နေသာသောနေ့တစ်နေ့ဖြစ်လိုက်ချင်သည် အပိုင်း (၅)

သူကေလးApril 9, 20131min1078

နေသာသောနေ့တစ်နေ့ဖြစ်လိုက်ချင်သည် အပိုင်း (၃)

နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၄)

~~~~~~~~~~~~~~~~~~~~

အခန်း (၆)

 

ညနေ ၆ နာရီ ကိုကို အိမ်မှာလာခေါ်မည့်အချိန်ကိုစောင့်နေရင်း စိတ်ထဲတစ်ခုခုကိုစိုးထင့်နေသလို ခံစားနေမိသည်။

ဘာကြောင့်မှန်းမသိ … ကျွန်မတို့ဇာတ်လမ်းရှေ့ဆက်ဖို့ရာ ခက်ခဲလွန်းနေပြီထင်

အကြောင်းပြချက်တော့ရေရေရာရာမရှိ … တစ်စုံတစ်ယောက်ကိုသံသယဖြစ်မိဆိုရင် အဲဒီသံသယအတိုင်း တစ်ချိန်မှာဖြစ်လာတတ်တဲ့

ကျွန်မရဲ့ စိတ္တဇကို ခုချိန်မှာ ကျွန်မ ပြန်လန့်နေမိသည်။

 

ကိုကိုကျွန်မဆီရောက်လာတော့ ကားပေါ်မှာ ကိုသက်အောင်ပဲပါလာသည်။ ဟိုကောင်လေးကိုမတွေ့ရ

“ ကိုကိုတို့နှစ်ယောက်တည်းလား ဟိုတစ်ယောက်ကော မပါဘူးလား ”

“ အေးကွာ မနေ့တုန်းကတော့ လာမယ် တကဲကဲနဲ့ ခုနတုန်းကမှ ဖုန်းဆက်တယ် မလာနိုင်တော့ဘူးတဲ့ ဒီကလေးဘာတွေဖြစ်နေမှန်းကိုမသိပါဘူး ”

“ သူရဲ့ကလေးဆီသွားတယ်ကွ .. ဟိုကရစ်နေလို့မပြန်ရတာနေမှာပေါ့ မနက်တုန်းက ငါဆေးရုံမသွားခင်တုန်းကတော့

သူ့ကလေးဆီကအပြန်ဝင်လာမယ်ပြောတာ ” ဟု ကိုသက်အောင်ကဝင်ပြောလာသည်။

ကိုသက်အောင်ကိုကြည့်ရတာ အရမ်းအေးချမ်းသည်။ ကိုကိုနဲ့တောင်မတူ .. ကိုကိုကမှ တစ်ခါတစ်လေ ကလေးဆန်သေးတယ်။

ကိုသက်အောင်ကတော့ အဲလိုမဟုတ်ဖူး လေးနက်တည်ကြည်တဲ့မျက်နှာလေး ဟိဟိ ..

ကိုကို့ကိုချစ်ပါတယ်ဆိုပီး သူ့သူငယ်ချင်းကို စိတ်ဝင်စားမိနေတဲ့ကိုယ့်ဘာသာရယ်ချင်သွားသည်။

အဲဒီလိုပဲ ကိုယ်နဲ့ထိတွေ့ဆက်ဆံရတဲ့လူတွေကို အကဲခတ်စိတ်ဝင်စားတတ်တဲ့ကျွန်မအကျင့်ကပဲ

ကျွန်မကို ရည်းစားများသွားစေခဲ့လား ဟု တစ်ခါတစ်ခါ စဉ်းစားမိသေးသည်။

“ ကလေး ဟုတ်လား ဘာလဲ ဟို Facebook မှာစသိတဲ့ကောင်မလေးလား UFL ကဆိုတာလေ ”

“ အေး အစစ်ပဲ ကောင်မလေးက တကယ်ကလေးပုံစံလေးပါ အဲဒါကိုပဲ အငယ်ကောင်က အသည်းအသန်ဖြစ်နေတာ ”

“ ငါဓာတ်ပုံမြင်ဖူးပါတယ် အဲလောက်ကြီးလည်းမဟုတ်ပါဘူးကွာ အာကာက အတည်ကြံနေတာလား ”

“ အေး ငါလဲသေချာမပြောတတ်ဖူး အသည်းအသန်ဖြစ်နေတာပဲ ဒါပေမယ့် ကြိုက်နေလားဆိုတော့လည်းမဟုတ်ဖူး

ညီမလေးတဲ့ ညီမလေးလိုချစ်တာဆိုပဲ ဒါပေမယ့်ကွာ ဘယ်ကောင်မလေးနဲ့ယှဉ်ယှဉ် အဲတစ်ယောက်ကအရေးအပါဆုံးဖြစ်နေတာ”

“ ငါနဲ့အေးအေးဆေးဆေးတွေ့မှ မေးကြည့်ပါအုံးမယ် ဘာတွေဖြစ်နေလဲဆိုတာ ”

