ တိုးတက်လာသလောက် ရောဂါတွေကလဲ တိုးတက်ဆန်းပြားလာ တာစိတ်ညစ်စရာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ရောဂါတခုဖြစ်လာရင် ရောဂါရှာရတာအလုပ်တခုပါ။ အခုလို တနည်း တိုးလာတာလဲဝမ်းသာစရာပါပဲ။

Leave a Reply