ဓါတ်ပုံများးး

အရိပ္စစ္April 10, 20131min13410

ပထမဆုံး စပြီး သတိထားမိတာကတော့ သူမက မိတ်ကပ်အဖွေးသား ဂါဝန်ပန်းရောင်လေး ဝတ်ပြီး ကတုံးဆံတောက်ကေလေးနဲ့ သူမ ဖခင် ပန်းချီဆရာ ရဲ့ ဆွဲလက်စ ဗုဒ္ဒဝင်ပန်းချီကားတစ်ချပ်ပေါ် စုတ်တံကို ဟန်ပါပါ ကိုင်ဆွဲထားနေသေးတာ ပြေးကြည့်မှ အသက်က ( ရ ) နှစ်… နောက်တစ်ခေါက်က  ကျောက်ခမောက်ဘုရားပွဲကျင်းပသည့် တပေါင်းလပြည့်နေ့ မိဘနှစ်ပါးနဲ့ အတူ သူမတို့ ညီအစ်မတွေ ဘုရားဖူးလာကြတာ အဲထဲမှာ သူမက ဆံပင်ကေတိုလေးနဲ့ ခပ်တည်တည်စိုက်ကြည့်လို့ အရာရာကို စူးစမ်းချင်တဲ့ အရွယ် ( ၁၅ )နှစ်… သူမ မျက်ဝန်းတွေ ကြည်စင်နေတယ် အပြုံးပြုံးပါးပါးတစ်ချို့ကိုလည်း လိမ်းကျံထားသေးတယ် ဆံနွယ်ရှည်တွေ တနွဲ့တလျားနဲ့ မိတ်ဆွေရင်းချာတွေ ကြား လွတ်လပ်ပေါ့ပါးလို့ အဲဒီ့တုန်းက ( ၁၉ )နှစ်… နောက်ဆုံးအကြိမ် သိသိသာသာ ပြန်သတိထား ကြည့်မိလိုက်တဲ့ အချိန်မှာတော့ သူမ မျက်နှာမှာ တည်ငြိမ်ယောင်ဆောင်ထားတာကို တွေ့ရတယ် ကြည့်ရင်းကြည့်ရင်း သူမဟာ တစ်စုံတစ်ယောက်နဲ့ တူတူလာသလို ခံစားမိလာတယ် အဖြူအမည်းခောတ် ဓါတ်ပုံတစ်ပုံထဲက သူမ မိခင်ရဲ့ ရုပ်ရည်တစ်မျှင်တစ်စဟာ သူမ ကို ဖြည်းဖြည်းချင်း ထင်ဟပ်လာတယ် ။ ဒီအချိန်မှာတော့ ( ၂၄ ) နှစ် ပြည့်ဖို့ ရက် ( ၂၀) အလို… တခုခုကို တုန်လှုပ်မိလာပေမယ့် အဲဒီ့အရာဟာ ဘာလဲ ဆိုတာတော့ စဉ်းစားနေမိတုန်း..။ ။

 

အရိပ်စစ်

10 comments

  • Mon Kit

    April 10, 2013 at 10:24 am

    အဖြေရှာရရင် ထပ်ရေးအုံးနော်…. :hee:

  • MaMa

    April 10, 2013 at 4:33 pm

    ပိုစ့် ခေါင်းစဉ်က ဓာတ်ပုံများ။
    ရေးသူက အရိပ်စစ် ဆိုတော့ကာ….
    အတော်ကို လိုက်ဖက်ပါပေတယ်။
    အသက်အရွယ်နဲ့ ပုံရိပ်ကို ထင်ဟပ်သွားပုံလေး ပေါ်လွင်ပါပေတယ်။
    သို့သော် ၂၄ နှစ်မှာ တခုခုကို တုန်လှုပ်မိတယ်ဆိုတာကတော့ အတွေးမပေါက်ပါသဖြင့် နောက်ဆက်တွဲကို မျှော်လင့်မိပါကြောင်းးးးးးးးး :hee:

  • TNA

    April 10, 2013 at 5:44 pm

    အရိပ်စစ်ရဲ့ တမီးက အရိပ်စစ်ရဲ့မိန်းမနဲ့ရုပ်တူနေပြီး ၂၄ နှစ်မွှာချစ်တူရတွားမွှာဇိုးလို့လားဟင်။ အဲဂလိုဘဲ ချင်းချားမိလို့ဘာဂွယ်။ မွှားတွားရင်ဆောတီး။

  • အရိပ်စစ်

    April 10, 2013 at 5:58 pm

    အစကတော့ ကိုယ့်ကိုကိုယ် ချစ်ချရာ့အရွယ်ကလေးလေး အမြဲတမ်း ( ၁၆) နှစ်လို့ပဲထင်ထားတာယေ
    နောက်ဆုံးအဲဒီပုံကိုသေသေချာချာ ကြည့်ဖြစ်မိတော့မှ လန့်သွားတာ
    တဖြည်းဖြည်းနဲ့ ဒီထက်ပုံဆုံးပန်းဆိုးဖြစ်လာတော့မယ့် ဆိုပီးယေ..

    • Ma Ei

      April 11, 2013 at 11:14 am

      အရိပ်စစ်လေးရေ…မိန်းကလေးတွေအတွက်
      အသက် ၂၄ နှစ်ဆိုတာပျိုမြစ်လှပတဲ့ အချိန်လေးတွေပါ…
      ၃၅..၃၈ ထိ လန်းဆန်းတဲ့ လှပမှုတွေ ရှိနေတုံးပါကွယ်…
      ၄၀…ကျော်ရင် တည်ငြိမ်တဲ့ လှပမှုတွေရှိရမယ်…
      ၆၀…ကျော်သွားရင်လဲ အေးချမ်းတဲ့ လှပမှုတွေရှိအောင်နေရမှာပါ…
      ဒါကြောင့်…ဒီထက်ပုံဆုံးပန်းဆိုးဖြစ်လာတော့မယ့် ဆိုတဲ့ အတွေးမတွေးပါနဲ့ယေ…

  • မောင် ပေ

    April 10, 2013 at 8:36 pm

    ဓါတ်ပုံများ
    မြက်ခြုံပွား
    စက်ရုံသွား
    တက်ခုံရှား
    နတ်တုံနား

  • ဦးကြောင်ကြီး

    April 11, 2013 at 9:54 am

    အရိပ်စစ်
    အတိတ်ဖြစ်
    သပိတ်ခေတ်
    ပုလိပ်ရစ်… :kwi:

  • သျှားသက်မာန်

    April 11, 2013 at 2:38 pm

    မအိရေ ..ထောက်ခံပါတယ်

  • Mလုလင်

    April 12, 2013 at 2:06 am

    ဓါတ်ပုံများးးး ဆိုလို့ ပြေးကြည့်မိတယ် . . . scroll bar သာ ဆုံးတယ် ဓာတ်ပုံ လဲ မတွေ့ ရ . . . ငါ့ဘွ များတယ်ဆိုး ပါလား . . . ဒီ အမေက မွေးတဲ့ ဒီသမီး ဒီ အမေနဲ့ တူလာတာ များတုန်လှုပ်မနေနဲ့ . . . ဂုဏ်ယူပလိုက်ပါ။

  • အရိပ်စစ်

    April 12, 2013 at 8:50 pm

    ဟုတ်ပါဘီချင် ဟုတ်ပါဘီ

Leave a Reply