ကင်ဆာရောဂါကို ကုသပျောက်ကင်းနိုင်တော့မည်

Mr WorldWideApril 9, 20131min19414

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်မှုနှင့်ကာကွယ်ရေးဌာနမှ နှစ်စဉ်အမေရိကန်၌ လူပေါင်း ၅၀၀၀၀ဝ ခန့်သည် ကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးကြရကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ကင်ဆာရောဂါ တိုက်ဖျက် ရေးနှင့် ပတ်သက်၍ မစ်ဆိုရီတက္ကသိုလ် ပါမောက္ခ အမ်ဖရီဒဲရစ် ဟော်သွန်၏ ဦးဆောင်မှုဖြင့် ကြိုးပမ်းဆောင် ရွက်ခဲ့ကြရာ အောင်မြင်မှုရရှိခဲ့ပါသည်။ ၎င်းအဖွဲ့မှ ကြွက်များတွင် သိသိသာသာ ရောဂါသက်သာလာကြောင်း တွေ့ရှိခဲ့ရပါသည်။ ကုထုံးအသစ်သည် သမားရိုးကျ ကုထုံးများကဲ့သို့ အခြားဘေးဥပါဒ်ဖြစ်ခြင်း (side effect)  များမရှိကြောင်း သိရှိရပါသည်။
၁၉၃ဝ ခန့်မှစ၍ သိပ္ပံပညာရှင်များသည် ကင်ဆာရောဂါအား Boron neutron capture therapy နည်းစဉ်ဖြင့် ကုသခဲ့ပါသည်။ ယခုအခါ ၎င်းနည်းစဉ်အား နာနိုဓာတုဗေဒ Nanochemistry ပညာရပ် နှင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် အောင်မြင်မှုရရှိခဲ့ကြောင်း အဆိုပါ ပါမောက္ခက ပြောကြားခဲ့ပါသည်။
ကင်ဆာဆဲလ်များသည် အခြားဆဲလ်များထက် ကြီးထွားမှုမှာ အလွန်လျင်မြန်ပါသည်။ ထိုကဲ့သို့ ကြီးထွား လာရန် အခြားပစ္စည်းများကို စုပ်ယူရပါသည်။ ထိုအချက်ကိုအသုံးပြု၍ ပါမောက္ခဟော်သွန်မှဘိုရွန်  ဒြပ်စင်ကို ကင်ဆာဆဲလ်ထဲသို့ ထိုးသွင်းလိုက်ပါသည်။  အဆိုပါ ဘိုရွန်-ကင်ဆာဆဲလ် အရောအနှောကို နျူထရွန် (နြကအမသည) ဒြပ်စင်နှင့် ထိတွေ့စေသောအခါ ဓာတ်ပြုမှု  ဖြစ်ပေါ်ပြီး ဘိုရွန်ဒြပ်စင်သည် ကွဲထွက်သွားကာ ဟီလီယံဒြပ်စင်၊ လီသီယံဒြပ်စင် နှင့် စွမ်းအင်တစ်မျိုး ထွက်ပေါ်လာပါသည်။ ထိုကဲ့သို့ ဘိုရွန် ဒြပ်စင်ကွဲထွက်သွားခြင်းဖြင့် ကင်ဆာဆဲလ်ကို ဆုတ်ပြဲသွားစေပါသည်။ အဆိုပါဖြစ်စဉ်တွင် အခြားတစ်သျူး    များအား ထိခိုက်ခြင်းမရှိကြောင်းတွေ့ရှိရပါသည်။
မကြာမီကာလတွင် လူများအား စမ်းသပ်မှုများကို စတင်လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ပါမောက္ခ  ဟော်သွန်က ပြောကြားခဲ့ပါသည်။ ထိုသို့လူများကို ကုသနိုင်ရန် သင့်တော်မည့် စက်ပစ္စည်းကိရိယာများကို တည်ဆောက်ရမည်ဖြစ်ကြောင်းနှင့် တည်ဆောက်ပြီးစီးပါက  University Of Missouri  သည် ပထမဆုံး ကင်ဆာရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သော နေရာဖြစ်လာမည်ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့ပါသည်။

Source:http://www.biosciencetechnology.com/news/2013/04/breakthrough-cancer-killing-         treatment-has-no-side-effects

 

14 comments

  • မယ်ဘုတ်

    April 9, 2013 at 4:00 pm

    ဖြစ်လာရင်တော့ အတိုင်းထက်အလွန်ကောင်းမွန်ခြင်းပေါ့ဗျာ …

  • Good™

    April 9, 2013 at 4:04 pm

    ဝမ်းသာ စရာ သတင်း တပုဒ်ပါပဲ။

  • ဦးဦးပါလေရာ

    April 9, 2013 at 4:18 pm

    ဆေးလိပ်သမားတွေအတွက် သတင်းကောင်းပါ…။
    အဲ… အသက်(၃၀) မကျော်သေးတဲ့ ဆေးလိပ်သမားတွေအတွက်…. ပေါ့လေ..။

    • မောင် ပေ

      April 9, 2013 at 7:28 pm

      အနော့်ကို ပြောတာလား ဦးဦးပါ
      ကိုခိုင်မာရေ
      သတင်းကောင်းအတွက် ကျေးဇူးပါပဲဗျာ

