မြို့လေးက ပြုံးနေတယ်

တောင်စွယ်ခုနှစ်ထပ် ရစ်ပတ်ခံရတဲ့ သူ့ကိုယ်သူ

မွန်းကျပ်တယ်လို့လည်း  မငြီးဘူး

ရိုးမအမြီးစွန်းမှာ ပိတ်မိနေရပေမယ့်

အဲဒီလို ငြိမ်နေရတာကိုပဲ သူကြိုက်တယ်

သူ့ရင်ခွင်ထဲက

လယ်ကွင်းစိမ်းကြည်ကြည်တွေရဲ့

ရယ်သံတွေက တီးတိုးခိုးခစ်

ဘယ်အရပ်ရောက်ရောက်

ခါတော်မှီ အိပ်တန်းတက်လာကြတဲ့

သူ့ရင်တွင်းသားတွေက  အစီအရီ

မိုးဥတုမှာ

သူ့သွေးကြောတွေ အစီးကြမ်းလာတဲ့အခါ

ရေလှိုင်းသံတွေနဲ့ အပြိုင် သူပါ ငိုတယ်

နွေနေပူလို့

အဆီတွေ ခမ်းခြောက်တဲ့အခါ  သူကြေကွဲတယ်

အထုအထောင်းမရှိတဲံ့ ဆောင်းမှာ သူပျော်သလောက်

သူမနိုင်လို့  လွှတ်ထားရတဲ့

ပုဇဉ်းရင်ကွဲသံတွေဟာလည်း

မှောင်ရီရီ  ညခင်းတွေမှာ သာယာနေပြန်သတဲ့

အားလုံးသာ အိပ်ပျော်သွားတယ်

သူကတော့

ဘာလာမှာလဲ

ဘာဖြစ်မလဲဆိုပြီး စိုးရိမ်စိတ်အပြည့်နဲ့

တိတ်တိတ်လေးပဲ ဘောဒီဂတ်လုပ်လို့…။     ။

 

အရိပ်စစ်

About အရိပ္စစ္

hninnu zin has written 23 post in this Website..