အိပ်မက်ဖော်စက်အား တီထွင်နိုင်ပြီ

Mr WorldWideApril 10, 20131min1003

သိပ္ပံပညာရှင်များသည် အိပ်မက်ဖော်စက်အား တီထွင်နိုင်ခဲ့ပါသည်။ ဂျပန်သုတေသန ပညာရှင်များသည် အိပ်ပျော်ခါစ လူတစ်ယောက်၏ အတွေးအိပ်မက်များအား MRI Scans ဖတ်ခြင်းဖြင့် သိနိုင်ပါသည်။ ၎င်းစမ်းသပ်မှုများ ၆ဝ ရာခိုင်နှုန်း မှန်ကန်မှုရှိသည်ဟု သိပ္ပံပညာသတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ အဆိုပါအဖွဲ့သည် အိပ်နေစဉ်အတွင်း ဦးနှောက်၏လုပ်ဆောင်မှု ၊အိပ်မက်၏အကြောင်းအရာများနှင့် စိတ်ခံစားမှု တို့ကို သိရှိခဲ့ရပါသည်။

_66756698_braincopy
Kyoto ရှိ Art Computational Nueroscience Laboratories မှ ပါမောက္ခ Yukiyasu Kamitani က အိပ်မက်ဖော်ခြင်းသည် အမှန်တစ်ကယ်ဖြစ်နိုင်ကြောင်းကို ၎င်းအနေဖြင့် အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး တွေ့ရှိချက်နှင့် ပတ်သက်၍ အလွန်အမင်း မအံ့ဩကြောင်း ပြောကြားခဲ့ပါသည်။
ရှေးကာလ အီဂျစ်ခေတ်၌ပင် လူများသည် အိပ်မက်များအား ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့ရာတွင် သုတေသနပညာရှင်များသည် ကျွန်ုပ်တို့၏ အိပ်မက်များကို ဖော်ထုတ်ရန် တိုက်ရိုက်နည်းလမ်းများကို တွေ့ရှိခဲ့ပါသည်။ သုတေသနအဖွဲ့သည် အိပ်နေသော လူသုံးယောက်အား စောင့်ကြည့်ရန် MIR Scan ဖတ်စက်ကို အသုံးပြုခဲ့ပါသည်။ ၎င်းတို့ စကန်ဖတ်စက်အတွင်းဝင်ရောက်ပြီး စတင်အိပ်ပျော်သွားသည်နှင့် ၎င်းတို့အားနှိုး၍ မည်သည့်အရာများ မြင်နေရသည်ကို မေးခဲ့ပါသည်။ ထိုကဲ့သို့အကြိမ်ပေါင်း ၂၀ဝ ကျော် စမ်းသပ်ပြုလုပ်ခဲ့ပါသည်။
သုတေသနပညာရှင်များသည် ရလဒ်များကို အသုံးပြု၍ တူညီသော အမြင်ပုံရိပ်များအား စုစည်းကာ ဒေတာဘေ့စ် တစ်ခု တည်ဆောက်ခဲ့ပါသည်။ နောက်ထပ်တစ်ကြိမ် ပညာရှင်များသည် အစမ်းသပ်ခံ လူများအား အိပ်မပျော်စေဘဲ Scan စက်ထဲသို့ထည့်၍ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ပေါ်နေသော ပုံရိပ်များကို ကြည့်ရှုလေ့လာခဲ့ပါသည်။ ၎င်းတို့သည် အိပ်ပျော်နေစဉ် ဦးနှောက်လှုပ်ရှားမှုမှ ဖြစ်လာသည့် အထူးပုံစံများကို မြင်တွေ့နိုင်ခဲ့ရပါသည်။
သုတေသနပညာရှင်များသည် လူတွေနှစ်ခြိုက်စွာ အိပ်မောကျနေစဉ်အချိန်အား ဆက်လက်သုတေသန ပြုလုပ်လိုနေကြပါသည်။ Oxford တက္ကသိုလ်၏ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် ဒေါက်တာ မခ်စတုတ်စ် မှ သုတေသန၏ စိတ်လှုပ်ရှားဖွယ်ရာ လုပ်ဆောင်ပုံများသည် အိပ်မက်ဖော်စက်အား အကောင်အထည်ဖော်နိုင် စေရန် ပိုမိုနီးကပ်လာစေပါသည်ဟု ပြောကြားခဲ့ပါသည်။ သို့ရာတွင် လူတစ်ယောက်၏ အကြောင်းအား ဖော်ထုတ်ရန်မှာ ၎င်းကို အသိမပေးဘဲ ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။

Scientists ‘read dreams’ using brain scans

Scientists have found a way to “read” dreams, a study suggests.

Researchers in Japan used MRI scans to reveal the images that people were seeing as they entered into an early stage of sleep.

Writing in the journal Science, they reported that they could do this with 60% accuracy.

The team now wants to see if brain activity can be used to decipher other aspects of dreaming, such as the emotions experienced during sleep.

Professor Yukiyasu Kamitani, from the ATR Computational Neuroscience Laboratories, in Kyoto, said: “I had a strong belief that dream decoding should be possible at least for particular aspects of dreaming… I was not very surprised by the results, but excited.”

http://www.bbc.co.uk/news/science-environment-22031074

 

3 comments

  • မယ်ဘုတ်

    April 10, 2013 at 4:11 pm

    အိပ်မက်ဖော်စက်တဲ့ ထူးဆန်းလိုက်တာနော် ..
    နည်းပညာတွေကလဲ တိုးတတ်ပါဘိ …

  • MaMa

    April 10, 2013 at 4:48 pm

    အဘိဓမ္မာမှာတော့ အိပ်ပျော်နေတဲ့အချိန်မှာ ဘဝင်စိတ်ပဲ ရှိတယ်လို့ ပြောသံကြားဖူးတာပဲ။
    အိမ်မက်ဖော်တဲ့စက်ကနေ ဘာတွေများ အကျိုးရှိတာတွေ တွေ့လာနိုင်မလဲ မသိဘူး။

  • အရိပ်စစ်

    April 11, 2013 at 10:28 am

    အမျိုးမျိုးပဲနော်
    တခါတလေ ကိုယ်မက်ထားတဲ့ အိပ်မက်ကောင်းကောင်းလေးတွေကို မေ့နေမိသေးတာဆိုတော့
    ပြန်အစဖော်ဖို့ အဲဒီစက်လေးတစ်လုံးလောက်တော့ လိုချင်သားး

Leave a Reply