သူ့မေတ္တာ…

အရိပ္စစ္April 9, 20131min1979

မြို့လေးက ပြုံးနေတယ်

တောင်စွယ်ခုနှစ်ထပ် ရစ်ပတ်ခံရတဲ့ သူ့ကိုယ်သူ

မွန်းကျပ်တယ်လို့လည်း  မငြီးဘူး

ရိုးမအမြီးစွန်းမှာ ပိတ်မိနေရပေမယ့်

အဲဒီလို ငြိမ်နေရတာကိုပဲ သူကြိုက်တယ်

သူ့ရင်ခွင်ထဲက

လယ်ကွင်းစိမ်းကြည်ကြည်တွေရဲ့

ရယ်သံတွေက တီးတိုးခိုးခစ်

ဘယ်အရပ်ရောက်ရောက်

ခါတော်မှီ အိပ်တန်းတက်လာကြတဲ့

သူ့ရင်တွင်းသားတွေက  အစီအရီ

မိုးဥတုမှာ

သူ့သွေးကြောတွေ အစီးကြမ်းလာတဲ့အခါ

ရေလှိုင်းသံတွေနဲ့ အပြိုင် သူပါ ငိုတယ်

နွေနေပူလို့

အဆီတွေ ခမ်းခြောက်တဲ့အခါ  သူကြေကွဲတယ်

အထုအထောင်းမရှိတဲံ့ ဆောင်းမှာ သူပျော်သလောက်

သူမနိုင်လို့  လွှတ်ထားရတဲ့

ပုဇဉ်းရင်ကွဲသံတွေဟာလည်း

မှောင်ရီရီ  ညခင်းတွေမှာ သာယာနေပြန်သတဲ့

အားလုံးသာ အိပ်ပျော်သွားတယ်

သူကတော့

ဘာလာမှာလဲ

ဘာဖြစ်မလဲဆိုပြီး စိုးရိမ်စိတ်အပြည့်နဲ့

တိတ်တိတ်လေးပဲ ဘောဒီဂတ်လုပ်လို့…။     ။

 

အရိပ်စစ်

9 comments

  • ဦးကြောင်ကြီး

    April 9, 2013 at 7:54 am

    သူ့မေတ္တာ
    ပြုခြစ်ညှာ
    ခုခေတ်မှာ
    ဆုတစ်ရှာ
    ထုသစ္စာ
    ဘုဖြစ်လာ
    ငုလှစ်ဝါ
    ဥပေက္ခာ..

  • ကီလိုဇူးလူးဝီစကီ

    April 9, 2013 at 8:38 am

    ဘာမြို့လေးပါလိမ့်နော်။ 🙄
    ချစ်စရာ။
    :hee:

  • ဗုံ ဗုံ

    April 9, 2013 at 10:24 am

    နာတိဒယ် အိုက်ဒါ လူဒွေ နေတဲ့မြို့ :mrgreen:

    • သူကလေး

      April 9, 2013 at 11:11 am

      လူဒွေမနေရင် ဘာတွေနေမှာလဲအေ ….
      ကဗျာလေးကချစ်ချာလေးနော် .. အဲ့မြို့လေးလည်းရောက်ဖူးချင်လိုက်ဒါကွယ်စ်

  • ခင်ခ

    April 9, 2013 at 4:54 pm

    ( မြို့လေးက ပြုံးနေတယ် ) သွားကြည့်ချင်စမ်းလိုက်ပါဘိကွယ်။
    ဘယ်မြို့လဲဟင်……….

  • အရိပ်စစ်

    April 9, 2013 at 6:03 pm

    ရခိုင်ရိုးမတောင်တန်းအမြီးစွန်းဘေးနားမှာရှိတဲ့ စေတုတ္တရာမြို့လေး လို့ခေါ်ပါတယ်ချင့်
    ခောတ်ကာလအခြနေတွေအရ ဘယ်နေရာမှာ ဘယ်လောက်လှူပ်ခပ် လှူပ်ခပ်
    အဲဒီနေရာလေးမှာတော့ အမြဲလိုလို ငြိမ်းချမ်းပါတယ်
    အလည်လာမယ်ဆိုရင် ကြိုပြောကြပါချင့်
    ဒါမှ ပုန်းလို့ရမှာမို့ပါ…ဟိဟိ

  • အွန် .. အစဂဒေါ့ …
    အလည်လာမယ်ဆိုဘီး တွေးထားဒါ …
    ပုန်းနေမို့ …. ဒဲ့ …
    ကောင်းရော …….

    မြို့လေးကို ကဗျာစပ်သွားတာ
    ကောင်းတယ်ဗျာ …
    ကိုကိုအံ တော့ဖြင့် အရိပ်လေးကို ဂျစ်တွားဘီ …
    ((ဘာမွှလည်း ဆိုင်ဝူးးး … ဟီးးး)) :mrgreen:

  • Mr. MarGa

    April 9, 2013 at 9:33 pm

    တိတ်တိတ်လေးပဲ ဘော်ဒီဂတ်လုပ်နေတဲ့ မြို့ကလေး
    လစာ ဘယ်လောက်လောက် ရသလဲဟေး…………. :kwi:

  • အလင်း ဆက်

    July 20, 2013 at 3:33 pm

    အဲ ဒီ မြို့ က လေးက
    သူ ့မြို့သူမြိုးသားတွေကို ချစ်တဲ့ အချစ်မျိုးနဲ့
    အဲဒီ မြို့က လေး ကို
    ကျွန်တော် ချစ်သွားတယ်

Leave a Reply