ရွာသူားများနှင့်ကျွန်တော်

ကျွန်တော် MG ရွာသူားများကို Ko Pchogyi ပြောပြောနေတာနဲ့ တွေ့ဆုံချင်ခဲ့တာကြာခဲ့ပါပြီ ကျွန်တော် ကံကောင်းစွာပဲ ၆-၄-၂၀၁၃ ရက်နေ့မှာ MG ရွာသူားတို့ စုပေါင်းအလှူတစ်ခုရှိတယ်လို့ ကိုချိုကြီး ပြောပါတယ် ကျွန်တော်လိုက်ခဲ့မယ်လို့ ပြောတော့ ကိုချိုကြီးက လိုက်ခဲ့ညီလေး ကိုလည်းသွားမှာပြောတော့ MG ရွာသူားများနဲ့တွေ့ဆုံဖို့ အခွင့်ကြုံခဲ့ပါတယ် Lucky seven စားသောက်ဆိုင်ရောက်တော့ ရွာသူားတွေ ဘယ်သူမှမရောက်သေးဘူးလို့ ကိုချိုကြီးပြောတော့မှ နာရီကြည့်မိတယ် ချိန်းထားတဲ့အချိန်ထက် ကိုက ဆန္ဒစောပြီး တွေ့ချင်ဇောနဲ့ စောစောရောက်နေတာကိုး ဒါနဲ့ပဲစားသောက်ရင်းထိုင်စောင့်နေခဲ့ပါတယ် အဲဒီအချိန်မှာပဲ ကိုချိုကြီးက အတွဲတစ်တွဲတော့ရောက်လာပါပြီပြောတော့ မသိဘဲနဲ့ လိုက်ရှာမိခဲ့တယ် ဟောတွေ့ပါပြီဗျာ ကိနရီ ကိနရာ အလားထင်မှားရတဲ့ Dr AKKO တို့ကိုတွေ့လိုက်ရပါတယ် ခဏနေတော့ ကွမ်းပလုပ်ပလောင်းဝါးနေတဲ့ ကိုရဲစည်ရောက်လာပါတယ် ပြီးတော့မှ ရေးကြီးသုတ်ပြာနဲ့ ရောက်လာတာကတော့ ကိုအမတ်မင်းနဲ့ ကိုကြောင်ဝတုတ်ပါပဲ ကိုကြောင်ဝတုတ်က အလုပ်မအားတဲ့ကြားထဲက နံနက်တည်းကဈေးလိုက်ဝယ်ပြီးတော့ ပစ်စည်းတွေလာပို့ပေးသွားပါတယ် ကိုအမတ်မင်းမှာလည်း ရောက်တာနဲ့ မနားရပါဘူး စာရွက်တစ်ထပ်ကြီးနဲ့ စာရင်းဇယားတွေ လုပ်နေရတာ ရေတောင်မသောက်အားဘူး ပြီးတော့ ကိုရဲစည် ရဲ့ညီမ၊ မရွှအိ၊ Ma Rosemin၊ ဦးကျောက်ခဲတို့နှစ်ယောက်၊ ကိုမောင်ဂီ ရောက်လာပြီး၂း၃ဝခန့်မှလူစုံကာ အလှူလုပ်မယ့် ဘုန်တော်ကြီးသင် စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြပြီး နှုတ်ဆက်ထွက်ခွာခဲ့ကြပါတယ်။

15 comments

  • မင်ဂါဘာ …
    ကိုသားကြီးရေ ….
    ကိုပီချိုကြီး ဘော်ဘော်ဆိုဒေါ့ ..
    ကျုပ်တို့ ဘော်ဘော်ပေါ့ ..
    ဝဲလကမ်းဘာဂျားးးးး

    • သားကြီး ထွဋ်

      April 10, 2013 at 10:54 am

      မင်ဂါဘာ ကိုအံစာ
      ဝဲလကမ်း အတွက် ကျေးကျေးပါ

  • etone

    April 9, 2013 at 8:12 pm

    မင်္ဂလာပါ ကိုသားကြီးထွဋ်
    အမှတ်မထင် တွေ ့ဆုံခွင့်ရတာ ဝမ်းသာပါတယ်နော် ။
    အရောင်သွေးစုံ လင်လှတဲ့ ရွာထဲ ပျော်ရွှင်စွာနေထိုင် နိုင်ပါစေ ။ :gee:

