အမျိုးတားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဇောင်အဖွဲ့ ပထမအကြိမ် အစည်းအဝေးကို ယနေ့ကျင်းပခဲ့ရာ ကော်မတီ၇ခုဖွဲ့ပြီး ပါတီလုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိဂျောင်း သိရှိရသည်။ ဖွဲ့စည်းမည့် ကော်မတီများမှာ တောင်သူလယ်သမားရေးရာ၊ စည်းကမ်းထိန်းသိမ်းရေး၊ အလုပ်သမားရေးရာ၊ တိုင်းရင်းသားရေးရာ၊ နိုင်ငံရေး ပါတီများဆက်ဆံရေးတို့ပါဝင်ပြီး လူငယ်နှင့်တရုတ်ရေးရာကော်မတီကို တရုတ်ကူမြူနစ်ပါတီ မြန်တကျင့်ဒေသ အကြီးအကဲအဖြစ် ပူပူနွေးနွေး သူကောင်းပြုခန့်အပ်ခြင်း ခံထားရသော ပါတီဥက္ကဌ ဘွားဒေါ်ဂျီး ဦးဆောင်မည်။ အပြည့်အစုံ မသိရသေးသော်လည်း မခိုင်လုံသော သတင်းရပ်ကွက် အဆိုအရ လယ်သမားရေးရာ – ဦးပန်ကာ၊ စည်းကမ်းထိန်းသိမ်းရေး- ဦးဆိုးပေ၊ အလုပ်သမားရေးရာ- ဦးကျောလျားရှည်၊ တိုင်းရင်းသားရေးရာ – မိုဟာမက် ရိုစ်ဟင်ဂျာ၊ နိုင်ငံရေးပါတီများဆက်ဆံရေးရာ – ဒေါ်ဂျမ်းဘုံတို့အား ရွေးချယ်ထားသည်။

တန်ဖိုးနည်း လက်ကိုင်ဖုံးများကို မကြာခင် အများပြည်သူသို့ ရောင်းချသွားရန်ရှိရာ ဦးရာလူအား ရောင်းချမည် ဆိုသဖြင့် အမြို့မြို့အနယ်နယ်တွင် ရာလူ အမည်မှည့်ခေါ်ထားသူများ လွန်စွာမျက်နှာပန်း ပွင့်လျက်ရှိကြောင်း သိရသည်။ နာမည်ခြင်းဆင်တူ ရာရှစ်၊ ရာဂျပ် အစရှိသူတို့မှာလည်း နှစ်ပေါက်တပေါက် ကြားချောင်တန်းစီရန် စိုင်းပြင်းနေကြောင်း သိရသည်။

ကေအိုင်အေ ကချင်သူပုန်နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်းခဲ့ရမှုတွင် မိမိတို့၌ တာဝန်မရှိကြောင်း တရုတ်သံရုံး ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ပြထားသည်။ ကချင်အဖွဲ့အစည်း၁၂ဖွဲ့စုပေါင်း ထုတ်ပြန်သော ကြေငြာချက်တခုတွင် ယူအက်စ်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်တက်ရောက်ကြမည်ကို တရုတ်ပြည်မှ ကန့်ကွက်သဖြင့် ဆွေးနွေးပွဲ စီစဉ်သည့်အတိုင်း မဖြစ်ခဲ့ကြောင်းဆိုသည်။ မြန်မာပြည်ဆိုင်ရာ တရုတ်သံရုံးကမူ အမေရိကန်နိုင်ငံ ပတ်သက်မှုကို မဆန့်ကျင်ကြောင်း သက်သေအဖြစ် ပြည်ပသတင်းစီးဆင်းမှု ကာကွယ်ရန် တရုတ်ပြည်တွင် ပိတ်ထားသော အမေရိကန် လူမှုရေးကွန်ယက် ဖေ့စ်ဘွတ်တွင် ရေးသားတုံ့ပြန်လိုက်သည်။

ဗြိတိန်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီမှ Iron Lady အမည်တွင်သော ဝန်ကြီးချုပ်ဟောင်း ဒေါ်မာဂရက်သက်ချာ ကွယ်လွန်သွားရာ ကမ္ဘာအရပ်ရပ်ရှိ ခေါင်းဆောင်များမှ ဝမ်းနည်းကြောင်း သဝဏ်လွှာ၊ ဂုဏ်ပြုမှတ်တမ်းများ ပေးပို့လျက်ရှိသည်။ ထိုသို့ ကမ္ဘာကျော် ကွန်ဆာဗေးတစ် နိုင်ငံ့ခေါင်းဆောင်ဟောင်၏ နာရေးသတင်းအပေါ် လစ်ဘရယ် ထိပ်သီး လိပ်ကြီး ဘိတ်ချီး ဆိတ်လှီး ဘွဲ့ရှင် ဂေဇက်ရွာအကြီးအကဲ သဂျီးဦးခိုင် အနေဖြင့် မည်သို့ စာလွှာပေးပို့မည်ကို အားလုံး ဆိတ်ဝင်တစား နားစွင့်နေသည်။ အောက်စဖုတ်တက်ကသို ဗြလိတိမ်ရေးယာ ကျွမ်းကျင်သူ ပြင်ညာရှိမ် ဒေါက်တာမိုက်ကယ်ဂျော်နီအောင်ပုမှ သဂျီးအပြောမတတ်လျင် ဂေဇက်ရွာနှင့် ဗြိတိန် စစ်မက်ဖြစ်သွားနိုင်ကြောင်း သောကြာနေ့ည နိုက်ကလပ်မှအပြန် တက္ကဆီပေါ်သို့ လေးဖက်ထောက်တက်စဉ် အာလေးလျှာလေးဖြင့် မှတ်ချက်ပြုသွားသည်။

တရုတ်ရေးရာကော်မတီဥက္ကဌ ဘွားဒေါ်ဂျီးအား ဝစစ်သမီးလေးများမှ ဂုဏ်ပြုနှုတ်ဆက်စဉ်

တရုတ်ရေးရာကော်မတီဥက္ကဌ ဘွားဒေါ်ဂျီးအား ဝစစ်သမီးလေးများမှ ဂုဏ်ပြုနှုတ်ဆက်စဉ်

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး

   Send article as PDF