တစ်ခုသောသင်္ကြန်တုန်းကပေါ့ ၊ ပေါက်ဖော်

မောင် ပေApril 9, 20131min18614

ပေါက်ဖော် ရေ …….

သင်္ကြန်နီးလာပြီဆိုတိုင်း ၊ ဟိုတုန်းက ဖြတ်သန်းခဲ့ဖူးတဲ့ သင်္ကြန်နေ ့ရက်တွေကို သတိရမိတယ်ကွာ ။ အဲ့ထဲကမှ စိတ်ပျော်ခဲ့ရတဲ့ ၊ စိတ်ပျက်ခဲ့ရတဲ့ ၊ စီးပွားဖြစ်ခဲ့တဲ့ တစ်နှစ်သော သင်္ကြန် ကိုတော့ အမှတ်အရဆုံးရှိသားဟ ။

ဪ… ငါ့နှယ် ပြောသာပြောနေတာ ၊ ဘယ်သင်္ကြန်မှာ ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာ မင်းကို ပြောပြရဦးမယ်ကွာ ။

ဒီလိုဟ…….

ပြီးခဲ့တဲ့ ၂နှစ်ကျော်တုန်းက သင်္ကြန်မတိုင်ခင် ၂လလောက် အလိုပေါ့ကွာ…
ငါဆိုတဲ့ကောင်ကလဲ သင်္ကြန်ရောက်ရင် ဘယ်မှမလည်ပဲ ၊ ဘော်ဒါတစ်ယောက် ယောက်ရဲ ့အိမ်မှာ စုဝိုင်းနေ နေခဲ့တာ ၅နှစ်လောက်ရှိတဲ့အချိန်ပေါ့ ။
ငါ့အသိတွေထဲမှာ သင်္ကြန်ရောက်ရင် ရေကစားမဏ္ဍပ်ထောင်လေ့ရှိတဲ့ ဘော်ဒါတွေရှိတယ်ဟ ။ အဲဒီအထဲက ငါနဲ ့တော်တော်ခင်တဲ့ နှစ်ယောက်က ၊ အဲဒီနှစ်မှာ နှစ်ယောက်ပေါင်းပြီး မဏ္ဍပ်ထောင်ကြမှာပေါ့ ။ ဒါနဲ ့သူရို ့ကို နဲနဲပါးပါး ကူညီပေးရင်း ၊ ငါ့မှာ စိတ်ကူးတစ်ခုရမိသွားတယ် ။

သင်္ကြန်ရက်အတွင်းမှာ မဏ္ဍပ်မှာ ဈေးရောင်းရင်ကောင်းမလားဆိုပြီး…….
မဏ္ဍပ်ထောင်တဲ့လူတွေက ဘော်ဒါရင်းတွေဆိုတော့ ၊ ဈေးရောင်းခနေရာကို ညှိလိုက်တာ ၅သိန်းနဲ ့ဖြစ်သွားတယ် ။ အမှန်ပေါက်ဈေးကတော့ အောက်ထစ် ၁ဝသိန်းကျပ် ပေါ့ ။

တစ်ယောက်ထဲ ရောင်းမယ် စဉ်းစားတော့ ၊ မနိုင်လောက်ဘူး ထင်တာနဲ ့၊ ဘော်ဒါထဲက ကိုယ်နဲ ့ရှယ်ယာလုပ်မယ့် တစ်ယောက်ကို လိုက်ရှာရတော့တာပေါ့ကွာ ။
အဲဒီမှာ ဒီပလိုမာညကျောင်းတစ်ခု မှာ တက်တုန်းက အရမ်းခင်၊ အရမ်းတွဲခဲ့ကြတဲ့ အိမ်ထောင်ကြနေတဲ့ “ မောင်အောင် ” ဆိုတဲ့ဘော်ဒါတစ်ယောက်နဲ ့ ညှိနှိုင်းလို ့ရသွားတယ် ။ ဒါနဲ ့ငါတို ့ဈေးရောင်းဖို ့စပြင်ဆင်ကြတယ် ။
ပထမဆုံး နှစ်ယောက်သား ခေါင်းချင်းဆိုင် တိုင်ပင်ကြတဲ့အခါ ၊ နှစ်ယောက်စလုံးရဲ ့စိတ်ကူးဟာ စည်ဘီယာရောင်းရင် ကောင်းမယ် ဆိုတာ တူနေကြတယ် ။
ဒါနဲ ့ စည်ဘီယာကိစ္စကို ငါတာဝန်ယူမယ် ၊ အရက်ဝယ်ဖို ့ကိစ္စကို မောင်အောင့်ကို တာဝန်ပေးလိုက်တယ် ။
ပထမဆုံး စည်ဘီယာအတွက် ရောက်ဖြစ်ခဲ့တာကတော့ ၊ တို ့နိုင်ငံမှာ နံပါတ်၁ဖြစ်နေတဲ့ မြန်မာစည်ဘီယာ ရုံးကိုပေါ့ကွာ ။
သူရို ့က ၊ ဘယ်မှာရောင်းမှာလဲ ဘာညာပြန်မေးတယ် ။ မဏ္ဍပ်မှာရောင်းမှာ လို ့ဆိုလိုက်တော့ ၊ အဲဒါဆိုရင်တော့ ၊ ရောင်းဖို ့စည်နဲ ့ဂေါက် မချပေးနိုင်လောက်တော့ဘူး လို ့ဆိုလာတယ် ။ ဖြစ်ချင်တော့… ငါရောင်းမယ့်နှစ်မှ မြန်မာဘီယာက မဏ္ဍပ်ဆောက်တာနဲ ့တိုးတာကိုး ။
မြန်မာဘီယာ မရောင်းရတော့ဘူး ဆိုတော့ ၊ နဲနဲတော့ စိတ်ပျက်သွားတာပေါ့ကွာ ။
ဒါနဲ ့ မောင်အောင့်ဆီကိုသွားတော့လဲ ၊ မောင်မင်းကြီးသားက အရက်မဝယ်ရသေးပဲ ၊ အစစ်တင်ရင်ကောင်းမလား ၊ အတုတင်ရင်ကောင်းမလား လို ့ငါ့ကို ပြန်တိုင်ပင်နေတယ် ။
“ မောင်အောင်ရေ.. မင်းလဲ သောက်တတ်တဲ့ကောင် ၊ ငါလဲ သောက်တတ်တဲ့ကောင်တွေဆိုတော့ ၊ အရက်သမားချင်း ကိုယ်ချင်းစာစွာနဲ ့ ၊ အစစ်ပဲ ဝယ်ရောင်းကြရအောင်လို ့ ” ဒီကောင့်ကို ပြန်ပြောရသေးတယ် ။ အမြတ်တော့ နဲမှာပေါ့ကွာ ။

