ကျွန်တော် MG ရွာသူားများကို Ko Pchogyi ပြောပြောနေတာနဲ့ တွေ့ဆုံချင်ခဲ့တာကြာခဲ့ပါပြီ ကျွန်တော် ကံကောင်းစွာပဲ ၆-၄-၂၀၁၃ ရက်နေ့မှာ MG ရွာသူားတို့ စုပေါင်းအလှူတစ်ခုရှိတယ်လို့ ကိုချိုကြီး ပြောပါတယ် ကျွန်တော်လိုက်ခဲ့မယ်လို့ ပြောတော့ ကိုချိုကြီးက လိုက်ခဲ့ညီလေး ကိုလည်းသွားမှာပြောတော့ MG ရွာသူားများနဲ့တွေ့ဆုံဖို့ အခွင့်ကြုံခဲ့ပါတယ် Lucky seven စားသောက်ဆိုင်ရောက်တော့ ရွာသူားတွေ ဘယ်သူမှမရောက်သေးဘူးလို့ ကိုချိုကြီးပြောတော့မှ နာရီကြည့်မိတယ် ချိန်းထားတဲ့အချိန်ထက် ကိုက ဆန္ဒစောပြီး တွေ့ချင်ဇောနဲ့ စောစောရောက်နေတာကိုး ဒါနဲ့ပဲစားသောက်ရင်းထိုင်စောင့်နေခဲ့ပါတယ် အဲဒီအချိန်မှာပဲ ကိုချိုကြီးက အတွဲတစ်တွဲတော့ရောက်လာပါပြီပြောတော့ မသိဘဲနဲ့ လိုက်ရှာမိခဲ့တယ် ဟောတွေ့ပါပြီဗျာ ကိနရီ ကိနရာ အလားထင်မှားရတဲ့ Dr AKKO တို့ကိုတွေ့လိုက်ရပါတယ် ခဏနေတော့ ကွမ်းပလုပ်ပလောင်းဝါးနေတဲ့ ကိုရဲစည်ရောက်လာပါတယ် ပြီးတော့မှ ရေးကြီးသုတ်ပြာနဲ့ ရောက်လာတာကတော့ ကိုအမတ်မင်းနဲ့ ကိုကြောင်ဝတုတ်ပါပဲ ကိုကြောင်ဝတုတ်က အလုပ်မအားတဲ့ကြားထဲက နံနက်တည်းကဈေးလိုက်ဝယ်ပြီးတော့ ပစ်စည်းတွေလာပို့ပေးသွားပါတယ် ကိုအမတ်မင်းမှာလည်း ရောက်တာနဲ့ မနားရပါဘူး စာရွက်တစ်ထပ်ကြီးနဲ့ စာရင်းဇယားတွေ လုပ်နေရတာ ရေတောင်မသောက်အားဘူး ပြီးတော့ ကိုရဲစည် ရဲ့ညီမ၊ မရွှအိ၊ Ma Rosemin၊ ဦးကျောက်ခဲတို့နှစ်ယောက်၊ ကိုမောင်ဂီ ရောက်လာပြီး၂း၃၀ခန့်မှလူစုံကာ အလှူလုပ်မယ့် ဘုန်တော်ကြီးသင် စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြပြီး နှုတ်ဆက်ထွက်ခွာခဲ့ကြပါတယ်။

About သားကြီး ထွဋ်

သားကြီး ထွဋ် has written 1 post in this Website..