    • သားကြီး ထွဋ်

      April 10, 2013 at 11:10 am

      မင်္ဂလာပါ မအိတုံ
      အမှတ်မထင်ဆိုပေမယ့် အမှတ်တရ ရှိခဲ့ပါကြောင်း
      အရောင်သွေးစုံ လင်လှတဲ့ ရွာထဲမှာ ပျော်ရွှင်ချမ်းမြေ့ သယ်ရင်းစုံလင်စွာနေထိုင်လိုထိုင်လိုပါ၏

    • သားကြီး ထွဋ်

      April 10, 2013 at 11:12 am

      အနော်လည်း ဝါသမ်းပါဒယ် ကိုအလင်းဆက်ခင်ဂျာ

  • ဦး ကျောက်ခဲ

    April 10, 2013 at 8:08 am

    မင်္ဂလာပါဗျာ…
    ဦးကျောက်လည်း အချိန်သိပ်မရတာမို့…
    စကားလည်းမပြောဖြစ် နှုတ်လည်းမဆက်ဖြစ်တာ…
    ခွင့်လွှတ်ပါလို့…

    • သားကြီး ထွဋ်

      April 10, 2013 at 11:14 am

      မင်္ဂလာပါ ဦးဦးကျောက်ခင်ဗျာ
      တွေ့ခွင်ရခဲ့တာကိုဘဲ ဝမ်းသာပီတီ
      ဖြစ်ရပါ၏

    • etone

      April 10, 2013 at 11:19 am

      အချိန်မရဝူးတဲ့ …….. အူးကြောက်တို့များ ..အဟမ်း …အဟမ်း …. အဟမ်း …. လက်ကတောင်မချ .. အဲ .. အဲ .. လက်တောင် မလွှတ်တမ်း ဆွဲထားတာများ … လက်ဆွဲအိတ်ကို ပြောပါဒယ် .. အဟွတ် .. ဟွတ် …. :kwi:

      • Ma Ei

        April 10, 2013 at 12:54 pm

        သားကြီး ထွဋ်ရေးတဲ့ထဲမှာ ဦးကျောက်ခဲတို့နှစ်ယောက်၊ တဲ့
        အိတုန်ကလဲ လက်ကို မလွှတ်တမ်း ဆွဲထားတာများ …လို့ရေးထားတာဆိုတော့
        ဦးကျောက်ရဲ့ ရွာသူလေးပါလာတာများလား…

        • Crystalline

          April 11, 2013 at 3:36 pm

          ကိုသားကြီးထွဋ် ပုဒ်ကလေးတွေ ထည့်တာမှားတာလား ??? ဘာလား ??? ညာလား ??? :kwi:

  • kyeemite

    April 10, 2013 at 9:08 am

    ဦးကျောက်က ဘယ်အချိန်ရမှာလည်း…သူလေးကိုကရုစိုက်နေရတာကိုး.. :harr:
    မင်္ဂလာပါ ကိုသားကြီးထွဋ်
    စာတွေလည်းများများရေးပါဗျာ..အားပေးပါ့မယ်

    • သားကြီး ထွဋ်

      April 10, 2013 at 11:18 am

      မင်္ဂလာပါ ဦးဦးမိုက်
      ကျွန်တော်က လေ့လာနေဆဲပါ
      ကြိုးစားပြီးတော့ ရွာထဲမှာ သင်ယူစည်းကပ်နေပါကြောင်း
      အားပေးမှုအတွက် ကျေးဇူးကမ္ဘာပါ

  • TNA

    April 10, 2013 at 12:23 pm

    သာဓုပါရှင်

  • အရိပ်စစ်

    April 10, 2013 at 12:29 pm

    သာဓု သုံးကြိမ်ခေါ်ပါ၏

Leave a Reply