အဲဒီမှာ ၊ ငါ့ဖုန်းကို ငယ်သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတယ် ။ သင်္ကြန်မှာ ငါဈေးရောင်းမယ် ဆိုတာ သတင်းကြားလို ့ဆိုပြီး ၊ ဒါနဲ ့စကားပြောရင်းနဲ ့၊ မြန်မာစည်ဘီယာ ချိတ်လို ့မရဘူး ဆိုတာကို သူ ့ပြောလိုက်တော့ ၊ အဲဒါဆိုရင် ဒဂုံဘီယာရောင်းပါလားတဲ့ ။
“ ဒဂုံဘီယာ ” က လူတွေသောက်ပါ့မလား လို ့ပြန်အတွန် ့တက်လိုက်တော့ ၊ သူက ဒဂုံစည်ဘီယာရောင်းတဲ့ဆိုင်တစ်ဆိုင် ကို အခုလာခဲ့ဖို ့ချိန်းတယ် ။
အဲဒီမှာ ဒဂုံစည်ဘီယာ သွားမြည်းကြည့်တော့… အားပါးပါး တော်တော်ကောင်းတာကွ ၊ သိလားပေါက်ဖော် ။
အရင်တုန်းက မြန်မာဘီယာ ၊ တိုက်ဂါး နဲ ့အေဘီစီ ပဲ သောက်ခဲ့တဲ့ ငါကွာ ၊ ဒဂုံစိမ်းဘီယာ စသောက်ကြည့်တော့မှ ၊ ဒဂုံဘီယာ မညံ့မှန်းသိတော့တယ်ဟေ့ ။
ဟေ့ရောင် ပေါက်ဖော်
ရေးရင်းနဲ ့အာခြောက်လာတယ် ။ စည်လေးသွားဆွဲလိုက်ဦးမယ်ကွာ
နက်ဖန်မှ ဆက်ပြောတော့မယ် ငါ့ရောင်ရေ
မင်းလဲ အချိန်မနှောင်းခင်လေး ပြေးထုရင် ထုလိုက်ဦး ။
အခုဟာက ည၁ဝနာရီ ဆို ဆိုင်အားလုံးပိတ်ဖို ့ အမိန် ့သဘောမျိုး ထုတ်ထားတာမို ့လား ။

*********************

14 comments

  • ဒီလိုနဲ့ အဲ့ဒီနှစ်က ဒဂုံနဲ့ စီးပွားဖြစ်သွားတယ် ဆိုပါတော့ …
    ကျုပ်လည်း ဖတ်ရတာ
    အာညောင်းတွားဘီ …
    ခုမှ ၈ ခွဲ ဆိုတော့ အေးဆေးဘဲ …
    မှီသေးတယ် ……

    • မောင် ပေ

      April 9, 2013 at 8:39 pm

      မှီသေးရင် အမြန်ပြေးဆွဲထား
      နို ့
      အိုးဘိုမှာ ရရက်စခန်းဝင်နေရမယ်

  • Mr. MarGa

    April 9, 2013 at 9:27 pm

    ဖတ်ရင်းနဲ့တင် စိတ်ဝင်စားလာမိတယ်
    ဒါနဲ့ မှတ်ဖူးတာကလေ
    ဘီယာဟာ သူ့ကို ထုတ်လုပ်တဲ့နေရာမှာ အရသာ အကောင်းဆုံးပါတဲ့
    အဲဒီအဆိုကို စမ်းသပ်ချက်ကလေးများ မလုပ်ချင်ဘူးလား ကပေရေ :hee:

    • ကီလိုဇူးလူးဝီစကီ

      April 10, 2013 at 9:15 am

      ဟုတ်တယ်။
      သကြားပြောတာဟုတ်တယ်။။
      :mrgreen:

      ကပေ။
      မြောက်ပြင်ဘက်က ဘီယာစက်ရုံရောက်ဘူးသလားကွယ်။
      :kwi:

  • Fall Guy

    April 9, 2013 at 11:03 pm

    ဒဂုံဆိုလဲ ဒဂုံပေါ့ဗျာ………..။
    Mandalay Beer တော့မကြိုက်ဘူးဗျာ…..။စိတ်တော့မကောင်းပါဘူး….ချဉ်စုတ်စုတ် ဖြစ်နေလို့…….။
    Heineken တော့အကောင်းဆုံးထင်တာဘဲ…….။

  • ရာမည

    April 10, 2013 at 9:23 am

    မန်းလာရင် တကယ်တိုက်မှာလား ဦးပေ

  • ဦးကြောင်ကြီး

    April 10, 2013 at 9:32 am

    ဒဂုံဘီယာ
    ပလုံစီဖြာ
    ဂဠုန်နီရာ
    ယုံကြည်ပါ
    သူပုန်ဖီလာ
    နယုန်သီတာ
    စုံစီနဖာ
    ဥုံသီတာ..။

  • လူကလေး

    April 10, 2013 at 10:43 am

    အော် .. တစ်ခုသောသင်္ကြန်တုန်းကပေါ့ ဆိုလို့ .. အလွမ်းဇာတ်လေးများ ခင်းပြတာလားလို့ ..အပေ ရယ် ..

    လတ်စသတ်တော့ ဘီယာကြော်ငြာဂျီး ပဲ ဟ …

  • kyeemite

    April 10, 2013 at 10:53 am

    ကိုရင်ပေအရေးအသားသွက်သွက်ကလေးဖတ်ကောင်းတုန်း
    ရပ်ပစ်လိုက်တယ်…ဆက်ပါအုံးဗျ..

  • etone

    April 10, 2013 at 11:33 am

    ကိုပေ ဒဂုံစည်ဘီယာလား …….. အဟီး :kwi: ပြောရင်းနဲ့ အနံ ့လေးရလိုက်သလိုပဲ ….
    ဘီယာတွေထဲမှာတော့ မြန်မာဘီယာရဲ့ အရသာကို အကြိုက်ဆုံးပဲ ။ ခါးတဲ့အရသာကိုက ဖျော့တော့တော့လေး ။ အနံ့လေးရရုံနဲ့ စိတ်အာရုံတွေနိုးထပြီး လန်းဆန်းသွားသလို ခံစားမှုမျိုး …
    တိုက်ဂါးက .. နည်းနည်းချဉ်တဲ့ဖက်ကိုပိုသန်းတယ် ။
    အေဘီစီကျတော့ … သူခါးတဲ့အရသာက …ခပ်လေးလေးပဲ။ အနံလည်း အနည်းငယ်ပိုပြင်းတယ် ။
    တယောက်နဲ့ တယောက်တော့ အကြိုက်ချင်း မတူကြဘူးပေါ့လေ … ။
    double strong ကတော့ … တကယ်လည်း double strong မဖြစ်သလိုပဲ ။
    တခြားဘီယာတွေလည်း ခုဈေးကွက်ထဲ အများကြီးရောက်နေပါပြီ ။ ဘယ်လိုပဲဖြစ်ဖြစ် ဘီယာဆိုသောက်လို့ကောင်းတာပဲ သိတယ် … ခိခိ … :harr:

  • TNA

    April 10, 2013 at 12:21 pm

    ဘာများဒုန်းလို့ ဖတ်လိုက်တာ။ နောက်ဆုံးဘီယာကြော်ငြာဖြစ်နေတာကိုးကပေရဲ့။ ဒဂုံကကောင်းသလား။ မသောက်ဖူးလို့ တကဒ်လောက်ပို့လိုက်ပါ။ သောက်ပီးရင် ကောင်းကြောင်းကြော်ငြာပေးမယ်လေ။

  • Myo Thant

    April 10, 2013 at 1:11 pm

    ဒဂုံ ကောင်း၏ ၊
    မန်းနီ ကောင်း၏ ၊
    ဂရင်းအပြာ ကောင်း၏ ၊
    ဘီအီး သည်လည်း ကောင်းပါ၏ ၊
    သူများတွေက အဲလိုပြောတာပဲ ၊
    သားသားကတော့ သိဘူးနော် ။

    🙂

Leave a Reply