“ မေးကြည့်စမ်းပါကွာ အမေလည်းသူ့ကိုပဲစိတ်ပူနေတာ ကျောင်းလဲပြီးပြီဆိုတော့ တည်တည်ငြိမ်ငြိမ်ဖြစ်ေစေချင်ပြီပေါ့ ”

“ အေးပေါ့ကွာ ”

“ ဟေ့ကောင်ကြီး ငါတို့ပဲစကားပြောနေတာ ဟန်နီလဲပျင်းနေအုံးမယ် ”

“ အာ ဆော်ရီး ညီမလေးရာ ကိုကိုတို့ကမတွေ့တာကြာတော့ အဲလိုပဲ ”

“ရပါတယ်ကိုကိုရဲ့ ညီမလေး နေတတ်ပါတယ် ” ဟုတ် ခပ်မြန်မြန်ပြန်ပြောရသည်။

ကိုယ်က အဲဒီအာကာဗိုလ်အကြောင်းတွေးနေတာကိုး … သူတို့ပြောနေတဲ့ အာကာဗိုလ်အကြောင်းတွေက စိတ်ဝင်စားစရာကောင်းလွန်နေတာအမှန်ပင်။

အဲဒီကလေးဆိုတာက ကျွန်မတွေ့ခဲ့ဖူးတဲ့ သူ့ရည်းစားနှစ်ယောက်စလုံးမဖြစ်နိုင် .. နောက်ထပ်ကျွန်မ သူဖုန်းပြောတာကြာဖူးတဲ့ သဲသဲဆိုတာလည်းမဖြစ်နိုင်။

သူ့မှာ ကောင်မလေးဘယ်နှစ်ယောက်လဲ ချစ်သူဘယ်နှစ်ယောက်လဲ ဘယ်လိုကောင်းလဲလို့သိချင်စိတ်တွေနဲ့အပြည့်ပါပဲ။

 

================================

 

စိမ်းလန်းစိုပြည်ရောက်တော့ zephyr မှာ မုန်အရင်ဝင်စားကြသည်။ စားလို့ပြီးတော့ မပြန်ခင်  ခဏ လမ်းလျှောက်ရင်းနဲ့စကားပြောကြသည်။

ကိုကို့စကားတွေကတော့ ပုံမှန်ပါပဲ .. ကျွန်မနဲ့အတူရှိနေတာကို သူ့ညီမအရင်းနဲ့ ရှိနေသယောင် တည်ငြိမ်လွန်းလှသည်။

ကိုသက်အောင်က ကျွန်မတို့ကို အမှတ်တရဓာတ်ပုံရိုက်ပါလားဆိုတော့ ပျော်လိုက်တာလေ … အဲဒီအခွင့်အရေးကို ကျွန်မကစောင့်နေတာကိုး

အဲဒီလိုဓာတ်ပုံရိုက်ခွင့်မရခင်တုန်းကဆို photoshop နဲ့ ဓာတ်ပုံတွေပြင်ရတာအမောပေါ့

ကိုကို့လက်မောင်းကို အားရပါးရချိတ်ပြီးတော့ကို ဓာတ်ပုံတွေရိုက်ခဲ့သည်။ ဓာတ်ပုံရိုက်ပြီးတော့လည်း အိမ်ကမြန်မြန်ပြန်ရောက်ချင်နေမိသည်။

ကိုကိုနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေကို facebook ပေါ်တင်ချင်နေပြီလေ…ပြီးတော့ မိလင်းလက်ကိုလည်း ကြွားရအုံးမှာ

ဒီနေ့ကျွန်မကံကောင်းတဲ့နေ့လားလို့တောင်တွေးမိတယ်။ အိမ်အပြန်လမ်းမှာ ကိုကိုက ကိုသက်အောင်ကိုအရင်အိမ်ပြန်ပို့တယ်လေ။

ကျွန်မနဲ့ ကိုကို နှစ်ယောက်တည်းစကားပြောဖို့ လမ်းပွင့်သွားတာပေါ့ ဟုတွေးရင်းပြုံးလိုက်မိသည်။

ဒါကိုလဲ ကိုကိုက တွေ့ဖြစ်အောင်တွေ့သွားသေးသည်။

“ ဟိတ်ကောင်မလေး ဘာလို့ပြုံးနေတာလဲ ”

“ ဘာရယ်တော့မဟုတ်ပါဘူး ဒီညဟာအိပ်မက်မဟုတ်ဖူးဆို မနက်ဖြန်ဆိုတာရှိမလာရင်ကောင်းမယ်လို့ ”

“ ဘာလို့တုန်းကွ ”