      • ခညားကိုလည်း ဟုတ်ဒယ် ..
        ကျုပ်လည်း အဲ့ထဲ ပါဒယ် ..
        ဒါဘဲ …

        ဟိုလူ မောင်ခိုင်မာ စမ်းဂျောင်းးး
        ခညားကို ပေါထားရအုံးမယ် ..
        ကျုပ် ဘုဂလန့်တိုက်ပြီး ပြောဒလို ဖစ်ဒါဒွေကို ဗွေမယူနဲ့ …
        ဂယ်ဒေါ့ ကျုပ်က နောက်သလိုလိုနဲ့ ပြောဒါ …
        အဲ့ဒါ .. အဲ့ဒါ … (ခွက်ဒစ်တူ ပေဂျီး)

  • MaMa

    April 9, 2013 at 4:28 pm

    ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကင်ဆာကြောင့် ဘဝဆုံးသွားရတာတွေ မနည်းဘူးဆိုတော့ ဒီသတင်းကြားရတာ ဝမ်းသာစရာ သတင်းပါပဲ။
    fb မှာ ရှယ်ခွင့်ပြုပါဆရာ။ :hee:

  • myanmarcitizen

    April 9, 2013 at 5:15 pm

    ဝမ်းသာစရာသတင်းကောင်းပါ။

  • အရိပ်စစ်

    April 9, 2013 at 8:04 pm

    အဲဒီသတင်းကောင်းက မြန်မြန်အကောင်အထည်ပေါ်လာပီး
    အဲဒီဆေး မြန်မာနိုင်ငံကို မြန်မြန်ရောက်လာပါစေဗျားးး

  • etone

    April 9, 2013 at 8:21 pm

    မင်္ဂလာရှိတဲ့ သတင်းတပုဒ်ပါပဲ ။
    ကင်ဆာရောဂါ ဝေဒနာရှင်တော်တော်များများက အဆင့်လွန်မှ သိကြတာ များပြီး လုံးပါးပါးကြရတယ် … ။
    အခုလို ကင်ဆာရောဂါကို ပျောက်ကင်းစေတယ်ဆိုတဲ့ ဆေး တွင်တွင်ကျယ်ကျယ်သုံးလာနိုင်လျှင် … ကင်ဆာရောဂါခံစားနေရသူတွေအတွက် … အများကြီးအဆင်ပြေသွားပြီ ။

  • nature

    April 9, 2013 at 10:39 pm

    တိုင်းရင်းဆေးအမြင်နဲ့ဆို ကင်ဆာဆိုတာ ကုလို့မပျောက်နိုင်တဲ့ရောဂါမဟုတ်ပါဘူး ။ အနောက်တိုင်းအမြင်နဲ့ဆိုရင်တော့ ဒါက အကောင်းဆုံးဟာသတပုဒ်ပေါ့။

  • မောင်ခိုင်မာ (စမ်းချောင်း)

    April 10, 2013 at 9:03 am

    ကွန်မန့်များအတွက် ကျေးဇူးပါ…ကိုအံစာတုံးကိုလည်း ဗွေမယူပါဘူးခင်ဗျာ။
    သင်္ကြန်အတွင်းတော့ မတင်ဖြစ်တော့ပါဘူး။ ရုံးလည်းပိတ်တော့ ကျနော်လည်း နားပါပီ။

    တခါတည်းကြိုနှုတ်ဆက်ပါတယ်..

    ရွာသူရွာသားအပေါင်း နှစ်သစ်မှာ ကံကောင်းခြင်းအဖြာဖြာနဲ့ပြည့်စုံကြပါစေ (ဘုရားတရားများလည်း များများလုပ်နိုင်ကြပါစေ)

  • kai

    April 10, 2013 at 2:56 pm

    အခုလို ဘာသာပြန်ပေးတဲ့သတင်းဆောင်းပါးလေးတွေအတွက်ကျေးဇူးတင်တဲ့အနေနဲ့.. ဆရာမောင်ခိုင်မာ (စမ်းချောင်း)ပွိုင့်ထဲ.. ၁သောင်းပေါင်းထည့်ပေးလိုက်ပါတယ်..
    နှစ်သစ် ၁၃၇၅ မှာ ရွှင်လန်းချမ်းမြေ့ပါစေ…။ :528:

  • မောင်ခိုင်မာ (စမ်းချောင်း)

    April 11, 2013 at 8:41 am

    ဗျာ…ဗျာ။ တကယ်လားဗျ သူကြီးရ။ ကျေးဇူးဗျာ။ အခုလို ချီးမြင့်တဲ့အတွက်။ နောင်လည်း အကျိုးရှိတဲ့ နည်းပညာတွေကို မျှဝေသွားမှာပါ။ အားဆေးတစ်ခွက်ပေ့ါ။ ပွိုင့်ကအဓိကမကျပေမယ့် အရေးတယူပြုမှုကိုခံရရင်ပဲ ဝမ်းသာမိပါတယ်။ (ပွိုင့်လည်းလိုချင်တာပေ့ါနော်..ဟုတ်ဝါဝူး)

  • kotun winlatt

    April 11, 2013 at 8:57 am

    မနက်စောစော သတင်းကောင်းလေးးးဖတ်ရတာ မင်္ဂလာရှိလိုက်တာ…..

Leave a Reply