ယဉ်ကြောရှင်းလင်းစေရေး

 

ယခင်နှင့်မတူမန္တလေးဟာယဉ်ကြောကြပ်လာတာမန်းသူ/သားတွေအသိပါပဲ။မနက်ရုံးချိန် အမှီ

 

 

 

ရာက်ဖို့အချိန်ပိုပေးနေရပါပြီ။ကားကြီးငယ်/ဆိုင်ကယ်စက်ဘီးမျိုးစုံမိမိအလုပ်ခွင်ရောက်ဖို့ရှိသမျှလမ်းတွေပေါမှာအလုအယက်တိုးဝှေ့သွားလာနေရပါတယ်။ထူးခြားတာကဒီလိုအချိန်တွေမှာယဉ်မတော်တဆမှု့တွေမဖြစ်သလောက်တွေ့ရပါတယ်။ဒါပေမဲ့မကြာခဏတော့ယဉ်ကြောပိတ်ပိတ်နေတတ်ပါတယ်။ဘာလို့ယဉ်ကြောပိတ်ရသလဲဆိုပြီးလေ့လာကြည့်မိပါတယ်။မန္တလေးမြို့ဟာလေးထောင့်ကျကျတည်ထားတာပါ။ယဉ်ကြောပိတ်တဲ့နေရာတွေကအများအားဖြင့်လေးထောင့်မကျတဲ့နေရာတွေမှာဖြစ်တာတွေ့ရပါတယ်။နောက်လမ်းမကောင်းတဲ့လမ်းမတွေကြားကလမ်းကောင်းတွေမှာလဲပိတ်ပါတယ်။ယဉ်ကြောပိတ်ရတဲ့အကြောင်းရင်းများထဲမှာမြို့

 

ရဲ့လေးထောင့်တည်ထားမှု့ကိုဆန့်ကျင်စေတဲ့ဝန်းကျယ်ကြီးတွေပါ။လမ်းမကိုပိတ်ထားသလိုဖြစ်နေတဲ့ဝန်းတွေလည်းအများကြီးပါ။မြို့တည်ဆောက်ပုံစနစ်ကိုဆန့်ကျင်တဲ့ဝန်းတွေကြောင့်ယဉ်ကြောပိတ်ရသလိုရေမြောင်းစနစ်လည်းထိရောက်စွာမကြီးကြပ်နိုင်၍မြောင်းပိတ်ပြီးရေမကြာခဏ(မိုးရွာရင်)လမ်းပေါ်မတတ်သင့်ပဲတတ်ရတာတွေခံစားနေရပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့အမြင်ကိုပြောရရင်၁။လမ်းမှန်သမျှကိုနယ်ကုန်ချဲ့ပြီးချိုင့်ကင်းအောင်ပြင်ပါ။၂။လေးထောင့်စနစ်နဲ့မညီညွတ်တဲ့ဝန်းကြီးများကိုဖြတ်ပြီးလမ်းဖောတ်ပါ။ဒီ၂ချက်နဲ့တင်မန္တလေးမြို့ယဉ်ကြောတွေရှင်းသွားလိမ့်မည်ဟုယုံကြည်မိပါကြောင်း။

 

 

 

9 comments

  • ဖော့(စ)ထရော့ချာလီ

    April 9, 2013 at 10:43 am

    https://myanmargazette.net/172098/creative-writing

    ဒီပို့စ့်လေးဖတ်လိုက်အစ်ကို…
    အဲဒီလိုဖြစ်တာတွေကို အထိရောက်ဆုံးဖြေရှင်းနိုင်လိမ့်မယ်…
    ဒါထက်… မန္တလေးရုံးခွဲဖွင့်ရင် ရှယ်ယာပါမှာလားဟင်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • etone

    April 9, 2013 at 11:10 am

    မန်းလေးမှာ ယာဉ်ကြောပိတ်လျှင် ရန်ကုန်မှာ ရုံးလာတက်ပါလား ….
    ဘုရင့်နောင် ပွိုင့်ကို တခါဖြတ်ဖို့ အမြန်ဆုံးတောင် ပွိုင့်သုံးခါလောက်မိလောက်အောင် (မိနစ်20ခန့်) ယာဉ်ကြောပွင့်နေတာ …. ။ အိမ်မှာ အိပ်ရေးမဝလည်း မပူနဲ့ …. ရုံးလာရင်း ကားစီးပြီး တရေးအိပ်လို့ ရတယ် …. ယာဉ်ပွတ်မှုဖြစ်လို့ .. လမ်းပိတ်သွားလျှင် အနည်းဆုံး 2 နာရီပဲ … ။ :kwi:

    • min khant kyaw

      April 10, 2013 at 12:10 pm

      ရန်ကုန်ကတော့big bangဖြစ်တော့မယ်ထင်ပါရဲ့ဗျာ။ကျွန်တော်သမ္မတဖြစ်မှပဲ???ဟီး

  • TNA

    April 9, 2013 at 12:26 pm

    ဟီမနေ့ကပဲ အဝေးပြေးဂိတ်သွားတာ အိမ်ကညနေ ၅ နာရီခွဲထွက်တာ။ အောင်မင်္ဂလာကို ည ရ နာရီကျော် မှရောက်ပါတီ။ ကားလဲလွတ်တွားတီ။ ဆင်မလိုက်မနေ အောင်မင်္ဂလာကို နှစ်နာရီနီးပါးမောင်းပါတီ။ ဖက်ဖက် ကက်ရေ ညီးကန်ထရိုက်ကိတ်စ အမြန်အကောင်ထည်ဖေါ်ဒေါ့အေ။

  • MaMa

    April 9, 2013 at 3:59 pm

    ပြီးခဲ့တဲ့အပတ် စနေည ၉နာရီ MRTV မှာ Public Debate ဆိုပြီး ကိုကို (စက်မှုတက္ကသိုလ်) က တင်ဆက်သူအဖြစ် တင်ဆက်သွားတဲ့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပြဿနာ အဖြေရှာ ဆိုတဲ့ ကဏ္ဍတစ်ခု ကြည့်မိလိုက်တယ်။
    အစအဆုံးကြည့်မိတာ မဟုတ်ပေမယ့် အဲဒီအကြောင်း သိသလောက်လေးကို အဆင်ပြေတဲ့အခါ ရေးချင်ပါသေးတယ်။
    ကြည့်မိသူတွေ ရှိရင်လည်း ပြန်မျှဝေပေးကြစေချင်ပါတယ်။ :hee:

  • min khant kyaw

    April 9, 2013 at 7:56 pm

    yangon ကိုတော့မသိဘူးဗျ။mdy မှာတော့ဘူတာကြီးကနေမြစ်ငယ်ထိ ရထားလမ်းတကြောလုံး
    ခင်စောမူကွေ. အဲဒီမြောက်ဘက်စစ်တပ်ဝန်း ကညနရုံး တကသိုလ်ဝန်း လေယဉ်ကွင်းဟောင်း
    ရေးရင်အများကြီးပဲ။စနစ်တကျလမ်းပိတ်ထားတာ။ရှိတဲ.လမ်းတွေကလည်းလမ်းလယ်လောက်ကောင်းတာ

  • uncle gyi

    April 9, 2013 at 10:42 pm

    မန်းလေးလမ်းပိတ်တယ်ဆိုတာရန်ကုန်အိပ်နေသလောက်
    မန်လေးကတကယ်ပိတ်သင့်လို့ိပိတ်တာမဟုတ်
    စည်းကမ်းမရှိယာဉ်စည်းကမ်းနားမလည်မလို်က်နာကြလို့ပိတ်တာ
    မန်းလေးလမ်းနဲ့မန်းလေးအခုယာဉ်တွေနဲ့ပိတ်စရာအကြောင်းမရှိသေး

    • min khant kyaw

      April 10, 2013 at 12:24 pm

      မှန်ပါတယ်မပိတ်သင့်ပါဘူး။စည်းကမ်းမလိုက်နာတာကလည်းပါတယ်။စည်းကမ်းကိုသိအောင် နားလည်အောင် ထုတ်ဖို့လိုသလို ထုတ်ထားတဲ့စည်းကမ်းကိုလိုက်နာအောင်ကြပ်မတ်ဖို့လဲ
      လိုတယ်ထင်ပါတယ်။အဓိက ကတော့ကြပ်မတ်မှု့လိုတယ်ထင်တယ်။
      နောက်လမ်းကိုလမ်းနဲ့တူအောင်ခင်းထားတဲ့လမ်းကိုပဲရွေးမောင်းတော့ပိတ်တာပေါ့ဗျာ။

  • min khant kyaw

    April 10, 2013 at 12:17 pm

    phone နဲ့ပိုစ့်တင်ရတာရယ်။မရေးတတ်တာရယ်
    မလုပ်တတ်မကိုင်တတ်တာရယ်ကြောင့်မသပ်ရပ်တာ
    တွေ အားလုံးကိုနားလည်ပေးကြတဲ့အတွက်ကျေးဇူးပါ။
    နောက်နောင်ကောင်းအောင်တင်ပါ့မယ်။ပြင်ဆင်လို့မရ
    တာကလဲတမျိုးပဲ။

Leave a Reply