“ ပျော်တယ်ဆိုတဲ့ခံစားမှုလေးတစ်ခုကို ရနိုင်သလောက်လေး ဆုပ်ကိုင်ထားချင်လို့ ”

“ ဟားဟား ဒါနဲ့ပဲမနက်ဖြန်ကိုမလိုချင်တော့ဘူးပေါ့လေ မနက်ဖြန်မှာ ဒီနေ့ထက်ပိုပျော်မယ်ဆိုရင်ကော ” ဟု ကိုကိုမေးလာတဲ့အခါ ကျွန်မရင်ထဲထိတ်သွားမိသည်။

ကိုကိုဆိုလိုချင်တာ ဘယ်လိုအဓိပ္ပါယ်မျိုးလဲ ကျွန်မအတွက် မနက်ဖြန်ဟာ ဒီနေ့ထက်ပိုပျော်စရာကောင်းမယ်လို့ဆိုလိုတာလား။

ကိုကို့ရဲ့စကားလုံးတွေတိုင်းဟာ ကျွန်မအတွက်တော့ မျှော်လင့်ချက်တွေကြီးပါပဲ .. ခုချိန်မှာ ကိုကို့ချစ်သူဖြစ်ခွင့်ရဖို့က ကျွန်မအတွက် အကြီးမားဆုံးမျှော်လင့်ချက်တစ်ခုပဲလေ။

“ ဘယ်သူကသေချာပြောနိုင်မလဲ ကိုကိုရဲ့ .. ညီမလေးအတွက်တော့ ခုချိန်လေးမှာပျော်တယ် ”

“ ဟုတ်ပါပြီဗျာ ပျော်ပါ ပျော်ရင်ပြီးတာပဲ ”

 

===============================

 

အိမ်ပြန်ရောက်တော့  အိမ်ကလူကြီးတွေလဲ စကားမပြောအား ရေလည်းမချိုးအား အခန်းထဲပြေးဝင်ပြီး laptop လေးကိုခပ်မြန်မြန်ဖွင့်မိသည်။

လင်းလက်ကိုကြွားချင်ပေမယ့် ဒီချိန်ဖုန်းဆက်လည်းထူးမှာမဟုတ် … အွန်လိုင်းမှာ ထက်မြတ်နဲ့ကျူနေမှာကိုး။

ဒီမိန်းမကို ဒီအချိန် အွန်လိုင်းမှာဖမ်းမှ … တွေ့ပါပြီ… ထက်မြက်ပုံကြီးတင်ပြီး မီးစိမ်းပြနေတဲ့မိန်းမကြီး

“ ဟဲ့ ကောင်မ … ကျူနေတယ်ပေါ့ ဟုတ်လား ”

“ ဘယ်ကသာ ကျူရမှာလဲဟယ် … ခဏလေးပါတဲ့ ဂိမ်းဆော့ချင်လို့ဆိုပီးစောင့်ခိုင်းထားတာ အတော်ကြာပြီ ”

“ အတော်ပဲ နင်စောင့်နေတုန်း အပျင်းပြေ မင်းသားနဲ့မင်းသမီးဓာတ်ပုံတွေကြည့်ပေါ့ဟယ် ”

“ lol ဘာလဲ နင့်ကိုကိုနဲ့ဓာတ်ပုံတွဲရိုက်လာတယ်ပေါ့ ”

“ အမှန်တွေသိနေတယ် ကျန်း နင်တော်လာပြီ ဒါပေါ့ဟယ် များကြီးဘဲ ခုပဲ FB မှာတင်မလို့”

“ အေးပါ တင်ပေါ့ မျက်စိဒုက္ခခံပေးပါ့မယ် ”

“ နောက်မှချက်မယ်အေ .. ငါဓာတ်ပုံတင်အုံးမယ် ”

 

ဖုန်းထဲက ဓာတ်ပုံလေးတွေ အွန်လိုင်းမှာတင်ရင်း notification တွေကိုစစ်၊ ဟိုကြည့်ဒီကြည့်နဲ့ပေါ့

အဲဒီမှာပဲ ကျွန်မရဲ့ fb screen ဘယ်ဘက်ဒေါင့်နားလေးမှာ nofication တစ်ခုတက်လာတာကိုတွေ့လိုက်ရသည်။

{ Arkar Bo accepted your friend request. Write on Arkar Bo’s wall. } ဆိုပါလား။

သူ့ရဲ့ Facebook wall ကိုသွားကြည့်မလို့ လုပ်တုန်းမှာပဲ ကျွန်မရဲ့ facebook messenger က အသံလေးမြည်လာခဲ့သည် ။

 

==============================================

အပိုင်း (၆) မျှော် ….

 

8 comments

  • မောင် ပေ

    April 9, 2013 at 6:54 pm

    ဖေ့ဘုတ်မက်စင်ဂျာ က အသံမြည်လာတယ် ဆိုတော့
    ဖုန်းနဲ ့ကော ၊ လက်တော့နဲ ့ပါ
    အမဲလိုက်တာပေါ့နော်… ။
    ကြိုးစားအားထုတ်မှု စပါရှယ်ဝမ်း လို ့သတ်မှတ်လိုက်ပါရစေဗျာ
    ဟီဟိ

    • သူကလေး

      April 10, 2013 at 1:26 pm

      တစ်ချိန်တစ်ခါတုန်းကအဲလိုပဲ အမဲလိုက်ပါတီ ။ ..

  • ဒီလို သတ်မှတ်ချင်ပါသည် …
    စိတ်တွေ အရမ်းလွှင့်နေတဲ့ မိန်းကလေး တစ်ယောက် …
    ချောချောခန့်ခန့်မြင် အကုန်ချစ်ပစ်ချင်တဲ့ မိန်းကလေး တစ်ယောက် …

    တွယ်မိတွယ်ရာ တွယ်ပြီး ပြန်လွှတ်လိုက်ဖို့လည်း
    ဝန်မလေးတတ်တဲ့ မိန်းကလေး တစ်ယောက် …

    ကိုယ့်ကိုယ်ကို အလိုလိုက်လွန်းနေတဲ့ မိန်းကလေး တစ်ယောက် ….
    အချစ်ကို သိသလိုလိုနဲ့
    ကိုယ့်ပျော်ရွှင်မှု အတွက်ပဲ တစ်ဖတ်သတ် ကြည့်တတ်မယ့် မိန်းကလေး တစ်ယောက် …..
    မာနလည်း အတော်ကြီးမယ့် မိန်းကလေး တစ်ယောက် ….
    ဒီမိန်းကလေးမျိုး ယောက်ျား ရတဲ့အခါ ဟိုလိုဟာမျိုးနဲ့ ရဒတ်ဒယ်ဒဲ့ … :mrgreen:

    ကိုယ့်အနေနဲ့ ကြည့်မိတော့ ဒီလို မိန်းကလေးမျိုး ကျုပ်နဲ့ဆို ဖြစ်မှာ မဟုတ်လောက်ဘူး …
    ကျုပ်က တစ်စုံတစ်ယောက်ကို ချစ်မိတဲ့ အချိန်ကာလမှာ
    အခြား တစ်ယောက်ကို ခေါင်းထဲကို မရှိတဲ့ လူမျိုးမှ ကြိုက်တာ ..
    ဒါမယ့် .. သူလေး ဘာဖစ်ဖစ် ကိုကိုအံ က ဂျစ်ပီးဒါး .. သိရားးးး :mrgreen:

    ဟို အထက်က စာဂ ကိုကိုအံ သိဒလို တတ်ဒလိုနဲ့ ဝေဖန်ကျိဒဲ့ စာ …
    ဇာတ်လမ်းလေး ကောင်းလာဘီ ….
    ညန်ညန်လေး ဆက်ရေးအုံး …. နော် …. သူရေးးး

    • သူကလေး

      April 10, 2013 at 1:25 pm

      ဒါပေါ့ ဒါပေါ့
      တိုတိုအံလိုအချစ်ကိုတန်ဖိုးထားတဲ့သူနဲ့တော့ ဒီမိန်းကလေးကဖစ်မှာဟုတ်ပါဘူးလေ
      ဒီတစ်ပုဒ်ပြီးလို့ နောက်အသစ်တွေရေးတဲ့အခါ အချစ်ကိုတန်ဖိုးထားတဲ့ကောင်မလေးအကြောင်းရေးပေးမယ်နော်

  • ကီလိုဇူးလူးဝီစကီ

    April 10, 2013 at 8:54 am

    ကျန်း::::::::
    ကိုယ့် ဟန်နီလေး တော်တော် ဆိုးပါလား။

    :harr:

    • သူကလေး

      April 10, 2013 at 1:24 pm

      အဲလိုပဲ သူအတော်ဆိုးတယ်
      သူကလေးလိုမလိမ်မာဘူး ခိုင်ရဲ့

  • လူကလေး

    April 11, 2013 at 11:00 am

    အဲလိုသာ မကဲဘူးဆိုရင် .. တေချာတယ်.. တူကလေး ဟာ နာကြိုက်တဲ့ပုံစံပဲ..

  • GaviaGirl

    April 11, 2013 at 2:31 pm

    အဟဲ.. တဖြည်းဖြည်းနဲ့ နာနဲ့တူလာသလိုပဲ… ဘယ်လိုတူတာလဲမမေးနဲ့..ပြောဝူး..အသေသတ်… :harr:

Leave a Reply